Monday, November 19, 2012

iPhoneနှင့် iPad များဖြင့် ထိန်းချုပ် နိုင်မည့် iBulb မီးသီးများ

ကမ္ဘာကျော် နည်းပညာ ပါရဂူ Apple က iPhone နှင့် iPad များဖြင့် စိတ်တိုင်းကျ
ထိန်းချုပ်နိုင်မည့် LED iBulb မီးသီးများကို စတင် တီထွင်နေပြီ ဖြစ်သည်။

ယင်းမီးသီးများ၏ ထူးခြားချက်မှာ အဝေးတစ်နေရာမှ iPhone နှင့် iPad များကို အသုံးပြု၍ ဖွင့်နိုင်၊ ပိတ်နိုင်ရုံမျှမက မီးအလင်းအမှောင်ကိုလည်း လိုသလို ထိန်းချုပ်နိုင်သည်။
ထို့ပြင် ယင်း iBulb မီးသီးများက ကြိုးမဲ့ကွန်ရက်စနစ်ဖြင့် Wi-Fi ချိတ်ဆက်နိုင်ပြီး iPhone နှင့် iPad များမှာ သုံးစွဲထားသည့် iBulb Application များကလည်း ဘယ်အချိန်မှာ မီးဖွင့်ရမည် ပိတ်ရမည်ဆိုသည်ကို စိတ်တိုင်းကျ Program များရေးဆွဲပြီး အလိုအလျောက် စေခိုင်းနိုင်သည်။ ယင်း iBulb မီးသီးများ၏ တန်ဖိုးမှာ စတာလင်ပေါင် ၁၀၀ ကျော်မျှ ကျသင့်မည်ဟု Apple Store မှ သိရသည်။
 @ ရိုးရာလေး

Tuesday, November 13, 2012

ထူးခြားတဲ့ စိတ်ကူးလေးနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ရေပေါ်အိမ်ကလေး

ပတ်ဝန်းကျင်အလှအပ ခံစားမလား။
ငါးမျှားမလား။
စိတ်အပန်းဖြေမလား။
ပတ်ဝန်းကျင်အနီးအနားမှာရှိတဲ့ မိတ်ဆွေဆီကို အလည်အပတ်သွားမလား။
ထူးခြားတဲ့ စိတ်ကူးလေးနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ရေပေါ်အိမ်ကလေးပါ။

1


Tuesday, November 6, 2012

ရှေးခေတ်ဘုရင်တို့ရဲ့ ရာဇပလ္လင်အကြောင်းသိကောင်းစရာ

Outline of a Burmese throne c. Konbaung
  • (၁) သီဟာသန ပလ္လင်-ခြင်္သေ့ရုပ်ခံ၍ ယမနေသားဖြင့် ထုလုပ်ပြီးနန်းဦးပြဿဒ်ဆောင်နှင့် လွှတ်တော်၌ ထားရှိ 
  • (၂) ဘမယာသန ပလ္လင်-ပိတုန်းရုပ်ခံ၍ ကရဝေးသားဖြင့် ထုလုပ်ပြီးမှန်နန်းဆောင် (စက်တော်ခေါ်သည့်နေရာ) ၌ ထားရှိ 
  • (၃) ပဒုမာသန ပလ္လင်-ပဒုမ္မာကြာပွင့်ခံ၍ သရက်သားဖြင့် ထုလုပ်ပြီး အနောက်ဇေတ၀န်ဆောင် (မင်းတို့ကန်တော့ခံရန် နေရာ)၌ ထားရှိ 
  • (၄) ဟံသာသန ပလ္လင်-ဟသာင်္ရုပ်ခံ၍ သင်္ကန်းသားဖြင့် ထုလုပ်ပြီး အရှေ့ဇေတ၀န်ဆောင် (မင်းတို့ဝတ်ပြုရန်နေရာ)၌ ထားရှိ 
  • (၅) ဂဇာသန ပလ္လင်-ဆင်ရုပ်ခံ၍ စကားသားဖြင့် ထုလုပ်ပြီး ဗြဲတိုက်ဆောင် (မင်းတို့လက်ဆောင်ခံယူရာနေရာ)၌ ထားရှိ 
  • (၆) သခါင်္သန ပလ္လင်-ခရုသင်းရုပ်ခံ၍ တောင်ပိန္နဲသားဖြင့် ထုလုပ်ပြီး လေသာဆောင် (တရားစီရင်ရာနေရာ)၌ ထားရှိ 
  • (၇) မိဂါသန ပလ္လင်-သမင်ရုပ်ခံ၍ ရေသဖန်းသားဖြင့် ထုလုပ်ပြီး တောင်စမုတ်ဆောင် (မင်းတို့အလှူတော်ရေစက်ချရာ
  • နေရာ)၌ ထားရှိ 
  • (၈) မယုရာသန ပလ္လင်-ဥဒေါင်းရုပ်ခံ၍ ပေါက်သားဖြင့် ထုလုပ်ပြီး မြောက်စမုတ်ဆောင် (ကန်တော့ပန်းသိမ်းရာနေရာ)၌ ထားရှိ  
 The Royal Throne of Myanmar
 ပလ္လင်တွင်ပါရှိသောအစိတ်အပိုင်း
များမှာ-
  • (၁) ခြင်္သေ့
  • (၂) ဆင်ပျံ
  • (၃) လောကနတ်
  • (၄) ဒေါင်းမြီးယပ်
  • (၅) ဆင်နား
  • (၆) တံခါးတိုင်
  • (၇) သိကြား
  • (၈) ကိန္နရာ
  • (၉) သမ္မာဒေဝ
  • (၁၀) ခြူး
  • (၁၁) ကြာ
  • (၁၂) ဦးဆောက်ပန်း
ဟူ၍ (၁၂) နေရာပါရှိသည်။
A Close Look at Thihayana Throne, Myanmar Photo by Myanmar Tourex Travels
Old Painting by Royal artist Saya Chone showing the Royal Audience Scence
 ဒီအကြောင်းအရာကို မေးလ်ထဲမှရရှိပြီး တစ်ဆင့်ပြန်လည်ဝေမျှလိုက်သည်။