Monday, June 18, 2012

တင့်ကားကြီးစီးပြီး မင်္ဂလာဆောင်သွားကြမယ်

ကဲ....ဒီတစ်ခါတော့ မင်္ဂလာဆောင်ကြမယ့် သတို့သား သတို့သမီး တို့  တင့်ကားကြီးစီးပြီး မင်္ဂလာဆောင်ကို သွားဖို့ အတွက် မင်္ဂလာဆောင် ဇိမ်ခံတင့်ကားကြီးကို ငှားရမ်းပေးတဲ့ ကုမ္ပဏီ ရှိတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်.... သူများနဲ့မတူအောင် ထူးထူးခြားခြားမင်္ဂလာဆောင်ချင်သူများအတွက် အထူးအပြင်အဆင်တွေနဲ့ အလှဆင်ထားပါတယ်....အဲဒါကြီးစီးပြီး မင်္ဂလာဆောင်ပွဲကို သွားတော့ လူရှိန်တာပေါ့.... ငှားရမ်းလို့ ရတဲ့ နေရာကတော့ အင်္ဂလန်မှာတဲ့ဗျား :D









Thursday, June 14, 2012

အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်နိုင်ပြီ ....

ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ http://www.myordbok.com မှာ တိုက်ရိုက် ဘာသာ ၀င်ပြန်နိုင်ပါတယ်။

ကိုယ်သိချင်တဲ့ ဘာသာ စကားကို အောက်မှာ ရွေးပြီး နှိပ်လိုက် တာနဲ့ တစ်ခါတည်း ဝက်ဆိုက်ကို ရောက်သွားမှာပါ။ ဝက်ဆိုက်မှာ ကိုယ်ရေးချင်တာရေးပြီး ဘာသာ ပြန်နိုင် ပါတယ်။ တစ်ခု ကောင်းတာက အသံထွက် လေးပါ ထည့်ပေးထားပါတယ်။ ကိုယ်သိချင်တာ ရေးပြီး Go ကိုနှိပ်လိုက်ယုံနဲ့ အသံထွက်လေးပါ နားထောင်ရမှာပါ။ အွန်လိုင်းမှာ လေ့ကျင့်နိုင်ပါတယ်။

ဒါနဲ့ ထပ်ပြောရဦးမယ် အွန်လိုင်းမှာ ဘာသာမပြန်ချင်ဘူး အင်တာနက်လိုင်း မသုံးချင်သူတွေ အတွက် ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ထည့်သုံးလို့ ရအောင် အခုဆော့ဝဲလ် လည်းထွက်နေပါပြီ။
လိုချင်ရင် အောက်မှာ တစ်ခါတည်း သာ ဒေါင်းသွားပါဗျာ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သတင်း ကောင်းလေး ပေးပါတယ်ဗျာ။


ဒီနေရာ လေးမှာလည်း ဝင်ရောက် လေ့လာနိုင်ပါပြီ။ ကိုယ့်စက်ထဲမှာ သုံးချင်တဲ့ မိတ်ဆွေများအတွက် ဒီမှာ တိုက်ရိုက် ရယူပါ။ ဆော့ဝဲလ် လေးက 1.53 MB လေးပဲ ရှိပါတယ်။ လက်ဆောင် ယူထားလိုက်ပါ။ အသုံးဝင်မယ်လို့ ထင်ပါတယ်။
အဆင်ပြေကြပါစေဗျာ။
 @ nayzawlin

Sunday, June 10, 2012

Discovery အာကာသလွန်းပျံယာဉ်အား ကနေဒီအာကာသစခန်းမှ ဝါရှင်တန်ဒီစီသို့ သယ်ဆောင်ခြင်း

အာကာသခရီးစဉ်များ ပျံသန်းခြင်းမှ အနားပေးလိုက်ပြီဖြစ်သည့် NASA အဖွဲ့၏ Discovery အာကာသလွန်းပျံယာဉ်အား အင်္ဂါနေ့တွင် ကနေဒီအာကာသစခန်းမှ ဝါရှင်တန်ဒီစီသို့ အထူးပြုလုပ်ထားသည့် လေယာဉ်ကြီးပေါ်တွင်ထပ်လျက် သယ်ဆောင်ပျံသန်းခဲ့သည်။ Discovery အာကာသလွန်းပျံယာဉ်အား ဝါရှင်တန်ရှိ Smithsonian National Air and Space Museum တွင် ထားရှိပြသသွားမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြသည်။ Discovery သည် NASA အဖွဲ့၏ အာကာသ လွန်းပျံယာဉ်များအနက် သက်တမ်းအကြာဆုံးနှင့် အာကာသခရီးစဉ် ပျံသန်းမှု အများဆုံးဖြစ်သည်။ Discovery သည် အနားမပေးမီ ကာလအတွင်း အာကာသခရီးစဉ် ၃၉ ကြိမ် ပျံသန်းခဲ့ကြောင်း သိရှိရသည်။










  @ mdsng