Saturday, March 17, 2012

ခွေးများအတွက် ခွေးဘီယာဆိုင်

နယူးကာဆယ်တွင် ခွေးများသောက်နိုင်သော ဘီယာများအား
ရောင်းချပေးနေကြောင်း သိရသည်။ အင်္ဂလန်နိုင်ငံ နယူးကာဆယ်မြို့ ဂေါ့စဖို့သ်အရပ်ရှိ ဘရန်ဒလင်း ဗီလာ အမည်ရှိဘီယာဆိုင်ရှိ ဖောက်သည်များအားလုံးသည် လူတို့၏ သစ္စာရှိသောမိတ်ဆွေ ခွေးများသာ ဖြစ်ပါသည်။
အဆိုပါဘီယာဆိုင်သည် ခွေးများအတွက်အထူးစီမံထုတ်လုပ်ထားသော
  ခွေးသောက်ဘီယာများကို စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း Metro သတင်းဌာနက ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ခွေးအပေါင်းအား သတင်းကောင်းပေးခဲ့ပါသည်။
အဆိုပါ ဘီယာဆိုင် မန်နေဂျာ ဒေ့ဗ်ကားက သူသည် တိရ စ္ဆာန်များ ချစ်ကြည်ရင်းနှီးကြသည့် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးလိုသောကြောင့် ယခုကဲ့သို့ ခွေးဘီယာဆိုင်ကို ဖွင့်လှစ်ရခြင်း
 ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါ ဘီယာဆိုင်တွင် ခွေးများအတွက် အမြည်းအဖြစ် ခွေးစားဘီစကွတ်များကိုလည်းရောင်းချပေးသည်။
 ခွေးများသည် သူတို့အချင်းချင်း သူစိမ်းများကြားတွင် ရန်လို၍ ကိုက်တတ်ကြသည်ဟု ထင်မှတ်ထားကြသော်လည်း သူ၏ဘီယာဆိုင်တွင်မူ ခွေးအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုပြသကာ တစ်ကောင်နှင့်တစ်ကောင် ခင်မင်ရင်းနှီးစွာ ဘီယာများ အတူတစ်ကွ သောက်သုံးကြသည်ဟု ဆိုသည်။
အဆိုပါဆိုင်တွင် ခွေးစား ကြက်ကြော် ၊ အမြည်းများနှင့် အလွန်အရသာရှိသော အကင်များလည်း
ရရှိနိုင်သည်ဟု မန်နေဂျာက ပြောဆိုခဲ့ပါသည်။

No comments:

Post a Comment