Showing posts with label knowledge. Show all posts
Showing posts with label knowledge. Show all posts

Tuesday, December 18, 2012

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

Saturday, 15 December 2012


(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက်ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အ...သက်ရှင် နေနိုင်ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားက လျှာဖြစ်ပြီး အမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့
လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်

(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ
က တစ်နေ့ကိုချွေး (1)ပိုင့် မကထုတ်လုပ်ပါတယ်။

(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓား
ကိုတောင် ချေဖျက်နိုင်တဲ့အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေနဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။

(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို
100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။

(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်တည်ဖို့လုံလောက်ပါတယ်။

(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။

(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြပါတယ်။

(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မှာ ဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။

(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။

(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုးစားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။

(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်
လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာရှိပါတယ်။

(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။

(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ
မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။

(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်းရှိပါတယ်။ ဦးနှောက်ရဲ့(၈၀) ရာခိုင်နှုန်း ဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်
ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက်သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။

(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်းပါ။

(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ
တန့်သွားပြီး နှာခေါင်းနဲ့နားရွက်ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။

(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။

(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုးအဆစ်တွေဟာ နေ့ခင်းပိုင်းမှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ်သွားလေ့ရှိပါတယ်

(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။

(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး
ဖြစ်ပါတယ်။

(24) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက်တဲ့အမွှေးအမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။

(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။

(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။

(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ ရှိကြပါတယ်။

(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ

(30) မိနစ်တိုင်းမိနစ်တိုင်းမှာ ခန္ဓာကိုယ်ပေါ်က မီလျံသန်းတစ်ရာမျှသော ဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။

(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်းစီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )

(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)

(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ
ကြာ အသက်ရှင်နေနိုင်ပါတယ်။ ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ်ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ်ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်

(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။

(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေးအမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုး အစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။

(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက် ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေအသက်ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။

(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။

(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။

(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါတယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။

(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲသုံးစရာလိုပါတယ်
တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန်
ရအောင်အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါတယ်။ တကယ်လို့များပေါ့ ... ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ်သက်ကြောင်းလည်း အမူအရာနဲ့မျက်မှောင်ကြုတ် ပြမနေ
ပါနဲ့ ...။ အလွယ်ဆုံးနည်းဖြစ်တဲ့ ... ကြွက်သားလေးခုကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...

(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်
ရာအကုန်လုံးတော့ မဟုတ်သေးပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သော
အံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာရှင်တွေ ယနေ့တိုင်ရှာတွေ့နေ
ဆဲပါ။ ဒီပိုစ့်နဲ့ပတ်သက်သော အချက်အလက်များ ကိုတော့ OddStuff Magazine ပါ ဆောင်းပါးတစ်ပုဒ်မှ Share လုပ်ခြင်း ဖြစ်ပါကြောင်း)

မြန်မာချစ်သူမိသားစု မှကူးယူမျှဝေပါသည်။
Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News

Wednesday, December 12, 2012

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ

Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံး ဖြစ်စေ တဲ့ ရောဂါ ဖြစ်ပါတယ်။

ကျောက်တုံးရယ်လို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အသား၊ ကြွက်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲ သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရောဂါ စာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ် တဲ့ ရောဂါ ဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါ တစ်မျိုးတည်း ထည့်သွင်း သတ်မှတ်ထားပါတယ်။ ရှားရှားပါးပါး ရောဂါမို့လို့ ဖြစ်ပါတယ်။


ကမ္ဘာကျော် လူသိများသွားသူကတော့ အမေရိကန်နိုင်ငံ၊ Philadelphia မြို့ က Harry Raymond Eastlack, Jr. (1933 – 1973) ဖြစ်ပါတယ်။ အသက် ၁၀ နှစ်တုန်းက ဆော့ကစား ရင်း ခြေထောက်မှာ အရိုးဒဏ်ရာ အနည်းငယ် ဖြစ်ပါတယ်။ ယင်း အရိုးဒဏ်ရာကနေ အရိုး ဖြစ်ပေါ်စေတဲ့ ဖိုက်ဘာ တစ်ရှုးများ တဖြည်းဖြည်း ဆပွား တိုးလာပြီး တစ်ကိုယ်လုံးကို အရိုး အဖြစ်သို့ တဖြည်းဖြည်း ချင်း ပြောင်းလဲစေပါတယ်။ အသက် ၄၀ ပြည့်ဖို့ ရက်ပိုင်း အလိုမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ခါနီး ကာလမှာဆိုရင် နှုတ်ခမ်းက လွဲလို့ ကျန်တဲ့ ဘယ် ခန္ဓာကိုယ် အစိတ်အပိုင်းမှ လှုပ်ရှားလို့ မရတော့ပါဘူး။ Harry ကိုအခြေခံလို့ Tell-Tale အမည်ရ ရုပ်ရှင်ကိုလည်း ၂၀၀၉ ခုနှစ်က ရိုက်ကူး ခဲ့ပါတယ်။ မင်းသား Josh Lucas က သရုပ်ဆောင်ပေးထားပါတယ်။

FOB အတွက် ယနေ့အထိလည်း ဆေးမတွေ့ သေးပါဘူး။ Harry ကတော့ သူ့အလောင်းကို Philadelphia ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ယနေ့တိုင် လည်း ရောဂါအတွက် အဖြေရှာဆဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ငါးမန်းမှာ ရှိတဲ့ ဓတ်တစ်မျိုးက ပျောက်စေမယ်လို့ တွေ့ရှိပြီး ဆန်းသပ်ရာ ဘာမှ မထူးခြားခဲ့ပါဘူး။

FOP က မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏာကတော့ ခြေမ အရွယ်အစားက သာမန်ထက် ပိုမိုကြီးထွားလာခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံး အရိုးဖြစ်သွားပုံကတော့ လည်ပင်းက စပါတယ်။ လည်ပင်မှ ပုခုံး၊ ပုခုံးမှ လက်မောင်း၊ လက်မောင်းမှ ဗိုက်၊ ဗိုက်မှ ခြေထောက် အထိ နေက်ဆုံး အပေါ်ကနေ အောက်အထိ တဖြည်းဖြည်း ကူးစက် တာ ဖြစ်ပါတယ်။ ခေါင်းပါပါဝင်ပြီး နှုတ်ခမ်းသာ လှုပ်ရှားလို့ ရတဲ့အထိလည်း အခြေအနေ ဆိုးပါတယ်။

ဒါကြောင့် လူတစ်ကိုယ်လုံးကို အရိုးစု အဖြစ်သို့ ပြောင်းလဲစေတဲ့ FOP (ကျောက်တုံး ရောဂါ) ကို ကြောက်စရာကောင်းတဲ့ ရောဂါ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
--
Ref :rare medic facts.

Tuesday, November 6, 2012

ရှေးခေတ်ဘုရင်တို့ရဲ့ ရာဇပလ္လင်အကြောင်းသိကောင်းစရာ

Outline of a Burmese throne c. Konbaung
  • (၁) သီဟာသန ပလ္လင်-ခြင်္သေ့ရုပ်ခံ၍ ယမနေသားဖြင့် ထုလုပ်ပြီးနန်းဦးပြဿဒ်ဆောင်နှင့် လွှတ်တော်၌ ထားရှိ 
  • (၂) ဘမယာသန ပလ္လင်-ပိတုန်းရုပ်ခံ၍ ကရဝေးသားဖြင့် ထုလုပ်ပြီးမှန်နန်းဆောင် (စက်တော်ခေါ်သည့်နေရာ) ၌ ထားရှိ 
  • (၃) ပဒုမာသန ပလ္လင်-ပဒုမ္မာကြာပွင့်ခံ၍ သရက်သားဖြင့် ထုလုပ်ပြီး အနောက်ဇေတ၀န်ဆောင် (မင်းတို့ကန်တော့ခံရန် နေရာ)၌ ထားရှိ 
  • (၄) ဟံသာသန ပလ္လင်-ဟသာင်္ရုပ်ခံ၍ သင်္ကန်းသားဖြင့် ထုလုပ်ပြီး အရှေ့ဇေတ၀န်ဆောင် (မင်းတို့ဝတ်ပြုရန်နေရာ)၌ ထားရှိ 
  • (၅) ဂဇာသန ပလ္လင်-ဆင်ရုပ်ခံ၍ စကားသားဖြင့် ထုလုပ်ပြီး ဗြဲတိုက်ဆောင် (မင်းတို့လက်ဆောင်ခံယူရာနေရာ)၌ ထားရှိ 
  • (၆) သခါင်္သန ပလ္လင်-ခရုသင်းရုပ်ခံ၍ တောင်ပိန္နဲသားဖြင့် ထုလုပ်ပြီး လေသာဆောင် (တရားစီရင်ရာနေရာ)၌ ထားရှိ 
  • (၇) မိဂါသန ပလ္လင်-သမင်ရုပ်ခံ၍ ရေသဖန်းသားဖြင့် ထုလုပ်ပြီး တောင်စမုတ်ဆောင် (မင်းတို့အလှူတော်ရေစက်ချရာ
  • နေရာ)၌ ထားရှိ 
  • (၈) မယုရာသန ပလ္လင်-ဥဒေါင်းရုပ်ခံ၍ ပေါက်သားဖြင့် ထုလုပ်ပြီး မြောက်စမုတ်ဆောင် (ကန်တော့ပန်းသိမ်းရာနေရာ)၌ ထားရှိ  
 The Royal Throne of Myanmar
 ပလ္လင်တွင်ပါရှိသောအစိတ်အပိုင်း
များမှာ-
  • (၁) ခြင်္သေ့
  • (၂) ဆင်ပျံ
  • (၃) လောကနတ်
  • (၄) ဒေါင်းမြီးယပ်
  • (၅) ဆင်နား
  • (၆) တံခါးတိုင်
  • (၇) သိကြား
  • (၈) ကိန္နရာ
  • (၉) သမ္မာဒေဝ
  • (၁၀) ခြူး
  • (၁၁) ကြာ
  • (၁၂) ဦးဆောက်ပန်း
ဟူ၍ (၁၂) နေရာပါရှိသည်။
A Close Look at Thihayana Throne, Myanmar Photo by Myanmar Tourex Travels
Old Painting by Royal artist Saya Chone showing the Royal Audience Scence
 ဒီအကြောင်းအရာကို မေးလ်ထဲမှရရှိပြီး တစ်ဆင့်ပြန်လည်ဝေမျှလိုက်သည်။

Friday, August 24, 2012

သေမင်းတမန် ရထားလမ်းအကြောင်း

ချွေးတပ်သားများ မှာ ပင်ပန်း ကြီးစွာ လုပ်ကိုင် ကြရသည်။
သေမင်းတမန် ရထားလမ်း
၁၉၄၂ ခုနှစ် နိုဝင်ဘာလ မှ စတင်၍ ဂျပန် တပ်မတော် က ဖောက်လုပ်ခဲ့သော ယိုးဒယား − မြန်မာ မီးရထားလမ်း ကြီးသည် လူသားများ စွာ အသက် စတေး ခဲ့ရသည့် အတွက် သေမင်းတမန် ရထား လမ်း အဖြစ် ထင်ရှားခဲ့သည်။ မီးရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာ တိုင်းရင်းသား ၈၀ဝ၀ဝ ကျော်၊ မဟာမိတ် တပ်သား ၁၀ဝ၀ဝ ကျော် တို့ အသက် ဆုံးရှုံး ခဲ့ကြသည်။ ရထားလမ်း ဖောက်လုပ် ပြီးစီး သည့် အထိမ်းအမှတ်ပွဲကို ၂၅ အောက်တိုဘာ ၁၉၄၃ တွင် ကျင်းပခဲ့သည်။

သံဖြူဇရပ် မှ ဘန်ပေါင်သို့
သေမင်းတမန် ရထားလမ်း သည် မြန်မာပြည် ဘက်ခြမ်း တွင် သံဖြူဇရပ်မြို့မှ စတင်ခဲ့သည်။ ဘုရားသုံးဆူ တောင်ကြား ကိုဖြတ်လျက် ယိုးဒယားနိုင်ငံ ဘန်ပေါင်(Ban Pong) မြို့သို့ ဖောက်လုပ် ခဲ့သည်။ ဘန်ပေါင် ရှိ ဘန်ကောက် - စင်္ကာပူ မီးရထားလမ်း နှင့် ဆက်သွယ် ရန် ဖြစ်သည်။ မိုင် ၂၅၀ ကျော် ရှည်လျားပြီး လမ်းခုလပ် ကွေးမြစ်ပေါ် ၌ တံတား တစ်စင်း ကိုလည်း တည်ဆောက်ခဲ့သည်။ တံတား ဆောက်လုပ်ရာ တွင် မြန်မာ တိုင်းရင်းသားများ သာမက စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးထားသော မဟာမိတ်တပ်သား အများအပြား လည်း ပါဝင်ခဲ့သည်။
တည်ဆောက်ရေး ပစ္စည်းများ
ဗြိတိသျှ တို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားသည့် ၁၉၄၀-၄၁ ခုနှစ်တွင် သံလမ်းမိုင် စုစုပေါင်း (၂၈၅၂) မိုင် ရှိသည့် အနက် ဂျပန် တို့က သံလမ်းမိုင် (၃၀ဝ) ခန့် ကို ဖြုတ်ယူ၍ မြန်မာ-ယိုးဒယား မီးရထားလမ်း ဖောက်လုပ်ရာတွင် အသုံးပြုခဲ့ပါသည်။ သံလမ်း မိုင် (၁၅၀)မိုင်ခန့် ကို ရန်ကုန် နှင့် တောင်ငူ အကြား ဒွေးလမ်း မှ လည်းကောင်း၊ ကျန်သံလမ်း (၁၅၀)မိုင်ခန့်ကို တံတားဦး -မြင်းခြံလမ်းပိုင်းနှင့် အခြားလမ်း ပိုင်းများမှ လည်းကောင်း ဖြုတ်ယူ အသုံးပြုခဲ့သည်။
ရည်ရွယ်ချက်များ
ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေး အတွက် အဓိက ရည်ရွယ်ချက်(၄)ရပ်ရှိပါသည်။ ယင်းတို့မှာလက်ရှိ တိုက်ခိုက်နေသော မဟာအာရှ စစ်ပွဲကြီး တွင် ဂျပန်    တို့ အောင်နိုင်ရေး အတွက် အထူး အရေးကြီးသော လက်နက် ခဲယမ်းမီး ကျောက်များ ကို အမြန်ဆုံး သယ်ယူ ပို့ဆောင်နိုင်ရေး၊
မြန်မာ့ ထွက်ကုန် ဝင်ကုန်များကို အမြန်ဆုံး သယ်ယူ ပို့ဆောင် ရောင်းဝယ်နိုင်ရေး၊မြန်မာနိုင်ငံ နှင့်    အခြား  နိုင်ငံ များ လွယ်ကူစွာ မဟာမိတ် ချစ်ကြည်မှု ပြုလုပ်နိုင်ရေး၊စစ်ဒဏ်ကြောင့် မြန်မာလူမျိုးများ ဆင်းရဲ ကျပ်တည်းလျက် ရှိရာ မီးရထားလမ်း ဖောက် လုပ် ပြီးစီး ပါက မြန်မာပြည် ချမ်းသာ လာစေရေး တို့ ဖြစ်ကြသည်။
ယင်း ရည်ရွယ်ချက်များ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဝန်ကြီးချုပ် ၏ အတွင်းဝန် ဦးဘစော ဥက္ကဋ္ဌ အဖြစ် ပါဝင်သော ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက်လုပ်ရေး အ တွက် အလုပ်သမား စုဆောင်း စောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
အလုပ်သမားစုဆောင်းရေး
ရထားလမ်း ဖောက်လုပ်ရေး အတွက် လိုအပ်သည့် အလုပ်သမားများ ကို ရထားလမ်း ဖောက်လုပ်ရေး အဖွဲ့က တိုက်ရိုက်ခေါ်ယူ ငှါးရမ်းခဲ့ ၏။ ရှေးဦးစွာ အနီးဝန်းကျင် ဒေသများ ၌ ရှာဖွေ စုဆောင်း ခဲ့သော် လည်း မလုံလောက်သဖြင့် ၁၉၄၂ ခု ဒီဇင်ဘာ လ လယ်ခန့် တွင် ယာယီ မြန်မာ အစိုးရ အုပ်ချုပ်ရေး ရုံးသို့ အကူအညီ တောင်းခံ ရတော့သည်။ သို့ဖြင့် မြန်မာအစိုးရ ပြန်ကြားရေး ဝန်ရုံး မှ ၁၈ ဒီဇင်ဘာ ၁၉၄၂ တွင် ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရန် ချွေးနှင့် ရင်းရသည့် အလုပ်သမား တပ် ကြီးတည်ထောင် မည် ဖြစ်ကြောင်း
  ကြေညာခဲ့သည်။ ယင်း ကြေညာချက် တွင် အလုပ်သမား အင်အား ၂၀ဝ၀ဝ ခန့် လိုအပ်မည် ဖြစ်ကြောင်း၊ အလုပ်သမားများ ရရှိမည့် လစာ၊ နေအိမ်၊ ဆေးဝါး စသည့် အခွင့်အရေးများ ကို ဖော်ပြထားပြီး အလုပ်သမားတပ်သို့ ဝင်ရောက်ကြရန် နှိုးဆော် ထားပါသည်။
အခက်အခဲများ
အလုပ်သမား စုဆောင်းရာ ၌ တောင်ငူ၊ အင်းစိန်၊ ဟင်္သာတ၊ ပုသိမ်၊ ထားဝယ်၊ မြိတ်၊ မော်လမြိုင်၊ သထုံ၊ ပဲခူးနယ်များမှ စုဆောင်းခဲ့ကြရာ ၁၉၄၃ ခု ဖေဖော်ဝါရီလ အထိ ၁၃၉၅၀ ဦး သာ စုဆောင်းနိုင်ခဲ့ သည်။ သို့ဖြစ်၍ လျာထားချက်၏ တစ်ဝက်မျှ သာ ရရှိခဲ့ပါသည်။ စုဆောင်း ရရှိထားသူများ ထဲမှလမ်းခု   လပ် တွင် ထွက်ပြေး သွားကြသူများ မှာလည်း မနည်းလှပေ။ အလုပ်သမား ရရှိရန် ခက်ခဲသော် လည်း လမ်းဖောက်လုပ်ရေး ကိစ္စမှာ အချိန်မီ ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်နေသည်။ သို့ဖြင့် အမှတ် ၁၅ ဂျပန်တပ်မတော်က နည်းလမ်း ရှာ ဖွေရတော့သည်။
လုပ်အားပေးအဖွဲ့ဖွဲ့စည်းရေး
ဂျပန် တပ်မတော် သည် ယခင် အလုပ်သမား စုဆောင်းရေး နည်းလမ်း ကို ဖျက်သိမ်းကာ ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက် လုပ်ရေး တပ်ဖွဲ့ဝင် များ၊ စစ်အုပ်ချုပ်ရေး ဦးစီးဌာန နှင့် အုပ်ချုပ်ရေးရုံး တို့ မှ သက်ဆိုင်ရာ အရာရှိများ ကို ဖိတ်ခေါ်ကာ ၁ မတ် ၁၉၄၃ တွင် လုပ်အားပေး အဖွဲ့ ဖွဲ့စည်းရေး ကို ဆွေးနွေ ခဲ့ကြသည်။ ထို့နောက် မတ်လ(၂)ရက်နေ့ တွင် ဂျပန် အမှတ် ၁၅ တပ်မတော် ၏တစ်ချက် လွှတ် အမိန့်ဖြင့် ယိုးဒယား မြန်မာ ဆက်သွယ်ရေး မီးရထားလမ်း ဖောက် လုပ်ရေး အတွက် လုပ်အား ပေး အဖွဲ့များ ဖွဲ့စည်းရေး နှင့် ပို့ဆောင်ရေး အစီအစဉ် ကို ချမှတ်လိုက်ပါသည်။
ချွေးတပ်
၉ မတ် ၁၉၄၃ တွင် ဂျပန် စစ်အုပ်ချုပ်ရေး ဌာန၏ သဘောတူညီချက် ဖြင့် ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက်လုပ်ရေး အတွက် လိုအပ်မည့် မြန်မာ အလုပ်သမား ၃၀ဝ၀ဝကျော် ကို စတင် စုဆောင်း ပါသည်။ ဗမာ့ကာကွယ်ရေး တပ်မတော် သည် သွေးတပ်(Blood Army) ဖြစ်သဖြင့် မီးရထားလမ်း အလုပ်သမား တပ်ကြီးကို ချွေးတပ်(Sweat Army) ဟု ခေါ် ဆိုကြသည်။ နောက်ပိုင်း တွင် ဗမာ့ လက်ရုံး တပ်မတော် ဟု ပြောင်းလဲ ခေါ်ဆိုခဲ့၏။
နယ်မြေအလိုက်ချွေးတပ် အလုပ်သမားများ စုဆောင်းရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သော လမ်းပန်းဆက်သွယ်ရေး နှင့် ဆည်မြောင်းဌာန ဝန်ကြီး က ခရိုင် အသီးသီး မှ အရေးပိုင် (ခရိုင်ဝန်) များကို စုဆောင်းရေး အရာရှိ အဖြစ် ခန့်အပ်ပြီး နယ်ပိုင်၊ မြို့ပိုင်၊ သူကြီး တို့မှ တစ်ဆင့် စုဆောင်းခဲ့သည်။ တို့ဗမာ ဆင်းရဲသား အစည်းအရုံး ကိုလည်း ပူးပေါင်း ဆောင်ရွက် စေခဲ့သည်။လုပ်အားပေး အလုပ်သမား တစ်ဦးလျှင် ရှာ ဖွေ စုဆောင်းစရိတ် ၁၇ ကျပ်နှုန်းဖြင့် စရိတ် ကျပ် နှစ်သိန်း တစ်သောင်းကို စစ်အုပ်ချုပ်ရေး ဦးစီး ဌာန က ခရိုင်များ သို့ပေးခဲ့သည်။   ချွေးတပ် အလုပ်သမား တို့၏လစာငွေ ကိုမူ တစ်လ ၃၀ ကျပ် သတ်မှတ် ပါသည်။ သို့သော် လေကြောင်းဗုံး ဒဏ်ကြား မှ စုဆောင်း ရသဖြင့် ထင်သလောက် ခရီးမရောက်ခဲ့ပေ။
စုဆောင်းရရှိသူများ
အလုပ်သမား နည်းပါးမှုကြား မှ ကာလတို အတွင်း အလုပ်သမား ၃၂၂၀၄ ဦး စုဆောင်း ရရှိခဲ့ရာ ပထမသုတ် အဖြစ် စတင် ပို့လိုက်သည်။ သို့သော် ထွက်ပြေးသူများ ကြောင့် တစ်စတစ်စ လျော့ပါး လာခဲ့ရာ မေလ ၆ ရက်နေ့တွင် မြန်မာ အစိုးရ ဝန်ကြီးချုပ် က အမှတ် ၁၅ ဂျပန် တပ်မတော် စစ် အုပ်ချုပ်ရေး ဦးစီးဌာန နှင့် ညှိနှိုင်းကာ အလုပ်သမား ၂၁၀ဝ၀ ကျော် ထပ်မံခေါ်ယူရန် ပြင်ဆင်ရပြန် ပါသည်။ ပထမအကြိမ် စုဆောင်းစဉ် က ခရိုင် ကိုးခု သတ်မှတ် ရှာဖွေ စုဆောင်းခဲ့ရာ ဒုတိယအကြိမ် အတွက် ကျောက်ဆည်၊ မအူပင်၊ မင်းဘူး၊ ပခုက္ကူ၊ သရက် ငါးခရိုင် ကို ထပ်မံတိုးချဲ့ ရှာဖွေ စုဆောင်း ခဲ့သည်။ စုဆောင်းရေး အရာရှိ ဦးရေကိုလည်း ယခင်က အလုပ်သမား တစ်ထောင်အတွက် တစ်ဦး ကျထားရှိရာမှ ဒုတိယအကြိမ် စုဆောင်းစဉ် တစ်ရာလျှင် တစ်ဦးနှုန်း ပြောင်းလဲ ထားရှိခဲ့သည်။ သို့ဖြင့် ၁၇၆၁၅ ဦး ထပ်မံ စုဆောင်း နိုင်ခဲ့လေသည်။
တတိယ အကြိမ်
မိုးတွင်းကာလ မီးရထားလမ်း ဖောက်လုပ်ရာတွင် ငှက်ဖျားရောဂါ၊ ဝမ်းရောဂါ ဖြစ်ပွားမှုများကြောင့် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့ လိုက်ဖြစ်စေ ထွက်ပြေးမှုများ ရှိနေရာ အမှတ် ၁၅ဂျပန်တပ်မတော် မှ တောင်း ဆို ၍ ၁၉၄၃ ခု ဇူလိုင်လ တွင် အလုပ်သမား ၂၀ဝ၀ဝ ထပ်မံ စုဆောင်း ပေး ရပြန် ပါသည်။ ဤတစ် ကြိမ်တွင် ရွှေဘို၊ ကသာ နှင့် မုံရွာ ခရိုင်များ ကို ဦးတည် စုဆောင်း၏။ တတိယ အကြိမ် စုဆောင်း ရာတွင် အလုပ် သမား အင်အား ၂၁၀၆၉ ဦး ထပ်မံ စုဆောင်း ရရှိခဲ့သည်။
ဟေးဟိုးတပ်
ဟေးဟိုးတပ် (Heiho) ခေါ် မျိုးချစ် တက်လူငယ်များ အဖွဲ့ ကို မြန်မာနိုင်ငံ ဂျပန်တပ်မတော် ဌာနချုပ် ၌ ဖွဲ့စည်း ထား ရှိပါသည်။ ၂၀ ဧပြီ ၁၉၄၃ တွင် ဟေးဟိုးတပ် သို့ မျိုးချစ်လူငယ်များ ဝင်ရောက်ကြရန် မြန်မာ့အလင်းသတင်းစာမှ ဖော်ပြခဲ့သည်။ ယင်းတပ်မှာ အရံတပ်ဖွဲ့ တစ်ခု ဖြစ်ပြီးချွေးတပ်သား အလုပ် သမား များ စုဆောင်းရာ ၌ အဓိက နေရာမှ ပါဝင်ခဲ့သည်။
မြန်မာတိုင်းရင်းသားများ နှင့် စစ်သုံ့ပန်း မဟာမိတ်တပ်သားများ ရထားလမ်း ဖောက်လုပ်နေစဉ်
စစ်သင်္ချိုင်း နှင့် ပြတိုက်
သံဖြူဇရပ်မြို့အနီးတွင် သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်ခဲ့ခြင်း အထိမ်းအမှတ် အဖြစ် ပြ တိုက် နှင့် မဟာမိတ် စစ်သင်္ချိုင်းတို့ တည်ရှိပါသည်။ စစ်သင်္ချိုင်းမှာ ဒုတိယကမ္ဘာစစ် အတွင်းက ကျဆုံးခဲ့သည့်အင်္ဂလိပ်၊ ကနေဒါ၊သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ မြန်မာ၊ မလေးရှား၊ နယ်သာလန် စသည့် နိုင်ငံများ မှ စစ်သည် ၃၆၁၇ ဦးအတွက် အရိုးပြာများ ကို မြူပ်နှံထားခြင်းဖြစ် သည်။ ယင်း စစ်သင်္ချိုင်း ကို ၁၈ဒီဇင်ဘာ ၁၉၄၆ က ဗိုလ်ချုပ်အောင်ဆန်း နှင့် ဘုရင်ခံဆာဟူးဘတ်ရန့် တို့လာ ရောက် ဖွင့်လှစ် ပေးခဲ့သည်။
ဝတ္ထု ရုပ်ရှင်
စာရေးဆရာကြီး မောင်ထင် ၏ ငဘဝတ္ထုသည် ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေး အတွက် ချွေးတပ် နှင့် အတူပါ သွားသူ တောင်သူ လယ်သမား တစ်ဦး၏ ဘဝကို သရုပ်ဖော် ထား သော ဝတ္ထုဇာတ်လမ်း ဖြစ်ပါသည်။ ဤဇာတ်လမ်းကိုပင် တစ်ခေတ်တစ်ခါက ပြည်သူ့အသဲစွဲ မင်းသား ရွှေဘက ငဘ အဖြစ် သရုပ်ဆောင် ရိုက်ကူးခဲ့သည်။ နာမည်ကျော် A Bridge on the River Kwei ရုပ်ရှင် ဇာတ်ကား မှာ ဒုတိယ ကမ္ဘာစစ် အတွင်း သေမင်းတမန် မီးရထားလမ်း ရှိ ကွေးမြစ်တံတား  ပေါ် မှ ဇာတ်လမ်း တစ်ပုဒ်ကို အခြေခံ ရိုက်ကူး ထားခြင်း ဖြစ်သည်။
ကိုးကား
ဂျပန်စစ် အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ (မစ္စတာအိုးနိုတိုးရု)
ဂျပန်ခေတ်ရက်စွဲသမိုင်း (လက်နှိပ်စက်မူ)
ငွေသောင်ယံစက်စဲ၊ ကျိုက္ခမီ ရေလယ်ဘုရား၊ သေမင်းတမန်လမ်းမကြီးနှင့် သံဖြူဇရပ်(မောင်မိုးစည်)၊ ရနံ့သစ်မဂ္ဂဇင်း၊ အမှတ်(၇၈)
Weekly Eleven ပါ တင်နိုင်တိုး ၏ မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက် ဂျပန်ခေတ် ယိုးဒယား မြန်မာ ဆက်သွယ်ရေးလမ်းကြောင်း (သို့မဟုတ်) သေမင်းတမန် မီးရထားလမ်း
ကိုလင်း(သလ္လာဝတီ)

@ fwd mail

Friday, August 3, 2012

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားများ

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊ facebook ပေါ်မှာ share နေကြတာ တွေ့ဖန်များတော့ မြန်မာလိုပြန်ရေးချင်စိတ်ပေါက်ပြီး ပြန်ရေးထားတာတွေပါ။
 ပြောသာပြောရတယ်၊ တကယ့် လီကာရှင်းစစ်စစ်ကြီးက facebook ပေါ်မှာ ဇိမ်ပြေနပြေ ထိုင်ရေးတာလား ဆိုတာ သံသယဖြစ်မိပါတယ်၊ သူ့ကိုချစ်တဲ့သူ တစ်ယောက်ယောက်က ရေးတင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ၊ ဘာပဲဖြစ်ဖြစ်၊ သဘောကျမိတဲ့ စကားစုလေးတွေကို ရွေးတင်လိုက်ပါတယ်။

၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ
လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

နောင်တ


နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ

အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ


စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း


သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက

လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု

မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား


အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း
 ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

မူရင်းလင့်ခ် http://www.degolar.info/2012/07/quotes-from-li-ka-shing-1.html

Sunday, July 22, 2012

မှတ်သားဖွယ် တန်ဘိုးရှိသော စကားလုံးလေးများ


(1)The most selfish one-letter world is' I ' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ 'ငါ' ပါ။ အဲဒါကို ရှောင်ကျဉ်ပါ။

(2)The most satisfying two-letter world is' We ' . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ `ငါတို့´ ပါ။အဲဒါကို အသုံးပြုပါ။

(3)The most poisonous three-letter world is' Ego ' . Kill it.
အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။ အဲဒါကို သတ်ပစ်ပါ။

(4)The most used four-letter world is' Love ' . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာပါ။ အဲဒါကို တန်ဖိုးထားပါ။

(5)The most pleasing five-letter world is' Smile '. Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။အဲဒါကို ဆောင်ထားပါ တဲ့။

(6)The fastest spreading six-letter world is' Rumor '. Ignore it.
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့ `ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ။

(7)The hardest working seven-letter world is' Success '. Achieve it.
အက္ခရာခုနှစ်လုံးနဲ့ ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံး ကြိုးစားရယူရတဲ့ စကားလုံးကတော့ ' အောင်မြင်မှု' ပါ။ အဲဒါကို အရယူပါ။

(8)The most troublesome eight-letter world is ' Jealousy '. Distance it.
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့
`မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ။

(9)The most powerful nine-letter world is ' Knowledge '. Acquire it.
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့
`အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ။

(10)The most essential ten-letter world is ' Confidence '. Build it
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့`ယုံကြည်မှု´ ပါ။
အဲဒါကို တည်ဆောက်ယူပါ။
@ fwd mail

Tuesday, July 3, 2012

ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံများ

“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)
၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)


၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

၎) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)
၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

၇) အဲ့ဒီ CEO တွေကိုစ စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။


၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)
၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့....
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .
(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။
(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

@ fwd mail from htoo nay mu

Thursday, June 14, 2012

အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်နိုင်ပြီ ....

ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ http://www.myordbok.com မှာ တိုက်ရိုက် ဘာသာ ၀င်ပြန်နိုင်ပါတယ်။

ကိုယ်သိချင်တဲ့ ဘာသာ စကားကို အောက်မှာ ရွေးပြီး နှိပ်လိုက် တာနဲ့ တစ်ခါတည်း ဝက်ဆိုက်ကို ရောက်သွားမှာပါ။ ဝက်ဆိုက်မှာ ကိုယ်ရေးချင်တာရေးပြီး ဘာသာ ပြန်နိုင် ပါတယ်။ တစ်ခု ကောင်းတာက အသံထွက် လေးပါ ထည့်ပေးထားပါတယ်။ ကိုယ်သိချင်တာ ရေးပြီး Go ကိုနှိပ်လိုက်ယုံနဲ့ အသံထွက်လေးပါ နားထောင်ရမှာပါ။ အွန်လိုင်းမှာ လေ့ကျင့်နိုင်ပါတယ်။

ဒါနဲ့ ထပ်ပြောရဦးမယ် အွန်လိုင်းမှာ ဘာသာမပြန်ချင်ဘူး အင်တာနက်လိုင်း မသုံးချင်သူတွေ အတွက် ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ထည့်သုံးလို့ ရအောင် အခုဆော့ဝဲလ် လည်းထွက်နေပါပြီ။
လိုချင်ရင် အောက်မှာ တစ်ခါတည်း သာ ဒေါင်းသွားပါဗျာ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သတင်း ကောင်းလေး ပေးပါတယ်ဗျာ။


ဒီနေရာ လေးမှာလည်း ဝင်ရောက် လေ့လာနိုင်ပါပြီ။ ကိုယ့်စက်ထဲမှာ သုံးချင်တဲ့ မိတ်ဆွေများအတွက် ဒီမှာ တိုက်ရိုက် ရယူပါ။ ဆော့ဝဲလ် လေးက 1.53 MB လေးပဲ ရှိပါတယ်။ လက်ဆောင် ယူထားလိုက်ပါ။ အသုံးဝင်မယ်လို့ ထင်ပါတယ်။
အဆင်ပြေကြပါစေဗျာ။
 @ nayzawlin

Wednesday, May 30, 2012

ယခင် တိုက်ခိုက်ရေး နည်းဗျူဟာများ

Who, me? ဟာ ထိပ်တန်းလျို့ဝှက်တဲ့ ကန့် အနံ့ လက်နက်တစ်မျိုးဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန် နည်းဗျူဟာ ရုံးမှ ဂျာမန် အရာရှိတွေကို ရှင်းဖို့ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ အထုတ်ဖြင့်ထုတ်ပိုးထားနိုင်ပြီး အလွန်ပြင်ထန်သော မစင်အနံ့ နံပြီး ဒီအနံ့ပြန့်နှံခြင်းကို ထိန်းချူပ်နိုင်ဖို့လိုပါတယ်။ ဒီအနံ့ဟာ အလွန်ဖျောက်ဖျက်ရခက်ပြီး တိုက်ခိုက်ခံလိုက်ရတဲ့ လူတစ်ယောက်ဟာ ဆိုရင် နှစ်ပါတ်ကြာပြီးအချိန်မှာတော့ အလိုလိုနေပြီး ဝမ်းနည်းကာ စိတ်ဓါတ်ကျဆင်းလာပြီး နောက်ဆုံး မှာ ကိုယ်ကို အဆုံးစီရင်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒီပစ္စည်းကိုတော့ အမှိုက်ပုံးထဲမှာထည့်ထားခြင်း၊ လမ်းကြားများမှာလွှင့်ပစ်ခဲ့ခြင်း တို့ဖြင့် ဖြန့်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီအကြံဥာဏ်ကို တင်ပြသူကတော့ Pam Dalton ဆိုတဲ့ ဓါတု အနံ့ ဌာနက ပုဂ္ဂိုလ် တစ်ဦးဘဲဖြစ်ပါတယ်။

Anti-tank dogs ဆိုတဲ့တိုက်ခိုက်နည်းကတော့ အားလုံးသိထားကြတဲ့အတိုင်း ခွေးမှာ ဗုံး/မိုင်း များကို တပ်ဆင်ပြီး တိုက်ခိုက် တဲ့နည်းဘဲဖြစ်ပါတယ်။ တင့်ကားများ၊ လက်နက်တင်လာတဲ့ကားများ နှင့်မိမိတိုက်ခိုက်လိုတဲ့ ကားများကို လေ့ကျင့် သင်ကြားပေးထားတယ် ခွေးများကို ဆာလောင်အောင်ပြုလုပ်ပြီး တိုက်ခိုက် ပျက်စီးစေတာဖြစ်ပါတယ်။ ဒီခွေးတွေကတော့ ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက် ပြည်ထောင်စုက ဂျာမဏီ တင့်ကားတွေကို တိုက်ခိုက်ဖျက်စီးဖို့ အတွက် သီးသန့်မွေးထားခဲ့တဲ့ ခွေးတွေဘဲဖြစ်ပါတယ်။ ခွေးတွေကို ရက်တော်တော်များများ အစာမကျွေးဘဲ အငတ်ထားကာ ပြီးနောက်မှာ တင့်ကားတွေ အောက်မှာ
အစာထားပြီး ရှာတတ်အောင်လေ့ကျင့်ပေးခဲ့ခြင့်ဖြစ်ပါတယ်။ တကယ့်စစ်မြေပြင်မှာတော့ တင့်ကားအောက်မှာ အစာခြ လေ့ကျင့်ပေးထားတဲ့ခွေးကို အငတ်ထား ဆာလောင်အောင်ပြုလုပ်ပြီး လုပ်ပြီး ဗုံးတပ်လွတ်ပေးလိုက်ခြင်းဘဲဖြစ်ပါတယ်။ ဒီနည်းဖြင့် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟာ ဂျာမဏီ သံချပ်ကာတင့်ကားပေါင်း အစင်းရေ ၃ဝဝ ကျော်ကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ဒီခွေးတွေနဲ့ နာဇီတွေကို ကောင်းကောင်း ဆုံးမပြီး ပြဿနာတက်စေခဲ့တာပါဘဲ။ အဲ့ဒီနောက်မှာတော့ ဂျာမန် စစ်သားတိုင်းကို တွေ့သမျှခွေးအကုန်ပစ်သတ်ဖို့အမိန့်ထုတ်ခဲ့သိလို တင့်ကားရဲ့ အပေါ်ဖက်မှာ
 ပြေးလာတဲ့ခွေးတွေကို မီးစ နဲ့ပစ်ပြီး ရပ်တန့်သွားအောင် ခြောက်လှန့် ခဲ့ရပါတယ်။ ဒီနည်းဟာ တော်တော်လေးအောင်မြင်ပေမဲ့ တချို့ခွေးတွေကတော့ မရပါဘူး။ ဒီနည်းကို ဆိုဗီယက်ပြည်ထောင်စု ရုရှားဟာ ၁၉၉၆ ခုနှစ် ဇွန်လမှ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

Sunday, May 13, 2012

Kenya Tree Coral က အာရုဏ်ကြောဝေဒနာ သက်သာစေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ

တရုတ်တိုင်ပေကမ်းလွန် ၃၃ ကီလိုမီတာအကွာခန့်တွင်ရှိသော
Green Island ကျွန်းပတ်လည်ရှိအပျော့စားသန္တာကျောက်ပွင့်များမှ
 ထုတ်လုပ်ထားသော Capnellene ဓါတ်ပေါင်းသည် အာရုံကြော
ယိုယွင်းခြင်းကြောင့် ခံစားရသော နာကျင်မှုကို ကုသရာတွင် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်ဟုကျွမ်းကျင်သူများက
ပြောဆိုကြသည်။
 သမားရိုးကျ အကိုက်အခဲ ပျောက်ဆေးများဖြစ်သော အက်စ်ပရင်နှင့်
 မော်ဖိန်းတို့သည်အာရုံကြောနာကျင်မှုကိုထိရောက်သောသက်သာမှု မပေးနိုင်ပေ။
 သို့သော်လည်း Kenya Tree Coral သို့မဟုတ် Cap-nella imbricata က အာရုံကြောနာကျင်မှုကို သိသာစွာသက်သာစေသည်။သိပ္ပံပညာရှင်များသည်ကြွက်များတွင်စမ်းသပ်ပြီးနောက်
ယင်းကဲ့သို့ တွေ့ရှိခြင်းဖြစ်သည်။ ယခုအခါ သန္တာကျောက်ပွင့်များမှထုတ်ယူသော ဓါတ်ပေါင်းများဖြင့်
 အရေးပါသော ဆေးဝါးများကို ဖော်စပ်ပြီးလျှင် ထိရောက်စွာသုံးစွဲလျက်ရှိသည်။
ဥပမာအားဖြင့် HIVကုသရာတွင်သုံးသော ဗိုင်းရပ်စ်ကာကွယ်ဆေး AZT သည်
ကာရစ်ဘီယံဒေသမှ
ရရှိသောသန္တာရေမြုပ်မှဖော်ထုတ်ထားခြင်းဖြစ်သည်။
၎င်းပြင် နှလုံးသွေးကြောရောဂါများ၊ အစာအိမ်နာရောဂါများ၊ သွေးကင်ဆာနှင့်အရေပြားကင်ဆာဆေးများပါ
 ဖော်ထုတ်ရရှိနိုင်သည်။ Green Island ဒေသတွင် သန္တာ ကျောက်ပွင့်မျိုးကွဲပေါင်း ၂၀၀ ခန့် ရှင်သန်လျက်
ရှိသည်။
BBC

Sunday, April 29, 2012

အိုင်းစတိုင်းကို စိန်ခေါ်ခြင်း၊ အလင်းထက်မြန်တာ ရှိသလော ???

ရီလေတီဗီတီနှင့် အလင်းအလျင်


အဲလ်ဘတ် အိုင်းစတိုင်းရဲ့ အထူးရီလေတီဗီတီ သီအိုရီ (special relativity) အရ စကြာဝဋ္ဌာတစ်ခွင် အမြန်ဆုံးပြေးလွှားနိုင်တဲ့ အရာဟာ အလင်းရောင် ဖြစ်ပါတယ်။
အလင်းအလျင် (velocity of light) ဟာ လေဟာနယ်နဲ့ လေထဲမှာဆိုရင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၂၈၂.၃၉၆ ပြေးလွှားနိုင်တယ်။ သိပ်သည်းတဲ့နယ်တစ်ခု၊ ဥပမာ ရေထဲကို ဖြတ်သန်းသွားရင်တော့ အလင်းရဲ့ အလျင်ဟာ အနည်းငယ် နှေးသွားပါမယ်။ လေဟာနယ်နဲ့ လေထဲမှာတော့ အလင်းအလျင်ကို ပိုမြန်အောင် ပြုလုပ်လို့ မရပါ။ အလင်းအလျင်ဟာ သတ်မှတ်ထားတဲ့ ကြားခံနယ်တစ်ခုအတွက် ထာဝရကိန်းသေပါပဲ။
အခြေခံပညာအထက်တန်း  ကျေုာင်းသူ ကျောင်းသားတွေဟာ အလင်းအလျင်ကို c=3×108 m/sec ဆိုပြီး ကျက်မှတ်ထားရပါတယ်။ ကျွန်ုပ်တို့ဆီကနေ မိုင်ပေါင်း ၂၃၉၀၀၀ ဝေးတဲ့ လဆီကို အလင်းအလျင်နဲ့ သွားမယ်ဆိုရင် ၁.၂၃၈ စက္ကန့်ပဲ ကြာပါမယ်။ နေဆီကို သွားမယ်ဆိုရင် ၈ မိနစ်ပဲ ကြပါမယ်။ ကျွန်ုတို့နဲ့ အနီးဆုံးကြယ်ဖြစ်တဲ့ တောင်ဘက် မိုးကုပ်စက်ဝိုင်း အထက်နားက အယ်လ်ဖာ စင်တောရီကြယ် (alpha centauri) ဆီကို သွားမယ်ဆိုရင်တော့ ၄.၃ နှစ် ကြာပါတယ်။
ဒါကြောင့်လည်း စကြာဝဋ္ဌာလို ကြီးမားကျယ်ပြောလွန်းတဲ့ အကွာအဝေးတွေအတွက် အလင်းအလျင်ကို အသုံးပြုပြီး တိုင်းတာကြပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့နဲ့ အနီးဆုံးကြယ်ဟာ အလင်းနှစ် ၄.၃ နှစ် ဝေးကွာတယ်။ အလင်းနှစ် (light year) ဆိုတာ အလင်းရောင် တစ်နှစ်ကြာ ပြေးလွှား ရောက်ရှိနိုင်တဲ့ အကွာအဝေးပါပဲ။ အလင်းနှစ် ၁ နှစ်မှာ  မိုင်ပေါင်း ကုဋေ ခြောက်သိန်း ရှိပါတယ်။
ကျွန်ုပ်တို့ရဲ့ နဂါးငွေ့တန်းကြယ်စု (Milky Way galaxy) ဟာ ကြယ်ပေါင်း ကုဋေတစ်သောင်း ပါဝင်ပြီး လက်မောင်းလေးခု ပါဝင်တဲ့ ခရုပတ် အပြားဝိုင်းပုံစံ ကြယ်စုပါ။ အချင်း အလင်းနှစ်တစ်သိန်း ရှိပါတယ်။ စကြာဝဋ္ဌာတစ်ခုလုံးမှာ ကြယ်စုပေါင်း ကုဋေ တစ်သောင်း ပါဝင်တည်ရှိနေပါတယ်။
မြောက်ဖက်ကောင်းကင်က ဓူဝံကြယ်ဟာ ကျွန်ုပ်တို့ဆီကနေ အလင်းနှစ် ၁၄၂ နှစ် ဝေးကွာတယ်။ ဒါတွေဟာ အလင်းအလျင် အသုံးပြုပြီး ဖော်ပြချက် ဥပမာတွေပါ။ အိုင်စတိုင်းရဲ့ သီအိုရီအရ အလင်းအလျင်ကို အောက်ပါအတိုင်း ကောက်ချက်တွေ ချနိုင်ပါတယ်။

- လောကတွင် အလင်းအလျင်သာ အမြန်ဆုံး ဖြစ်သည်။
- အလင်းအလျင်ကို ပိုမြန်အောင် ပိုနှေးအောင် ပြုလုပ်၍မရ။
- အလင်းအလျင်နီးပါးဖြင့် ခရီးသွားလျှင် အချိန်နှေးကွေးလာမည်။ ခရီးသည်၏ သက်တမ်း (ကမ္ဘာပေါ်မှ လူတစ်ဦးနှင့် နှိုင်းယှဉ်လျှင်) ပိုရှည်ပြီး နုပျိုနေမည်။
- အလင်းအလျင် တန်ဘိုးအတိအကျဖြင့် ခရီးသွားလျှင် ခရီးသည်၏ သက်တမ်းထာဝရတည်ရှိမည်။ သေဆုံးခြင်း မရှိ။ လက်ရှိ ရုပ်ခန္ဓာအတိုင်းသာ ထာဝရ ရှိနေတော့မည်။
-အလင်းအလျှင်ထက် ပိုမြန်သောနှုန်းဖြင့် ခရီးသွားလျှင် အချိန်နောက်ပြန်ဆုတ်မည်၊ အတိတ်သို့ ပြန်ရောက်မည်၊ ခရီးသည်၏ အသက် ပြန်လည်ငယ်ပြီး ပိုမိုနုပျိုလာမည်။

အဲဒီအယူအဆပေါ် အခြေခံပြီး
‘အမွှာဝိရောဓိ’ ဆိုတဲ့ ဆင်ခြင်စဉ်းစားမှု သိပ္ပံလောကမှာ ပေါ်ပေါက်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် အမွှာညီအစ်ကို နှစ်ယောက် ရှိတယ်ဆိုပါစို့။ အစ်ကိုဖြစ်သူက အာကာသာယဉ်မှူးအဖြစ် အသွားလေးနှစ် အပြန်လေးနှစ်၊ စုစုပေါင်းရှစ်နှစ် ခရီးထွက်ရမည် ဆိုပါစို့။ အာကာသယာဉ်မှူးရဲ့ သွားနှုန်းဟာ အလင်းအလျှင်ရဲ့ ၉၉ ရာခိုင်နှုန်းရှိတယ် ဆိုပါစို့။
ရှစ်နှစ်ကြာပြီး အစ်ကိုဖြစ်တဲ့ အာကာသယာဉ်မှူး ကမ္ဘာမြေကို ပြန်ရောက်တဲ့အခါ သူ့အသက်က ၂၈ နှစ် ဖြစ်နေပါပြီ။ အမွှာ အစ်ကို ဖြစ်သူကို လာကြိုဆိုတဲ့ ညီဖြစ်သူဟာ အာကာသယာဉ်ပေါ်က ဆင်းလာတဲ့ သူရဲ့ အစ်ကိုကို အောက်ပါအတိုင်း ပြောပါလိမ့််မယ်။
“အစ်ကို …. အစ်ကိုရဲ့ ရုပ်က နုလိုက်တာ… ဘာမှ သိပ်ပြောင်းမသွားဘူးနော်”
အစ်ကိုကလည်း ပြောပြောလိမ့်မယ်။
“ဟင် ခင်ဗျားက ကျုပ်ညီလား…  ဘယ်လိုဖြစ်လို့ ကျုပ်အဘိုးနဲ့ တူနေရတာလဲ”
အာကာသယာဉ်မှူး အစ်ကိုဖြစ်သူရဲ့ အသက်က ၂၈ နှစ်ပါ၊ အရွယ်ကလည်း ၂၈ နှစ် အရွယ်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့  အမွှာညီရဲ့ အသက်ဟာ ၇၇ နှစ် ရှိနေပါပြီ။ အဘိုးအရွယ် ရုပ်ရည် ဖြစ်နေပါပြီ။
အကယ်၍များ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အလင်းအလျင်ရဲ့ ၉၉.၉၉ ရာခိုင်နှုန်း အမြန်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ သူဟာ အသက် ၂၈ နှစ်အရွယ်နဲ့ ကမ္ဘာကို ပြန်ရောက်ရှိလာမယ်။ ဒါပေမဲ့ သူ့ရဲ့ ညီဖြစ်သူသာ ရှိနေမယ်ဆိုရင် အသက် ၅၈၇ နှစ် ဖြစ်နေပါတော့မယ်။
ဆိုလိုတာကတော့ သူပြန်ရောက်လာတဲ့ အချိန် ၈ နှစ် အကြာမှာ ကမ္ဘာပေါ်မှာ သူနဲ့သိတဲ့သူ တစ်ယေက်မှ မရှိတော့ပါ။ အလွန်တရာ အပြောင်းလဲကြီး ပြောင်းလဲနေပါလိမ့်မယ်။ ရာစု ၆ ခု နီးပါး ပြောင်းလဲနေပါပြီ။
ဆက်လက်ပြီး တွေးကြည့် စဉ်းစားကြည့် ဆွေးနွေးကြည့်ရအောင်ပါ။ အကယ်၍ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အလင်းအလျင်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ ကမ္ဘာမြေကို ပြန်ရောက်ရှိလာတဲ့အခါ သူဟာ အသက် ၂၀ အရွယ် ရုပ်ရည်အတိုင်းပါပဲ။ သူရဲ့ သက်တမ်းကို အနန္တတိုင် ဆွဲဆန့်ခဲ့ပါတယ်။ ကမ္ဘာဂြိုဟ်တောင် ရှိချင်မှ ရှိပါတော့မယ်။
ဒါဆိုရင် အလင်းထက်မြန်တဲ့နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အတိတ်ကို ပြန်ရောက်ခဲ့ပါပြီ။ သူ ကမ္ဘာမြေကို ပြန်ရောက်ရှိတဲ့အချိန်ဟာ၊ သူကမ္ဘာမြေက မထွက်ခွာမှီအချိန်  ဖြစ်နေပါတော့မယ်။
အထက်ပါအချက်တွေကို အမှီပြုပြီး စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေ၊ ၀တ္ထုတွေများစွာ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိလည်း ထွက်ပေါ် နေဆဲပါ။ ဒါပေမဲ့ ဒီအချက်အလက်တွေဟာ သဘာဝတရားနဲ့တော့ ကိုက်ညီမှုမရှိ၊ လက်ခံနိုင်စရာ မရှိပါ။ ဒါကြောင့်လည်း အိုင်းစတိုင်းက အလင်းအလျင်လောက် မြန်တဲ့အရာ စကြာဝဋ္ဌာမှာ မရှိဘူးလို့ ဆိုခဲ့တယ်။ အလင်းအလျင်နဲ့ မောင်းနှင်နိုင်မယ့် အာကာသယဉ်တွေ ဘယ်တော့မှ တီထွင်နိုင်မှာ မဟုတ်ဘုးလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
အလင်းရောင်ဟာ ဖိုတွန် (photon) လို့ခေါ်တဲ့ စွမ်းအင်မြင့် အမှုန်တွေနဲ့ ဖွဲ့တည်ပေါ်ပေါက်နေတာပါ။ ဖိုတွန်ဆိုတာ လျှပ်စစ်သံလိုက် ဖြာထွက်ခြင်းရဲ့ ကွမ်တမ်တစ်ခု (a quantum)၊ တစ်နည်း စွမ်းအင်ထုတ်တစ်ခု (an energy packet) ပါပဲ။ နားနေဒြပ်ထု သုည ရှိပါတယ်။

အိုင်းစတိုင်းကို စိန်ခေါ်တဲ့ နယူထရီနို
နယူထရီနို (neutrino) ဟာ အခြေခံ အမှုန်တစ်ခုပါ။ နယူထရီနို သုံးမျိုးရှိပါတယ်။ အီလက်ထရွန် နယူထရီနို၊ မျူယွန် နယူထရီနို နဲ့ တောနယူထရီနို တို့ပါပဲ။ အက်တမ်နယူကလိယတ်ရဲ့ ဘီတာယိုယွင်းခြင်း (beta decay) မှာ ပျောက်ဆုံးစွမ်းအင်အဖြစ် ဟောကိန်း ထုတ်ခဲ့ကြတယ်။ ၁၉၅၃ ခုနှစ်မှာ အစမ်းသဘော ဖော်ညွှန်းနိုင်ခဲ့ပြီး၊ ၁၉၅၆ ခုနှစ်မှာ ပိုမို အတည်ပြုနိုင်ခဲ့တယ်။
နယူထရီနိုမှာ လျှင်စစ်မရှိ၊ နားနေဒြပ်ထု သုည အလျင်းအလျင်နဲ့ ရွေ့လျားတယ်။ မဟာပေါင်းစည်းသီအိုရီများ (Grand Unified Theories- GUTs) ရဲ့ ခန့်မှန်းချက်အရ သုညမဟုတ် ဒြပ်ထု ရှိနေပြန်တယ်။ ဒါပေမဲ့ လက်တွေ့အထောက်အထား မရှိသေးပါ။
၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ဥရောပသိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ရဲ့ ကြေငြာချက် ထွက်ပေါ်ခဲ့ပါတယ်။ နယူထရီနို အမှုန်အုပ်စု တစ်ခုကို အလင်းထက်မြန်တဲ့ အရိပတ်တန်းတစ်ခုအဖြစ် စမ်းသပ်နိုင်ခဲ့ခြင်းပါ။ အလင်းထက်မြန်ရင် အချိန်နောက်ပြန်ဆုတ်မယ်။
ဒါဆိုရင် အိုင်းစတိုင်း အထပ်ထပ်ပြောဆိုခဲ့တဲ့ ‘ကြောင်းကျိုးဆက်စပ်မှု’ ဆိုတာ ပြိုပျက်ရတော့မယ်။ “သေနတ်မောင်း မဆွဲရသေးဘူး၊ ကျဉ်ဆံက ထွက်သွားပြီ.. ဆိုသလို ဖြစနေပြီ” လို့ ရိုက်ချက်စတာ တက္ကသိုလ် နက္ခတ္တရူပဗေဒ ပညာရှင် အဒမ် ဖရန့်ခ် (Adam Frank) က ဆိုပါတယ်။
အထောက်အထားကတော့ အဆင့်မြင့် ရူပဗေဒဆိုင်ရာ စက်ကြီးနှစ်ခုနဲ့ ပတ်သက်နေပါတယ်။ ဂျနီဗာမှာရှိတဲ့ CERN လို့ခေါ်တဲ့ အမှုန်အရှိန်မြှင့်စက်ကြီးက နယူထရီနိုအုပ်စုတစ်ခုကို ဖန်တီးပြီး အီတလီနိုင်ငံ Apennine တောင်ခြေက ဂရန်းဆက်ဆို (Gran Sasso) သိပ္ပံ စူးစမ်းရေး စမ်းသပ်ခန်းက အမှုန်အာရုံခံ စက်တွေဆီကို ပစ်လွှတ်ခဲ့ပါသတဲ့။ မိုင်ပေါင်း ၄၅၀ ဝေးပါတယ်။ နယူထရီနိုတန်းစုရဲ့ အလျင်ဟာ အလင်းအလျင်ထက် ၀.၀၀၂၅ ရာခိုင်နှုန်း ပိုမြန်နေတယ်လို့ ဓာတ်ခွဲခန်းနှစ်ခုလုံးရဲ့ အာရုံခံ စက်တွေနဲ့ ချိန်မှတ်နာရီတွေက မှတ်တမ်းတင်နိုင်ခဲ့ပါသတဲ့။
မိုင် ၄၅၀ အကွာကို အလင်းအလျှင်ထက်တောင် မြန်အောင် ပြေးလွှားခဲ့တာဆိုတော့ ကြာချိန်ဟာ တစ်စက္ကန့်ရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်း ၀.၀၀၂၄ စက္ကန့်ခန့်သာ ရှိပါတယ်။
ဒါပေမဲ့ ဒီတွေ့ရှိချက်အရ ကမ္ဘာတစ်ဝှမ်း ကျောင်းတော်တွေမှာ ပြဋ္ဌာန်းထားတဲ့ ရူပဗေဒ သင်ရိုးစာအုပ်တွေကို ဆုတ်ဖြဲ လွှတ်ပစ်ရမလို ဖြစ်နေပါတယ်။ ဘယ်သူမှတော့ အိုင်စတိုင်း စည်းမျဉ်းတွေပါဝင်တဲ့ စာအုပ်တွေကို မဆုတ်ဖြဲကြပါ။ ဘာကြောင့်လဲ ဆိုတော့ အံ့ဖွယ်ရလာဒ်တွေဟာလည်း မကြာခဏဆိုသလို မှားနေတတ်တာကို ရူပဗေဒပညာရှင်တွေ ကောင်းကောင်း နားလည်လို့ပါပဲ။
ယခုတွေ့ရှိချက်ကို အထပ်ထပ် ပြုလုပ်ကြရဦးမှာပါ။ အချက်အလက်တွေကို အဖန်ဖန် စစ်ဆေးရဦးမှာပါ။ အီတလီ ဓာတ်ခွဲခန်းရဲ့ ခေါင်းဆောင် ရူပဗေဒပညာရှင် Antonio Ereditato က “သီးခြားလွတ်လပ်တဲ့ စမ်းသပ်ချက်တွေက တူညီတဲ့ အဖြေကိုပဲ ရှာဖွေ တေ့ရှိပြီ ဆိုမှပဲ ကျွန်တော် ယုံကြည်မှာပါ” လို့ ပြောခဲ့ပါတယ်။
ချီကာဂို ဖာမီဓာတ်ခွဲခန်းက Fermilab အမှုန်အရှိန်မြှင့်စက်မှာ သုတေသနပြုနေကြတဲ့ ရူပဗေဒပညာရှင် အုပ်စုကလည်း အဲဒီ တွေ့ရှိချက်ကို အတည်ပြုဖို့ ဒါမှမဟုတ်ပစ်ပယ်ဖို့ စတင် အလုပ်လုပ်နေကြပါပြီ။ ဖာမီ ဓာတ်ခွဲခန်းဟာ ၂၀၀၇ ခုနှစ်တုန်းက နယူထရီနိုနဲ့ ပတ်သက်တဲ့ သုတေသနတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ နယူထရီနိုဟာ အလင်းဖိုတွန်ထက် မြန်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ အထောက်အထားတွေ မပြသနိုင်ခဲ့ပါ။
ကမ္ဘာတစ်ဝှမ်း ရူပဗေဒပညာရှင် အာလုံးကတော့ ဥရောပ ရူပဗေဒပညာရှင်အဖွဲ့ရဲ့ တွေ့ရှိချက်အပေါ် အကောင်းအဆိုး သဘောတွေနဲ့ အလောင်းအစားပြုကြရင်း လက်တွေ့ သုတေသန စမ်းသပ်မှုတွေ ပြုလုပ်နေကြပါပြီ။
သိပ္ပံပညာဟာ ခိုင်မာမှန်ကန်တယ်လို့ ထင်ခဲ့ရတဲ့ အချက်တွေကို မှားမှန်းသိတဲ့အခါ စွန့်ပစ်ခဲ့ရတဲ့ အကြိမ်ပေါင်း မနည်းပါဘူး။ ယခု တွေ့ရှိချက်လေးတစ်ခု မှန်ပြီဆိုပါစို့။ ကျွန်ုပ်တို့ နားလည်ထားတဲ့ ကျွန်ုပ်တို့ သိရှိထားတဲ့ စကြာဝဋ္ဌာဆိုင်ရာ ဗဟုသုတ အားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ပါတော့မယ်။

စိုးစိုး (အင်္ဂပူ)
@ fwd mail

Wednesday, April 25, 2012

ဘယ်သူ အပျိုစစ်ပါသလဲ ???

ကျွန်မနဲ့သူကချစ်သူတွေပါ
လက်ဖက်ရည်ကြိုက်တတ်တဲ့ ကျွန်မဟာဆိုင်မှာပူပူလေးထိုင်ေ
သာက်ရတာကို နှစ်သက်ပါတယ်။
အဲဒီအခါသူပြောလေ့ရှိတာကတော့
"မင်းကွာ...အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား" တဲ့ ။
ကျွန်မ အော်ရယ်ပစ်လိုက်တယ်..
လူတွေအများကြီးရှေ့မှာ ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ်ဆိုတဲ့ဆိုင်မှာ
ရိုးသားတဲ့အရည်ကို ရိုးသားစွာသောက်နေတာပါရှင် ၊
ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး
ကိုယ်မှန်တယ်ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင်လျှောက်တတ်တာ
ကျွန်မအကျင့်ကိုး ၊
ဟော...ထပ်ပြောပြန်ပြီ..
"မင်းကွာ...အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက " တဲ့ ၊
ထုံးစံအတိုင်း ကျွန်မမဖြေရှင်းပါဘူး ။
စာရင်းကိုင်တယောက်ဖြစ်တဲ့ ကျွန်မဟာတခါတရံအလုပ်များပါတယ်၊အဲဒီအခါ
အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကို
"မင်းကွာ...အပျိုဆိုတာ အိမ်ပြန်သိပ်မိုးမချုပ်သင့်ဘူး" တဲ့ ၊
ဒီလိုနဲ့ပဲ ချစ်သူဘ၀ကိုဖြတ်သန်းခဲ့ပြီးတော့ သူလဲနိုင်ငံခြားကို
အလုပ်လုပ်ဖို့ထွက်သွားပြီပေါ့ ။
သူနိုင်ငံခြားသွားလို့သိပ်မကြာခင်မှာပဲ ကျွန်မတပည့်တယောက်ရခဲ့တယ်၊
နာမည်ကချောချောတဲ့..။
ကောင်မလေးရဲ့ မျက်နှာမှာအထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။
LCCI(3)ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့ ၊
စာမေးပွဲဖြေဖို့နီးကပ်လာတဲ့တစ်နေ့မှာ မအောင်မှာစိုးတဲ့ကျွန်မ
စာပြဖို့စောစောအရောက် ချောချောဆေးရုံတင်ထားရတယ်လို့
ဆီးပြောတာနဲ့ ဆေးရုံကိုလိုက်သွားမိတယ်။
ကိုယ်ဝန်(၂)လရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့ ၊
လူဦးလို့ပေါ့ ၊ မသေကောင်းမပျောက်ကောင်းရှင် ၊
ကျွန်မလဲအားပေးစကားပြောပြီးအိမ်ပြန်လာခဲ့တယ်။
ကျွန်မစိတ်ထဲ မရှင်းဘူးရှင် ၊ ကျွန်မသိသလောက်တော့ ချောချောဟာ
အိမ်သားတွေမပါဘဲ အပြင်မထွက်တတ်ဘူးရှင့်..၊
ရော်...ဘာတွေလဲကွယ်...။
အဲဒီနေ့ကတည်းက စကားပြောရင် ဖြေးညှင်းစွာ ၊ရယ်ရင်လည်း
တိုးတိုးလေးရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ချောချောကို နောက်ထပ်
မတွေ့ရတော့ပါဘူး။
အချိန်တွေကြာလာခဲ့ပြီး တနေ့မှာတော့ ဖိတ်စာတစ်စောင်နဲ့စာအိတ်တစ်လုံးကို
ကျွန်မရခဲ့တယ်။
ဖိတ်စာကသူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာပေါ့ ၊ ဆက်ဆက်လာပါတဲ့ ။
သွေးကြောင်ရင် ဘေးချောင်မှာရပ်နေမှာပေါ့ ၊ ကျွန်မဆက်ဆက်သွားမှာပါ ။
စာအိတ်ကလည်း သူရေးထားတဲ့စာပါပဲ ၊ဆက်ဖတ်ဖို့မလိုအပ်တော့ဘူးလို့ထင်တာနဲ့
ဒီတိုင်းပဲပစ်ထားလိုက်တယ် ။
မင်္ဂလာဆောင်ရက်မှာ အသဲမကွဲဘူးဟေ့လို့ ပြချင်တဲ့ကျွန်မ အလှဆုံးကိုပြင်ပစ်လိုက်တယ် ။
အချစ်ဦးနဲ့လွဲရပေမဲ့ အချစ်ဆုံးနဲ့ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင် ၊
အချစ်မပါဘဲ ဘ၀ကိုအောင်မြင်အောင်တည်ဆောက်ခဲ့တဲ့ သူတွေမှအများကြီးပါ ။
ဟော..လာနေပြီ..မင်္ဂလာမောင်နှံ ၊ သူရွေးတဲ့သတိုးသမီးကို သေသေချာချာကြည့်မှ..
ပါးချိုင့်..သတိုးသမီးမျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့် ..
ချောချော..သြော် သတိုးသမီးက ချောချော ကိုး ။
အိမ်ပြန်ရောက်တာနဲ့
ဖွင့်ဖောက်ဖတ်ဖို့ မလိုအပ်တော့ဘူးလို့ထင်ပြီး
ပစ်ထားတဲ့သူ့ရဲ့စာကို ချက်ချင်းဖွင့်ကြည့်မိတယ် ၊
စာထဲပါတာကတော့..
" ငါပြန်လာတာ နင့်ကိုအသိမပေးတာက အိမ်ထောင်ပြုတော့မှာမို့ပဲ ၊
အိမ်ကရှာပေးတာ ၊ ငါလဲနှစ်သက်တယ် ၊
သူ့မှာ ငါကြိုက်တဲ့ အပျိုစင်အချက်တွေရှိတယ် " လေတဲ့ ။
ကျွန်မ ဒီစာကို မှန်ဘောင်သွင်းပြီး ရွှေကွပ်ထားလိုက်တယ် ။
ကျွန်မကို တသက်လုံးရယ်နေအောင်လုပ်ပေးမဲ့ ဟာသစစ်စစ်တစ်ပုဒ်အနေနဲ့ပေါ့ ။
ကျွန်မလေ ၀တ္တုမရေးတတ်လို့ပါ ၊ ရေးများရေးတတ်ရင်ဖြင့် ၀တ္တုခေါင်းစဉ်ကို
" ဘယ်သူ အပျိုစစ်ပါသလဲ " လို့ ပေးမိမှာပါ ။ ။

fwd mail ပေးပို့သူ ညီမလေး ငဲငယ်အား ကျေးဇူးတင်လျက်....

Monday, April 16, 2012

အောင်မြင်မှုရဲ့ တစ်ကယ့် လျို့ဝှက်ချက်

လူအများစုဟာ အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြပါတယ်။ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်ဖို့အတွက် လျှို့ဝှက်ချက်၊ အလုပ်မှာ အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်၊ စသဖြင့် အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြတယ်။ သူတို့တွေ အဲဒီလျှို့ဝှက်ချက်တွေကို ရှာတွေ့ဖို့အတွက် Amazon.com က စာအုပ်ပေါင်း ၁၇၉၇ အုပ်ကို လက်ရှိ စာရင်းပြုစုထားပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ” ထူးထူးခြားခြား အောင်မြင်ကြသော အမျိုးသမီးများ၏
 အောင်မြင်ရေးလျှို့ဝှက်ချက်များ ” ဆိုတဲ့ စာအုပ်က အစ၊ ” သန်းကြွယ်သူဋ္ဌေးတို့၏ လျှို့ဝှက်ချက် ၂၁ ခု” စတဲ့ အောင်မြင်စေရမယ်လို့ ကတိပေးထားတဲ့ စာအုပ်တွေ ပါဝင်ပါတယ်။ သင်ဟာလည်း အောင်မြင်ရေးလျှို့ဝှက်ချက်ကို ရှာဖွေနေတဲ့သူတစ်ယောက်ဆိုရင်တော့
အဲဒီစာအုပ် ၁၇၉၇ အုပ်နဲ့ အချိန်ကုန်ခံမနေပါနဲ့တော့။ သင့်ကို အချိန်ကုန် သက်သာအောင် ကျနော် ပြောပြပါ့မယ်။

အဓိက အချက်က ဒါပါပဲ – အောင်မြင်မှုမှာ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ အောင်မြင်မှုအတွက် ပဉ္စလက်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး၊ ဖြတ်လမ်းတွေ မရှိပါဘူး၊ ထီလက်မှတ်တွေလိုမျိုးလည်း သင် ၀ယ်ယူလို့မရပါဘူး။

အောင်မြင်ဖို့အတွက် ရေရှည် ကြိုးပမ်းနိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အလုပ်မှာ စိတ်နှစ်ထားမှု၊ ၀ါသနာကြီးမှု၊ လေ့ကျင့်မှု၊ အာရုံစူးစိုက်မှုနဲ့ အလုပ်ကြိုးစားမှုတို့ လိုအပ်တယ်ဆိုတာကို အောင်မြင်နေကြတဲ့သူတွေ သိကြပါတယ်။ တကယ်တော့ ဒါတွေဟာ ဘာလျှို့ဝှက်ချက်တွေမှ မဟုတ်ပါဘူး။

ချက်စတာ ကာလ်ဆန်ကို ကြည့်ပါ။ သူဟာ ဓာတ်ပုံကူးတဲ့ နည်းပညာကို တီထွင်ခဲ့တဲ့ အောင်မြင်တဲ့သူ
တစ်ယောက်ပါ။ ဒါပေမဲ့ သူမအောင်မြင်ခင်က သူ့ရဲ့ စိတ်ကူးကို ကုမ္ပဏီကြီး ၂၀ က ငြင်းပယ်ခဲ့ကြတယ်။ သူဟာ ဇွဲရှိရှိ၊ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ စောင့်ခဲ့ရတာ ၇ နှစ်ကြာတယ်။ နောက်ဆုံးမှာတော့ ကုမ္ပဏီတစ်ခုက သူရဲ့ တီထွင်မှုကို ၀ယ်ယူခဲ့တယ်။ အဲဒီနောက်မှာတော့ သူဟာ Xerox Corporation ကြီးအဖြစ် အောင်မြင်လာခဲ့တယ်။

ဒါမှမဟုတ် ဂျူလီယာ ချိုင်းလ်ဒ်ကို ကြည့်ပါ။ သူမဟာ ပြင်သစ် ချက်နည်းပြုတ်နည်းစာအုပ်အတွက် အလုပ်လက်ခံရရှိခဲ့တယ်။ ပူးပေါင်းဆောင်ရွက်သူနှစ်ယောက်နဲ့အတူ ငါးနှစ် အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမရဲ့ စာမူကို ထုတ်ဝေသူက ငြင်းပယ်ခဲ့တယ်။ သူမ နောက်ထပ် တစ်နှစ် ထပ်ကြိုးစားတယ်။ ဒီတစ်ခါလည်း သူမရဲ့ စာမူကို ငြင်းပယ်ခံရပြန်တယ်။ ဒါပေမဲ့ ဂျူလီယာက အရှုံးမပေးဘူး။ နောက်ထပ် ရှစ်နှစ်လောက်ကြာတဲ့အခါ စာအုပ်တိုက်တစ်ခုက သူမရဲ့ ချက်နည်းပြုတ်နည်းစာအုပ်ကို ထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်ဟာ အုပ်ရေ သန်းချီပြီး ရောင်းချခဲ့ရတယ်။

သင်ဟာ အောင်မြင်ချင်တယ်ဆိုရင်၊ သင့်ကို အောင်မြင်စေမယ့် လျှို့ဝှက်ချက်တစ်ခုခုကို အပြင်မှာ ရှာဖွေနေတာကို ရပ်လိုက်ပါ။ အဲဒီအစား၊ သင့်ရဲ့ အမြင်အာရုံတွေကို သင့်ရဲ့ အတွင်းထဲကို လှည့်လိုက်ပါ။ သင် လိုအပ်သမျှ အရာတိုင်းကို သင် တွေ့ရပါလိမ့်မယ်။ သင့်အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပါပဲ။ ဒါပေမဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့အရာတွေ သင့်မှာမရှိသေးဘူးလို့ ထင်တယ်ဆိုရင် ထပ်စဉ်းစားကြည့်ပါဦး။ တစ်ခုခုကို အထူးဝါသနာပါတဲ့သူတွေ၊ လုပ်အားပေးအဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် အင်တာနက် ဘလော့ဂ်တွေကို လျှောက်ကြည့်ပါ။ ကဗျာဆရာတွေ၊ အဆိုတော်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ hacker တွေ၊ နံရံတွေပေါ်မှာ ပုံဆွဲတဲ့ ပန်းချီဆရာတွေ၊ သူတို့တွေကို လေ့လာကြည့်ပါ။

စိတ်ဓာတ်ခိုင်မာခြင်း၊ ဇွဲရှိခြင်း၊ လက်တွေ့လုပ်ဆောင်တတ်ခြင်း နဲ့ အလုပ်ကြိုးစားခြင်းတို့ကို ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ ပြီးတော့ အဲဒီအရာတွေဟာ သင့်ရဲ့ ကိုယ်တွင်းမှာလည်း ရှိနေပါတယ်။ အဲဒီအရာတွေက သင် သူတို့ကို ဘယ်အချိန်မှာ လှမ်းခေါ်မလဲလို့ စောင့်နေကြပါတယ်။

အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ ခွန်အားတွေကို သူတို့ရဲ့ စိတ်ဝင်စားမှု၊ သူတို့ရဲ့ ၀ါသနာတွေမှာ ထည့်ထားကြတယ်။ သူတို့ဟာ အခက်အခဲတွေ၊ နောက်ပြန်လန်ကျမှုတွေ၊ စိတ်ပျက်စရာတွေကို ကြံ့ကြံ့ခိုင်နိုင်ကြတယ်။

အောင်မြင်ရေးလျှို့ဝှက်ချက်တွေ ရှာဖွေနေတာကို ရပ်လိုက်ပါ။ သင့်အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပဲဆိုတာကို စပြီး သဘောပေါက်ပါ။ “နှလုံးသားဟာ ဘာမဆို လုပ်နိုင်တယ်” လို့ Moliere က ပြောပါတယ်။ သင့်ရဲ့ အလုပ်ထဲမှာ သင့်နှလုံးသားကို ရှာဖွေပါ။ သင်ဟာ ဘယ်အရာကိုမဆို လုပ်နိုင်ပါလိမ့်မယ်။
@ fwd mail

Monday, April 2, 2012

ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ




ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြားအစားထိုး သုံးနိုင်ပါတယ်။ ပျားရည်ဟာ အရသာရှိရုံသာမက အနာကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်းရှိပါတယ်။ ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်းတွေနဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်နေတဲ့အပြင် ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် စွမ်းအင်ကောင်းကောင်း ရရှိစေပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
(၁) ပျားရည်ဟာ အားရှိစေတဲ့ သဘာဝအရာဖြစ်ပြီး စွမ်းအင်ကို ချက်ချင်းရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိပြီး ကြွက်သားတောင့်တင်း ညောင်းညာမှု လျော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မူးဝေတာမျိုးကိုလည်း သက်သာစေပါတယ်။
(၂) လည်ချောင်းနာနေရင် ပျားရည်ကို ရေနွေးနဲ့ ရောပြီး သောက်ပေးပါက သက်သာစေပါတယ်။
(၃) ပျားရည်ကို ရှလကာရည်နဲ့ ရောပြီးသောက်ပေးရင် ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်နာတာနဲ့ ခေါင်းကိုက်တာကို သက်သာစေပါတယ်။
(၄) ပျားရည်မှာ ကိုလက်စထရော မပါဝင်တဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေကာ နှလုံးရောဂါထတဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
(၅) ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို ရောမွှေပြီး ဆံပင်သားပေါ် လိမ်းပေးရင် ဆံပင်ကျွတ်တာကို လျော့ကျစေနိုင်ပါတယ်။
(၆) ပျားရည်နဲ့ သံပရာရည်တို့ကို ရောပြီး ပုံမှန်သောက်ရင် အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။
(၇) ပျားရည်ကို နှင်းခူလို အရေပြားယားနာတွေပေါ် လိမ်းပေးရင် သက်သာစေပါတယ်။ အရေပြားခြောက်သွေ့နေရင် ပျားရည်ကို အကောင်းဆုံးအစိုဓာတ်ထိန်း ခရင်မ်အဖြစ် သုံးနိုင်ပါတယ်။ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြက်သီးနွေးရေနဲ့ ရောကာ မျက်နှာပေါ်ကို ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ နေ့စဉ်မှန်မှန် သုတ်လိမ်းပေးပါက တစ်ပတ်အတွင်းမှာ နူးညံ့ပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။ သင့်အသားအရေက ဝက်ခြံပေါက်လွယ်တဲ့ အမျိုးအစားဖြစ်ရင်တောင်မှ ပျားရည်ကိုလိမ်းပေးရင် ဝက်ခြံတွေရဲ့ အနာကျက်စေတဲ့ အာနိသင်ကို ရရှိစေပါတယ်။
(၈) နံနက်တိုင်း ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သီးနွေးရေကို ရောပြီးသောက်ပေးရင် ဝမ်းမှန်စေပြီး အစာခြေစနစ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့
အသက်တစ်နှစ်အောက် ကလေးတွေကိုပျားရည် လုံးဝ မတိုက်သင့်ပါ။ ပျားရည်မှာ သဘာဝအတိုင်း botulinum endospores ဆိုတဲ့ ဘက်တီးရီးယားပိုး ပါဝင်တာကြောင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဒီဘက်တီးရီးယား ကြီးထွားမှုကို ရပ်တန့်သွားအောင် လုပ်နိုင်တဲ့အထိ အလုံအလောက် မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးရဲ့ အူကို ပိုးဝင်ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။
Ref: Good Health
မေမွန်ကျော်

Sunday, April 1, 2012

တညင်းသီး နှင့် သူ၏အဆိပ်

အဆိပ်တွေနဲ့အသီး

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific
name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး
အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း
ပိုများတယ်လို.ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော. အပ်ချောင်းပုံလေးတွေကိုပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော.ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင်ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါ
အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို
ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်
တညင်းသီးမှာပါတဲ. အဆိပ်ကိုတော.ပျက်ပြယ်အောင်
မလုပ်နိုင်ဘူးလို.ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေစွန်.ထုတ်ဖို.ကြိုးစားရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။
 နောက်ပြီးအပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို.မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို.
တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေများလာပြီး
 ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင်အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက်
 ကျောက်ကပ်ပျက်စီးခြင်း (Acuterenal failure) လို.ခေါ်ပါတယ်။ ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ.အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ.
အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကိုပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည်.၀သွားတဲ.အတွက်အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါတစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ
ရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ. ရေတွေကိုလည်း သွန်ပစ်ပြီးရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ်တော်တော်လျော.သွားမှာပါ။တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်.ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များမီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100%ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
 တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေးလျော.နည်းသွားတယ်
လို.ဆိုပါတယ်။
 တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ
 ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်.ထုတ်ပြန်ရေးသားထားတာတွေလည်း
ရှိပါတယ်လို.ဆိုတယ်။
 ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ.
ဒီလိုအသီးကို တတ်နိုင်သမျှတော့မစားသင့်ဘူးလို့ထင်ပါတယ်။

(ဒေါက်တာ ခင်မောင်လွင်-FAME ၏ ကျန်းမာသုတအစီအစဉ်မှ ကောက်နုတ်၍
အကျဉ်းချုံးဖော်ပြပါသည်။)
@ fwd mail

Wednesday, March 28, 2012

ဂျင်ဆင်း အကြောင်း သိကောင်းစရာ

ဂျင်ဆင်းဆိုတာဘာလဲ

ဂျင်ဆင်းဆိုတာ အုပ်စုက Panax genus ဖြစ်ပြီး မျိုးရိုးက Araliaceae ဖြစ်ပါတယ် ။ လတ်ဆတ်တဲ့ အမြစ်တွေ နဲ့ ဖြေးဖြေးချင်းရှင်သန်ကြီးထွားတတ်တဲ့ perennial အပင်မျိုးဖြစ်ပြီး အာရှအရှေ့ဖက် အထူးသဖြင့် အရှေ့မြောက် ပိုင်း တရုတ် ၊ ကိုရီးယား ၊ ဆိုက်ဘေးရီးယား အရှေ့ပိုင်းတွေမှာ ပေါက်ရောက်ရှင်သန်ပါတယ် ။ တောင်ဖက် အကျဆုံး အေးခဲဒေသ ဂျင်ဆင်းမျိုးဖြစ်တဲ့ Panax vietnamensis ကိုတော့ ဗီယက်နမ်နိုင်ငံမှာတွေ့ ရပါ တယ် ။ Siberian ginseng ကတော့တကယ့်ဂျင်ဆင်းအစစ်မဟုတ်ပါဘူး ။ ကဲ ဂျင်ဆင်းအကြောင်းကို ဒီထက် ပိုပြီးလေ့ လာကြည့်ရအောင် ။

တိုင်းရင်းဆေးအဖြစ် အသုံးပြုခြင်း



အမေရိက ဂျင်ဆင်း ( Panax quinquefolius) နဲ့ အာရှဂျင်ဆင်း ( Panax ginseng ) အမြစ်တွေကို daptogens ၊ ကာမ အားတိုးဆေး နဲ့ အာဟာရကိုလှုံ့ဆော်ပေးတဲ့ stimulants တွေအဖြစ် အသုံးပြုကြပါတယ် ။ ပြီးတော့ ဆီးချိုသွေး ချိုရောဂါ Type II diabetes နဲ့ ယောင်္ကျားလေးတွေမှာ လိင်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေကိုလည်း
အသုံးပြုကြ ပါသေးတယ် ။ တကယ်တော့ ဂျင်ဆင်းအမြစ်ကို ခြောက်သွေ့သောပုံစံနဲ့ ရရှိနိုင်ပြီးတခြား ဂျင်ဆင်းတစ် ပင်လုံးနဲ့ အစိတ်အပိုင်းတစ်ခုခုအဖြစ်လည်းရရှိနိုင်ပါသေးတယ် ။ ဒီလို ပါဝင်မှု ဂျင်ဆင်းရဲ့ အစွမ်း သတ္တိတွေကို တချို့သောနာမည်ကြီးတဲ့ energy drinks (စွမ်းအားဖြည့်အချိုရည်) တွေမှာ တွေ့နိုင်ပါတယ် ။ လက်ဖက်ခြောက်ပုံစံနဲ့လည်းရရှိနိုင်ပြီး သူ့ကိုဆေးပညာဆိုင်ရာ အဖြစ်သုံးပြုပေမယ့် တိတိကျကျတိုင်း တာလို့ရ တဲ့ measurable medicinal effects တော့မရှိပါဘူး ။ သူ့ကို အလှအပရေးရာ ထုတ်လုပ်မှုတွေမှာလည်း အသုံး ပြုကြ တာတွေ့ရှိရပါတယ် ။

ဂျင်ဆင်းအမျိုးအစားများ

P.quinquefolius Aerican ginseng (root)


တရုတ်ရိုးရာဆေးပညာအရ american ginseng ဟာ စွမ်းရည်ကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ မလိုအပ်တဲ့အရာတွေကို ဖယ်ရှာပေးပါတယ် ။ သူတို့အဆိုအရတော့ Yin energy ( sunshine , hot , positive , male)ကိုတိုးစေတယ် လို့ အဓိပ္ပါယ်ရပြီး Yang ( shadow , cold , negative , female) ပိုလျှံနေတာ ကိုလျော့နည်းစေတယ်လို့ဆိုပါတယ် ။ တရုတ်ရိုးရာဆေးပညာအရ Asian ginseng ဟာ yang (sunshine , hot , postive , mal ) ကိုလျော့နည်းစေပါတယ် ။ တရုတ်နဲ့ကိုရီးယား ဂျင်ဆင်းတွေဟာ Manchuria နဲ့ Korea မှာပေါက်ရောက်ပြီး American ginseng ကိုတော့ Guangzhou မှတဆင့် တရုတ်ပြည်ထဲကိုတင်သွင်းပါတယ် ။ တရုတ် ပြည်က ဆရာဝန်တွေကတော့american ginseng ဟာ ပူတဲ့ဒေသကလာတဲ့အတွက် yin အတွက် ကောင်းလိမ့်မယ်လို့ ယုံကြည်ကြပါတယ် ။

Panax ginseng Asian ginseng (root)


တရုတ်ရိုးရာဆေးပညာအရပဲ Panax ginseng ဟာ Yang စွမ်းရည်ကိုတိုးတက်စေပြီး သွေးလည်ပတ်မှု စနစ် ( ciuculation) ကိုကောင်းစေပါတယ် ။ Blood supply ကိုများစေပြီး စွမ်းရည်ထုတ်လုပ်မှုနဲ့ ဖျားနာပြီးပြန်လည် နလန်ထူခြင်း(recovery ) ကို ရစေပါတယ် ။ သူ့ကိုလည်းပုံစံလေးမျိုးနဲ့ရနိုင်ပါတယ် ။
-fresh ginseng
-white ginseng (WG)
-red ginseng ( RG)
-sun ginseng ( SG) တို့ပဲဖြစ်ကြပါတယ် ။

Red ginseng

ကိုရီးယားလို 홍삼 (hong-sam) လို့ ခေါ်တွင်ပြီး တရုတ်လို 红参 လို့ သတ်မှတ်ပါတယ် ။ Panax ginseng ကို အပူပေးပါတယ် ။ ရေနွေးပူသို့မဟုတ် နေရောင်မှာ အခြောက်ခံ အပူပေးခြင်းအားဖြင့် ပြုလုပ်ပါတယ် ။ ဒီလိုပြု လုပ်ခြင်း အားဖြင့် ဂျင်ဆင်းရဲ့အမြစ်ဟာ ကျွတ်ဆတ်လာပါတယ် ။ ဒီလို အမျိုးအစားဂျင်ဆင်းကိုတော့ လိင် စွမ်းရည် ကို လှုံ့ဆော်ဖို့နဲ့ စွမ်းရည်တိုးဖို့အတွက် အသုံးပြုကြပါတယ် ။ ဂျင်ဆင်းနီကို အထူးသဖြင့် စိုက်ပျိုးထွန် ယက်ထားတဲ့ အမြစ်တွေကနေထုတ်လုပ်ပြီး ကိုရီးယားမှ ရရှိပါတယ် ။

Wild ginseng

Wild ginseng ဟာ သဘာဝအလျှောက်ကြီးထွားရှင်သန်ပြီး သူရှင်သန်ပေါက်ရောက်နိုင်တဲ့ မည်သည့်နေရာမဆို စိုက်ပျိုး ရိတ်သိမ်းနိုင်ပါတယ် ။ အမှန်တော့ wild ginseng ဟာ ရှားပါးမျိုးနွယ်ဝင်ဖြစ်ပြီး အများ ကြီးပေါက်ရောက်ပေ မယ့်လည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်က အများအပြားပျက်ဆီး ဆုံးရှုံးမှုတွေရှိခဲ့ တာကြောင့် အခုဆိုရင် အတော့်ကိုရှားပါးသွားခဲ့ပါတယ် ။ သူ့ရဲ့ အမြစ်တစ်ခုဟာ ရင့်သန်ကြီးထွား ချိန်ရောက် ဖို့ကို နှစ် နဲ့ချီပြီးစောင့်ရလေ့ရှိပါတယ် ။ wild ginseng ဟာ အာရှသို့မဟုတ် အမေရိကန်ဂျင်ဆင်း တစ်ခု ခုဖြစ်နိုင်ပြီး red ginseng အဖြစ် ထုတ်လုပ်ပါတယ် ။

တခြားဂျင်ဆင်းအမျိုးအနွယ်များမှာ

-Gynostemma pentaphyllum (southern ginseng, jiaogulan)
-Eleutherococcus senticosus (Siberian ginseng)
-Pseudostellaria heterophylla (prince ginseng)
-Withania somnifera (Indian ginseng, ashwagandha)
-Pfaffia paniculata (Brazilian ginseng, suma)
-Lepidium meyenii (Peruvian ginseng, maca)
-Oplopanax horridus (Alaskan ginseng) စသည်တို့ပဲဖြစ်ပါတယ် ။

ဘေးထွက်ဆိုးကျိုးများ

Sports Nutrition FAQ ရဲ့ အဆိုအရ p.ginseng ရဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးက အိပ်မပျော်ခြင်း ပဲဖြစ်ပါ တယ် ။ ဒါပေမယ့်လည်း တခြားဂျင်ဆင်းမျိုးနွယ်တွေကတော့ဒီလို အိပ်ပျော်ရခက်တဲ့ ဆိုးကျိုးမျိုးမရှိပါဘူး ။ တခြား ဆိုး ကျိုးတွေကတော့ ပျို့ခြင်း ၊ ၀မ်းသွားခြင်း ၊ခေါင်းကိုက်ခြင်း ၊ နှာခေါင်းသွေးယိုခြင်း ၊ သွေးပေါင် ချိန်တက်ခြင်း ၊ သွေးပေါင်ချိန်ကျခြင်းနှင့် ရင်သားနာခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

ဂျင်ဆင်းနှင့် မျိုးပွားစွမ်းဆောင်ရည်


၂၀၀၂ ခုနှစ်မှာ Southern University School of Medicine မှ ပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ အာရှနဲ့ အမေရိ ကန် ဂျင်ဆင်းမျိုးနွယ်တွေဟာ လိင်စွမ်းဆောင်ရည်ကိုမြင့်မားစေပြီး စိတ်ကျေနပ်မှုကိုအပြည့်အ၀ ရရှိစေပါ တယ် ။ ဒါဟာ ဟော်မုန်းတွေပြောင်းလဲမှုကြောင့်မဟုတ်ပါဘူး ။ ဂျင်ဆင်းမှာပါဝင်တဲ့ ginsonoside ရဲ့ ဦးနှောက် အာရုံကြောစနစ်နဲ့ gonodal tissue တွေကို တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေတဲ့အ တွက်ဖြစ်ပါတယ် ။ ယောင်္ကျားလေးတွေမှာginsenosides ဟာ penile erection ( ဖိုမျိုးပွားအဂါင်္တောင့်တင်းခြင်း) ကိုဖြစ်စေပြီး ကိုရီးယားနဲ့တရုတ်လူမျိုးတွေဟာ ဒီရည်ရွယ်ချက်နဲ့ ဂျင်ဆင်းကို အသုံးပြုကြပါတယ် ။ ဒါ့အပြင် ဂျင်ဆင်းမှာ phytoestrogens လည်းပါဝင်ပါတယ် ။ အချို့သော လေ့လာစမ်းသပ်မှုတွေအရ ဦးနှောက်ထဲမှာရှိတဲ့ Pituitary gland ကိုသွားရောက်လှုံ့ဆော်ပြီး gonadotrophins ဟော်မုန်းထွက်ရှိမှုကိုများစေပါတယ် ။ မျိုးပွားအင်္ဂါတွေရဲ့ ဖွံ့ဖြိုးမှုကို ဖြစ်စေပြီး သုတ်ကောင်ရည်ထုတ်လုပ်မှုကိုများစေပါတယ် ။

ဂျင်ဆင်းမှာ အစွမ်းထက် စွမ်းဆောင်ရည်အမြောက်အများရှိတဲ့အပြင် သူ့ရဲ့ဘေးထွက် ဆိုးကျိုးတွေကို ပါ လေ့လာ သိရှိထားသင့်ပါတယ် ။ ဒီတစ်ပတ်တော့ အစွမ်းထက်ဂျင်ဆင်းအကြောင်းကိုဖော်ပြရင်း ဒီတင်ပဲရပ် နားပါရစေ။

@ : သက်တန့်ချို

Tuesday, March 20, 2012

၁၃ ဂဏန်း

လွန်ခဲ့သောနှစ်တုန်းက ဗြိတိန်နိုင်ငံက Lowestoft Seafront လို့ခေါ်တဲ့ လေယာဉ်အလှပြပွဲတစ်ခုမှာ ၁၃နာရီ ၁၃ မိနစ်မှာ ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက် မိုးကြိုးပစ်ခံ လိုက်ရတယ်လို့ ဖတ်လိုက်ရပါတယ်။ အားလုံးပေါင်း ၃ ယောက် ထိမှန်ခဲ့ပေမဲ့ တစ်ယောက်မှ တော့မသေခဲ့ကြပါဘူး။ တည့်တည့်ထိတာတော့မဟုတ်တဲ့ အတွက် စက်ကွင်းမလွတ်ဘူးလို့
 ပြောလို့လဲရပါတယ်။ မိုးရွာနေတဲ့ အတွက် သုံးယောက်စလုံးကလည်း ထီးကိုင်ထားကြတယ်လို့ဆိုပါတယ်။ ရေးထားတဲ့ပုံက မိုးရေထဲမှာ ထီးမဆောင်းဘဲကြည့်တဲ့လူတွေရှိလို့လားတော့မသိဘူး။ အဲ့ဒီသတင်းခေါင်းစဉ်ကတော့ ၁၃ ဂဏန်း ဆိုတာ အနောက်နိုင်ငံတွေမှာ နိမိတ်မကောင်းတဲ့ ဂဏန်းလို့ အစွဲရှိ ယုံကြည်သူတွေများပါတယ်။ အထူးသဖြင့်တော့ သောကြာနေ့မှာ ၁၃ ရက်နေ့ကျနေရင် unlucky နေ့(ပြသဒါးနေ့)ပေါ့။ ကျွန်တော်တို့ဆီမှာ တနင်္လာနေ့အလုပ်လုပ်ရင် အမြဲတမ်းအခက်အခဲ
 ဖြစ်ပြီး တစ်ခါတည်းနဲ့ မပြီးဘူးလို့ ယူဆထားကြတယ်။
ထိုကဲ့သို ၁၃ ရက်နေ့ဟာ ကံမကောင်းတဲ့ ပြသဒါးနေ့လိုသတ်မှတ်ခဲ့ကြတာဟာ ဘီစီ ၁၇ဝဝ လောက်
ကတည်းကဖြစ်တယ်လို့သိရပါတယ်။ လူတွေဟာ ဘယ်လောက်တောင် ၁၃ ရက်နေ့နဲ့ ပါတ်သက်ပြီး အယူသည်းကြလဲဆိုရင်
သောကြာနေ့ဟာ ၁၃ရက်နေ့မှာကျရောက်နေရင် ဆံပင်ညှပ်ရင်တောင် မိသားစုဝင်ထဲက လူတစ်ယောက်ယောက် သေတတ်တယ်ဆိုတဲ့အထိကိုဖြစ်လာပါတယ်။ ၁၃ ရက်နေ့
မွေးတဲ့ သောကြာသားသမီးတွေဟာလည်း ဘဝတစ်လျှောက်လုံး မှာ ကံဆိုးမိုးမှောင် ကျမှုတွေနဲ့ ရင်ဆိုင်သွားရတတ်ကြလို့ ယူဆကြတယ်။ နောက်ဆုံး သုတေသနပြု လေ့လာချက်များအရတော့ ကံဆိုးခြင်း ၁၃ ဂဏာန်းဟာ လူဆယ်ယောက်မှာ တစ်ယောက်ကို အမြဲတမ်းလွှမ်းမိုးခြောက်လှန့်မှုတွေ ရှိတယ်လို့ သိရပါတယ်။

၁၃ ဂဏာန်းနဲ့ ပါတ်သက်ပြီးတော့ အကျိုးပေး မကောင်းသူတွေကတော့ အလက်ဇန်းဒါ ဟာ သူနေထိုင်တဲ့ မြို့တော်မှာ နတ်ဘုရား ရုပ် ၁၃ ရုပ်ကို ပြုလုပ်စေခဲ့ပါတယ်။ နောက်တချိန် သူသေသွားရင် သူဟာ ၁၃ ဆူမြောက်ဘုရားဖြစ်တယ် လို့ နောင်လာနောက်သား တွေစိတ်ထဲမှာ စွဲထင်နေဖို့အတွက်

 ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုနတ်ဘုရား ၁၂ ဆူဟာ တစ်နှစ်မှာ ရှိတဲ့ လပေါင်း ၁၂ လကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။ နောက်ဆုံးတော့ ၁၃ ဆူမြှောက်ရုပ်ထုကို မထုလုပ်ခင်မှာဘဲ သူသေဆုံးသွားခဲ့တယ်။ အကြောင်းပြချက်ကတော့ သူဟာ ၁၃ ဆူမြောက်နတ်ဘုရား ပြုလုပ်ခဲ့တဲ့အတွက် သေရတာလို့ ဆိုကြပါတယ်။

၁၆.ဝ၁.၂ဝဝ၃ နေ့မှာ ကိုလံဘီယာ လွန်းပျံယာဉ်တစ်စင်းကို အာကာသသို့ လွှတ်တင်ခဲ့ပါတယ်။ ကံဆိုစွာနဲ့ဘဲ ထိုယာဉ်ဟာ ပေါက်ကွဲပျက်စီးခဲ့ပြီး လိုက်ပါသူအားလုံးသေဆုံးခဲ့ပါတယ်။ ဒါကို ပြန်ကြည့်တော့ (၁+၆+ဝ+၁+၂+ဝ+ဝ+၃)= ၁၃ ဖြစ်နေလို့ လို့ဆိုကြပါတယ်။

ဆာဒန်ဟူစိန် နာမည်ဟာ အင်္ဂလိပ်လို့ (SADDAM HUSSEIN) အားလုံးပေါင်း ၁၃ လုံးရှိပါတယ်။ သူ့ကို သေဒါဏ်ချမှတ်ဖို့အတွက် ၁၃ ရက် ဒီဇင်ဘာလမှာ အမေရိကန် စစ်သားတွေဖမ်းမိခဲ့တာကလဲ ၁၃ နဲ့ပါတ်သက်နေပြန်တယ်လို့ ဆိုကြပါတယ်။

၁၃ ဂဏန်းကို ကံမကောင်းခြင်းဂဏန်းလို့ သတ်မှတ်သူတွေထဲမှာ အမေရိကန်တွေက ပိုပြီးဆိုးတယ်လို့ ထင်ရပါတယ်။ သို့ဖြစ်စေကာမူ အမေရိကန် နိုင်ငံရဲ့ အမှတ်တံဆိပ် ကြီးမှာတော့ ၁၃ တော်တော် များများကို တွေ့ရပါတယ်။ ထိုတံဆိပ်မှာ သံလွင်ရွက် ၁၃ ရွက်၊ ကြယ် ၁၃ လုံး၊ မျှား ၁၃ စင်း၊ ပိရမစ် အထပ် ၁၃ ထပ် စတဲ့ ကံမကောင်းခြင်း ၁၃ တွေနဲ့ ပြည့်နက်နေပါတယ်

Tuesday, March 13, 2012

အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင်များ

ဂရိ ၀န်ကြီးချုပ်နှင့် အီတလီ ၀န်ကြီးချုပ်
လစ်ဗျားဝန်ကြီးချုပ် Abeurrahim el-Keib ၊ ဂရိဝန်ကြီးချုပ် Lucas Papademos နဲ့ အီတလီ ၀န်ကြီးချုပ် Mario Monti တို့မှာ တူညီမှု အတော်များများရှိပါတယ်။ အဲဒီခေါင်းဆောင်သုံးဦးဟာ တည်ငြိမ်အေးဆေးသူတွေဖြစ်ပြီး၊ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ပညာရှင် technocrat တွေ ဖြစ်ခြင်းက အဓိက ထူးခြားချက် ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ မဟုတ်ကြပေမဲ့၊ အခု သူတို့နိုင်ငံတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သူတို့ ပခုံးပေါ် တာဝန်တွေ ပုံကျလာပါတယ်။ သူတို့နိုင်ငံတွေကို ရေထဲမိုးထဲ အခြေအနေကနေ ပြန်ရုန်းထွက်နိုင်အောင် သူတို့ရဲ့ အတတ်ပညာကျွမ်းကျင်မှုနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေက ကူညီနိုင်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ ဒါဖြင့် သူတို့ သုံးဦးက အဲဒီ အတတ်ပညာတွေ ဘယ်ကများ ဆည်းပူးခဲ့တာလဲ။
လစ်ဗျားဝန်ကြီးချုပ် El-Keib က ၁၉၇၆ ခုနှစ်မှာ University of California ကနေ အီလက်ထရောနစ် အင်ဂျင်နီယာ မာစတာဘွဲ့ ရခဲ့ပါတယ်။ ၁၉၈၄ မှာ North Carolina State University ကနေ အီလက်ထရောနစ် အင်ဂျင်နီယာ ဒေါက်တာဘွဲ့ကို "capacitive compensation planning and operation for primary distribution feeders." စာတမ်းနဲ့ ထပ်ရရှိခဲ့ပါတယ်။ University of Alabama မှာ နှစ် ၂၀ လောက် ဆရာလုပ်ခဲ့ပြီး၊ အခု လစ်ဗျား ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် ဖြစ်လာပါတယ်။
လက်ရှိ ဂရိဝန်ကြီးချုပ် Papademos က ရူပဗေနဲ့ အီလက်ထရောနစ် အင်ဂျင်နီယာ မာစာတာဘွဲ့ကို ဂရိ တက္ကသိုလ်တွေက ရခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ အမေရိကန် MIT နည်းပညာတက္ကသိုလ်ကနေ စီးပွားရေး ဒေါက်တာဘွဲ့ရခဲ့ပါတယ်။ ကိုလံဘီယာနဲ့ ဟားဗတ်တက္ကသိုလ်တွေမှာ ဆရာလုပ်ခဲ့ပြီးနောက် ဂရိဘဏ်နဲ့   ဥရောပဗဟိုဘဏ်မှာ အရာရှိတာဝန်ယူခဲ့ပါတယ်။
အီတလီဝန်ကြီးချုပ် Monti ကတော့ အီတလီ တက္ကသိုလ်ကြီးသုံးခုမှာ  ပညာ ဆည်းပူးခဲ့ပြီးနောက် အမေရိကန် ယေးလ် တက္ကသိုလ်မှာ စီးပွားရေးပညာ သင်ယူခဲ့ပါတယ်။ အီတလီ Bocconi University တက္ကသိုလ်မှာ ပါမောက္ခချုပ် ထမ်းဆောင်ခဲ့ပြီး ဥရောပ ကော်မရှင်နာမင်းကြီးဟောင်းလည်း ဖြစ်ပါတယ်။
ပြောရရင် သူတို့ သုံးဦးလုံးဟာ အမေရိကန်တက္ကသိုလ်တွေမှာ ပညာပြည့်အောင် ဖြည့်ဆည်းခဲ့သူတွေ ဖြစ်ပါတယ်။  သူတို့လိုပဲ လက်ရှိ ကမ္ဘာ့ခေါင်းဆောင်အချို့ဟာလည်း အမေရိကန် တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ပညာသင်ယူခဲ့ပြီး၊ တက္ကနိုခရက်အဖြစ် အုပ်ချုပ်ရေးယန္တရားမှာ ထမ်းဆောင်နေကြပါတယ်။ အလားတူပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ အစိုးရ ၀န်ကြီးတွေ အများစုဟာလည်း အမေရိကန်တက္ကသိုလ်ဆင်းတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အမေရိကန် တက္ကသိုလ်တွေက ကမ္ဘာရေးရာမှာ ဩဇာရှိနေတာကို ပိုမိုမြင်တွေ့လာရပါတယ်။
အခု ဆက်ပြီး အမေရိကန် တက္ကသိုလ်တွေမှာ ပညာဆည်းပူးခဲ့တဲ့ နိုင်ငံခေါင်းဆောင် (၁၀) ဦးကို လေ့လာကြည့်ရအောင်ပါ။

ဂျင်မီ သင်းလေး (Jigme Thinley)

ရာထူး။ ၀န်ကြီးချုပ်၊ ဘူတန်
ကျောင်း။ Pennsylvania State University
ဘွဲ့။ Master's of Public Administration ('76)
ပညာရေးဖြတ်သန်းမှု။ ၁၉၇၄ ခုနှစ်မှာ ဘူတန်ဘုရင်က သင်းလေး နဲ့ အခြားသူအနည်းငယ်ကို အမေရိကန် ကျောင်းတွေ ပို့ပေးခဲ့ပါတယ်။ ရည်ရွယ်ချက်က ဘူတန်ကို ခေတ်မှီဖွံ့ဖြိုးစေဖို့ပါ။ သင်းလေးဟာ ပင်လ်ဆယ်ဗေးနီယား တက္ကသိုလ် (Penn State ) မှာ ပညာသင်တဲ့ ပထမဆုံး ဘူတန်နိုင်ငံသားဖြစ်ပါတယ်။ ပညာသင်ကာလအတွင်း ကျောင်းစာကြည့်တိုက်မှာ အချိန်ပေးပြီး အပြင်းအထန် လေ့လာခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ ကျောင်းကောင်စီ ရွေးကောက်ပွဲမှာ အရွေးခံရကတည်းက နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားခဲ့ပါတယ်။
လက်ရှိအလုပ်။ ၂၀၀၈ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ အခြေခံဥပဒေစနစ် စတင်ပြောင်းလဲချိန်မှာ
ဘူတန်နိုင်ငံရဲ့ ပထမဆုံး ရွေးကောက်ခံ ၀န်ကြီးချုပ်ဖြစ်လာပါတယ်။ သူက စုစုပေါင်း အမျိုးသားထုတ်ကုန် (GDP) အစား၊ စုစုပေါင်း အမျိုးသားပျော်ရွှင်မှု (GNP) အယူအဆနဲ့ ဘူတန်ကို ဦးဆောင်နေသူဖြစ်ပါတယ်။  သူ့လက်ထက်မှာ ဘူတန်နဲ့ အမေရိကန် ဆက်ဆံရေး ရွှေလမ်း ငွေလမ်းဖြစ်လာပါတယ်။

ရာဖေးလ် ကော်ရဲရား (Rafael Correa)
ရာထူး။ သမ္မတ၊ အီကွေဒေါ
ကျောင်း။ University of Illinois at Urbana-Champaign
ဘွဲ့။  Master's degree in economics ('99); Ph.D. in economics ('01)
ပညာရေးဖြတ်သန်းမှု။ အီလီနွိုက်တက္ကသိုလ်မှ ကော်ရဲရား ရဲ့စာတမ်းကို ကြီးကြပ်ခဲ့သူ Werner Baer က ကော်ရဲရား ဟာ တစ်န့ စီးပွားရေး ပေါ်လစီဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကော်ရဲရား ရေးခဲ့တဲ့စာတမ်းက လာတင် အမေရိကရဲ့ ၀င်ငွေမမျှတမှုအပေါ် အိုင်အမ်ဖက်နဲ့ ကမ္ဘာ့ဘဏ်ရဲ့ “Washington Consensus" လမ်းစဉ်နဲ့ အားနည်းချက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး သင်္ချာမော်ဒယ်တွေ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စည်းကမ်းရှိပြီး ဆုံးဖြတ်ချက်ခိုင်ကျဉ်တဲ့ စံပြုစရာ ကျောင်းသားပဲလို့ သူ့ဆရာက မှတ်ချက်ပေးခဲ့ပါတယ်။
လက်ရှိအလုပ်။ ကော်ရဲရား ဟာ ၂၀၀၇ ခုနှစ်မှာ သမ္မတရာထူးရရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ထပ်အရွေးခံရပါတယ်။ အီကွေဒေါ သမိုင်းမှာ ပညာအတတ်ဆုံး ခေါင်းဆောင်ဖြစ်လာပါတယ်။ လာတင်အမေရိက ဆင်းရဲတွင်းကနေ အီကွေဒေါ ကို ဆွဲထုတ်ဖို့ လူမှု ထောက်ပံ့မှုတွေနဲ့ စတင်ခဲ့ပါတယ်။ သူ့ကို လက်ဝဲဆန်တယ်လို့ စွပ်စွဲမှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု၊ တန်းတူညီမျှမှုနဲ့ ဒီမိုကရက်တစ် အုပ်ချုပ်မှု ဖြစ်ထွန်းရေးတို့အတွက် လာတင်အမေရိကကို လမ်းပြနေတဲ့ ကြယ်တစ်ပွင့် အဖြစ် ထင်ရှားလာပါတယ်။
ကော်ရဲရားက သူသင်ယူခဲ့တဲ့ အမေရိကန် ပညာရေးဟာ ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ်လို့ ချီးကျုးပြောဆိုပေမဲ့၊ အမေရိကန်ရဲ့ ဈေးကွက်စီးပွားရေးအပေါ် ဝေဖန်မှု အတော်မျာများ လုပ်ခဲ့ပါတယ်။ ကျူးဘား၊ အီရန်နဲ့ ဗင်နီဇွဲလားတို့အပေါ် စီးပွားရေး ပိတ်ဆို့မှုကို ဆန့်ကျင်ပါတယ်။ အီကွေဒေါ ပိစိဖိတ်ကမ်းခြေမှာ အမေရိကန် စစ်စခန်းချခွင့်ကိုလည်း ငြင်းဆန်ပါတယ်။ ဒါပေမဲ့ သမ္မတအိုဘားမားနဲ့ ဆက်ဆံရေး ပြေလည်အောင် တည်ဆောက်နေသူဖြစ်ပါတယ်။

အီလန် ဂျွန်ဆင် ဆာလိဖ် (Ellen Johnson Sirleaf)

ရာထူး။ သမ္မတ၊ လိုက်ဘေးရီးယား
ကျောင်း။ Madison Business College; Economics Institute; Harvard University
ဘွဲ့။ Undergraduate degree in accounting (Wisconsin '64); certificate in economics (Economics Institute, '70); Master's of Public Administration (Harvard, '71)
ပညာရေးဖြတ်သန်းမှု။ ဆာလိဖ် ဟာ အသက် ၁၇ နှစ်မှာ လိုက်ဘေးရီးယားကနေ အမေရိကန်ပြည်ထောက်စုကို ပြောင်းရွေ့ခဲ့ ပါတယ်။ သူ့ခင်ပွန်းက Wisconsin-Madison တက္ကသိုလ်မှာ စီးပွားရေး မာစတာဘွဲ့တက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘွဲ့ရပြီး လိုက်ဘေးရီးယားကို ပြန် အလုပ်လုပ်ခဲ့ပါသေးတယ်။ နောက်တော့ Harvard Kennedy School မှာ မာစတာဘွဲ့ ထပ်တက်ပါတယ်။ ဟားဗတ် ဘွဲ့နှင်းသဘင်မှာ သူနဲ့အတူ ဘွဲ့ယူခဲ့သူတွေကတော့ ကိုလံဘီယာသမ္မတ Juan Manuel Santos ၊ မက္ကစီကိုသမ္မတ Felipe Calderon ၊ မွန်ဂိုလီးယားသမ္မတ Taskhiangiin Elbegdorj ၊ စင်္ကာပူဝန်ကြီးချုပ် Lee Hsein Loon နဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး Ban Ki- moon တို့ပဲ ဖြစ်ပါတယ်။
လက်ရှိအလုပ်။ ၂၀၀၅ မှာ ဆာအိဖ် သမ္မတ ရွေးမြှောက်ခံရပါတယ်။ ခေတ်သစ် အာဖရိကသမိုင်းမှာ ပထမဆုံး အမျိုးသမီး ခေါင်းဆောင်ဖြစ်လာပါတယ်။ ၂၀၁၁မှာ သမ္မတရာထူး ဒုတိယ သက်တမ်းယူခဲ့ပြီး၊ အခြား အမျိုးသမီး နှစ်ဦးနဲ့အတူ ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့ပါတယ်။ အာဖရိက သံမဏိလေဒီ အဖြစ် တင်စားခံရသူ ဆာအိဖ် က ပြည်တွင်းစစ်ကြောင့် ကြေမွနေတဲ့ လိုက်ဘေးရီးယား ညီညွတ်ရေးနဲ့ ပြည်လည်တည်ဆောက်ရေးတွေ ဦးဆောင် လုပ်နေပါတယ်။ အခက်အခဲမျိုးစုံ ရှိပေမဲ့၊ အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ဒီမိုကရေစီတည်ဆောက်ရေးအတွက် အကူအညီတွေ များစွာ ရရှိထားပါတယ်။

ရီကာဒို မာတီနယ်လီ (Ricardo Martinelli)

ရာထူး။ သမ္မတ၊ ပနားမား
ကျောင်း။  University of Arkansas
ဘွဲ့။ Undergraduate degree in business administration ('73)
ပညာရေးဖြတ်သန်းမှု။ မာတီနယ်လီ က အမေရိကန် ဗာဂျီးနီးယားပြည်နယ် Staunton Military Academy ကျောင်းကနေ အထက်တန်း အောင်မြင်ပြီးနောက်မှာ၊ ပနားမားနဲ့ စိုက်ပျိုးရေး အစီအစဉ်တွေလုပ်နေတဲ့ Arkansas တက္ကသိုလ်ကို တက်ဖို့ ဖြစ်လာပါတယ်။ Arkansas ကျောင်းက ၂၀၀၂ ခုနှစ်မှာ သူ့ကို ထူးချွန်တဲ့ ကျောင်းသားဟောင်းအဖြစ် ဂုဏ်ပြုခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှာ သူ့နာမည်နဲ့ စကော်လားရှစ် ပရိုဂရမ်တစ်ခု ထူထောင်ပေးခဲ့ပါတယ်။ မာတီနယ်လီ လိုပဲ ထူးချွန်တဲ့ ပနားမားနိုင်ငံက ကျောင်းသား များစွာကို Arkansas တက္ကသိုလ်က မွေးထုတ်ပေးနေပါတယ်။
လက်ရှိအလုပ်။ မာတီနယ်လီ က ၂၀၀၉ ခုနှစ်မှာ ပနားမား သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပါတယ်။ သူ့ရည်မှန်းချက်တွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ များများဝင်လာအောင် စွဲဆောင်ဖို့၊ ပနားမား စီးပွားရေးကို အညီအမျှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့၊ ဒေါ်လာ ၅ ဘီလီယံ အကုန်ကျခံပြီး ပနားမားတူးမြောင်းကို ထပ်ချဲ့ဖို့ တွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ သူ့အစိုးရရဲ့ ဆက်ဆံရေးဟာ အကောင်းဆုံး အခြေအနေမှာ ရှိပါတယ်။

ဘင်ဂူဝါ မူသာရီကာ (Bingu Wa Mutharika)
 ရာထူး။ သမ္မတ၊ မာလာဝီ
ကျောင်း။ Pacific Western University
ဘွဲ့။ Ph.D. in development economics (no date specified)

ပညာရေးဖြတ်သန်းမှု။ မူသာရီကာ ဟာ အိန္ဒိယ ဒေလီတက္ကသိုလ်ကနေ မာစတာဘွဲ့ရရှိခဲ့ပါတယ်။ နောက် ကယ်လီဖောနီးယား အခြေစိုက် Pacific Western တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ ရရှိပါတယ်။ Pacific Wesrtern တက္ကသိုလ် ၀ဘ်ဆိုဒ်မှာ ထူးချွန်တဲ့ ကျောင်းသားအဖြစ် သူ့ကို ဖော်ပြထားခြင်းတော့ မရှိပါဘူး။
လက်ရှိအလုပ်။ ၂၀၀၄ မှာ မာလာဝီ သမ္မတ ရွေးချယ်ခံရပြီး၊ ၂၀၀၉ မှာ ထပ်မံ အရွေးခံရပါတယ်။ မူသာရီကာ ရဲ့ စိုက်ပျိုးရေး အခြေပြု မူဝါဒများနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေက မာလ၀ီကို ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်မှုရှိပေမဲ့၊ အိမ်နီးချင်း ဆူဒန်နိုင်ငံကြောင့် မျက်နှာပျက်ရတာတွေ ရှိပါတယ်။

ယင်းလခ် ရှင်နာဝပ်ထရာ (Yingluck Shinawatra)
ရာထူး။ ၀န်ကြီးချုပ်၊ ထိုင်း
ကျောင်း။ Kentucky State University
ဘွဲ့။ Master's of Public Administration with specialization in management information systems ('91)
ပညာရေးဖြတ်သန်းမှု။ ၁၉၇၀မှာ Eastern Kentucky University ကနေ သူ့အစ်ကို ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် က ရာဇ၀တ်မှုနဲ့ တရားမျှတမှု ဘာသာရပ် မာစတာဘွဲ့ ရရှိပြီး၊ ဆယ့်ငါးနှစ်အကြာမှာ ယင်းလခ် က Kentucky State University ကနေ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မာစာဘွဲ့ကို ရရှိခဲ့ပါတယ်။ သူ့အစ်ကို အဲဒီကျောင်းကို တက်ခိုင်းတာဖြစ်ပါတယ်။
လက်ရှိအလုပ်။ စီးပွားရေးလုပ်ငန်းတွေ ဦးစီးနေရာက ဘာမှနားမလည်တဲ့ နိုင်ငံရေးလောကထဲ သူ့အစ်ကို ပါတီမှ ခေါင်းဆောင် နေရာက ၀င်လာပြီး၊ ၂၀၁၁ ရွေးကောက်ပွဲမှာ ယင်းလခ် အရွေးခံရပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ စည်းရုံးရေးမှာ အရည်အချင်းနဲ့ ကျွမ်းကျင်မှု ပြနိုင်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာပါတယ်။ နိုင်ငံရေးပြဿနာများနေတဲ့ တိုင်းပြည်ကို ညီညွတ်မှုရှိဖို့နဲ့ ကျန်းမာရေး ပညာရေး စီးပွာရေး လုပ်ငန်းတွေ တိုးတက်ဖို့ ကတိက၀တ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်က ထိုင်းရဲ့ ရေဘေး စီမံခန့်ခွဲမှုမှာ အကြီးအကျယ် အဝေဖန်ခံခဲ့ရပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေး အထူးကောင်းမွန်နေပါတယ်။

အက်စ်ဆမ် ရှရဖ် (Essam Sharaf)
ရာထူး။ ၀န်ကြီးချုပ်၊ အီဂျစ်
ကျောင်း။ Purdue University
ဘွဲ့။ Master's in civil engineering ('80); Ph.D. in civil engineering ('84)
ပညာရေးဖြတ်သန်းမှု။ ကိုင်ရိုတက္ကသိုလ် ပညာသင်ယူပြီးနောက်၊ အင်ဒီယားနားပြည်နယ်က Purdue တက္ကသိုလ်မှာ မာစတာနဲ့ ဒေါက်တာဘွဲ့ကို သင်ယူခဲ့ပါတယ်။ အဝေးပြေးလမ်းမ ထိန်းသိမ်းရေး စီမံခန့်ခွဲမှု အင်ဂျင်နီယာပညာကို အထူးပြုလေ့လာပြီး၊ သူ့ စာတမ်းခေါင်းစဉ်က "Energy Conservation and Cost Savings Related to Highway Routine Maintenance: Pavement Maintenance Cost Analysis: Interim Report." ဖြစ်ပါတယ်။ ကျောင်းမှာ ဆရာတွေ ချီးမြှင့်တဲ့ဆုများစွာ ရရှိခဲ့ပါတယ်။
လက်ရှိအလုပ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ သမ္မတမူဘာရခ် ပြုတ်ကျပြီးနောက်၊ အီဂျစ်စစ်တပ်က သူ့ကို ကြားဖြတ်အစိုးရ ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးခဲ့ပါတယ်။ ဆန္ဒပြပွဲအတွင်း ကိုင်ရိုတက္ကသိုလ်ကနေ ဦးဆောင် ဆန္ဒပြခဲ့လို့ လူငယ် တော်လှန်ရေး သမားတွေကြား ရေပန်းစားတဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။ ဒါပေမဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး ကြံ့ကြာနေတဲ့အတွက် အီဂျစ်စစ်တပ်က သူ့အပေါ် လွှမ်းမိုးထားလားဆိုတာ သံသယရှိနေကြပါတယ်။ အိုဘားမား၊ ဟီလာရီ ကလင်တန်တို့နဲ့ တွေ့ဆုံပြီး အမေရိကန် အီဂျစ် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေခဲ့ပါတယ်။


ဆလမ် ဖာယာဒ် (Salam Fayyad)
 ရာထူး။ ၀န်ကြီးချုပ်၊ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့
ကျောင်း။ St. Edward's University; University of Texas at Austin
ဘွဲ့။ Master of Business Administration (St. Edward's, '80); Ph.D. in economics (Texas, '86)
ပညာရေးဖြတ်သန်းမှု။ University of Texas Alumni Association အသင်းအဆိုအရ၊ ဆလမ် ဖာယာဒ် ဟာ အနောက်ဘက် ဂါဇာကမ်းမြှောင်က လာတဲ့ ကျောင်းသားတွေအနက် ပထမဆုံး စီးပွားရေးဘာသာရပ် စိတ်ဝင်စားသူ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ပါလက်စတိုင်း ကျောင်းသားတဦးအနေနဲ့ Texas တက္ကသိုလ်မျိုးမှာ တက်နိုင်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါပေမဲ့ Texas တက္ကသိုလ် ကနေ စီးပွားရေး စီမံခန့်ခွဲမှု မာစတာဘွဲ့ (MBA) ကို ထူးထူးချွန်ချွန် ရရှိခဲ့ပါတယ်။
လက်ရှိအလုပ်။ ၂၀၀၇ မှာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ သမ္မတ မာမွဒ် အဘားစ် က သူ့ကို ပါလက်စတိုင်း ၀န်ကြီးချုပ် ခန့်ခဲ့ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှာ အရာရှိလုပ်ခဲ့ပေမဲ့၊ ဟားမတ်စ် တို့ ဖာတာ တို့လို အစွန်းရောက် အဖွဲ့တွေနဲ့ စေ့စပ်ဆွေးနွေးရာမှာ အခက်အခဲရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၉ မှာ ရာထူးက နှုတ်ထွက်ခဲ့ပြီး၊ မကြာခင် ပြန်ခန့်အပ် ခံရပါတယ်။
ပါလက်စတိုင်း အုပ်စုတွေအကြား ပြည်လည်ရင်ကြားစေ့ရေး မပြေလည်ရင် ရာထူးက နှုတ်ထွက်မယ်လို့ ပြောထားပါတယ်။ သူက ပါလက်စတိုင်း စီးပွားရေးနဲ့ အင်စတီကျူးရှင်းတွေ ထူထောင်ဖို့ ပိုစိတ်ဝင်စားပါတယ်။ ကုလသမဂ္ဂမှာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရေး ကြိုးစားခဲ့ပေမဲ့၊ အမေရိကန်ရဲ့ ကန့်ကွတ်မှုတွေကြောင့် အထမမြောက်ပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂ ညီလာခံမှာ နိုင်ငံအားလုံးက ချီးကျူးခံရတဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။

နဟက်စ် အန်ဂူလာ (Nahas Angula)

ရာထူး။ ၀န်ကြီးချုပ်၊ နမီးဘီးယား
ကျောင်း။ Columbia University
ဘွဲ့။ Two master's degrees in education ('78 and '79)
ပညာရေးဖြတ်သန်းမှု။ အန်ဂူလာ ဟာ ဇမ်ဘီယာ မှာ ပြည်ပြေးဘ၀နဲ့ နေထိုင်နေရစဉ်၊ နှစ်နိုင်ငံ နယ်စပ်မှာ ကျောင်းတစ်ကျောင်း ထောင်ခဲ့ပါတယ်။ အဲဒီကနေ ၁၉၇၆ မှာ ကိုလံဘီယာတက္ကသိုလ်က ဆရာဖြစ်သင် ကောလိပ်ကို သွားရောက်တက်ခဲ့ပါတယ်။ ပညာရေး ဒေါက်တာဘွဲ့ လေ့လာနေစဉ်၊ တောင်အာဖရိက အောက်က နမီးဘီးယားနိုင်ငံ ခွဲထွက်ရေး ကူညီဖို့ ပြန်လာခဲ့ပါတယ်။ ကိုလံဘီယာ ဆရာဖြစ်သင်ကောလိပ်က သူတို့ရဲ့ ထူးချွန်တဲ့ ကျောင်းသား ဒေါက်တာဘွဲ့ မပြီးခင် ပြန်သွားတာကို နှမျှော်မဆုံး  ဖြစ်ခဲ့ပါတယ်။
လက်ရှိအလုပ်။ ၁၉၉၀ မှာ လွတ်လပ်ရေးရပြီးစ နမီးဘီးယားနိုင်ငံရဲ့ ပညာရေးဝန်ကြီး ခန့်အပ်ခံရပါတယ်။ ၂၀၀၅ မှာ ၀န်ကြီးချုပ် ဖြစ်လာပါတယ်။ အမေရိကန်နဲ့ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ပါတယ်။

ဂျွန်ဆင် တိုရီဘိုင်အွန်  (Johnson Toribiong)



ရာထူး။ သမ္မတ၊ ပါလိုး
ကျောင်း။ University of Washington
ဘွဲ့။ Two law degrees -- Juris Doctor ('72) and Master of Laws ('73)
ပညာရေးဖြတ်သန်းမှု။ တိုရီဘိုင်အွန် မှာ ငယ်စဉ်ကတည်းကပင် အမေရိကန်တွေနှင့် အဆက်အဆံရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ဂျပန်လက်အောက်ကနေ ပါလိုး  ပိစိတ်ဖိတ်ကျွန်းလေးကို အမေရိကန်က လွတ်လပ်ရေးရယူပေးပြီးနောက်၊ ၀ါရှင်တန်မှာ သူ ပညာသင်ကြားခဲ့ပါတယ်။ ၀ါရှင်တန် တက္ကသိုလ် ဥပဒေကျောင်းမှာ ထူးချွန်တဲ့ကျောင်းသား စာရင်းဝင်ခဲ့ပြီး၊ ပိစိတ်ဖိတ်ကျွန်း နိုင်ငံလေးတွေက လာတဲ့ ကျောင်းသားတွေနဲ့ အသင်းအဖွဲ့တွေ ထူထောင်ခဲ့ပါတယ်။
လက်ရှိအလုပ်။ ရှေ့နေဖြစ်ပြီး၊ ၂၀၀၈ မှာ သမ္မတအဖြစ် အရွေးခံရပါတယ်။ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ ကတိက၀တ် ပေးထားပြီး၊ အဂတိလိုက်စားမှုကို သုတ်သင်ဖယ်ရှားနေပါတယ်။ ၁၉၉၄ ခုနှစ် ပါလိုးကျွန်းနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်နေပါတယ်။ ဒါပေမဲ့ အမေရိကန် အပေါ် မှီခိုမှု လျှော့ချဖို့ သူ ဆုံးဖြတ်လုပ်ကိုင်နေပါတယ်။
ဝင့်ထန်း