Monday, August 20, 2012

၂၀၁၃ တွင် ခေါက်သိမ်းနိုင်သည့် ကားမျိုး ရောင်းချတော့မည်

သုတေသန ပညာရှင်များမှာ နေရာကျဉ်းကျဉ်းထဲတွင် ပုံစံချပြီး ခေါက်ထားနိုင်မည့် လူနှစ်ဦးစီး လျှပ်စစ် မော်တော်ကား တစ်မျိုးကို ဒီဇိုင်းထွင်ထုတ်လုပ်လိုက်ပြီ ဖြစ်ကာ ကားမောင်းသူများ အနေဖြင့် ကားပါကင် အခက်အခဲမှ ကင်းဝေးစေမည် ဖြစ်ကြောင်း
 ပြောကြားလိုက်သည်။
 အဆိုပါ ကားကို MIT ၏ Changing Places  အုပ်စုနှင့် စပိန် နိုင်ငံ Basque ရှိ ဖွံ့ဖြိုးရေး အေဂျင်စီ ဖြစ်သည့် DENOKINN တို့မှ ပူးပေါင်း ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အဆိုပါ ကားကို Hiriko Fold ဟု အမည်ပေးထားပြီး သဘာဝ ပတ်ဝန်းကျင်နှင့် လျော်ညီအောင် ထုတ်လုပ်ထားသည့် အပြင် အားတစ်ကြိမ် သွင်းထားပါက ၇၅ မိုင် အထိ မောင်းနှင်နိုင်ကြောင်းလည်း သိရသည်။ ယခုကားမှာ အလွန်ပင် ဝန်ကျဉ်းပြီး မြို့ပြမော်တော်ယာဉ် ကဏ္ဍအတွက် အထူး တီထွင်ထားခြင်းလည်း ဖြစ်သည်။ ယခုကား၏ ရှေးပြေး ပုံစံကို ဥရောပတွင် စတင် စမ်းသပ်နေပြီ ဖြစ်ကာ လာမည့် ၂၀၁၃ တွင် ဒေါ်လာ ၁၆၀၀၀ ခန့်ဖြင့် ရောင်းချနိုင်ရန် လျာထားကြောင်းလည်း သိရသည်။
ထိုကားပုံစံကိုတည်ထွင်သည့် ပညာရှင်များက ၄င်းတို့ကားသည် ဘာလင်မြို့ ၊ ဆန်ဖရန်စစ်စကိုမြို့ နှင့် ဘာစီလိုနာမြို့တို့တွင် ပေါ်ပြူလာဖြစ်လိမ့်မည်ဟု သုံးသပ်ထားကြသည်။
ref : stufftotweet


No comments:

Post a Comment