Wednesday, December 19, 2012

မဟောင်တတ်သောခွေး (Basenji)



ခွေးဆိုရင် ဟောင်တတ်တယ်လို့ပဲ လူသိများပေမယ့် လုံးဝ မဟောင်တတ် တဲ့ ခွေးမျိုးလည်း ရှိပါတယ်။ အာဖရိက အလယ်ပိုင်းမှာ ပေါက်ဖွားတဲ့ အမဲ လိုက်ခွေး Basenji ဖြစ်ပါတယ်။

ဟောင်သံအစား အခြား တိုးတိုးလျလျ အသံသာထွက်ပါတယ်။ ကွန်ဂို နိုင်ငံ မှာ ပိုအတွေ့များ ပါတယ်။ အမဲလိုက်ခွေး ဆိုပေမယ့် အိမ်မွေးခွေးအဖြစ် အင်္ဂလန်၊ အမေရိကန်တို့လို နိုင်ငံက ဈေးကြီးပေး မွေးပါတယ်။ အနံ့ခံ လည်း ကောင်းတဲ့အတွက် ထော...က်လှမ်းရေးတွေမှာလည်း အသုံးပြု တတ် ပါတယ်။

အရောင်ကတော့ ပုံမှာ မြင်တွေ့ရတဲ့ အရောင်အပြင် အနက်ရောင်ကွက်ကြား နဲ့လည်း ရှိပါသေးတယ်။ ကမ္ဘာပေါ်မှာ မဟောင်တတ်တဲ့ ခွေးမို့လို့ Basenji ကို လူသိများပါတယ်။
--
Ref:wiki

http://www.innewsmyanmar.com မှတစ်ဆင့် ပြန်လည်မျှဝေပါသည်။

No comments:

Post a Comment