Wednesday, November 30, 2011

သုက်ပိုးခိုးပြီး ကိုယ်ဝန်ဆောင်ကလေးယူကာ ကလေးစရိတ်တောင်းမှု တက္ကဆက်တွင်ဖြစ်ပွား

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ အသက် ၃၆ နှစ်အရွယ်ရှိ ဂျိုးပရက်ဆီးလ်ဆိုသူက သူ၏အတူနေချစ်သူဟောင်း အနီထရီယာဘားနက်သည် သူ့ခွင့်ပြုချက်မရဘဲ အသုံးပြုပြီးကွန်ဒုံးများမှ သုက်ပိုးခိုးယူကာ ပြင်ပတွင် သန္ဓေအောင်စေသည့်နည်းဖြင့် ကိုယ်ဝန်ဆောင်ပြီး ကလေး စရိတ်နှင့် အခြားခံစားခွင့်များရရှိစေရန် ဖန်တီးခဲ့ကြောင်း တိုင်ကြားခဲ့သည်ဟု သိရသည်။
ယင်းစုံတွဲသည် ၂၀၀၇ ခုနှစ်က ခြောက်လတာ အတူနေခဲ့ပြီး ယင်းနောက်တွင် အနီထရီယာတွင် အမြွှာကလေးနှစ်ဦး မွေးဖွားခဲ့သည်။ပရက်ဆီးလ်သည်  ကွန်ဒုံးအမြဲသုံးခဲ့သောကြောင့် အနီထရီယာက ကိုယ်ဝန်ရှိနေ သည်ဟု ပြောသောအခါ အံ့အားသင့်ခဲ့သည်။ ဒီအင်န်အေစစ် ဆေးမှုများအရလည်း ကလေးအဖေဖြစ်ကြောင်း ထင်ရှားသဖြင့် ကလေးစရိတ် တစ်လလျှင် အမေရိကန် ဒေါ်လာ ၈၀၀ ထောက်ပံ့ခဲ့ရသည်။
အနီထရီယာသည် ပရက်ဆီးလ် နေအိမ်တွင် နေထိုင်ခွင့်ရရန် တရားရုံးမှ တောင်းဆိုခဲ့ပြီး ခွင့်ပြုချက်ရခဲ့သလို ပရက်ဆီးလ်ပိုင်ဆိုင်မှု ထက်ဝက်ခန့်ကိုလည်း တောင်းဆိုခဲ့သည်။
တစ်နေ့တွင် ပရက်ဆီးလ်မှာ မျိုးဆက်ပွားဆေးခန်းတစ်ခုမှ သူ့လိပ်စာတပ်ထားသော ငွေတောင်းခံလွှာကို အမှတ်မထင်ရရှိခဲ့သည်။ လက်မှတ်ထိုးရမည့် စာရွက်တစ်ခုလည်း တက္ကဆက်မျိုးဆက်ပွားဆေးခန်းက
ပေးပို့ခဲ့ရာ ရိပ်စားမိလာခဲ့သည်။ အနီထရီယာသည် လိင်ဆက်ဆံပြီးသောအခါ ကွန်ဒုံးများကို သိမ်းထားပြီး ဆေးခန်းသို့ ယူဆောင်သွားကာ  ကိုယ်ဝန်ယူရန် သိမ်းဆည်းထားခဲ့ကြောင်းပါ သိရှိခဲ့သည်။
ကလေးစရိတ်ထောက်ပံ့မှု ရပ်တန့်ရန်နှင့် ကလေးအုပ်ထိန်းခွင့် ရရှိရန်ပရက်ဆီးလ်ကတရားစွဲဆိုထားသည်ဟု
ဆိုသည်။

မလေးရှားတွင် အမျိုးသမီးသီးသန့် အငှားယာဉ်များ ချထားပေး

လူစီး ရထားတွဲ များအတွင်း ပန်းရောင် ရထားတွဲကို စီမံပေးအပြီးတွင် မလေးရှား နိုင်ငံအနေဖြင့် အမျိုးသမီးများအား စော်ကားခံရမည့် ဘေးမှ ကာကွယ်ပေးသည့် လုပ်ဆောင်ချက် တစ်ရပ်အဖြစ် အမျိုးသမီး သီးသန့် အငှားယာဉ်များကို စတင် ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း မီဒီယာသတင်းများတွင် တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။ ကွာလာလမ်ပူမြို့ရှိ လမ်းမများပေါ်တွင် အမျိုးသမီးများမောင်းနှင်သည့် အငှားယာဉ် အစီး ငါးဆယ်ကို စတင်ပြေးဆွဲ ပေးလိုက်ပြီ ဖြစ်ကာ on-call  ခေါ်ဆိုမှုဖြင့် ငှားရမ်းနိုင်မည် ဖြစ်ပြီး ကားအစီးရေကို အစီး ၂၀၀ အထိ တဖြည်းဖြည်း တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အမျိုးသမီးများ၊ မိသားစုများနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဖြစ်သူ Heng Seai Kei မှ ပြောရာ၌ ယခုလို အငှားယာဉ်များကြောင့် အမျိုးသမီးများ အနေဖြင့် ခရီးသွားလာရာတွင် ပိုမိုလုံခြုံလာမည် ဖြစ်သည့် အပြင် အငှားယာဉ် မောင်းနှင်လိုသူ အမျိုးသမီးများ အတွက်လည်း အလုပ်အကိုင်များ ဖန်တီးပေး နိုင်မည် ဖြစ်သည်ဟု ပြောကြား သွားခဲ့သည်။ ယခုလို ပြုလုပ်ခြင်းဖြင့် အငှားယာဉ်မောင်းများနှင့် ဆက်နွယ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက် လုယက်မှုနှင့် မုဒိမ်းမှုများ ကျဆင်းသွားရန် မျှော်လင့် ထားကြောင်းလည်း ၎င်းမှ ပြောခဲ့သည်။ မလေးရှား နိုင်ငံမှာ ယခင်နှစ်ကလည်း နိုင်ငံပိုင် ဘတ်စ်ကားလိုင်းအတွင်း အမျိုးသမီး သီးသန့် စီးနင်းနိုင်သည့် ဘတ်စ်ကားလိုင်း တစ်ခုကို စတင် ပြေးဆွဲပေးခဲ့ကြောင်းလည်း သိရသည်။

ယောက်ျား​​ဖြစ်သူ​အား​​ ​​ရောင်း​​ချလို​​ကြောင်း​​ အမျိုး​​သမီး​​တစ်ဦးက အွန်လိုင်း​​တွင်​​ကြော်ငြာ

“လွယ်လွယ်ကူ​ကူ​ ထိန်း​​သိမ်း​​ထား​​နိုင်ပါတယ်။ ၃ နာရီက​​နေ ၅ နာရီခြား​​​လောက်မှာ တစ်ခါ ထမင်း​​​ကျွေး​​၊​ ​​ရေတိုက်ရုံပဲ”ဆို​​သော ​​ကြော်ငြာစာသား​​ကို Craigslist ဝက်ဆိုက်တွင် အထင်း​​သား​​ ​​တွေ့​​နိုင်သည်။ အမျိုး​​သမီး​​ တစ်ဦး​​က သူ​မ၏ ​​ယောက်ျား​​ကို ​​ရောင်း​​ချလို​​ကြောင်း​​ Classified ကဏ္ဍတွင် ​​ကြော်ငြာထား​​ခြင်း​​ဖြစ်သည်။
အ​​မေရိကန်နိုင်ငံ၊​ ယူ​တား​​တွင် ​​နေထိုင်​​သော အဆိုပါ အမျိုး​​သမီး​​က သူ​မ၏ ​​ယောက်ျား​​သည် Call of Duty: Modern Warfare 3 ဂိမ်း​​ကို လက်ဝယ်ပိုင်ပိုင် ရရှိကတည်း​​က သူ​မကို လှည့်​​ပင် မကြည့်​​​တော့​​သဖြင့်​​ စိတ်ကုန်​​နေပြီဟု ညည်း​​ညူ​ခဲ့​​သည်။ အသက် ၂၂ နှစ်ရှိ ကိုင်လီဘာဒ​​လေသည် ဂိမ်း​​ဝါသနာအိုး​​ တစ်ဦး​​ဖြစ်ပြီး​​ အာဖဂန် နစ္စတန်တွင် စစ်မှုထမ်း​​ရာမှ ဒဏ်ရာရပြီး​​ အနား​​ယူ​ခဲ့​​သည်။ ယခုအခါ ၎င်း​သည် အိမ်တွင်း​​​အောင်း​​ကာ ၃ ရက်ဆက်တိုက် အဆိုပါ ဂိမ်း​​ကို အသည်း​​အသန် ​​ဆော့​​ကစား​​​နေရာ ဇနီး​​ဖြစ်သူ​ ​​အေလီဆီ ဘက်ဒ​​လေက ​​ဒေါသထွက်​​နေခြင်း​​ဖြစ်သည်။ သို့​​​သော်လည်း​​ ​​နောက်ပိုင်း​​တွင် သူ​မ၏ ​​ကြော်ငြာသည် ခင်ပွန်း​​သည်ကို စိတ်ဆိုး​​မိသဖြင့်​​ ​​ယောက္ခမနှင့်​​ တိုင်ပင်ပြီး​​ ဟာသလုပ်ခဲ့​​ခြင်း​​ဖြစ်​​ကြောင်း​​ ပြန်လည် ​​ပြောကြား​​ခဲ့​​သည်။

“ရယ်စရာ သက်သက်ပါ။ ကျွန်မ ​​ယောက်ျား​​ကို ကျွန်မချစ်ပါတယ်။ သူ​ကလည်း​​ ကျွန်မကို ချစ်ပါတယ်။ ဒီ​​တော့​​ သူ့​​​ကို ဝယ်ချင်တယ်လို့​​ ကမ်း​​လှမ်း​​လာရင်​​တောင် ကျွန်မက မစဉ်း​​စား​​ပါဘူး​​”ဟု ​​အေလီဆီက ABC သတင်း​​ဌာနသို့​​ ရယ်ရယ်​​မော​​မော ​​ပြောဆိုသွား​​သည်။
@ လူထုအသံအွန်လိုင်းဂျာနယ်

Tuesday, November 29, 2011

စိတ်ဝင်စားဖို့ကောင်းတဲ့ ရှယ် ကိတ်မုန့်များ

လာပြန်ပြီ .... ဒီဇိုင်း အသစ်နဲ့ ကိတ်မုန့်တဲ့။ အားလုံး ကိတ်မုန့်အစစ်တွေချည်းပဲနော်။
သေသေသပ်သပ်လုပ်ထားပုံထောက်ရင် တော်တော်အရသာကောင်းမှာပဲ။
ကိတ်မုန့်ကိုကြည့်တာနဲ့တင် ဗိုက်ဆာနေတဲ့သူတွေတောင် ဗိုက်ထဲက မရှိမဲ့ရှိမဲ့ အစားအစာတွေ ပြန်ထွက်လောက်တယ်။ ဒီဇိုင်းအသစ်နဲ့ ကိတ်မုန့်လေးတွေကို ရှုစားတော်မူကြပါ ခင်ဗျားးးး။












fwd mail ပေးပို့သူ ရမ်ဘိုအား ကျေးဇူးအထူး

Modern အရူးထကြသူများ

ငယ်ငယ်တုန်းက တစ်ခါတစ်ရံလူကြီးတွေပြောတာကြားဖူးပါသည်။ " သိပ်အရူးမထကြနဲ့ " တဲ့။
အဲဒီတုန်းက ဘာမှန်းကောင်းကောင်းမသိခဲ့ဘူး။ အဲဒီတုန်းက အရူးထခဲ့တာလေးတွေ အောက်က ပုဂ္ဂိုလ်တွေ နဲ့ တွေ့လိုက်တော့မှ ငါ အရူးထခဲ့တာ မူကြိုအဆင့်ပဲရှိပါလား။ သူတို့တွေအရူးထ တာမှ Ph.D အဆင့်ရှိမှန်း သိလိုက်ရပါတယ်။ Ph.D မရရင်နေပါစေ....မူကြိုလေးနဲ့ပဲ ကျေနပ်လိုက်တော့မယ် :D










Monday, November 28, 2011

ခင်ပွန်း ကို သတ်ပြီး၊ ချက်စား ရန် စီစဉ် သည့် ပါကစ္စတန် အမျိုးသမီး ရဲက ဖမ်းဆီးရမိ

FNG၊ ၊ပါကစ္စတန် နိုင်ငံ ကရာချီ မြို့ တွင် ခင်ပွန်း ဖြစ်သူ ကို သတ်ဖြတ် ပြီး ၊ အမဲသား ငါးများ လို တုံးတစ် ၍ ချက် ပြုတ်ရန် စီစဉ် နေ သည့် အမျိုး သမီး တစ်ဦး အား ဒေသခံ ရဲတပ် ဖွဲ့ ကဗုဒ္ဓဟူးနေန့ ကဖမ်းဆီး လိုက်ပြီး နှစ်ရက် အကြာတွင် သတင်း ထုတ် ပြန် သည် ဟု CNN ရုပ်သံသတင်းတွင်ထုတ် လွှင့် သွား သည်။
အသက် ၃၂ နှစ် ( အချို့  သတင်း များ တွင် ၄၂ နှစ်) အရွယ် ရှိ ဇိနတ် ဘီဘီ သည် အသက် ၁၇နှစ် အရွယ် ရှိ သူမ ၏ သမီး ဖြစ်သူ အား လိင်ပိုင်း ဆိုင်ရာ စော်ကား မှု ပြု ရန် ကြံစည် သောကြောင့်သတ် ဖြတ် ရ ခြင်း ဖြစ်သည် ဟု ဆိုသည်။

သန် မာ လှ သော သူ့  ခင်ပွန်း ကို လက်ဖက် ရည် ထဲ တွင် အိပ်ဆေး များ ခတ် ကာ အိပ်ပျော်နေချိန် မှာ ကြိုး နှင့် တုပ်ပြီး သတ် ဖြတ် ရခြင်း ဖြစ် သည် ဟု ဇိနတ် ဘီဘီ က ကရာ ချိ ရဲများ ကို အစစ်ခံသည်။
သတ်ဖြတ် မှု တွင် ကြံရာ ပါ နှင့် ကူညီ ခဲ့ သည့် ဇိနတ် ဘီဘီ ၏ တူ ကို လည်း ရဲတပ် ဖွဲ့  က ဖမ်းဆီးထား သည် ဟု သိရသည်။
သူမ ၏ ခင်ပွန်း ကို သတ်ဖြတ် ပြီး နောက် ဆင်းရဲ သည် က တစ်ကြောင်း ၊ အလောင်းဖျောက်ရန်အခက် အခဲ ရှိ သည် က တစ်ကြောင်း တို့  ကြောင့် တုံး တစ်ပြီး ချက် ပြုတ် စား ရန် စီစဉ် ခြင်းဖြစ်သည် ဟု CNN တိုက်ရိုက် ရုပ်သံ တွင် သူမ က ပြောကြား ခဲ့ သည်။
ခင်ပွန်း ကို သတ် ဖြတ် ပြီး နောက် ချက် ပြုတ် ရန် အတွက် စီစဉ် နေခိုက် အနံ အသက် ဆိုးများထွက်လာ ချိန် တွင် အိမ်နီးနားချင်း များ က သိရှိ ပြီး ရဲစခန်း သို့  အကြောင်းကြား ရာ မှ အသားတုံးများ ဦးခေါင်းများ နှင့် အတူ ဖမ်းဆီး ရမိခြင်း ဖြစ်သည်။
ဖမ်းဆီး ရ မိ ချိန် တွင် ပေါင် သား အချို့  ကို မဆလာ နိုင် နိုင် နှင့် ချက်နေ ပြီ ဖြစ်သည်။
@ ကိုနေဇော်လင်း

ဗေဒင်ယုံကြည်သောသူများအတွက် (အထူး)

                                                            ယတြာချေဖို့ မမေ့နဲ့နော်

၂ ဂဏန်းသမားများ
  သင်သည် ဤနှစ်ဝယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း၊
နှာပွခြင်းတို့ကို နှစ်ရှည်လများ ခံစားရပေအံ့။
ပညာရေး    - နှစ်နှစ်ခြိုက်ခြိုက် အိပ်ခြင်းပညာကို လေ့လာရတတ်သည်။
စီးပွားရေး    - နှစ်ရှည်လများက အကြွေးများကိုပြန်ရကိန်းရှိသည်။
အချစ်ရေး    - နှမချင်းမစာနာတတ်သူ၏ ဆွဲလားရမ်းလားလုပ်ခံရတတ်သည်။
ယတြာ    - မိမိနှာခေါင်းနှစ်ပေါက်ကို လက်နှစ်ချောင်းဖြင့်ပိတ်၍
အချစ်ဆုံးသူငယ်ချင်းကို မျက်နှာချင်းဆိုင်ကြည့်ကာ " နင့်သတင်းတွေ
ငါကြားနေရတယ် " ဟု မဲ့ကာရွဲ့ကာဖြင့် မာန်ပါပါဖြင့်ပြောပါလေ။

၃ ဂဏန်းသမားများ
  ကိုယ့်ကိုယ်ကို သုံးမရဘူးဟုထင်ပြီး စိတ်ဓါတ်ကျနေတတ်သည်။ သံစူးခြင်း၊
သန်းတွယ်ခြင်း၊ သေးမထွက်ခြင်းတို့ကို ခံစားရတတ်သည်။
ပညာရေး    - အသုံးမကျအောင်နေထိုင်နည်းကို ဆရာသမားသုံးဦးမှ လမ်းညွှန်တတ်သည်။
စီးပွားရေး    - သူခိုးခိုးခံရတတ်သည်။ တန်ဖိုးရှိပစ္စည်းကို ပစ္စလတ်ခတ်သိမ်းထားပါ။
အချစ်ရေး    - သုံးပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်တတ်သည်။
သုံးဘီးကားမောင်းသူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။
ယတြာ    - တစ်ကိုယ်လုံးဆေးနီတို့ပါ။ ပြီးလျှင် လမ်းသုံးခွဆုံရာသို့သွား၍
ခြေတစ်ဖက်ကို ထောက်ရပ်ကာ
လက်နှစ်ဖက်ကိုလေထဲသို့ဆန့်တန်းပြီးခေါင်းငိုက်စိုက်ချထားပါ။
    လည်ပင်းတွင်အောက်ပါ ဂမ္ဘီရအနောက်တိုင်းအင်းချပ်ကိုဆွဲထားပါ။
လူတကာ၏မေတ္တာစေတနာကို ခံစားရပါလိမ့်မည်။
                   HIV (+)


၎ ဂဏန်းသမားများ
  လက်အောက်ငယ်သားများ၏ မလေးမခန့်လုပ်ခြင်းကို အောင့်သက်သက်ခံရတတ်သည်။
လိပ်ခေါင်းထွက်ခြင်း၊ လက်တုန်ခြင်း၊  လှုပ်မရခြင်းတို့ဖြစ်တတ်သည်။
ပညာရေး    - လစ်လျှင်လစ်သလိုကြိုးစားပါ။
လွယ်လွယ်ကူကူအောင်မြင်ပါလိမ့်မည်။ လေးစားအောင်နေ၍
ကွယ်ရာတွင်မဟုတ်တာမှန်သမျှလုပ်သောပညာရပ်ကို သင်ကြားရတတ်သည်။
စီးပွားရေး    - အလစ်သုတ်ခံရတတ်သည်။ ဈေးဝယ်လျှင် အလေးခိုးခံရတတ်သည်။
အချစ်ရေး    - လေးလုံး(မျက်မှန်တပ်သူ) တစ်ဦးနှင့် ဖူးစာဆုံတတ်သည်။
မုဆိုးဖို၊ မုဆိုးမတစ်ဦး၏ လေးစားစွာဖြင့် ချစ်ခွင့်တောင်းခံရတတ်သည်။
ယတြာ    - လစ်ပိုတစ်လုံးသောက်ပြီး လိပ်ဥ(၄၄)လုံးစားကာ
လေးထပ်တိုက်ပေါ်မှနေ၍ လေးဘက်ထောက်၍ " အားလုံးကို လေးစားပါတယ် " ဟု
အသံဝါကြီးဖြင့်လေးကြိမ်တိတိအော်ပါ။

၅ ဂဏန်းသမားများ
  ဘ၀တစ်သက်တာတွင် ရေလိုက်ငါးလိုက်အနေရဆုံးဖြစ်သည်။
အမြင့်ရောက်ကိန်းရှိသည် ( ဥပမာ- ငါးထပ်တိုက်ပေါ်)။
ပညာရေး    - ငါးပါးသီလကို စနစ်တကျချိုးဖောက်သော ပညာရပ်ကိုတတ်မြောက်လိမ့်မည်။
စီးပွားရေး    - ငါးစိမ်းသည်အလုပ်ဖြင့် အကျိုးပေးမည်။
အချစ်ရေး    - ငှက်ဆိုးထိုးသံကဲ့သို့ အသံရှိသူနှင့်ဖူးစာဆုံတတ်သည်။
ငါးခူပြုံးပြုံးတတ်သူ ငါးဦး၏ အီစီကလီလုပ်ခြင်းကို ငါးရက်ခန့်
သည်းခံရတတ်သည်။
ယတြာ    - ငါးကြော်ဝယ်စားပြီး ငါးယောက်မြောက်တွေ့သည့်ကောင်မလေးကို
ငါးမန်းအကြည့်ဖြင့်ကြည့်၍ "ကကြီးဖင်မှာ ပွေးတွေနဲ့၊ ခခွေးဖင်မှာ
ပွေးတွေနဲ့၊ " ဟူ၍ "က"မှ "င" အက္ခရာအထိဆိုပါ။ လက်တွေ့ဆိုကြည့်ပါ။
ထူးခြားပါလိမ့်မည်။

၆ ဂဏန်းသမားများ
  ခြောက်သွေ့စွာ အထီးကျန်ဖြစ်နေတတ်သည်။ ယောက်ျားစင်စစ်မှနေ၍
ခြောက်သွားခြင်း၊ ခြုံးပွဲချငိုချင်နေခြင်းတို့ဖြစ်တတ်သည်။
ပညာရေး    - ခြုံးခြုံးကျလောက်အောင် ကြိုးစားပါ။ ချက်ချင်းအောင်မြင်မည်။
နတ်ကတော်သင်တန်း၊ အလှဖန်တီးရှင်သင်တန်းကိုတက်ရတတ်သည်။ ခြောက်လှန့်၍
ညာစားသောပညာရပ်များတတ်လွယ်သည်။
စီးပွားရေး    - စီးပွားရေးကံကောင်းနေပြီဖြစ်၍ ခြင်းတောင်းရက်ခြင်း၊
ခြင်ထောင်ချုပ်ခြင်း၊ ခြင်ဆေးခွေထုတ်လုပ်ခြင်းစသည့်လုပ်ငန်းများမှ
အူခြောက်လောက်အောင် အမြတ်ရရှိမည်။ အကောင်းများပြေပျောက်၍
အဆိုးများရောက်လာပါလိမ့်မည်။
အချစ်ရေး    - ခြောက်နေသောချစ်သူနှင့် ခြောက်ရက်ကြာစကားများရတတ်သည်။
တက်မတတ်၊ ချက်မတတ်ငိုတတ်သူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။ ချစ်သူ၏
နာကျည်းမှုဖြင့် ခြောက်လုံးပြူးနှင့် အပစ်ခံရတတ်သည်။
ယတြာ    - ချုံထဲတွင် ချိန်းတွေ့နေသာ ချစ်သူနှစ်ဦး၏ကြားထဲသို့
၆ကျပ်သားခန့် ရှိသော ချီးထုပ်ကိုပစ်ထည့်ပြီး "အချား.. အချား" ဟု အော်၍
အာခြောက်သည်အထိ ပြေးပါ။

၇ ဂဏန်းသမားများ
  အခွန်မဆောင်နိုင်သဖြင့် အဖမ်းခံရတတ်သည်။ မျက်ခွံဖွင့်မရခြင်း၊
ခွံ့ကျွေးမှစားနိုင်ခြင်း၊ ခါးနာခြင်း၊ ခွက်လက်ဆွဲချင်စိတ်ပေါက်နေခြင်း၊
ခုနှစ်ရက်သားသမီး၏ သတ်ပစ်ချင်လောက်အောင် မေတ္တာထားခြင်းကို ခံရတတ်သည်။
ပညာရေး    - ခိုးချမရဖြစ်တတ်သည်။ ခိုးကူးနေစဉ် အခန်းစောင့်ဆရာမမှ
လက်ပူးလက်ကြပ်မိတတ်သည်။ ခုနှစ်ရက်သားသမီးကို ဒုက္ခပေးသော အတတ်ကိုရတတ်သည်။
အချစ်ရေး    - ခုနှစ်သက္ကရာဇ်တူတူ မွေးဖွားသူနှင့် ဖူးစာဆုံရမည်။
ချစ်သူ၏အနှစ်မပါသော အခွံစကားများကို ငြီးငွေ့လာမည်။ ခွက်ထိုးခွက်လန်
ရယ်တတ်သူတစ်ဦးကို တိတ်တခိုး ချစ်မိလာတတ်သည်။
ယတြာ    - ခုံပေါ်တက်၍ ခါးတောင်းကို မြှေုာက်အောင်ကျိုက်ပြီး မယ်ဒလင်တီးကာ
အက်ဆစ်အဖွဲ့၏ အခန်း(၇) သင်ခန်းစာသီချင်းကို
တွံတေးစိုးအောင်ကီးဖြင့်ဆိုပါ။

၈ ဂဏန်းသမားများ
  ယခုနှစ်လုပ်သမျှ တလွဲဖြစ်လာမည်။ အသည်းရောင်ဘီပိုးစစ်၍ negativeပြရာ
ဝမ်းသာနေစဉ် HIV positive ၀င်ကြောင်းသတင်းကြားရတတ်သည်။ ချစ်သူထံမှ
အဖြေရသည့်နေ့တွင် ကိုယ့်ချစ်သူကို မိမိထက်ပိုချစ်သူက ကားတင်ပြေးတတ်သည်။
ပညာရေး    - ရှစ်ပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ ခဏခဏပြင်ဝတ်တတ်သော အကျင့်ရမည်။
စီးပွားရေး    - ရှဥ့်မွေးမြူရေးလုပ်ငန်းမှ အမြတ်ရတတ်သည်။
ခြေရှစ်ချောင်းရှိသော သတ္တ၀ါများ(ဥပမာ-ဂဏန်း၊ ပင့်ကူ) စသည်တို့ကို
သိပ္ပံနည်းကျ မွေးမြူရင်း သန်းပေါင်းများစွာ(ဆံပင်ထဲတွင်) ချမ်းသာမည်။
အချစ်ရေး    - အရှက်မရှိသူတစ်ဦး၏ ရှိခိုးကာ ချစ်ခွင့်တောင်းခံရတတ်သည်။
ရှုပ်ပွေသောချစ်သူကြောင့်စိတ်ညစ်ရတတ်သည်။
ယတြာ    - ချစ်သူကို ဥသျှစ်သီးကျွေးပြီး ရှိခိုးကာ ရှက်ပြုံးပြုံး၍
"shit" ဟု ရက်ရက်စက်စက်အော်ပါ။

၉ ဂဏန်းသမားများ
  န၀င်းသမားများအဖို့ ယခုနှစ်ဂမ္ဘီရဆန်သော အဖြစ်အပျက်များနှင့်
ကြုံရတတ်သည်။ အထက်မှ ပုဂိုလ်များ(ထန်းတက်သမား၊ ပန်းရံ) တို့၏
လာရောက်ဆက်သွယ်မှုကိုခံယူရမည်။ ဓါတ်စီးသူကို ထိမိ၍ဓါတ်လိုက်သည်။
ဓါတ်တိုင်ပေါ်မှ ဓါတ်မီးသီးသည် သင့်ခေါင်းပေါ်သို့ ဒုတ်ဒုတ်ထိကျတတ်သည်။
ပညာရေး    - ကိုးကွယ်ရာမရှိဖြစ်ပြီး စာမေးပွဲကျတတ်သည်။
ပတ်ဝန်းကျင်မကောင်း၍ ကံအကြောင်းမလှဖြစ်တတ်သည်။ ကုန်းကုန်းကွကွလုပ်ရသော
ပညာရပ်ကို သင်ကြားရတတ်သည်။
စီးပွားရေး    - ကုန်သမျှ ပြန်ရမည်။ ရသမျှ ပြန်ကုန်သည်။
အချစ်ရေး    - ကွက်စိတ်ဆရာတစ်ဦးနှင့်
အိမ်ထောင်ရက်သား(ရက်ပိုင်းမျှသာ)ကျတတ်သည်။
ကွက်ကြည့်ကွက်ကြည့်လုပ်တတ်သူတစ်ဦးကြောင့် ရင်ခုန်ရတတ်သည်။
ယတြာ    - ကိုကာကိုလာ သောက်နေသူတစ်ဦးကို ကတ္တရာစေးဖြင့်သုတ်၍
"ကိုးကွယ်ပါ၏" ဟုပြောကာ ကျောကုန်းကို ကုတ်ပေးပါ။

ဂျပန် ငါးပြတိုက် တစ်ခုမှ လျှပ်စစ် ငါးရှဥ့်များ ခရစ္စမတ် သစ်ပင်များကို မီးအလှဆင် ပေး

ဂျပန်နိုင်ငံ အလယ်ပိုင်း Mie စီရင်စုမှ ငါးပြတိုက် တစ်ခုမှာ ခရစ္စမတ် သစ်ပင်တွေမှာ အလှဆင် ထားတဲ့ မီးတွေကို လင်းစေတဲ့ လျှပ်စစ် ငါးရှဥ့်တွေဟာ လာရောက် လည်ပတ် သူတွေကို ဆွဲဆောင် လျက်ရှိတယ်လို့ သိရပါတယ်။ တောင်အမေရိကတိုက် အမေဇုန်မြစ် အတွင်းမှာ တွေ့ရတဲ့ လျှပ်စစ် ငါးရှဥ့်တွေဟာ သူတို့ရဲ့ သားကောင် အစာကို ဖမ်းတဲ့ အချိန်မှာ လျှပ်စစ် ဓါတ်အား ဗို့ ၈၀၀ ခန့် ထုတ်လုပ် နိုင်ပါတယ်။

“မိုင်အီ” စီရင်စု Toba မြို့ရှိ အဆိုပါ ငါးပြတိုက်ဟာ လျှပ်စစ် ငါးရှဥ့်တွေ မွေးမြူထားတဲ့ ရေကန်ရဲ့ ရှေ့မှာ ခရစ္စမတ် သစ်ပင် နှစ်ပင်ကို စီစဉ်ထား ရှိထားပြီး ရေကန် ထဲက ငါးရှဥ့်တွေ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ချိန်မှာ ခရစ္စမတ် သစ်ပင်တွေက မီးတွေကို လင်းလာ အောင်စီမံ ထားတာ ဖြစ်ပါတယ်။ ငါးရှဥ့်တွေက လျှပ်စစ် ဓါတ်အားဗို့ ၁၀၀နဲ့ အထက် ထုတ်လုပ်ရင် ပန်းရောင် မီးလေးတွေ လင်းလာပြီး ဗို့ ၄၀၀ နဲ့အထက် ထုတ်လုပ် ရင်တော့ မီးအနီရောင်လေးတွေ လင်းလာမှာ ဖြစ်ပါတယ်။ အဲ့ဒီ ပြကွက်ကို ဒီဇင်ဘာလ ၂၅ရက်နေ့ အထိ ပြသထား မှာဖြစ်ပြီး လာရောက် ကြည့်ရှုသူ တွေနဲ့ စည်ကား နေတယ်လို့ သတင်း ရရှိပါတယ်။

Sunday, November 27, 2011

facebook ပိတ်ပစ်တော့မည်ဟု facebook တွင်ပျံ့နှံ့

Facebook ကြီးသာပိတ်သွားရင် ဘာတွေဖြစ်ကုန်မှာလဲ ။

Facebook တည်ထောင်သူ Mark Zuckerberg မှနေ၍ Facebook ကို မတ်လ ၂၀၁၂ မှာ ပိတ်ရတော့မှာဖြစ်ကြောင်းနဲ့ Facebook ကို လုပ်နေရတာ သူ့အတွက် အရမ်းစိတ်ဖိစီးမှု များနေပါတယ်လို့ ပြောသွားပါတယ်။

"Facebook က ထိန်းလို့မရတော့ပါဘူး" လို့ Palo Alto ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Zuckerberg မှတဆင့်ပြောကြားခဲ့ပါတယ်။ "နောက်ပြီးတော့ Facebook ကို လုပ်နေရတာ ကျွန်တော့်အတွက် စိတ်ဖိစီးမှု အရမ်းများနေတာကြောင့် ကျွန်တော် ဒီဟာကို အဆုံးသတ်ဖို့ လိုအပ်နေပါပြီ။
Zuckerberg ဟာ Facebook ကို ၂၀၁၂ မတ်လ ၁၅ရက်နေ့တွင် အသုံးပြုသူများ အနေနှင့် Facebook အကောင့်များကို ပိတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသုံးပြုသူများအနေနဲ့ ဒီနှစ်မှာ Facebook မရှိဘဲ နေနိုင်အောင် နေပေးကြပါလို့လဲ ပြောသွားပါတယ်။

"မတ်လ ၁၅ ရက်နေ့ ၂၀၁၂ ခုနှစ် နောက်ပိုင်း မှာ Website ကြီး တစ်ခုလုံး ပိတ်လိုက်ပါတော့မယ်" လို့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ "အဲဒါကြောင့် သင့်ရဲ့ ဓါတ်ပုံတွေကို လိုချင်သေးရင် Facebook ပေါ်က ပြန်ယူထားဖို့လည်း အကြံပေးချင်ပါတယ်။ Facebook ပိတ်လိုက်ရင် ဓါတ်ပုံတွေ ပြန်ရတော့မှာ မဟုတ်ပါဘူး" လို့လည်း ပြောသွားခဲ့ပါသေးတယ်။

Zuckerberg ကတော့ Facebook ကိုပိတ်ဖို့ ဆုံးဖြတ်ရတာဟာ သူ့အတွက် အရမ်းကို ခက်ခဲကြောင်းနဲ့ သူ ပိတ်လိုက်တဲ့အတွက် အသုံးပြုသူတွေကို ၀မ်းမနည်းစေချင်ပါဘူးလို့လဲမျှော်လင့်ကြောင်း
ပြောသွားပါသေးတယ်။

"ကျွန်တော်အနေနဲ့တော့ အဲဒါ သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူးလို့တော့ ထင်တယ်ခင်ဗျ" ဆိုပြီး သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားပါတယ်။ "ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော် အဲဒီလိုလုပ်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ Facebook မရှိရင် လူတွေဟာ အပြင်ထွက်ပြီး တကယ့်သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်ကြမှာပါ။ အဲဒါကို ကျွန်တော်မျှော်လင့်ပါတယ်။"

Facebook သုံးစွဲသူ တချို့ကတော့ အဲဒီသတင်းကို ကြားပြီး ထိတ်လန့်ခဲ့ပါတယ်။ အင်ဒီယားနား ပြည်နယ်မှ အထက်တန်းကျောင်းသား Denise Bradshaw ဆိုရင် "ကျွန်တော် Facebook သာမရှိရင် ဘာလုပ်နေရမလဲ?" လို့ ငြီးငြူခဲ့ပါသေးတယ်။ "ကျွန်တော့် ဘ၀က Facebook က အဓိကပါ။ ကျွန်တော် Facebook ကို တစ်နေ့ ၁၀ နာရီလောက် သုံးပါတယ်။ အခု Facebook မရှိတော့ဘူးဆိုရင် ကျွန်တော့် အဲဒီအချိန်တွေကို ဘယ်နားသွားသုံးရမလဲဗျာ?"

သို့ပေမယ့် မိဘတွေကတော့ အဲဒီသတင်းတွေကြားပြီး စိတ်သက်သာရာရခဲ့ပါတယ်။ "Facebook ပိတ်သွားတာ တော်တော်ကောင်းပါတယ်" လို့ Detroit မှ မိဘတစ်ဦးဖြစ်သူ Jon Guttari မှ ပြောသွားပါတယ်။ "အဲါးဆို ကျွန်တော့်ကလေးက ကွန်ပျူတာနဲ့ မျက်နာကို နေ့တိုင်း ကပ်မနေတော့ဘူးပေါ့ဗျာ။ ကျွန်တော်နဲ့ စကားပြောဖို့ အချိန်ပိုရနိုင်တာပေါ့" လို့ ၀မ်းမြောက်ဝမ်းသာ ပြောသွားပါတယ်။
@ ကိုနေဇော်လင်း

Saturday, November 26, 2011

မောင့် ဖွားဖက်တော်ဖြင့် ကီလို ၂၃၀ ကို "မ" နိုင်သည့် ထိုင်ဝမ်အမျိုးသား...

အလုပ်ကြမ်းသမားအဖြစ်နှစ်ပေါင်းများစွာလုပ်ခဲ့ ပြီးနောက် နာမကျန်းဖြစ်ခဲ့ ရသည့် ယန်ယိုစင်အမည်ရှိထိုင်ဝမ်နိုင်ငံသား
တစ်ဦးဟာ ၉၉ ချိကုန်းစွမ်းအားသံမဏိအတွင်းအား စံပြယောကျာင်္း ဟုနာမည်ကျော်ကြားသည့် အမျိုးသားများ လိင်အင်္ဂါဖြင့် ကီလိုရာနှင့် 
ချီကာလေးသည့် သံမဏိပြားများကို မနိုင်သည့် နည်းပညာကိုလေ့ လာသင်ယူ
ကျင့်ကြံတတ်မြောက်ခဲ့ ပြီးနောက် ပြန်လည်ကျန်းမာသန်စွမ်းလာခဲ့ ပါတယ်...
ယန် ဟာငယ်ရွယ်စဉ်ကတည်းက ကာယလုပ်သားအဖြစ် ဆင်းရဲပင်ပန်းသည့် 
အလုပ်များလုပ်ခဲ့ ရတာဖြစ်ပါတယ်...
လွန်ခဲ့ သည့် ဆယ်နှစ်ကတော့ အလုပ်လုပ်ပြီးတိုင်း သူ့ ခြေလက်များယောင်ကိုင်းကာနာကျင်လာခဲ့ ပြီး ထို
ရောဂါပျောက်စေမည့် ဆေးဝါးမတွေ့ နိုင်ခဲ့ ပါဘူး...
ဒါကြောင့် သူဟာ လေ့ ကျင့် သူများကျန်းမာရေးအတွက်ကောင်းမည့် ချိကုန်းနည်းပညာကို စတင်လေ့ လာ
သင်ယူ ကျင့် ကြံခဲ့ ပါတယ်...
အထူးသဖြင့် သူပြန်လည်ကျန်းမာသန်စွမ်းလာရတာကလည်း ယောကျာင်္းပီပီစံချိန်မှီလေ့ ကျင့် ခန်းဖြစ်သည့်
အထူးချိကုန်း နည်းပညာကြောင့် ဖြစ်ပြီးထိုပညာရပ်ကို စတင်တည်ထောင်ပို့ ချသည့် ဆရာကြီး တူကျင်ရှန်း
နှင့် တွေ့ ဆုံပြီးနောက် လေ့ လာခဲ့ တာဖြစ်တယ်လို့ သူကဆိုပါတယ်...
ယန်က နေ့ စဉ်ကျင့် နေသည့် သင်ခန်းစာများကိုလည်း သူ့ ရဲ့ သူငယ်ချင်းများကိုပြသခဲ့ ပါတယ်...
ပထမပိုင်းမှာတော့ သူဟာ သံပြားအနည်းငယ်ကို သူ့ ရဲ့ အမျိုးသား မျိုးပွားအင်္ဂါအစိတ်အပိုင်းကို အနီရောင်
အ၀တ်စနဲ့ ချီပြီး အသုံးပြုလေ့ ကျင့် ခဲ့ တာဖြစ်ပါတယ်..
အဆင်သင့် ဖြစ်ပြီလို့ ယုံကြည်တဲ့ အခါမှာတော့ သူဟာခြေနင်းခုံနှစ်ခုပေါ်ကိုတက်ကာ ခါးကုန်းပြီး ကီလို
၂၃၀ လေးသည့် သံပြားများကို သူ့ ရဲ့ အဓိကအင်္ဂါအစိတ်အပိုင်းများကိုချည်ပြီးလေ့ ကျင့် ပါတော့ တယ်...
၎င်းနောက်တော့ သူဟာဖြေးညှင်းစွာ သံပြားများကိုမြေပြင်မှ စက္ကန့် ၃၀ ကြာအောင်မပြနိုင်ခဲ့ ပါတယ်...
သူငယ်ချင်းများကတော့ သူ့ ရဲ့ စွမ်းဆောင်နိုင်မှုအတွက် ပျော်တစ်ပြုံးပြုံးမော်မဆုံးဖြစ်နေကြပါတယ်...
အခုဆိုလျှင်သူဟာ ဆရာဖြစ်သူရဲ့ သင်တန်းကျောင်းတွင် အထူးချွန်ဆုံးကျောင်းသားတစ်ဦးဖြစ်နေပြီမို့ အင်
ဒိုနီးရှားနိုင်ငံတွင်ပို့ ချနေသည့် အဆင့် မြင့် သင်တန်းများတွင် သရုပ်ပြတင်ဆက်ရန် ဖိတ်ကြားထားခြင်းခံခဲ့ 
ရပါပြီ....
ချိကုန်းပညာဟာ ပုံမှန်အားဖြင့် ကျန်းမာရေးအတွက်၊ တရားထိုင်ရာတွင်စိတ်တည်ငြိမ်မှုရရှိစေရန်အတွက်
အသက်ရှုခြင်းနှင့် ကိုယ်ကာယ လှုပ်ရှားမှုဆိုင်ရာအတွက် လေ့ ကျင့်ကြတာဖြစ်ပါတယ်...
အဆိုပါနည်းစနစ်ဟာ တရုတ်တွေးခေါ်ပညာရပ်၏ စိတ်တန်ခိုးထက်မြက်ရေးဆိုင်ရာ သီအိုရီအတွေးအမြင်
များနှင့် နီးစပ်စွာပေါင်းစည်းဆက်စပ်နေပြီး မူကွဲ၊ နည်းစနစ်များလည်း ကွဲပြားခြားနားစွာရှိနေပါတယ်...

မကြာသေးခင်ကမှ ကမ္ဘာတစ်လွှားရုံတင်ပြသခဲ့ တဲ့ မစ္စတာဘင်းရဲ့ ဇတ်ကားသစ်မှာလည်း ဤကဲ့ သို့ လေ့ 
ကျင့် ပေါက်မြောက်သည့် အကြောင်းပါရှိခဲ့ တာအမှတ်ရမိပါသေးတယ်...
 @ ကိုပီတာဆီကနေ မလာပါသည်။

Friday, November 25, 2011

ကင်ဆာ ဆဲလ်များကို အရောင် တောက်လာစေသည့် ဓါတ်စမ်းပစ္စည်း တစ်မျိုး ဖန်တီး နိုင်ခဲ့

ဂျပန် နိုင်ငံမှ သုတေသီ အဖွဲ့ တစ်ခုဟာ ကင်ဆာ ဆဲလ်တွေကို မိနစ်ပိုင်း အတွင်း အရောင် တောက် လာစေ တဲ့ ဓါတ်စမ်း ပစ္စည်း တစ်မျိုးကို ဖန်တီး နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကင်ဆာဆဲတွေ ကို မြန်မြန် သိရှိနိုင်တဲ့ အတွက် အခုလက်ရှိ ကင်ဆာ စစ်ဆေးရာမှာ အသုံးပြုတဲ့ စီတီစကင် ဖတ်ခြင်းနဲ့ အခြားနည်းတွေနဲ့ စစ်ဆေး သိရှိဖို့ ခက်ခဲတဲ့ ကင်ဆာ အကြိတ်တွေကို ရှာဖွေရာမှာ အထောက်အကူ ဖြစ်လာမှာ ဖြစ်ပါတယ်။
ဂျပန် သုတေသီတွေဟာ ကင်ဆာ ဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်က GGT ခေါ် အမ်ဇိုင်း တစ်မျိုးကို အာရုံစိုက် လေ့လာခဲ့ပြီး အဲ့ဒီ အမ်ဇိုင်းနဲ့ ထိတွေ့ချိန်မှာ ဓါတု တုန့်ပြန်မှု ဖြစ်ကာ အစိမ်းရောင် တောက်လာမယ့် ဓါတ်စမ်း ပစ္စည်း တစ်မျိုးကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်စမ်း ပစ္စည်းကို သားအိမ် ကင်ဆာဆဲလ်ရှိတဲ့ ကြွက်ရဲ့ ၀မ်းဗိုက်ကို ဖျန်းပြီး စမ်းသပ်ကြည့်တဲ့ အခါမှာ အချိန် တစ်မိနစ် အတွင်း ကင် ဆာ အကျိတ်တွေဟာ သာမန် မျက်စိနဲ့ ကြည့်လို့ မြင်နိုင်တဲ့ အစိမ်းရောင် တောက်လာတာကို တွေ့ခဲ့ကြရပါတယ်။

အခုလက်ရှိ အချိန်မှာ သားအိမ်ကင်ဆာ ဖြစ်ပွားရဲ့ ၃ ပုံ ပုံ ၂ ပုံကို စောစီးစွာ သိရှိနိုင်ပေမယ့် အခုဓါတ်စမ်း ပစ္စည်းနဲ့ဆိုရင် ၁၀၀ ရာခိုင်နှုန်း အပြည့် သိရှိနိုင်မယ်လို့ သုတေသီတွေက မျှော်လင့်ထားပါတယ်။ အခု ဖန်တီးလိုက် တဲ့ ဓါတ်စမ်း ပစ္စည်းကို အဆုတ် ၊ အသည်း ၊ ရင်သား ကင်ဆာနဲ့ ဦးနှောက် ကင်ဆာတို့ အတွက်ပါ စမ်းသပ်သွားမှာ ဖြစ်ပြီး ခွဲစိတ်မှု ပြုလုပ်နေစဉ် အတွင်း ကင်ဆာ ဆဲလ်တွေကို စစ်ဆေး သိ ရှိနိုင်တော့မှာ ဖြစ်တယ်လို့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။

ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံများ


ငှက်ပျောသီးအခွံကို စားခြင်းအားဖြင့်တော့ လူကို တက်ကြွရွှင်လန်းစေပါတယ်။ နောက်ပြီး မျက်စိအားကောင်းစေသလို မျက်စိတိမ်စွရောဂါများ အတွက်လည်း အလွန်ကောင်းပါတယ်။
ဘယ်လိုစားရမလဲ ဆိုရင်တော့ သုတေသီတွေမှ အကြံပေးပြောကြားချက်အရ ငှက်ပျောသီးအခွံကို ရေနွေးနဲ့ ၁ဝ မိနစ်လောက်ပြုတ် လိုက်ပါ။ ပြီးရင် သစ်သီးဖျော်စက်ထဲမှာ ထည့်ဖျော်ပြီး ဖျော်ရည်အဖြစ်လဲ စားသောက်နိုင်တယ်လို့ဆိုပါတယ်။




ကြက်သွန်ဖြူ အခွံမှာ ကွဲပြားတဲ့ antioxidant ၆ မျိုးပါဝင် ပါတယ်။ နောက်ပြီး အိုမင်းရင့်ရော်ခြင်းနှင့် နှလုံးရောဂါများကိုလည်း ကာကွယ်နိုင်တယ်လို့ ဒေါက်တာ Glenville က ရှင်းပြပါတယ်။ 




လိမ္မော်သီး၊ ပျားလိမ္မော်သီး တို့ရဲ့အခွံတွေကတော့ ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် နှလုံးရောဂါဖြစ်ခြင်းတို့ကို အစွမ်းအထက်ဆုံး ကာကွယ်မှု့အပေးနိုင်ဆုံး အခွံတွေဖြစ်ပါတယ်။ နောက်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောဓါတ်တွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ခြင်းတို့ရှိတယ်လို့ အမေရိကန်မှ လေ့လာသိရှိခဲ့ပါတယ်။ ထိုကဲ့သို့ပင် ဒေါက်တာ Glenville မှလည်း ၄င်းအခွံများနဲ့ ပါတ်သက်ပြီး ရှောက်သီး သံပုရာသီး အမျိုးအနွယ်ဝင် အသီးများရဲ့ အခွံအောက်မှ အဖြူရောင် တစ်ရှူးအမျှင်များဟာလဲ မြင့်မားတဲ့ ကာဗွန်ဟိုက်ဒရိုတ် ဓါတ်ကို ရရှိစေသလို ကိုလက်စထရော လျော့ကျခြင်း နှင့် ဘက်တီးရီးများ ကိုလဲ ဟန့်တားပေးနိုင်တယ်လို့ ပြောပါတယ်။

ရွှေဖရုံ၊ ကျောက်ဖရုံ နှင့် သခွါးမွှေးများ (Pumpkin, butternut and other squashes)
သခွါးမွှေးကို စားခြင်းအားဖြင့်တော့ အင်ဇိုင်းများကို မြင့်မားစွာအကျိုးဖြစ်ထွန်းစေသလို၊ အသားအရေ မွဲခြောက်မှု့၊ နှလုံးရောဂါ နှင့် ကင်ဆာရောဂါများကို ဟန့်တားစေနိုင်ပါတယ်။ ယင်းအသီး များရဲ့ အခွံကိုစားဖို့အတွက် ခက်ခဲမှု့အနည်းငယ် ရှိတဲ့အတွက်ကြောင့် အခွံကို ပါးနိုင်သလောက် ပါးအောင်ခွာပြီး စားသင့်တယ်လို့ ဆိုပါတယ်။ 



အာလူးအခွံစားလျှင် လူတိုင်းနီးပါးသိပြီးသားဖြစ်တဲ့ အကြောင်းအရာတစ်ခုပါ။ အာလူးအခွံမှာလဲ ပိုတက်စီယံ၊ သံဓါတ်၊ ဗီတာမင်စီနှင့် အခြားဓါတ်ပေါင်းများစွာပါရှိတယ်လို့ သိရပါတယ်။

Paracetamol ကို နေ့စဉ်ရက်ဆက် သောက်သုံးခြင်းဖြင့် အသက် အန္တရာယ် ရှိနိုင်

စကော့တလန် နိုင်ငံ Edinburg တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာ တွေ့ရှိချက် အရ အကိုက်အ ခဲ ပျောက်ဆေး ပါရာစီတမောကို နေ့စဉ် ပုံမှန် အနည်းငယ်စီ သောက်သုံးခြင်းဖြင့် အသက် အန္တရာယ်ကို ဖြစ်စေနိုင်ကြောင်း သိရပါတယ်။ ပါရာစီတမော ဆေးကို ပမာဏ အနည်းငယ်သာ သောက်သုံးတယ် ဆိုပေမယ့်လည်း အဲ့ဒီ သောက်သုံးမှု ဟာ နေ့စဉ်ရက်ဆက် လပေါင်းများစွာ ကြာတဲ့အခါမှာ  ဆေးလွန်တဲ့ အဆင့်ကို ရောက်ရှိ သွားနိုင်မှာ ဖြစ်ပါ တယ်။

သုတေသီတွေဟာ ၁၆ နှစ်ကြာ ပြုစုထားတဲ့ ပါရာစီတမော အလွန်အကျွံ သောက်သုံးမှု ၁၆ မှုကို လေ့လာခဲ့ကြပါတယ်။ အဲဒီ လေ့လာမှုက တစ်ဆင့် ပါရာစီတမောကို ပမာဏ အနည်းငယ် နေ့စဉ်ရက်ဆက် သောက်သုံးသူတွေမှာ အသည်းရောဂါ ၊  ဦးနှောက်ပိုင်းဆိုင်ရာရောဂါ၊
ကျောက်ကပ် ရောဂါ စတဲ့ ရောဂါ ဝေဒနာတွေနဲ့ ကြုံတွေ့ နေရတာကို တွေ့ရှိခဲ့ပါတယ်။  ဒါကြောင့် ပါရာစီတမောကို ဆရာဝန် ညွှန် ကြားချက်နဲ့ သောက်သုံးတာထက်  မိမိသဘောနဲ့ အလွန်အကျွံ သောက်သုံးနေခြင်းဟာ ကိုက်ခဲမှု ဝေဒနာကို သက်သာစေရုံသာ ဖြစ်ပေါ် စေနိုင်ပြီး ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သမီး​​​​မိန်း​​​​က​​​​လေး​​​​သာ ​​​​မွေး​​​​ဖွား​​​​​​​ပေး​​​​သည့်​​​ ဇနီး​​​​သည်အား​​​​ ခင်ပွန်း​​​​ဖြစ်သူ​က ဒဏ်​​​​ငွေရိုက်

အိန္ဒိယနိုင်ငံတွင် အမျိုး​​​​သား​​​​ တစ်ဦး​​​​သည် ၎င်း​​​အတွက် သမီး​​​​မိန်း​​​​က​​​​လေး​​​​သာ ​​​​မွေး​​​​ဖွား​​​​​​​ပေး​​​​နိုင်သည့်​​​ ဇနီး​​​​ဖြစ်သူ​အား​​​​ ဒဏ်​​​​ငွေရိုက်ခဲ့​​​​​​ကြောင်း​​​​ သိရှိရသည်။
သမီး ​​​​​​​မွေး​​​​လာခြင်း​​​​အ​​​​ပေါ် မ​​​​ကျေမနပ် ဖြစ်​​​​နေသည့်​​​ ဘီဟာ ​​​​ဒေသခံ အမျိုး​​​​သား​​​​က ဇနီး​​​​အား​​​​ ရူ​ပီး​​​​​​​ငွေ ၂၅၀၀၀ ​​​​ပေး​​​​​​​ဆောင်ရန် ​​​​တောင်း​​​​ဆိုခဲ့​​​ရာ ​​​​ဒေသခံ အာဏာပိုင်များ​​​​က ကြား​​​​ဝင်ခဲ့​​​ရသည်။ နာဂစ်ဟု အမည်​​​​ပေး​​​​ထား​​​​​​​သော မိန်း​​​​က​​​​လေး​​​​ငယ်သည် ယခုသီတင်း​​​​ပတ် အ​​​​စောပိုင်း​​​​က ယူ​တာပရာဒက်ရှိ ရွာငယ်တစ်ခုတွင် ​​​​မွေး​​​​ဖွား​​​​ခဲ့​​​သည်။ ထို​​​​နေ့​​​သည် ကမ္ဘာ့​​​လူ​ဦး​​​​​​​ရေ သန်း​​​​ ၇၀၀၀ ပြည့်​​​ အထိမ်း​​​​အမှတ်​​​​နေ့​​​လည်း​​​​ဖြစ်သည်။ သမီး​​​​ငယ် ​​​​မွေး​​​​ဖွား​​​​လာ​​​​သော်လည်း​​​​ မွတ်ဆလင် ဘာသာဝင် ဖခင်ဖြစ်သူ
 မိုဟာမက် မန်ဇူ​အာမှာ အလွန် ​​​​ဒေါသထွက်ခဲ့​​​ပြီး​​​​ သား​​​​မ​​​​မွေး​​​​​​​ပေး​​​​နိုင်သည့်​​​ အသက် ၃၀ အရွယ် ဇနီး​​​​သည် ရှာနက်ဇ်အား​​​​ ဒဏ်​​​​ငွေ​​​​ပေး​​​​​​​ဆောင်ရန် ​​​​တောင်း​​​​ဆိုခဲ့​​​သည်။
ထိုကိစ္စသည် အကျယ်အကျယ် မငြိမ်း​​​​ဖွယ် ဖြစ်လာခဲ့​​​ပြီး​​​​​​​နောက် တာဝန်ရှိသူ​များ​​​​က မိုဟာမက်၏ ​​​​တောင်း​​​​ဆိုမှုကို ဝင်​​​​ရောက် တား​​​​ဆီး​​​​ခဲ့​​​ရသည်။ ထို့​​​​​​နောက် ဇနီး​​​​ဖြစ်သူ​က ခင်ပွန်း​​​​နှင့်​​​ မ​​​​ပေါင်း​​​​လို​​​​ကြောင်း​​​​ ​​​​တောင်း​​​​ဆိုခဲ့​​​​​​သော်လည်း​​​​ ​​​​နောက်ပိုင်း​​​​တွင် ဝင်​​​​ရောက်ညှိနှိုင်း​​​​​​​ပေး​​​​မှုများ​​​​​​​ကြောင့်​​​ ၎င်း​​​တို့​​​နှစ်ဦး​​​​ ပြန်လည် ​​​​ပြေလည်သွား​​​​​​​ကြောင်း​​​​လည်း​​​​ သိရှိရသည်။

Wednesday, November 23, 2011

တရုတ်နိုင်ငံတွင် အမျိုး​​သမီး​​သား​​ဥ ​​ရောင်း​​ချသည့်​​​မှောင်ခို​​ဈေး​​ကွက် ​​ပေါ်​​ပေါက်

တရုတ်နိုင်ငံတွင် ​​ကျောင်း​​သူအရွယ် မိန်း​​က​​လေး​​များ​​က သား​​ဥ​​ရောင်း​​ချသည့်​​ ​​မှောင်ခို​​ဈေး​​ကွက်တစ်ခု ​​ပေါ်​​ပေါက်​​နေ​​ကြောင်း​​ သိရသည်။ အဆိုပါ လှုပ်ရှား​​မှုကို ​​မှောင်ခို ​​အေဂျင်စီများ​​က အဓိက လုပ်​​ဆောင်​​နေပြီး​​ အထူး​​သဖြင့်​​ နာမည်​​ကျော် တက္ကသိုလ်များ​​မှ ဘွဲ့​​ကြို ​​ကျောင်း​​သူ​​လေး​​များ​​ကို ပစ်မှတ်ထား​​​လေ့​​ရှိ​​ကြောင်း​​ သိရသည်။
မှောင်ခို ပွဲစား​​များ​​သည် သား​​ဥ တစ်ခုအတွက် ယွမ်​​ငွေ ​​သောင်း​​ဂဏန်း​​မျှထိ ​​ဈေး​​​ပေး​​ ဝယ်ယူ​​လေ့​​ရှိသည်။ ပွဲစား​​များ​​သည် ဝယ်လက်နှင့်​​ မိန်း​​က​​လေး​​များ​​ကို ​​ဘေဂျင်း​​ရှိ ​​ကော်ဖီဆိုင်များ​​တွင် ​​တွေ့​​ဆုံ​​ပေး​​​လေ့​​ရှိပြီး​​ ယင်း​​အ​​ရောင်း​​အဝယ် ကိစ္စတွင် အပြန်အလှန် စကား​​​ပြောခွင့်​​ မ​​ပေး​​​ချေ။ ဝယ်လက်များ​​သည် အများ​​အား​​ဖြင့်​​ စုံတွဲများ​​ ဖြစ်ကြပြီး​​ ​​အေး​​ဂျင့်​​ထံမှတစ်ဆင့်​​ မိန်း​​က​​လေး​​၏ အရပ်အမြင့်​​၊​ ​​သွေး​​အုပ်စုနှင့်
 ဝါသနာစ​​သော အချက်အလက်များ​​ကို သိရှိရသည်။ အဆိုပါ သား​​ဥများ​​ကို ဖန်ပြွန်သ​​န္ဓေနည်း​​ဖြင့်​​ သုက်ပိုး​​ဖြင့်​​ ​​ရောစပ်​​စေကာ မျိုး​​​အောင်​​စေရန် လုပ်​​ဆောင်နိုင်မည်ဖြစ်သည်။ ထိုလုပ်ငန်း​​အတွက် သာမန် ​​ဆေး​​ရုံများ​​ထက် သီး​​သန့်​​​ဆေး​​ရုံများ​​နှင့်​​ နိုင်ငံခြား​​မှ လာ​​ရောက်အ​​ခြေစိုက်​​သော ​​ဆေး​​ရုံများ​​တွင်သာ ပိုမိုလုပ်​​ဆောင်​​ပေး​​​လေ့​​ ရှိ​​ကြောင်း​​လည်း​​ သိရသည်။
ဘေဂျင်း​​တွင် မိန်း​​က​​လေး​​များ​​ မျိုး​​ဥအတွက် ယွမ်​​ငွေ ၄၀၀၀၀ မှ ၈၀၀၀၀ ထိ ​​ဈေး​​​ပေး​​ ဝယ်ယူ​​နေ​​ကြောင်း​​လည်း​​ သတင်း​​များ​​က ​​ဖော်ပြသွား​​သည်။
@ လူထုအသံအွန်လိုင်းဂျာနယ်

ကမ္ဘာ့စံချိန်တင် လေလံဈေးနှင့် ရောင်းချခဲ့သည့် ဖာရာရီ ပြိုင်ကား

(၁၉၅၇)ခုနှစ်က ထုတ်လုပ်သည့် တက်စ်တာရိုဆာ အမျိုးအစား ဖာရာရီ ပြိုင်ကား တစ်စီးကို  ဂွတ်ဒင်းအန်ကမ်မမှ ပက်ဘယ်ဘိခ်ျမြို့မှာ လေလံတင်ရာ အမေရိကန်ဒေါ်လာ (၁၆.၃၉)သန်း ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လေလံဈေးနှုန်းသည် ယခင်စံချိန်တင်
ရောင်းချသည့် ဈေးနှုန်းထက် ဒေါ်လာ (၄)သန်းကျော် ရရှိခဲ့သည်။ အဆိုပါ ပြိုင်ကားကို ယခင် စံချိန်တင် ဈေးထက် ပိုမိုရရှိနိုင်ကြောင်း ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ပေမယ့် အခုလို ရောင်းချလိုက်နိုင်တဲ့ ဈေးနှုန်းကတော့ မှန်းထားသည်ထက် အဆမတန် သာလွန် နေသည်။
ယခင် စံချိန်တင် လေလံဈေးနဲ့ ရောင်းချနိုင်သည့် ပြိုင်ကားမှာ “ဖာရာရီ တူးဖိုက်နိုင်း တီအာလ်” ကားဖြစ်ပြီး ကားကို အီတလီနိုင်ငံ မာရာနယ်လိုမြို့မှာ ပြုလုပ်သည့် လေလံပွဲမှာ အမေရိကန် ဒေါ်လာ (၁၂)သန်းနဲ့ ရောင်းချနိုင်ခဲ့သည်။ (၁၉၅၀)ခုနှစ် နှောင်းပိုင်းက ထုတ်လုပ်သည့် တက်စ်တာရိုဆာ အမျိုးအစား ဖာရာရီပြိုင်ကားကို အရင်ဖန်တီး တည်ဆောက်သည့် ပြိုင်ကားအနက် လှပတင့်တယ်မှု အရှိဆုံး ကားအမျိုးအစား တစ်ခုအဖြစ် ကားချစ်သူများက မှတ်ယူ ကြသည်။ ကမ္ဘာ့စံချိန်တင် လေလံဈေးနဲ့ ဖာရာရီ ပြိုင်ကားကို ရောင်းချသည့် လေလံပွဲအတွင်း Gooding & Company က စုဆောင်း ထားသည့် ကားတွေကို ထည့်သွင်း ရောင်းချခဲ့ပြီး အမေရိကန် ဒေါ်လာ (၄၁)သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

US ဒေါ်လာ (၁.၃၇၅)သန်းဖြင့် လေလံတင် ရောင်းချခဲ့သည့် ပိုရှေးကား

ဟောလိဝုဒ် နာမည်ကျော် မင်းသားကြီး စတိဗ်မက်ကွင်း ပိုင်ဆိုင်သည့် ပိုရှေး မော်တော်ကားကို စံချိန်တင် ဈေးနှုန်း အမေရိကန် ဒေါ်လာ (၁.၃၇၅)သန်းနဲ့ လေလံတင် ရောင်းချနိုင်ခဲ့သည်။ အဆိုပါ (၁၉၇၀) ခုနှစ်ထုတ် မီးခိုးရောင် ၉၁၁ အက်စ်ပို ရှေးကားကို မင်းသားကြီး မက်ကွင်းကပြိုင်ကား
မောင်းသမား တစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီး လာ့မဲန်စ် ရုပ်ရှင်ကားမှာ
မောင်းနှင် ပြသခဲ့သည်။  မင်းသားကြီး မက်ကွင်း မောင်းပြသည့် ပိုရှေး ကားသည် လာ့မဲန်စ် ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းများမှာ နေရာယူခဲ့သည်။ မက်ကွင်းရဲ့ ပိုရှေးကားကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ မွန်တာရေးမြို့မှာ အာလ်အမ် လေလံကုမ္ပဏီက သြဂုတ်လ လေလံပွဲစဉ် (၁၉)မှာ ရောင်းချခဲ့သည်။ ၉၁၁ ပိုရှေးကားတွေအနက် ဈေးအမြင့်ဆုံး ရရှိသည့် ကားတစ်စီး ဖြစ်သည်။ ပိုရှေး ကားတွေကို ရောင်းချရာ ပုံမှန် အမေရိကန် ဒေါ်လာ ငါးသောင်းခန့်သာ ရရှိခဲ့ကြောင်း သိရသည်။

ဘက်ထရီပြဿနာတက်နေတဲ့ Iphone 4s

Apple ကုမ္ပဏီမှ နောက်ဆုံး ထုတ်လုပ်သည့် iPhone 4s ၏ ဘက်ထရီမှာ ထင်မှတ် ထားသည့် ကာလ အတိုင်းအတာ မတိုင်မီ အချိန်အတွင်း အလွန်ပင် လျင်မြန်စွာ ကုန်သွားကြောင်း အွန်လိုင်း လူမှု့ရေး ဆိုက်များတွင် လူရာပေါင်း များစွာမှ သတင်း ပေးပို့ ခဲ့ကြကြောင်း Mercury သတင်းတွင် အင်္ဂါနေ့က ရေးသား ဖော်ပြခဲ့သည်။ အချို့သော သုံးစွဲသူများ၏ အပြောအရ ၎င်းတို့ ဝယ်ယူထားသည့် iPhone 4s မှာ အနည်းငယ်သော သုံးစွဲချိန်အတွင်း ဘက်ထရီ ကုန်သွားခဲ့ကြောင်းနှင့် တစ်ရက်အတွင်း
ဘက်ထရီအား ပြန်မသွင်းဘဲ သုံးစွဲ၍ မရကြောင်း ကိုလည်း ထုတ်ဖော် ပြောကြားခဲ့သည်။
Apple မှပြောရာ၌ iPhone 4s သုံးစွဲသူများ အနေဖြင့် စကားပြောချိန် ၈ နာရီ သုံးစွဲနိုင်ပြီး 3G ကွန်ရက်ဖြင့် အင်တာနက် ရှာဖွေမှုများကို ၆ နာရီကြာ သုံးစွဲနိုင်ကာ အသင့်အနေအထားဖြင့် ထားပါက နာရီ ၂၀၀ အထိ အထားခံကြောင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိ အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး Apple ကုမ္ပဏီမှ တုံ့ပြန် ပြောကြားခြင်း မရှိသေးဘဲ ဝေဖန် ချက် ပေးရန်လည်း ငြင်းဆိုခဲ့သည်။ သို့ရာတွင် The Guardian သတင်းတွင် ဖော်ပြရာ၌မူ အချို့သော သုံးစွဲသူများကိုမူ Apple ကုမ္ပဏီမှ အင်ဂျင်နီယာများမှ ဆက်သွယ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့ရာတွင် ယင်းသို့သော ပြဿနာများမှာ တစ်ကမ္ဘာလုံးရှိ iphone 4s  သုံးစွဲသူများကို ထိခိုက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ယခုလို ပြဿနာများ ပေါ်ထွက် နေသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် iPhone 4s ရောင်းအားမှာ ကျဆင်းသွားခြင်း မရှိကြောင်းလည်း သိရသည်။ လက်ရှိ အချိန်အထိ Apple ကုမ္ပဏီ အနေဖြင့် iPhone 4s အလုံးရေ ၄သန်း အထိ ရောင်းချခဲ့ရပြီး ဖြစ်သည်။

Tuesday, November 22, 2011

လူနို့နှင့်တူညီသော နို့ ကို နွားမှတစ်ဆင့်ထုတ်လုပ်မည်

ကမ္ဘာပေါ်တွင် ပထမဦးဆုံးအကြိမ် လူမိခင်၏ နို့နှင့် အလား
သဏ္ဍာန်တူသောနို့ကိုထုတ်လုပ်နိုင်သော နွားတစ်မျိုးကို ဖန်တီးလိုက်နိုင်ပြီဖြစ်ကြောင်း အာဂျင်တီးနားဓါတ်ခွဲခန်းမှ ထုတ်ပြန်ကြေငြာလိုက်သည်။
လူသားဗီဇဖြင့် စပ်ယူပြီးမွေးဖွားခဲ့သော ရိုစီတာအီဆာ အမည်ရှိ ကလုံးနွားသည် လူနို့ရည်တွင် ပါဝင်သောပရိုတင်းဓါတ်ပါရှိသည့် လူသားဗီဇဖြင့်ပေါင်းစပ်ကာ ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု အာဂျင်တီးနား စိုက်ပျိုးရေးသိပ္ပံနည်းပညာဌါနက ဇွန်လ(၉) ရက်နေ့ကပြောကြားခဲ့သည်။
ရိုစီတာအီဆာ ကို ၂၀၁၁ ခုနှစ်ဧပြီလ ၆ရက်နေ့က မွေးဖွားရာ ပုံမှန်ကိုယ်အလေးချိန်ထက် ၄၅ ကီလိုဂရမ် (၉၉) ပေါင် ပိုလေးပြီး ပုံမှန်မွေးကင်းစနွား၏ ၂ ဆ ဖြစ်နေသောကြောင့်ဗိုက်ခွဲမွေးဖွားခဲ့ရသည်ဟု နည်းပညာဌါန၏ ကြေငြာချက်တွင် ထည့်သွင်းရေးသွင်းထားသည်။
ရိုစီတာသည် အရွယ်ရောက်ချိန်တွင် လူ၏နို့နှင့် ဆင်တူသော နို့ကိုထုတ်လုပ်မည်ဟု အဆိုပါကြေငြာချက်
တွင်ထည့်သွင်းရေးသားထားသည်။
ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က နွားနို့ထဲသို့လူသားမျိုးရိုးဗီဇ ၂ မျိုးဖြစ်တဲ့ Protein Lactoferrin နဲ့ Lysozyme တို့ကိုပေါင်းစပ်ပေးခြင်းဖြင့် မွေးကင်းစကလေးငယ်ကို ဘက်တီးရီးယား၊ဗိုင်းရပ်စတဲ့
ရောဂါပိုးများကနေ သဘာဝါလျောက်ကာကွယ်ပေးရန်ရည်ရွယ်ပါတယ် ဟု သုတေသနပညာရှင် အန်ဒရီယန်မူတို က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မျိုးရိုးဗီဇဖြင့်ပေါင်းစပ် clone ပြုလုပ်ခြင်းကိုအာဂျင်တီးနားသိပ္ပံပညာဌါနနှင့် ဆန်မာတင် အာဂျင်တီးနား အမျိုးသားတက္ကသိုလ် တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Monday, November 21, 2011

စံပြုလောက်တဲ့အိမ်ထောင်ရေးဖြစ်ဖို့အတွက် အဓိကအချက် (၅) ချက်

ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . ..
Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့။
သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့
သူပြောတာက . ..
1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides

1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန်
လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့
အိမ်ထောင်ရေးမျိုးကို ရမှာပါ။
2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့
တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ
တစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြဿနာတွေကိုလည်း မှန်ကန်တဲ့
နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သ၀န်တို
စွပ်စွဲချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက်
လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့်
လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ
အလေးအနက်ထား
အချိန်ယူ စဉ်းစားသင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊
အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်
အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့
သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

3. proper income
သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့
မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ထမင်းရည်ပဲ
လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျ ဘ၀ကို
စဉ်းစားဆုံးဖြတ်မယ့်သူတွေ အတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။
သိုးဆောင်းစကားပုံ တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့်
မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။
ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုး
ချစ်သူက ရှာပေးနိုင်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။

4. good health
ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့ ။
ဒါပေမယ့် ချစ်သူက ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့်
ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊

5. acceptable both sides
လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက် ပိုပြီး
အတွေ့အကြုံ ရ့င့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက
လက်မခံနိုင်ဘူး ဆိုရင် ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာ
ခေါင်းအေးအေးနဲ့ စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘ
သဘောကျတယ်ဆိုရင်တော့ OK ပေါ့။

No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်က
အချက်အားလုံးနဲ့ ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်
အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး
ရှိရမှာပေါ့နော်။
ဒီလိုဆိုရင် ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင်။
အမှတ်ပြည့်က တစ်ရာ ဆိုရင် အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့။
တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)
နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)
သုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလို
ဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့)
လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)
ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့။

အားလုံးပဲ ကိုယ့်ဘ၀အတွက် အကောင်းဆုံးလက်တွဲဖော်ကို
ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

မျက်လုံးတစ်လုံးတည်းသာပါသော ငါးမန်းပေါက်လေး

မွေးရာပါ မျက်လုံးတစ်လုံးသာရှိသော ငါးမန်းပေါက်တစ်ကောင်အား ငါးဖမ်းသမားတစ်ဦးမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ယခုနှစ် နွေရာသီက ကာလီဖိုးနီးယားပြည်နယ် ပင်လယ်ကွေ့တွင် ဖမ်းမိခဲ့သော ကြီးမားတဲ့ ငါးမန်းတစ်ကောင်၏ဝမ်းဗိုက်အား
ခွဲလိုက်သောအခါ သန္ဓေသားအဖြစ်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ထိုသန္ဓေသားငါးမန်းပေါက်လေးဟာ မွေးရာပါ မျက်လုံးတစ်လုံးတည်း
ပါသည့်အတွက် လူသိများခဲ့ပြီး Pisces Fleet Sport fishing က ဂျူလိုင်လတွင် ဓါတ်ပုံနှင့်တစ်ကွ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဒီသတင်းဟာ Photoshop ဖြင့်ပြုလုပ်ထားထားသလိုလို ၊ လုပ်ကြံဇာတ်လမ်းလိုလို နဲ့တော်တော်လေးကို ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါပေမယ့် ငါးမန်းသုတေသနပညာရှင်တွေ သေသေချာချာ
စစ်ဆေးလိုက်တဲ့အခါမှာ ငါးမန်းအစစ်ဖြစ်ကြောင်း၊မွေးဖွားပြီးတဲ့နောက် မတူညီတဲ့ပုံစံမျိုးနဲ့ အသက်ရှင်
နေတာဖြစ်တယ်လို့ MSNB သတင်းအရ သိရှိရပါတယ်။
မက္ကဆီကို ပညာဌါနတစ်ခုမှ ငါးမန်းနှင့်ပတ်သက်သည့်ကျွမ်းကျင်ပညာရှင် Felipe Galvan Magana က “ ဒီလိုမျိုးအင်မတန်ဖြစ်ခဲပါတယ် ၊ ဒါပေမယ့် ဒီလိုပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်မျိုးတွေ အမျိုးပေါင်း (၅၀) ထက်မနည်း မှတ်တမ်းရှိခဲ့ဖူးပါတယ်” လို့ပြောပြခဲ့ပါတယ်။ ငါးမန်းသန္ဓေသားဟာ ထူးခြားတဲ့ သွင်ပြင်လက္ခဏာရှိပြီး ၊ ဦးဏှောက်ရဲ့အရှေ့ဘက်ပိုင်းက အပိုင်းနှစ်ပိုင်းခွဲခြားထားတဲ့ မျက်လုံးရဲ့လမ်းကြောင်းတွေဟာ မဖြစ်ထွန်းတာကိုတွေ့ရပါတယ်။

မျက်လုံးတစ်လုံးတည်းရှိတာ ဦးဏှောက်နဲ့ မျက်နှာအကြား ရောင်စဉ်တွေ ဖြစ်ပေါ်စေပြီး ဒီဖြစ်စဉ်ကို holoprosencephaly  လို့ခေါ်ပါတယ်။ ဒါကိုသားလျှောတဲ့အခါပဲဖြစ်ဖြစ် ၊ အသေမွေးတဲ့အခါ အခါပဲဖြစ်ဖြစ် တော်တော်များများ မှာ စမ်းသပ်တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး လုပ်ငန်းများ အတန်သင့် ခရီးရောက်လျှက်ရှိ

ကာကွယ်ရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်
ကြေးနန်းဝန်ကြီးဌာနတို့ ပူးပေါင်းဦးဆောင်ကာ မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရန် ဆောင်ရွက်မှုများ စတင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိ၌ အဖွဲ့ဝင် ၅ ဦးပါသော ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရေး ဗဟိုကော်မတီနှင့် အဖွဲ့ဝင် ၇ ဦးပါရှိသော လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့၏ ပထမဆုံး
ခြေလှမ်းအဖြစ် ထိုင်းနိုင်ငံမှ Thaicom ကုမ္ပဏီနှင့် ဂြိုဟ်တုလွှတ်တင်ရေး နည်းပညာဆိုင်ရာ နားလည်မှု စာချွန်လွှာကို နေပြည်တော်၌ လက်မှတ်ရေးထိုး အောင်မြင်ခဲ့ပြီးကြောင်း သိရသည်။

မြန်မာပြည်တွင်း၌ လက်ရှိ MRTV, MRTV-3, MRTV-4, MWD, MITV စသည့် အစိုးရပိုင် ရုပ်သံလိုင်း ၅ ခုနှင့် အခပေး ရုပ်သံလိုင်း Sky Net တို့ ရှိကြပြီး အဆိုပါ ရုပ်သံလိုင်းများ အတွက် ဆက်သွယ်ရေးဂြိုဟ်တု ငှားရမ်း အသုံးပြု နေရသဖြင့် နှစ်စဉ် နိုင်ငံခြားဝင်ငွေ ယိုဖိတ်မှု ရှိနေသောကြောင့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ကြားသိရသည်။
@ MDSNG

သွေးကင်ဆာ ရောဂါ ကုသရန် ဆေးဝါး အသစ် တစ်မျိုးကို အမေရိကန် အစားအစာနဲ့ ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဌာနမှ ထောက်ခံချက်ပေး

အမေရိကန် အစားအစာနဲ့ ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဌာန FDA ဟာ သွေးကင်ဆာ ရောဂါသည်တွေကို ကုသဖို့ Erwinaze ဆေးဝါးကို  ပြီးခဲ့တဲ့ သောကြာနေ့က အတည်ပြုေ ပးခဲ့တယ်လို့ သိရပါတယ်။
သွေးကင်ဆာ ရောဂါဟာ ရိုးတွင်း ချဉ်ဆီ ထဲမှာ သွေးဖြူဥတွေ များစွာ ဖြစ်ပေါ်စေ တဲ့ ကင်ဆာ ရောဂါမျိုး ဖြစ်ပါတယ်။

သွေးဖြူဥ တွေဟာ ခန္ဓာကိုယ် အတွင်း ရောဂါ ကူးစက်မှုကို တိုက်ဖျက်ရာမှာ အထောက်အကူ ဖြစ်စေတဲ့ ဆဲလ်တွေပဲ ဖြစ်ပါတယ်။ Erwinaze ထိုးဆေးကို တစ်ပတ်မှာ ၃ ကြိမ်
ကြွက်သားထဲ ထိုးသွင်းရမှာ ဖြစ်ပြီး အဲ့ဒီဆေးဟာ သွေးထဲရှိ ဆဲလ်ကြီးထွားမှု အတွက် လိုအပ်တဲ့ ပရိုတိန်း တည်ဆောက်မှုတွေကိုပြိုကွဲစေမှာ ဖြစ်ပြီး သွေးကင်ဆာ ရောဂါသည်တွေကိုဒီထိုးဆေးနဲ့ ကုသတဲ့
အခါမှာ သွေးကင်ဆာ ဆဲလ်တွေ သေဆုံး သွားပြီး ပုံမှန် ဆဲလ်တွေကိုတော့ ထိခိုက်မှု မဖြစ်ပေါ်စေပဲ ပုံမှန် လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။

အဆိုပါ Erwinaze ဆေးမှာ ဘေးထွက် ဆိုးကျိုးတွေ ရှိပြီး အဲ့ဒီ ဘေးထွက် ဆိုးကျိုးတွေကတော့ ပြင်းထန်တဲ့ ဓါတ်မတည့်မှု ဖြစ်ပေါ်ခြင်း ပန်ကရိယ ရောင်ရမ်းခြင်း ၊ သွေးခဲခြင်း ၊ သွေးယိုစီးခြင်း ၊ မူးဝေခြင်း၊
အော့အန်ခြင်းနဲ့ သွေးတွင်း သကြားဓါတ် မြင့်မားခြင်း အစရှိတဲ့ ဆိုး ကျိုးတွေကို ခံစား ရနိုင်ကြောင်း  သိရပါတယ်။

Sunday, November 20, 2011

ကမ္ဘာ့သက်တမ်း​​​​အရင့်​​​ဆုံး​​​​ကား​​​​ ​​​လေလံတင်​​​ရောင်း​​​​ချမည်

ကမ္ဘာ့သက်တမ်း​​​​အရင့်​​​ဆုံး​​​​ ​​​မော်​​​တော်ကား​​​​ကို ​​​လေလံတင် ​​​ရောင်း​​​​ချသွား​​​​မည်ဖြစ်သည်။ ကမ္ဘာ​​​ပေါ်တွင် သက်တမ်း​​​​ အရှည်ကြာဆုံး​​​​ ​​​မော်​​​တော်ကား​​​​အဖြစ် တရား​​​​ဝင် သတ်မှတ်ခြင်း​​​​ ခံထား​​​​ရသည့်​​​ ​​​မော်​​​တော်ကား​​​​ကို စတင်ထုတ်လုပ်ထား​​​​သည်မှာ ၁၂၇ နှစ် ကြာမြင့်​​​ခဲ့​​​ပြီဖြစ်သည်။
ယခုအခါ အဆိုပါ ​​​မော်​​​တော်ကား​​​​ကို ကြမ်း​​​​ခင်း​​​​​​ဈေး​​​​ ​​​ပေါင်စတာလင် ၁.၆ သန်း​​​​ သတ်မှတ်ကာ လာမည့်​​​လာတွင် ​​​လေလံတင်သွား​​​​မည်ဖြစ်သည်။
De Dion Bouton Et Trepardoux ဟု အမည်​​​ပေး​​​​ထား​​​​​​သော ​​​မော်​​​တော်ကား​​​​ကို ၁၈၈၄ ခုနှစ်က ပြင်သစ်နိုင်ငံတွင် မြို့​​​စား​​​​ ဒီဒိုင်ယွန်အတွက် တည်​​​ဆောက်ခဲ့​​​ခြင်း​​​​ဖြစ်သည်။ ထိုအချိန်သည် ဟင်နရီဖို့​​​ဒ်၏ ပထမဆုံး​​​​ ​​​မော်​​​တော်ကား​​​​ကို စတင်ထုတ်လုပ်သည့်​​​ ကာလထက် ၁၂ နှစ် ​​​စော​​​နေ​​​သေး​​​​သည်။ La Marquise ဟု ချစ်စနိုး​​​​ ​​​ခေါ်​​​ဝေါ်သည့်​​​ ​​​မော်​​​တော်ကား​​​​​​လေး​​​​သည် ၉ ​​​ပေသာရှိပြီး​​​​ ၁၅၀ စတုံသာ​​​လေး​​​​သည်။ ​​​လောင်စာအဖြစ် စက္ကူအပိုင်း​​​​အစများ​​​​၊​ ​​​ကျောက်မီး​​​​​​သွေး​​​​၊​ သစ်သား​​​​ အတိုအစများ​​​​ကို မီး​​​​ရှို့​​​ပြီး​​​​ ရရှိလာ​​​သော ​​​ရေ​​​နွေး​​​​​​ငွေ့​​​ စွမ်း​​​​အင်ကို အသုံး​​​​ပြုရ​​​သော ​​​မော်​​​တော်ကား​​​​သည် တစ်နာရီ ၃၈ မိုင်နှုန်း​​​​ထိ အမြန်ဆုံး​​​​ ​​​မောင်း​​​​နှင်နိုင်သည်။
အဆိုပါကား ​​​​ကို ဆက်လက် ထိန်း​​​​သိမ်း​​​​မှု မရှိသဖြင့်​​​ ပထမကမ္ဘာစစ် ကာလတွင် ​​​မောင်း​​​​နိုင်သည့်​​​ အ​​​ခြေအ​​​နေ မရှိ​​​တော့​​​​​ပေ။ ၁၉၈၇ ခုနှစ်တွင် ​​​မော်​​​တော်ကား​​​​ ကျွမ်း​​​​ကျင်သူ တင်မိုး​​​​လက်သို့​​​ ယင်း​​​​ကား​​​​​​လေး​​​​ ​​​ရောက်ရှိလာပြီး​​​​​​နောက် ​​​မောင်း​​​​နိုင်​​​အောင် ပြန်လည်ပြုပြင်ကာ ​​​ခေတ်​​​ဟောင်း​​​​ ကား​​​​ပြိုင်ပွဲ အချို့​​​တွင်ပင် ပါဝင်နိုင်ခဲ့​​​​​သေး​​​​သည်။
@ လူထုအသံအွန်လိုင်းဂျာနယ်

အစ္စရေး သုတေသီများ လှုပ်ရှားသွားလာမှု အတွက် အကူအညီပေးမည့် ဦးနှောက်အတုကို တီထွင်

Tel Aviv တက္ကသိုလ်ရှိ အစ္စရေး သုတေသီတွေဟာ ခန္ဓာကိုယ် လှုပ်ရှားမှု ဆုံးရှုံးတာကို ပြန်လည် အားဖြည့်ပေးနိုင်တဲ့ ကွန်ပျူတာ Chp ပြား တစ်မျိုးကို တီထွင်ခဲ့ပါတယ်။ အဆိုပါ ချစ်(စ်)ပြားကို ဦးနှောက် အရှေ့ပိုင်းသို့ ထည့်သွင်း အစားထိုး ကုသခြင်းဖြင့် ထိခိုက် ပျက်စီး သွားတဲ့ ဦးနှောက်ကို ကုသ ပေးနိုင်တဲ့ နည်းလမ်း တစ်ခု ဖြစ်လာ နိုင်တယ်လို့ အဆိုပါ သုတေသီများက ပြောကြားခဲ့ ပါတယ်။
အဆိုပါ ချစ်(ခ်)ပြားကို မျက်တောင် မခတ်နိုင်တဲ့ ကြွက်ရဲ့ ဦးခေါင်းခွံနဲ့ ဆက်သွယ်ပြီး စမ်းသပ်မှုတွေ ပြုလုပ်လိုက်တဲ့အခါ စမ်းသပ်ခံ ကြွက်ဟာ မျက်တော င် ပြန်လည် ခတ်နိုင်ကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် အဲ့ဒီ ကြွက်ရဲ့ ဦးနှောက်နဲ့ ဆက်ထားတဲ့ ချစ်(စ်)ပြားဟာ ခန္ဓာကိုယ်မှ အာရုံခံ သတင်း အချက်အလ က်တွေကို ဖတ်ရှု အလုပ်လုပ်ပြီး ဦးနှောက် အရှေ့ခြမ်းနဲ့ ဆက်သွယ် အလုပ်လုပ်တာကို တွေ့ရှိရကြောင်း သိရှိရပါတယ်။ သုတေသီတွေ တီထွင်တဲ့ အဆိုပါ ချစ်(စ်)ပြားဟာ မျက်တောင်ခတ်တဲ့ လှုပ်ရှားမှုမျိုးကို စွမ်းဆောင်ပေးနိုင်ပေမယ့် လမ်းလျှောက်ခြင်းကဲ့သို့သော လှုပ်ရှားမှုမျိုးကိုတော့ လုပ်ဆောင် နိုင်စွမ်း မရှိသေးဘူးလို့ သိရပါတယ်။

သုတေသီတွေဟာ အဆိုပါ ချစ်(စ်)ပြားကို လူတွေမှာ စမ်းသပ်မှုတွေ မပြုလုပ်သေးတာဟာ အဲ့ဒီချစ်(စ်)ပြားတွေရဲ့ စွမ်းဆောင်နိုင်တဲ့ ဦးနှောက် အစိတ်အ ပိုင်းကို အတိအကျ မသိရှိသေးတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စမ်းသပ်မှုနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ဆက်လက် ပြုလုပ်မှာ ဖြ စ်ပြီး ၎င်းချစ်(စပ်)ပြားကို ပါကင်ဆင် ရောဂါနဲ့ လေဖြတ်မှုကြောင့် ဦးနှောက် ပျက်စီးမှု ဝေဒနာ ခံစားနေရတဲ့ ရောဂါသည်တွေမှာ အသုံးပြုနိုင်ဖို့ အထိ သုတေ သီတွေက ဆက်လက် ကြိုးစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Saturday, November 19, 2011

Google က ဆုရလိုက်တဲ့ ၇နှစ်သမီးငယ်

ဒီနေ့ဟာ အိန္ဒိယနိုင်ငံရဲ့ ကလေးများနေ့ပါ။ ဒီနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဂူဂယ်လ်က သူ့ရဲ့ www.google.co.in ဆိုတဲ့ အိန္ဒိယအတွက် စာမျက်နှာမှာ ၇နှစ်အရွယ် အိန္ဒိယသမီးငယ်လေး ဗာရှား ဂုပ်ပတား ရဲ့ ပန်းချီလက်ရာ အိန္ဒိယရိုးရာ တူရိယာပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ဂူဂယ်လ်မှာသုံးမယ့် ပုံအတွက် အိန္ဒိယနိုင်ငံတ၀ှမ်းက ကျောင်းသားလူငယ်ပေါင်း ၁သိန်းကျော်တို့ပေးပို့ယှဉ်ပြိုင်ကြတဲ့အထဲကနေမှ သူ့ရဲ့ ပန်းချီလက်ရာကိုရွေးချယ်ခံခဲ့ရတာပါ။Google Doodle ဆုရတဲ့ ဗာရှားဂုပ်ပတား
“ကမ္ဘာကြီးအတွက် အိန္ဒိယရဲ့ လက်ဆောင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံဆွဲပြိုင်ရမယ်လို့ ဆရာမက ပြောတယ်။ အိန္ဒိယမှာက ယဉ်ကျေးမှုမျိုးစုံရှိကြတယ်။ တေးဂီတ တီးမှုတ်ဖျော်ဖြေတာဟာ အိန္ဒိယအတွက် အရေးပါတဲ့ ယဉ်ကျေးမှုတခုဖြစ်တယ်။ အိန္ဒိယရဲ့ တူရိယာတွေက ကမ္ဘာ့အနှံ့အပြားကို ပြန့်နှံ့သိရှိနေကြပြီ။ ဒီတူရိယာတွေကိုလည်း သမီးအမြဲတွေ့ဖူးနေတော့ ဒီပုံတွေ ဆွဲလိုက်တယ်” လို့ ပန်းချီဆရာမဖြစ်ချင်တယ်ဆိုတဲ့ ဗာရှားဂုပ်ပတားက ပြောပါတယ်။
ဗာရှားဂုပ်ပတားရဲ့ လက်ရာ
ရွေးချယ်ခံလိုက်ရတဲ့အတွက် ဗာရှားဂုပ်ပတားလေးဟာ ဂူဂယ်လ်ရဲ့ ဂုဏ်ပြုလက်မှတ်ရယ်၊ တနှစ်စာ အင်တာနက် ကွန်နက်ရှင်နဲ့ လက်ပ်တော့ပ်ကွန်ပြုတာတလုံး၊ အိုင်တီနည်းပညာလေ့လာသင်ကြားမှုအတွက်
ထောက်ပံ့ငွေ ရူပီး ၂ သိန်းကို ရလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကလေးများနေ့ဆိုတာက အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ်၊ ဂျဝါဟာလာနေရူးရဲ့
မွေးနေ့၊ နိုဝင်ဘာလ ၁၄ ရက်နေ့ရောက်တိုင်း တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေကို ချစ်ခင်အားပေးဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။ ဒီနေ့ရောက်တဲ့အခါ အိန္ဒိယ
တနိုင်ငံလုံးက ကျောင်းတွေမှာ ကလေးတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေ၊ ကလေးရုပ်ရှင်ပွဲတော်တွေ၊
ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးလေ့ရှိပါတယ်။
@ mailsfromfriends

ကမ္ဘာ့စံချိန်တင် ဆေးပြင်းလိပ် In Cuba

ပြီးခဲ့တဲ့အင်္ဂါနေ့ကကျူးဘား နိုင်ငံသားအသက်(၆၇)နှစ် အရွယ်ဆေးပြင်းလိပ်သမား “ဂျိုးဆေး ကက်(စ်)တလာ”ဟာ အရှည်(၈၁.၈)မီတာ၊ အချင်း(၄)စင်တီမီတာရှိတဲ့ ဆေးပြင်း လိပ်ကြီးကို အပြီးသတ်ပြုလုပ်ပြီး ဂင်းနစ် စံချိန်သစ်တင်လိုက် နိုင်ပါတယ်။ အဆိုပါ ဆေးပြင်း လိပ်ကြီးကို မေလ(၃)ရက်နေ့ကနေ (၇)ရက်နေ့အထိကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ ခရီးသွား လုပ်ငန်းပြပွဲ “အက်ဖ် အိုင်တီ ကျူးဘားတူးသောင်ဆင်အယ်လဲဗင်း”မှာ
ပြသထားပါတယ်။  “ကက်(စ်)တလာ”က သူဟာ မီတာ(၁၀၀)ရှည်လျားတဲ့ နောက်ထပ်
ဆေးပြင်းလိပ်တစ်လိပ်ကိုလည်း ပြုလုပ်နေကြောင်း၊ ကျူးဘားနိုင်ငံဟာ အကောင်းဆုံး ဆေးရွက်ကြီးများ ထွက်ရှိရာနေရာဖြစ်တဲ့ အတွက် အရှည်လျားဆုံး ဆေးပြင်းလိပ်ကိုလည်း ဒီဒေသမှာ ပြုလုပ်နိုင်ရမှာ
ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ ယခုတစ်ကြိမ် စံချိန်သစ်တင်တဲ့ ဆေးပြင်းလိပ်ကို ပြုလုပ်ခဲ့တဲ့ “ကက်(စ်)တလာ” ဟာ (၂၀၀၉) ခုနှစ် ကလည်း မီတာ(၆၀)ရှည်လျားတဲ့ ဆေးပြင်းလိပ်ပိုင်ရှင်အဖြစ် စံချိန်တင်ခဲ့ သူဖြစ်ပါတယ်။ ဆေးပြင်းလိပ်နဲ့ သက်ဆိုင်တဲ့ သမိုင်းကြောင်း တလျှောက် မှာ “ကက်(စ်)တလာ”ဟာ (၂၀၀၁)ခုနှစ်မှာ (၁၁.၀၄) မီတာရှည်တဲ့ ဆေးပြင်းလိပ်ပြုလုပ်ပြီး ပထမဆုံး စံချိန်တင်လာခဲ့သလို (၂၀၀၃)၊(၂၀၀၅)နဲ့ (၂၀၀၈)ခုနှစ်တို့မှာလည်း ဂင်းနစ်စံချိန်ချိုးခဲ့သူ ဖြစ်ပါတယ်။ သူဟာ အသက်(၁၄)နှစ် အရွယ်ကတည်းက စတင်ပြီး ဆေးပြင်းလိပ်လိပ်လာခဲ့သူဖြစ်ပြီး ဒါကို အနုပညာတစ်ရပ် အဖြစ် လေ့လာလိုက်စားလိုသူဖြစ်ကြောင်း သိရပါတယ်။