Thursday, May 3, 2012

တမ်းချင်း

ကျောင်းသားဘဝတုန်းက ရေးစပ်ခဲ့တဲ့ တစ်ပုဒ်တည်းသော ကဗျာလေးပါ။

တမ်းချင်း
လသာတဲ့ ညတစ်ညမှာ
ကောင်းကင်ပေါ်က လမင်းကြီးကို
ငါ .... အမှတ်မထင်
ငေးကြည့်မိတယ်။
ဒါပေမယ့်.....သူကတော့
ကြယ်ကလေးတွေနဲ့
ပျော်မြူးနေလေရဲ့.....
ငါ့မှာတော့ 
အချစ်ဆိုတဲ့ ဝေဒနာကို
ခါးသီးစွာ ခံစားရင်း
ငါသိပ်ချစ်ခဲ့ရတဲ့
ကောင်မလေး တစ်ယောက်ဆီက
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့
ချစ်ခြင်းမေတ္တာကို.....မိုက်မဲစွာ
စောင့်မျှော်မိနေလေရဲ့.....

No comments:

Post a Comment