Wednesday, October 31, 2012

ကမ္ဘာ့အဆိပ်အပြင်းဆုံး Golden Poison Frog

ကမ္ဘာ့အဆိပ်အပြင်းဆုံးသတ္တဝါစာရင်းထဲမှာအပါအဝင်ဖြစ်တဲ့ ရွှေဖား ( ရွှေအဆိပ်ဖား ) Golden Poison Frog ကတော့ ထိပ်တန်းအဆိပ်ရှင်အဖြစ် ရပ်တည်နေပါတယ်။ရွှေဖားတစ်ကောင်မှထွက်တဲ့ ၁ မီလီဂရမ်အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်းကို သတ်လို့ရပါတယ်။ လူဆိုရင် အယောက် ၂၀ ၊ ဆင်ဆိုရင် အာဖရိကဆင် ၂ ကောင် သေလောက်အောင်ကို အဆိပ်ပြင်းပါတယ်။ဒါကြောင့် ၁ ဂရမ်ရှိတဲ့ ရွှေအဆိပ်ဖားတစ်ကောင်ဟာ
လူအယောက်ပေါင်း ၁ သောင်းခွဲကို သေစေနိုင်တယ်လို့ သိပ္ပံပညာရှင်တို့က တွက်ချက်လေ့လာတွေ့ရှိထားပါတယ်။ဖြေဆေးလည်းတော်ရုံရှာလို့မရပဲ အဆိပ်မိရင် အားလုံးသေကြရပါတယ်။ယင်းရွှေဖားကိုယ်တိုင်ကသာ ကမ္ဘာပေါ်တွင် တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်တဲ့ သတ္တဝါဖြစ်ပါတယ်။သူ့အဆိပ်က မည်သည့်သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ မည်သည့် သတ္တဝါမဆိုလည်း သေကြရပါတယ်။ Liophis Epinephelus အမည်ရှိတဲ့ မြွေမျိုးက
လွဲလို့ဖြစ်ပါတယ်။ဒါတောင် အပြည့်အဝမဟုတ်ပဲ liophis မြွေမျိုးလည်းအခန့်မသင့်ရင်
 သေရပါတယ်။ပိုပြီးတော့ ကြောက်စရာကောင်းတာက ယင်းရွှေအဆိပ်ဖားတွေဟာ အစုလိုက်နေထိုင်ကြတာပဲဖြစ်ပါတယ်။ အနည်းဆုံး ၄ ကောင်လောက်စုနေကြပါတယ်။ပြီးတော့ သက်ရှိဖားတွေထဲမှာ ယင်း Golden Poison Frog က ဥာဏ်ရည်အမြင့်ဆုံးဖြစ်ပါတယ်။
ဖားဘုရင်လို့တောင်တင်စားထားကြပါတယ်။ဘယ်သက်ရှိသတ္တဝါကမှလည်း အန္တရာယ်မပေးရဲတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာတော့ ဘုရင်ပဲဖြစ်ပါတယ်။ အရွယ်အစား ၅၅ မီလီမီတာလောက်အထိကြီးထွားနိုင်ပြီး
 ရွှေရောင်နဲ့ လိမ္မော်ရောင်အဆင်းရှိတတ်ကြပါတယ်။သူတို့နေထိုင်ကျက်စားတဲ့နေရာဒေသကတော့အပူချိန် 26 ဒီဂရီ စဲစီးယက် ထက်မနည်းတဲ့ မိုးသစ်တောဒေသကဖြစ်ပြီး ကျွန်တော်တို့နိုင်ငံမှာလည်း
တွေ့ရတတ်ပါတယ်။
အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်တောင် အဆိပ်တစ်ခါထုတ်ရင် သက်ရှိသတ္တဝါတစ်ဦး တစ်ကောင်ကိုသာသေစေပြီး ရွှေအဆိပ်ဖားကတော့ ထောင်သောင်းမကကို သေစေပါတယ်။ အဆိပ်ထုတ်စရာမလိုပဲ သူ့ရဲ့ ခန္ဓာကိုယ်က အဆိပ်တွေနဲ့ သင်းကြိုင်နေတာဖြစ်ပါတယ်။ ရွှေအဆိပ်ဖား သွားတဲ့နေရာကို တစ်ရှုးနဲ့သုတ်ပြီး ခွေးတို့ ကြက်တို့ကို ပေးရှူလိုက်ရင်ချက်ချင်း မာလကီးယား
ဖြစ်သွားတာကိုလည်း လက်တွေ့စမ်းသပ်တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့် ရွှေအဆိပ်ဖား Golden Poison Frog ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိသတ္တဝါအဖြစ် အများစုလက်ခံထားကြပါတယ်။

Wednesday, October 24, 2012

ddl maz dakar




မျက်စိမမြင်ပေမဲ့ ကားပြင်နိုင်တဲ့ မက်ကန်းနစ်

မျက်မမြင်ကားပြင်သူတစ်ယောက်ဟာ သူဟာ ကားရဲ့
အသံကိုနားထောင်ရုံ ကားရဲ့ တုန်ခါမှုကို ထိတွေ့ရုံနဲ့ ကားဘာဖြစ်လဲဆိုတာ သိနိုင်တယ်လို့ဆိုပါတယ်။ သူ့ နာမည်က Col Collewijn ဖြစ်ပြီး ဟော်လန်နိုင်ငံ Nuis က ဝပ်ရှော့တစ်ခုမှာ
အလုပ်လုပ်ပါတယ်။ သူဟာသူ့အသက် ၈ နှစ်သားအရွယ်မှာ အမြင်အာရုံ ကိုဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ Collewijn က ကျွန်တော့် ကရိယာ တွေဟာ ကာလကြာရှည်စွာ နေရာတစ်ခုတည်းမှာပုံသေရှိနေခဲ့တာပါ။
 မူလီ တစ်လုံကအစ မြေကြီးပေါ် ကို ကျနေခြင်းမရှိပါဘူး။ ဒါကြောင့် ဒီကိရိယာတွေကို လှမ်းပြီး ကောင်းကောင်း ပြုလုပ်နိုင်တာဖြစ်ပါတယ်။ ကျွန်တော် အမြဲတမ်း ကျွန်တော် အကြားအရုံနဲ့ အထိအတွေ အာရုံ တွေကို ကျွန်တော်ယုံကြည်တယ်။
 ပြီးတော့ ကားတစ်စီးရဲ့ အင်ဂျင် တုန်ခါမှုနဲ့ အင်ဂျင်ထဲက ပုံမှန်မဟုတ်ထူးခြားပြီး ထွက်လာတဲ့အသံမျိုး ကို ကျွန်တော်သိတယ်။ တခါတစ်လေဆို အသံကြားတာနဲ့ အဲ့ဒီကား ဘယ်နေရာမှာဘာဖြစ်နေပြီလဲဆိုတာ တိတိကျကျ ကျွန်တော်သိနိုင်တယ်။ တခြားကားပြင်တဲ့ ဝပ်ရှော့ ဆရာတွေအားလုံးထက် ကျွန်တော့မှာ တပန်းသာတဲ့ အားသာချက် တစ်ခုရှိတယ်ဗျ အဲ့ဒါကတော့ ကျွန်တော် အမှောင်ထဲမှာ ကားပြင်နိုင်တယ် လို့ Collewijn က ရယ်မောပြီး ပြောကြားခဲ့ပါတယ်။

Monday, October 22, 2012

ဝက်မွေးမြူတဲ့ လယ်သမားအဖိုးအို ဝက်စားသောက်တာကို ခံလိုက်ရခြင်း

အမေရိကန်နိုင်ငံ အော်ရီဂွန်မှာ အသက် ၇၀ အရွယ်ရှိတဲ့ လယ်သမားအဖိုးကြီးကို သူမွေးထားတဲ့ ပေါင်ချိန် ၇၀၀ (318 Kilos) လောက်ရှိတဲ့ ဝက်တွေကဝိုင်းဝန်းစားသောက်
ပစ်လိုက်ပါတယ်တဲ့။ဒါပေမယ့် သက်ဆိုင်ရာဒေသ တာဝန်ရှိသူတွေကတော့ လယ်သမားအဖိုးအိုဟာ ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့အပတ်က Terry V. Garner ဆိုတဲ့ လယ်သမားအဖိုးအိုဟာ ဝက်တွေကို အစာကျွေးဖို့ သွားခဲ့ပါတယ်။ ဒါပေမယ့် သူပြန်မရောက်လာတော့လို့ သူ့မိသားစုဝင်တစ်ယောက်က သူ့ကို ဝက်မွေးမြူတဲ့ခြံကို လိုက်သွားကြည့်တဲ့အခါ သူ့သွားတွေလို့ ထင်ရတဲ့အရာတစ်ချို့နဲ့ အသားစ တစ်ချို့ ကိုပဲတွေ့ရှိရပါတယ်လို့ NBC သတင်းဌါနက ဆိုပါတယ်။
သတင်းတွေရဲ့အဆိုအရ ဝက်တွေဟာ လယ်သမားအဖိုးအိုရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အနည်းငယ်ကိုချန်ခဲ့တာဖြစ်မယ်လို့ဆိုပါတယ်။ ဒေသပိုင်တွေရဲ့အဆိုအရတော့ Garner ဟာ ဘယ်လိုဖြစ်ပြီး ဒီလိုအသက်ဆုံးရှုံးခဲ့ရတယ်ဆိုတာကိုစုံစမ်းလေ့လာမှုတွေကို လုပ်နေပါတယ်လို့ဆိုပါတယ်။
အဲဒီရုံးရဲ့ကြေငြာချက်မှာတော့အနည်းဆုံးဝက်တစ်ကောင်က Mr. Gamerကိုရန်လိုခဲ့ပုံရတယ်လို့
 ပြောပြခဲ့ပါတယ်။
ဒီလို ဝက်တွေက လူကိုစားသွားတဲ့ ဖြစ်ရပ်ဟာ ပထမဦးဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ရိုမေးနီးယားအမျိုးသမီးတစ်ယောက်ဟာလည်း သူမွေးထားတဲ့ ဝက်တွေက သူ့ကို ၂၀၀၄ ခုနှစ်မှာ စားသောက်ခဲ့ပါတယ်လို့ ဂါးဒီးယန်းသတင်းစာက ဖော်ပြသွားခဲ့ပါတယ်။
 သေမှုသေခင်းဆရာဝန်တွေကတော့ Mr. Garner သေဆုံးသွားရခြင်းအကြောင်းကို ကျန်ခဲ့တဲ့ သူ့ရဲ့ အရိုး၊အသားစတွေကနေပြီးတော့ စစ်ဆေးနေပါတယ်လို့ ဆိုပါတယ်။အခုလိုဖြစ်ရပ်မျိုးကို ကြည့်ရှုပြီး ဝက်မွေးမြူတဲ့ လူတွေ ဝက်စာကျွေးရင် ဂရုတစိုက်ကျွေးရမယ်ဆိုတာ သတိထားသင့်ပါတယ်။

Tuesday, October 2, 2012

ကိုယ်ချင်းစာစိတ်မရှိသော လောဘသားများ၏ စက်စုပ်ရွံရှာဖွယ်လုပ်ရပ်များ

ပြင်သစ်နိုင်ငံထိန်းချူပ်မှုအောက်တွင်ရှိပြီး အာဖရိကအရှေ့ဘက်ခြမ်းတွင်ရှိသော  reunion ဆိုသောကျွန်းကလေးတွင်  လောဘသားတစ်ချို့ ငါးမန်းကိုမျှားဖို့ ခွေးကလေးတွေကို ငါးမျှားချိတ်မှာချိတ်ပြီးမျှားတာကို alldogsnews ကဖော်ပြလိုက်ပါတယ်။ ခွေးကလေးတွေရဲ့ နှာခေါင်း ပါးစပ်နဲ့ ခြေထောက်တွေကို ချိတ်ပြီး မျှားမှတော့ ခွေးကလေးတွေ ဘယ်လောက်နာကျင်မလဲဆိုတာ.....
တိရစ္ဆာန် ချစ်သူများ အဖွဲ့အစည်းက ပြစ်ဒဏ်ကို ဒေါ်လာ ၅၀၀၀ အစား ၁၀၀၀၀၀ အထိ ဒဏ်ရိုက်ဖို့နဲ့ ထောင်ဒဏ်ကိုလည်း ၂ နှစ်အစား ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုလိုက်ကြပါတယ်။ အခုဆို လူပေါင်း ၈၀၀၀၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆိုထားပြီးဖြစ်ပါတယ်။