Monday, June 18, 2012

တင့်ကားကြီးစီးပြီး မင်္ဂလာဆောင်သွားကြမယ်

ကဲ....ဒီတစ်ခါတော့ မင်္ဂလာဆောင်ကြမယ့် သတို့သား သတို့သမီး တို့  တင့်ကားကြီးစီးပြီး မင်္ဂလာဆောင်ကို သွားဖို့ အတွက် မင်္ဂလာဆောင် ဇိမ်ခံတင့်ကားကြီးကို ငှားရမ်းပေးတဲ့ ကုမ္ပဏီ ရှိတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်.... သူများနဲ့မတူအောင် ထူးထူးခြားခြားမင်္ဂလာဆောင်ချင်သူများအတွက် အထူးအပြင်အဆင်တွေနဲ့ အလှဆင်ထားပါတယ်....အဲဒါကြီးစီးပြီး မင်္ဂလာဆောင်ပွဲကို သွားတော့ လူရှိန်တာပေါ့.... ငှားရမ်းလို့ ရတဲ့ နေရာကတော့ အင်္ဂလန်မှာတဲ့ဗျား :D









Thursday, June 14, 2012

အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်နိုင်ပြီ ....

ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ http://www.myordbok.com မှာ တိုက်ရိုက် ဘာသာ ၀င်ပြန်နိုင်ပါတယ်။

ကိုယ်သိချင်တဲ့ ဘာသာ စကားကို အောက်မှာ ရွေးပြီး နှိပ်လိုက် တာနဲ့ တစ်ခါတည်း ဝက်ဆိုက်ကို ရောက်သွားမှာပါ။ ဝက်ဆိုက်မှာ ကိုယ်ရေးချင်တာရေးပြီး ဘာသာ ပြန်နိုင် ပါတယ်။ တစ်ခု ကောင်းတာက အသံထွက် လေးပါ ထည့်ပေးထားပါတယ်။ ကိုယ်သိချင်တာ ရေးပြီး Go ကိုနှိပ်လိုက်ယုံနဲ့ အသံထွက်လေးပါ နားထောင်ရမှာပါ။ အွန်လိုင်းမှာ လေ့ကျင့်နိုင်ပါတယ်။

ဒါနဲ့ ထပ်ပြောရဦးမယ် အွန်လိုင်းမှာ ဘာသာမပြန်ချင်ဘူး အင်တာနက်လိုင်း မသုံးချင်သူတွေ အတွက် ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ထည့်သုံးလို့ ရအောင် အခုဆော့ဝဲလ် လည်းထွက်နေပါပြီ။
လိုချင်ရင် အောက်မှာ တစ်ခါတည်း သာ ဒေါင်းသွားပါဗျာ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သတင်း ကောင်းလေး ပေးပါတယ်ဗျာ။


ဒီနေရာ လေးမှာလည်း ဝင်ရောက် လေ့လာနိုင်ပါပြီ။ ကိုယ့်စက်ထဲမှာ သုံးချင်တဲ့ မိတ်ဆွေများအတွက် ဒီမှာ တိုက်ရိုက် ရယူပါ။ ဆော့ဝဲလ် လေးက 1.53 MB လေးပဲ ရှိပါတယ်။ လက်ဆောင် ယူထားလိုက်ပါ။ အသုံးဝင်မယ်လို့ ထင်ပါတယ်။
အဆင်ပြေကြပါစေဗျာ။
 @ nayzawlin

Sunday, June 10, 2012

Discovery အာကာသလွန်းပျံယာဉ်အား ကနေဒီအာကာသစခန်းမှ ဝါရှင်တန်ဒီစီသို့ သယ်ဆောင်ခြင်း

အာကာသခရီးစဉ်များ ပျံသန်းခြင်းမှ အနားပေးလိုက်ပြီဖြစ်သည့် NASA အဖွဲ့၏ Discovery အာကာသလွန်းပျံယာဉ်အား အင်္ဂါနေ့တွင် ကနေဒီအာကာသစခန်းမှ ဝါရှင်တန်ဒီစီသို့ အထူးပြုလုပ်ထားသည့် လေယာဉ်ကြီးပေါ်တွင်ထပ်လျက် သယ်ဆောင်ပျံသန်းခဲ့သည်။ Discovery အာကာသလွန်းပျံယာဉ်အား ဝါရှင်တန်ရှိ Smithsonian National Air and Space Museum တွင် ထားရှိပြသသွားမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြသည်။ Discovery သည် NASA အဖွဲ့၏ အာကာသ လွန်းပျံယာဉ်များအနက် သက်တမ်းအကြာဆုံးနှင့် အာကာသခရီးစဉ် ပျံသန်းမှု အများဆုံးဖြစ်သည်။ Discovery သည် အနားမပေးမီ ကာလအတွင်း အာကာသခရီးစဉ် ၃၉ ကြိမ် ပျံသန်းခဲ့ကြောင်း သိရှိရသည်။










  @ mdsng

Wednesday, May 30, 2012

ယခင် တိုက်ခိုက်ရေး နည်းဗျူဟာများ

Who, me? ဟာ ထိပ်တန်းလျို့ဝှက်တဲ့ ကန့် အနံ့ လက်နက်တစ်မျိုးဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန် နည်းဗျူဟာ ရုံးမှ ဂျာမန် အရာရှိတွေကို ရှင်းဖို့ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ အထုတ်ဖြင့်ထုတ်ပိုးထားနိုင်ပြီး အလွန်ပြင်ထန်သော မစင်အနံ့ နံပြီး ဒီအနံ့ပြန့်နှံခြင်းကို ထိန်းချူပ်နိုင်ဖို့လိုပါတယ်။ ဒီအနံ့ဟာ အလွန်ဖျောက်ဖျက်ရခက်ပြီး တိုက်ခိုက်ခံလိုက်ရတဲ့ လူတစ်ယောက်ဟာ ဆိုရင် နှစ်ပါတ်ကြာပြီးအချိန်မှာတော့ အလိုလိုနေပြီး ဝမ်းနည်းကာ စိတ်ဓါတ်ကျဆင်းလာပြီး နောက်ဆုံး မှာ ကိုယ်ကို အဆုံးစီရင်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒီပစ္စည်းကိုတော့ အမှိုက်ပုံးထဲမှာထည့်ထားခြင်း၊ လမ်းကြားများမှာလွှင့်ပစ်ခဲ့ခြင်း တို့ဖြင့် ဖြန့်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီအကြံဥာဏ်ကို တင်ပြသူကတော့ Pam Dalton ဆိုတဲ့ ဓါတု အနံ့ ဌာနက ပုဂ္ဂိုလ် တစ်ဦးဘဲဖြစ်ပါတယ်။

Anti-tank dogs ဆိုတဲ့တိုက်ခိုက်နည်းကတော့ အားလုံးသိထားကြတဲ့အတိုင်း ခွေးမှာ ဗုံး/မိုင်း များကို တပ်ဆင်ပြီး တိုက်ခိုက် တဲ့နည်းဘဲဖြစ်ပါတယ်။ တင့်ကားများ၊ လက်နက်တင်လာတဲ့ကားများ နှင့်မိမိတိုက်ခိုက်လိုတဲ့ ကားများကို လေ့ကျင့် သင်ကြားပေးထားတယ် ခွေးများကို ဆာလောင်အောင်ပြုလုပ်ပြီး တိုက်ခိုက် ပျက်စီးစေတာဖြစ်ပါတယ်။ ဒီခွေးတွေကတော့ ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက် ပြည်ထောင်စုက ဂျာမဏီ တင့်ကားတွေကို တိုက်ခိုက်ဖျက်စီးဖို့ အတွက် သီးသန့်မွေးထားခဲ့တဲ့ ခွေးတွေဘဲဖြစ်ပါတယ်။ ခွေးတွေကို ရက်တော်တော်များများ အစာမကျွေးဘဲ အငတ်ထားကာ ပြီးနောက်မှာ တင့်ကားတွေ အောက်မှာ
အစာထားပြီး ရှာတတ်အောင်လေ့ကျင့်ပေးခဲ့ခြင့်ဖြစ်ပါတယ်။ တကယ့်စစ်မြေပြင်မှာတော့ တင့်ကားအောက်မှာ အစာခြ လေ့ကျင့်ပေးထားတဲ့ခွေးကို အငတ်ထား ဆာလောင်အောင်ပြုလုပ်ပြီး လုပ်ပြီး ဗုံးတပ်လွတ်ပေးလိုက်ခြင်းဘဲဖြစ်ပါတယ်။ ဒီနည်းဖြင့် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟာ ဂျာမဏီ သံချပ်ကာတင့်ကားပေါင်း အစင်းရေ ၃ဝဝ ကျော်ကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ဒီခွေးတွေနဲ့ နာဇီတွေကို ကောင်းကောင်း ဆုံးမပြီး ပြဿနာတက်စေခဲ့တာပါဘဲ။ အဲ့ဒီနောက်မှာတော့ ဂျာမန် စစ်သားတိုင်းကို တွေ့သမျှခွေးအကုန်ပစ်သတ်ဖို့အမိန့်ထုတ်ခဲ့သိလို တင့်ကားရဲ့ အပေါ်ဖက်မှာ
 ပြေးလာတဲ့ခွေးတွေကို မီးစ နဲ့ပစ်ပြီး ရပ်တန့်သွားအောင် ခြောက်လှန့် ခဲ့ရပါတယ်။ ဒီနည်းဟာ တော်တော်လေးအောင်မြင်ပေမဲ့ တချို့ခွေးတွေကတော့ မရပါဘူး။ ဒီနည်းကို ဆိုဗီယက်ပြည်ထောင်စု ရုရှားဟာ ၁၉၉၆ ခုနှစ် ဇွန်လမှ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

Sunday, May 20, 2012

ဦးခေါင်းနောက် ကင်မရာတပ်ထားတဲ့ ပရောဖက်ဆာ

ကျောင်းသားအချို့က နောက်ကြသည်။ သူတို့ ဆရာရဲ့ ဦးခေါင်းနောက်ဖက်မှာ မျက်လုံးတွေ ရှိနေသည်ဟု။ နယူးယောခ့်မှ ပရော်ဖက်ဆာ ဆိတ်ဖွားတစ်ယောက် ကလည်း ထိုအတိုင်းဖြစ်နေသည်။
သူ့ခေါင်းနောက်ဖက် တည့်တည့်တွင် ကင်မရာ သေးသေးတစ်ခု ခွဲစိတ်တပ်ထားသည်။
နယူးယော့ခ် တက္ကသိုလ် Tisch အနုပညာကျောင်းမှ အီရတ်နိုင်ငံဖွား ဓါတ်ပုံပါမောက္ခ Wafaa Bilal ဆိုသူမှာ သူ့လုပ်ငန်းတွေ ပိုမိုမြန်ဆန်စေဖို့အတွက်
အားလုံးကို မှတ်တမ်းတင်နိုင်မယ့် ကင်မရာငယ် တပ်ဆင်ထားရသည်။ ကာတာနိုင်ငံ ဒိုဟာမြို့ပြတိုက်မှ အနုပညာပရောဂျက်တစ်ခုအတွက် အလုပ်မအားလပ်အောင် လုပ်နိုင်ဖို့ ဦးခေါင်းနောက်တွင် ကင်မရာ တပ်ဆင်ထားခြင်း ဖြစ်သည်။
သူ့ပရော့ဂျက်  နေ့စဉ်လှုပ်ရှားမှုများအတွက် တစ်မိနစ် ဓါတ်ပုံပေါင်းများစွာ ရိုက်ယူထားနိုင်ပြီး၊ ဦးခေါင်းတွင် တစ်နှစ်တာ ခွဲစိတ်တပ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ရိုက်ကူးထားသော ရုပ်ပုံများကို ချက်ချင်း အာရပ်အနုပညာပြတိုက်ရှိ ကွန်ပျူတာများသို့ ချက်ချင်း လှမ်းပို့ပေးနိုင်သည်ဟု ဆိုသည်။ လက်မအရွယ်အစားရှိ ကင်မရာကို တိုင်တေနီယံပြားပေါ်ကပ်ထားပြီး ဦးခေါင်း အပေါ်ယံလွှာထဲ ထည့်ထားခြင်းဖြစ်သည်။

Video ကြည့်ချင်သူများ ဒီကို Click လုပ်ပါ။
@ မောက္ခ