Wednesday, March 28, 2012

ခန္ဓာကိုယ် တစ်ပိုင်းပြတ် လူသား

ဂျွန် နဲ့ သူ့အမွှာညီအစ်ကို ရောဘတ်
၁၉၁၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ အမ်မီလီယာ နဲ့ ဂျွန် အက်ဟတ် တို.
ဇနီးမောင်နှံဟာ ဂျွန်ဂျူနီယာ နဲ့ ရောဘတ် လို.ခေါ်တဲ့ သားအမွှာနှစ်ဦး
 မွေးဖွားခဲ့ပါတယ်။
ဂျွန်ဂျူနီယာမှာသာ ခါးအောက်ပိုင်းအစိတ်အပိုင်းတွေ ပါဝင်ခဲ့မယ်ဆိုရင် ဒီအမွှာညီအစ်ကိုနှစ်ယောက်ဟာ အတော်လေးဆင်တူမှာ ဖြစ်ပါတယ် ။ ခုတော့ ရောဘတ် မှာ ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာရှိခဲ့ပေမဲ့ ဂျွန်ဂျူနီယာကတော့ ကိုယ်တစ်ပိုင်းပြတ် ကလေးငယ်လေးအဖြစ်နဲ့သာမွေးဖွားခဲ့ရပါတယ် ။ ဒီညီအစ်ကိုနှစ်ယောက်ဟာ ဘဲတီမိုးမှာကြီးပြင်းခဲ့ ကြပါတယ် ။
ဂျွန် ဟာ သူ့ရဲ့အားနည်းချက်တွေကို မယုံကြည်နိုင်စရာ ကောင်းလောက်အောင်
အံတုနိုင်ခဲ့ပါတယ်။ အသက်တစ်နှစ်သားလောက်မှာ သူ.အစ်ကိုရောဘတ်က မတ်တပ်ရပ်ဖို. အနိုင်နိုင်ဖြစ်နေတဲ့အချိန် ဂျွန် က သူ့လက်တွေကို အသုံးချပြီး လမ်းလျောက်နေပါပြီ ။
ဂျွန် ကပိုပြီး လျှင်မြန်စွာ ဖွံ့ဖြိုးလာပြီး သူ့ရဲ့ လျှင်မြန်ဖြတ်လတ်မှု နဲ့ အမှီအခိုကင်းမှုတွေဟာ
သူ့မိသားစုနဲ့ သူငယ်ချင်းများကို အလွန်အံ့အားသင့်စေပါတယ် ။
၁၉၂၃ ခုနှစ် ရဲ့ တစ်ရက်မှာ သူတို.မြို့က ဘုရားကျောင်းမှာ မျက်လှည့်ပွဲတစ်ခုလုပ်ခဲ့တယ် ။ အဲဒီမှာ မျက်လှည့်ဆရာက ပရိတ်သတ်ထဲက ၀င်ရောက်ကူညီပေးနိုင်မဲ့သူကို ဖိတ်ခေါ်တဲ့အခါ ဂျွန်ဟာ တိရိစ္ဆာန်တစ်ကောင်လို လျှင်မြန်ဖြတ်လတ်စွာ စင်ပေါ်တက်သွားတော့ မျက်လှည့်ဆရာ ဂျွန် မက်အတ်စ်လန် ခမျာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။မျက်လှည့်ဆရာ မက်အတ်စ်လန် ဟာ ဂျွန်ကိုမြင်တော့ အကျိုးအမြတ်ကြီးကြီးမားမား ရနိုင်တာကို တွေးမိပြီးသူ.မိသားစုကျေနပ်လောက်အောင်
 ပေးကမ်းပြောဆိုပြီး ဂျွန် နဲ့ ရောဘတ်တို. ညီအစ်ကိုနှစ်ဦးလုံးကို တစ်နှစ်စာချုပ်နဲ့ မျက်လှည့်ပြပွဲမှာ
 ခေါ်ဆောင်သွားခဲ့တယ် ။ ဒါပေမဲ့ လူလိမ်တစ်ဦးဖြစ်တဲ့ မက်အတ်စ်လန်ဟာ နောက်ပိုင်းတွင်
စာချုပ်မှာ ၁ နောက်က သုညတစ်လုံးထပ်ထည့်ပြီး ၁၀ နှစ်စာချုပ် ဖြစ်အောင်လုပ်ခဲ့ပါတယ်
ဒီလိုလိမ်လည်အနိုင်ကျင့်မှုနဲ့ကြုံခဲ့ရသော်လည်း သူတို.ညီအစ်ကိုနှစ်ဦးဟာ မျက်လှည့်
ပြပွဲတွေနဲ့ ပျော်ရွင်နေခဲ့ကြပါတယ် ။လူတိုင်းကို အ့သြတုန်လှုပ်သွားစေတဲ့ ပြပွဲတွေကို သူတို.
ညီအစ်ကိုနှစ်ယောက် ပါဝင်ပြသနိုင်ခဲ့တယ်လေ။ ဘယ်လိုပြသ သလဲဆိုတော့ …
မျက်လှည့်အဖွဲ့မှ အိပ်မွေ့ချဆရာကြီး ရာဂျာေ၇ဘွိုက် က ပရိတ်သတ်ထဲမှ ကူညီပေးနိုင်မဲ့သူ
အဖြစ်ရောဘတ်ကို လက်ညှိုးထိုး ဖိတ်ခေါ်တယ်။ ဒီအခါ ပရိတ်သတ်အဖြစ် ဟန်ဆောင်
ထိုင်နေတဲ့ ရောဘတ်က ကူညီဖို. စင်ပေါ်တက်သွားတယ်။ အိပ်မွေ့ချဆရာကြီးက
ရောဘတ်ကို အိပ်မွေ့ချပြီး
ဗီရိုတစ်ခုထဲ ထည့်လိုက်တယ် ။ ဒီသေတ္တာထဲမှာ ရောဘတ်ဟာ
ဂျွန်နဲ့ လျို့ဝှက်လျှင်မြန်စွာ လူစားလဲလိုက်တယ် ။ဂျွန်တစ်ယောက်ထဲတော့ မဟုတ်ဘူးဗျ ။
ဂျွန်က လူပုလေးတစ်ယောက်ရဲ့ ခေါင်းပေါ်မှာတက်နေပြီး ၊ အောက်က လူပုလေးရဲ့ ခေါင်းကို
လူမမြင်အောင် ဖုံးအုပ်ဖို့ ကုတ်အင်္ကျီခပ်ရှည်ရှည်ကို ၀တ်ဆင်ထားသေးတယ် ။ ဒီနောက်မှာ ဓါးသမားတစ်ဦးက (ပရိတ်သတ်အမြင်မှာ) ရောဘတ် ရဲ့ ခါးလယ်ကနေ ဓါးနဲ့ပိုင်းဖြတ်
လိုက်တယ် ။ ပြီးတော့ ဗီရိုကို ဖွင့်လိုက်တော့ ကိုယ်တစ်ပိုင်းပြတ်နေတဲ့ ဂျွန် က သူ့ရဲ့
ခြေထောက်တွေကို စင်ပေါ်မှာ လိုက်လံဖမ်းဆီးနေပါတော့တယ် … ပရိတ်သတ်တွေဆီက လက်ခုပ်သြဘာသံတွေ ဆူညံသွားတဲ့အခါကျမှ အိပ်မွေ့ချဆရာကြီး ရေဘွိုက် က ပြတ်နေတဲ့ ခန္ဒာကိုယ်ကို ပြန်ဆက်ပေးလိုက်တယ် ။ ပိုပြီး အသက်ဝင်စေရန် Volunteer အဖြစ်
လုပ်ဆောင်တဲ့ ရောဘတ်က အိပ်မွေ့ချဆရာကြီးကို တရားစွဲမယ်လို. ခြမ်းခြောက်ရတာပေါ့။
ဒီ ပြကွက်ဟာ စိတ်ဝင်စားဖွယ် ရယ်စရာပြကွက်တစ်ခုအဖြစ်သာ ရည်ရွယ်ပြသခဲ့တာဖြစ်ပေမဲ့ ပရိတ်သတ်အများစုဟာ အမှန်တကယ် ကြောက်ရွံ့တုန်လှုပ်ခဲ့ကြပါတယ် ။ ဒီပြကွက်ကို
ကြည့်ပြီး သတိလစ်မေ့မျောသွားတာလည်း ခဏခဏ ဖြစ်လေ့၇ှိပါတယ် ။

မျက်လှည့်ဆရာကြီး ရာဂျာ ရေဘွိုက် နဲ့ ဂျွန်


   ဂျွန်ဟာ သူ့ရဲ့ကိုယ်ပိုင် အရည်အချင်းနဲ့ ဆပ်ကပ်ဖျော်ဖြေရေးသမားအဖြစ်လည်း လူတွေ
အပေါ်ဆွဲဆောင်နိုင်ခဲ့ပါတယ် ။ သူဟာ ကျွမ်းကျင်တဲ့ ကျွမ်းဘားသမား၊ တောရိုင်းတိရိစ္ဆာန်များကို ထိန်းကျောင်းပြနိုင်သူတစ်ဦးအဖြစ် လူသိများခဲ့ပါတယ်။ အပြေးပြိုင်ပွဲတွေမှာလည်း
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် ခြေထောက်မဲ့ အပြေးသမားအဖြစ် ထင်ရှားခဲ့ပါတယ် ။

        ပြပွဲတွေမရှိတဲ့အခါမှာ သူတို. ဘဲလ်တီမိုးမြို.က သံစုံသီးဝိုင်းမှာ ၀င်ရောက် တီးခတ်
လေ့၇ှိသလို သူဟာအလွန် ထူးချွန်တဲ့ ပန်းချီဆရာတစ်ယောက်လည်းဖြစ်ပါတယ် တဲ့ …
ထရော်လာဂျီလည်း မောင်းတတ်တဲ့ ဂျွန်

ဂျွန်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ကား
 ၁၉၃၂ခုနှစ်မှာတော့ ဂျွန်ဟာ လူထူးလူဆန်း ဗီဒီယိုပြကွက်တွေမှာ ၀င်ရောက်ရိုက်ကူးခဲ့ပါတယ် ။ သူဟာ တာဇံသုံးယောက် ဇါတ်ကားမှာဝင်ရောက် သရုပ်ဆောင်ခွင့်ရတာကိုလည်း အလွန်ဂုဏ်ယူခဲ့ပါတယ် ။ ဒီရုပ်ရှင်ရိုက်ကူးအပြီးမှာ ဂျွန်တို. ညီအစ်ကိုနှစ်ဦးဟာ ဆပ်ကပ်ပြပွဲတွေကနေ အနားယူခဲ့ပါတယ် ။ ဂျွန် ဟာ အလွန်ထူးချွန်တဲ့ အံ့ဖွယ်လူသားတစ်ဦးဖြစ်ပါတယ် ။သူ့ရဲ့ မွေးရာပါ ခန္ဓာကိုယ်ချွတ်ယွင်းမှုကို ဘယ်တုန်းကမှ မရှက်ရွံ့ခဲ့သလို ထိုချွတ်ယွင်းမှုကိုလည်း ကောင်းစွာရင်ဆိုင်ကျော်လွားနိုင်ခဲ့ပါတယ်။
သူဟာ လူတစ်ဦးရဲ့ အပေါ်ယံသွင်ပြင် တစ်ခုတည်းကိုကြည့်ပြီး အကောင်းအဆိုး မဆုံးဖြတ်တဲ့
လူတွေကို ချစ်ခင်စွာ ပေါင်းသင်းဆက်ဆံပါတယ် ။

သို.ပေမဲ့လည်း ၁၉၈၇ ခုနှစ်မှာတော့ သူနေထိုင်ရာအိမ်ကို ဓါးပြအဖွဲ့တွေဝင်ရောက်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ဒီအချိန်ကစပြီး လူသားတွေရဲ့ ရိုးသားမှုအပေါ် စိတ်ပျက်သွားခဲ့တဲ့ အဘိုးအိုကြီး ဂျွန် ဟာ ကျန်တဲ့ သက်တမ်းတစ်လျောက်လုံး သူ့အိမ်ထဲမှာတစ်ဦးတည်းနေထိုင်ရင် ကုန်ဆုံးခဲ့ပါတယ် ။ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့မှာ ကိုယ်တစ်ပိုင်းပြတ်လူသား ဂျွန် ဟာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ် ။
သူ.ရဲ့ အမွှာအစ်ကို ရောဘတ်ကတော့ ၁၉၉၅ ခုနှစ် အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ် ။ သူတို.ပထမနေထိုင်ခဲ့တဲ့ မြောက်ပိုင်း မီလ်တန်မှာရှိတဲ့ အိမ်ကြီးကိုတော့ဂျွန်အက်ခ် ပြတိုက်အဖြစ်
 ပြုလုပ်ပြသခဲ့တာ ဒီနေ့ထိ ရှိနေဆဲပါပဲ …
@ fwd mail

မျိုးကြီး သီချင်းကို ပီပြင်အောင်ဆိုသွားတဲ့ တရုတ်ကလေးငယ်

ဂျင်ဆင်း အကြောင်း သိကောင်းစရာ

ဂျင်ဆင်းဆိုတာဘာလဲ

ဂျင်ဆင်းဆိုတာ အုပ်စုက Panax genus ဖြစ်ပြီး မျိုးရိုးက Araliaceae ဖြစ်ပါတယ် ။ လတ်ဆတ်တဲ့ အမြစ်တွေ နဲ့ ဖြေးဖြေးချင်းရှင်သန်ကြီးထွားတတ်တဲ့ perennial အပင်မျိုးဖြစ်ပြီး အာရှအရှေ့ဖက် အထူးသဖြင့် အရှေ့မြောက် ပိုင်း တရုတ် ၊ ကိုရီးယား ၊ ဆိုက်ဘေးရီးယား အရှေ့ပိုင်းတွေမှာ ပေါက်ရောက်ရှင်သန်ပါတယ် ။ တောင်ဖက် အကျဆုံး အေးခဲဒေသ ဂျင်ဆင်းမျိုးဖြစ်တဲ့ Panax vietnamensis ကိုတော့ ဗီယက်နမ်နိုင်ငံမှာတွေ့ ရပါ တယ် ။ Siberian ginseng ကတော့တကယ့်ဂျင်ဆင်းအစစ်မဟုတ်ပါဘူး ။ ကဲ ဂျင်ဆင်းအကြောင်းကို ဒီထက် ပိုပြီးလေ့ လာကြည့်ရအောင် ။

တိုင်းရင်းဆေးအဖြစ် အသုံးပြုခြင်း



အမေရိက ဂျင်ဆင်း ( Panax quinquefolius) နဲ့ အာရှဂျင်ဆင်း ( Panax ginseng ) အမြစ်တွေကို daptogens ၊ ကာမ အားတိုးဆေး နဲ့ အာဟာရကိုလှုံ့ဆော်ပေးတဲ့ stimulants တွေအဖြစ် အသုံးပြုကြပါတယ် ။ ပြီးတော့ ဆီးချိုသွေး ချိုရောဂါ Type II diabetes နဲ့ ယောင်္ကျားလေးတွေမှာ လိင်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေကိုလည်း
အသုံးပြုကြ ပါသေးတယ် ။ တကယ်တော့ ဂျင်ဆင်းအမြစ်ကို ခြောက်သွေ့သောပုံစံနဲ့ ရရှိနိုင်ပြီးတခြား ဂျင်ဆင်းတစ် ပင်လုံးနဲ့ အစိတ်အပိုင်းတစ်ခုခုအဖြစ်လည်းရရှိနိုင်ပါသေးတယ် ။ ဒီလို ပါဝင်မှု ဂျင်ဆင်းရဲ့ အစွမ်း သတ္တိတွေကို တချို့သောနာမည်ကြီးတဲ့ energy drinks (စွမ်းအားဖြည့်အချိုရည်) တွေမှာ တွေ့နိုင်ပါတယ် ။ လက်ဖက်ခြောက်ပုံစံနဲ့လည်းရရှိနိုင်ပြီး သူ့ကိုဆေးပညာဆိုင်ရာ အဖြစ်သုံးပြုပေမယ့် တိတိကျကျတိုင်း တာလို့ရ တဲ့ measurable medicinal effects တော့မရှိပါဘူး ။ သူ့ကို အလှအပရေးရာ ထုတ်လုပ်မှုတွေမှာလည်း အသုံး ပြုကြ တာတွေ့ရှိရပါတယ် ။

ဂျင်ဆင်းအမျိုးအစားများ

P.quinquefolius Aerican ginseng (root)


တရုတ်ရိုးရာဆေးပညာအရ american ginseng ဟာ စွမ်းရည်ကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ မလိုအပ်တဲ့အရာတွေကို ဖယ်ရှာပေးပါတယ် ။ သူတို့အဆိုအရတော့ Yin energy ( sunshine , hot , positive , male)ကိုတိုးစေတယ် လို့ အဓိပ္ပါယ်ရပြီး Yang ( shadow , cold , negative , female) ပိုလျှံနေတာ ကိုလျော့နည်းစေတယ်လို့ဆိုပါတယ် ။ တရုတ်ရိုးရာဆေးပညာအရ Asian ginseng ဟာ yang (sunshine , hot , postive , mal ) ကိုလျော့နည်းစေပါတယ် ။ တရုတ်နဲ့ကိုရီးယား ဂျင်ဆင်းတွေဟာ Manchuria နဲ့ Korea မှာပေါက်ရောက်ပြီး American ginseng ကိုတော့ Guangzhou မှတဆင့် တရုတ်ပြည်ထဲကိုတင်သွင်းပါတယ် ။ တရုတ် ပြည်က ဆရာဝန်တွေကတော့american ginseng ဟာ ပူတဲ့ဒေသကလာတဲ့အတွက် yin အတွက် ကောင်းလိမ့်မယ်လို့ ယုံကြည်ကြပါတယ် ။

Panax ginseng Asian ginseng (root)


တရုတ်ရိုးရာဆေးပညာအရပဲ Panax ginseng ဟာ Yang စွမ်းရည်ကိုတိုးတက်စေပြီး သွေးလည်ပတ်မှု စနစ် ( ciuculation) ကိုကောင်းစေပါတယ် ။ Blood supply ကိုများစေပြီး စွမ်းရည်ထုတ်လုပ်မှုနဲ့ ဖျားနာပြီးပြန်လည် နလန်ထူခြင်း(recovery ) ကို ရစေပါတယ် ။ သူ့ကိုလည်းပုံစံလေးမျိုးနဲ့ရနိုင်ပါတယ် ။
-fresh ginseng
-white ginseng (WG)
-red ginseng ( RG)
-sun ginseng ( SG) တို့ပဲဖြစ်ကြပါတယ် ။

Red ginseng

ကိုရီးယားလို 홍삼 (hong-sam) လို့ ခေါ်တွင်ပြီး တရုတ်လို 红参 လို့ သတ်မှတ်ပါတယ် ။ Panax ginseng ကို အပူပေးပါတယ် ။ ရေနွေးပူသို့မဟုတ် နေရောင်မှာ အခြောက်ခံ အပူပေးခြင်းအားဖြင့် ပြုလုပ်ပါတယ် ။ ဒီလိုပြု လုပ်ခြင်း အားဖြင့် ဂျင်ဆင်းရဲ့အမြစ်ဟာ ကျွတ်ဆတ်လာပါတယ် ။ ဒီလို အမျိုးအစားဂျင်ဆင်းကိုတော့ လိင် စွမ်းရည် ကို လှုံ့ဆော်ဖို့နဲ့ စွမ်းရည်တိုးဖို့အတွက် အသုံးပြုကြပါတယ် ။ ဂျင်ဆင်းနီကို အထူးသဖြင့် စိုက်ပျိုးထွန် ယက်ထားတဲ့ အမြစ်တွေကနေထုတ်လုပ်ပြီး ကိုရီးယားမှ ရရှိပါတယ် ။

Wild ginseng

Wild ginseng ဟာ သဘာဝအလျှောက်ကြီးထွားရှင်သန်ပြီး သူရှင်သန်ပေါက်ရောက်နိုင်တဲ့ မည်သည့်နေရာမဆို စိုက်ပျိုး ရိတ်သိမ်းနိုင်ပါတယ် ။ အမှန်တော့ wild ginseng ဟာ ရှားပါးမျိုးနွယ်ဝင်ဖြစ်ပြီး အများ ကြီးပေါက်ရောက်ပေ မယ့်လည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်က အများအပြားပျက်ဆီး ဆုံးရှုံးမှုတွေရှိခဲ့ တာကြောင့် အခုဆိုရင် အတော့်ကိုရှားပါးသွားခဲ့ပါတယ် ။ သူ့ရဲ့ အမြစ်တစ်ခုဟာ ရင့်သန်ကြီးထွား ချိန်ရောက် ဖို့ကို နှစ် နဲ့ချီပြီးစောင့်ရလေ့ရှိပါတယ် ။ wild ginseng ဟာ အာရှသို့မဟုတ် အမေရိကန်ဂျင်ဆင်း တစ်ခု ခုဖြစ်နိုင်ပြီး red ginseng အဖြစ် ထုတ်လုပ်ပါတယ် ။

တခြားဂျင်ဆင်းအမျိုးအနွယ်များမှာ

-Gynostemma pentaphyllum (southern ginseng, jiaogulan)
-Eleutherococcus senticosus (Siberian ginseng)
-Pseudostellaria heterophylla (prince ginseng)
-Withania somnifera (Indian ginseng, ashwagandha)
-Pfaffia paniculata (Brazilian ginseng, suma)
-Lepidium meyenii (Peruvian ginseng, maca)
-Oplopanax horridus (Alaskan ginseng) စသည်တို့ပဲဖြစ်ပါတယ် ။

ဘေးထွက်ဆိုးကျိုးများ

Sports Nutrition FAQ ရဲ့ အဆိုအရ p.ginseng ရဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးက အိပ်မပျော်ခြင်း ပဲဖြစ်ပါ တယ် ။ ဒါပေမယ့်လည်း တခြားဂျင်ဆင်းမျိုးနွယ်တွေကတော့ဒီလို အိပ်ပျော်ရခက်တဲ့ ဆိုးကျိုးမျိုးမရှိပါဘူး ။ တခြား ဆိုး ကျိုးတွေကတော့ ပျို့ခြင်း ၊ ၀မ်းသွားခြင်း ၊ခေါင်းကိုက်ခြင်း ၊ နှာခေါင်းသွေးယိုခြင်း ၊ သွေးပေါင် ချိန်တက်ခြင်း ၊ သွေးပေါင်ချိန်ကျခြင်းနှင့် ရင်သားနာခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

ဂျင်ဆင်းနှင့် မျိုးပွားစွမ်းဆောင်ရည်


၂၀၀၂ ခုနှစ်မှာ Southern University School of Medicine မှ ပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ အာရှနဲ့ အမေရိ ကန် ဂျင်ဆင်းမျိုးနွယ်တွေဟာ လိင်စွမ်းဆောင်ရည်ကိုမြင့်မားစေပြီး စိတ်ကျေနပ်မှုကိုအပြည့်အ၀ ရရှိစေပါ တယ် ။ ဒါဟာ ဟော်မုန်းတွေပြောင်းလဲမှုကြောင့်မဟုတ်ပါဘူး ။ ဂျင်ဆင်းမှာပါဝင်တဲ့ ginsonoside ရဲ့ ဦးနှောက် အာရုံကြောစနစ်နဲ့ gonodal tissue တွေကို တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေတဲ့အ တွက်ဖြစ်ပါတယ် ။ ယောင်္ကျားလေးတွေမှာginsenosides ဟာ penile erection ( ဖိုမျိုးပွားအဂါင်္တောင့်တင်းခြင်း) ကိုဖြစ်စေပြီး ကိုရီးယားနဲ့တရုတ်လူမျိုးတွေဟာ ဒီရည်ရွယ်ချက်နဲ့ ဂျင်ဆင်းကို အသုံးပြုကြပါတယ် ။ ဒါ့အပြင် ဂျင်ဆင်းမှာ phytoestrogens လည်းပါဝင်ပါတယ် ။ အချို့သော လေ့လာစမ်းသပ်မှုတွေအရ ဦးနှောက်ထဲမှာရှိတဲ့ Pituitary gland ကိုသွားရောက်လှုံ့ဆော်ပြီး gonadotrophins ဟော်မုန်းထွက်ရှိမှုကိုများစေပါတယ် ။ မျိုးပွားအင်္ဂါတွေရဲ့ ဖွံ့ဖြိုးမှုကို ဖြစ်စေပြီး သုတ်ကောင်ရည်ထုတ်လုပ်မှုကိုများစေပါတယ် ။

ဂျင်ဆင်းမှာ အစွမ်းထက် စွမ်းဆောင်ရည်အမြောက်အများရှိတဲ့အပြင် သူ့ရဲ့ဘေးထွက် ဆိုးကျိုးတွေကို ပါ လေ့လာ သိရှိထားသင့်ပါတယ် ။ ဒီတစ်ပတ်တော့ အစွမ်းထက်ဂျင်ဆင်းအကြောင်းကိုဖော်ပြရင်း ဒီတင်ပဲရပ် နားပါရစေ။

@ : သက်တန့်ချို

Monday, March 26, 2012

ကမ္ဘာ့အနက်ဆုံးရေကူးကန်


Nemo 33 ဆိုတာဟာ Brussels, Belgium နိုင်ငံမှာ တည်ရှိပါတယ် ။ ကမ္ဘာ့အနက်ဆုံး ရေကူးကန်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်... ။ အိမ်ပုံစံ ရေကူးကန်ဖြစ်ပါတယ် ။ အထပ်ပေါင်းများစွာ ပါရှိပြီး ရေဖိအားဒါဏ်မခံနိုင်၍
တော်ရုံရေကူးသမားများ အောက်ဆုံးထပ်သို့ ကူးခပ်သွားနိုင်ခြင်း မရှိကြောင်း သိရပါတယ် ။
@ သက်တန့်ချို

Friday, March 23, 2012

နှစ်ပေါင်း ၆၅ သန်း သက်တမ်းရှိ ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်းအများအပြားတွေ့ရှိ

ဘူမိဗေဒပညာရှင်များဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းက ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
 တွေ့ရှိခဲ့တဲ့နေရာကတော့ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Tamil Nadu ကျေးရွာလေးမှာဖြစ်ပြီး ထိုသို့တွေ့ရှိခြင်းဟာဒိုင်နိုဆောများ မည်ကဲ့သို့ မျိုးတုန်းပျောက်ကွယ်သွားတယ်ဆိုတာကို ဆက်လက်လေ့လာရာမှာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ့ရှိခဲ့ရတာတော့ အခွံတွေ ထပ်နေတဲ့ ဥလုံးတွေ၊ ဒိုင်နိုဆော ခန္ဓာကိုယ် အစိတ်အပိုင်းတချို့နဲ့
ကွဲနေတဲ့ဥရှစ်လုံး နှင့်အခြားဥများ ဖြစ်တယ်လို့ Periyar တက္ကသိုလ်က ထိုအဖွဲ့ကိုဦးဆောင်တဲ့ ဘူမိဗေဒပညာရှင် M. Ramkumar ကပြောပြခဲ့ပါတယ်။ ထိုဥများရဲ့အချင်းဟာ ၅ လက္မ မှ ၈ လက္မခန့်ရှိကြပြီး လေးပေ အကျယ် အဝန်းရှိတဲ့ သဲမြေ အသိုက်ထဲမှာတွေ့ရတာဖြစ်ပါတယ်။ ထိုအစိတ်အပိုင်းတွေကို Deccan တောင်ကလပ်ပေါ်က မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပြာ များရဲ့အောက်မှာဖြစ်ပြီး ဘူမိဗေဒ ပညာရှင်များကလဲ ထိုအချိန်မှစပြီး ဒိုင်နိုဆောများ မျိုးတုန်းသွားတာ
 ဖြစ်နိုင်ကြောင်း ပြောပြပါတယ်။ ပထမဆုံးသော ဒိုင်နိုဆောဥများကို ပြင်သစ်နိုင်ငံမှာ ၁၈၅၉ ခုနှစ်က စတင်တွေ့ရှိခဲ့ကြာတာဖြစ်ပြီး ကမ္ဘာတဝှမ်းရှိ အသိုက်ပေါင်း ၂ဝဝ ခန့်မှ ဥပေါင်း ထောင်ချီပြီးတွေ့ခဲ့ပြီဖြစ်ပါတယ်။ ထိုအထဲမှာမှ အာရှတိုက်မှ တွေ့ရှိရမှုဟာအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

Tuesday, March 20, 2012

၁၃ ဂဏန်း

လွန်ခဲ့သောနှစ်တုန်းက ဗြိတိန်နိုင်ငံက Lowestoft Seafront လို့ခေါ်တဲ့ လေယာဉ်အလှပြပွဲတစ်ခုမှာ ၁၃နာရီ ၁၃ မိနစ်မှာ ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက် မိုးကြိုးပစ်ခံ လိုက်ရတယ်လို့ ဖတ်လိုက်ရပါတယ်။ အားလုံးပေါင်း ၃ ယောက် ထိမှန်ခဲ့ပေမဲ့ တစ်ယောက်မှ တော့မသေခဲ့ကြပါဘူး။ တည့်တည့်ထိတာတော့မဟုတ်တဲ့ အတွက် စက်ကွင်းမလွတ်ဘူးလို့
 ပြောလို့လဲရပါတယ်။ မိုးရွာနေတဲ့ အတွက် သုံးယောက်စလုံးကလည်း ထီးကိုင်ထားကြတယ်လို့ဆိုပါတယ်။ ရေးထားတဲ့ပုံက မိုးရေထဲမှာ ထီးမဆောင်းဘဲကြည့်တဲ့လူတွေရှိလို့လားတော့မသိဘူး။ အဲ့ဒီသတင်းခေါင်းစဉ်ကတော့ ၁၃ ဂဏန်း ဆိုတာ အနောက်နိုင်ငံတွေမှာ နိမိတ်မကောင်းတဲ့ ဂဏန်းလို့ အစွဲရှိ ယုံကြည်သူတွေများပါတယ်။ အထူးသဖြင့်တော့ သောကြာနေ့မှာ ၁၃ ရက်နေ့ကျနေရင် unlucky နေ့(ပြသဒါးနေ့)ပေါ့။ ကျွန်တော်တို့ဆီမှာ တနင်္လာနေ့အလုပ်လုပ်ရင် အမြဲတမ်းအခက်အခဲ
 ဖြစ်ပြီး တစ်ခါတည်းနဲ့ မပြီးဘူးလို့ ယူဆထားကြတယ်။
ထိုကဲ့သို ၁၃ ရက်နေ့ဟာ ကံမကောင်းတဲ့ ပြသဒါးနေ့လိုသတ်မှတ်ခဲ့ကြတာဟာ ဘီစီ ၁၇ဝဝ လောက်
ကတည်းကဖြစ်တယ်လို့သိရပါတယ်။ လူတွေဟာ ဘယ်လောက်တောင် ၁၃ ရက်နေ့နဲ့ ပါတ်သက်ပြီး အယူသည်းကြလဲဆိုရင်
သောကြာနေ့ဟာ ၁၃ရက်နေ့မှာကျရောက်နေရင် ဆံပင်ညှပ်ရင်တောင် မိသားစုဝင်ထဲက လူတစ်ယောက်ယောက် သေတတ်တယ်ဆိုတဲ့အထိကိုဖြစ်လာပါတယ်။ ၁၃ ရက်နေ့
မွေးတဲ့ သောကြာသားသမီးတွေဟာလည်း ဘဝတစ်လျှောက်လုံး မှာ ကံဆိုးမိုးမှောင် ကျမှုတွေနဲ့ ရင်ဆိုင်သွားရတတ်ကြလို့ ယူဆကြတယ်။ နောက်ဆုံး သုတေသနပြု လေ့လာချက်များအရတော့ ကံဆိုးခြင်း ၁၃ ဂဏာန်းဟာ လူဆယ်ယောက်မှာ တစ်ယောက်ကို အမြဲတမ်းလွှမ်းမိုးခြောက်လှန့်မှုတွေ ရှိတယ်လို့ သိရပါတယ်။

၁၃ ဂဏာန်းနဲ့ ပါတ်သက်ပြီးတော့ အကျိုးပေး မကောင်းသူတွေကတော့ အလက်ဇန်းဒါ ဟာ သူနေထိုင်တဲ့ မြို့တော်မှာ နတ်ဘုရား ရုပ် ၁၃ ရုပ်ကို ပြုလုပ်စေခဲ့ပါတယ်။ နောက်တချိန် သူသေသွားရင် သူဟာ ၁၃ ဆူမြောက်ဘုရားဖြစ်တယ် လို့ နောင်လာနောက်သား တွေစိတ်ထဲမှာ စွဲထင်နေဖို့အတွက်

 ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုနတ်ဘုရား ၁၂ ဆူဟာ တစ်နှစ်မှာ ရှိတဲ့ လပေါင်း ၁၂ လကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။ နောက်ဆုံးတော့ ၁၃ ဆူမြှောက်ရုပ်ထုကို မထုလုပ်ခင်မှာဘဲ သူသေဆုံးသွားခဲ့တယ်။ အကြောင်းပြချက်ကတော့ သူဟာ ၁၃ ဆူမြောက်နတ်ဘုရား ပြုလုပ်ခဲ့တဲ့အတွက် သေရတာလို့ ဆိုကြပါတယ်။

၁၆.ဝ၁.၂ဝဝ၃ နေ့မှာ ကိုလံဘီယာ လွန်းပျံယာဉ်တစ်စင်းကို အာကာသသို့ လွှတ်တင်ခဲ့ပါတယ်။ ကံဆိုစွာနဲ့ဘဲ ထိုယာဉ်ဟာ ပေါက်ကွဲပျက်စီးခဲ့ပြီး လိုက်ပါသူအားလုံးသေဆုံးခဲ့ပါတယ်။ ဒါကို ပြန်ကြည့်တော့ (၁+၆+ဝ+၁+၂+ဝ+ဝ+၃)= ၁၃ ဖြစ်နေလို့ လို့ဆိုကြပါတယ်။

ဆာဒန်ဟူစိန် နာမည်ဟာ အင်္ဂလိပ်လို့ (SADDAM HUSSEIN) အားလုံးပေါင်း ၁၃ လုံးရှိပါတယ်။ သူ့ကို သေဒါဏ်ချမှတ်ဖို့အတွက် ၁၃ ရက် ဒီဇင်ဘာလမှာ အမေရိကန် စစ်သားတွေဖမ်းမိခဲ့တာကလဲ ၁၃ နဲ့ပါတ်သက်နေပြန်တယ်လို့ ဆိုကြပါတယ်။

၁၃ ဂဏန်းကို ကံမကောင်းခြင်းဂဏန်းလို့ သတ်မှတ်သူတွေထဲမှာ အမေရိကန်တွေက ပိုပြီးဆိုးတယ်လို့ ထင်ရပါတယ်။ သို့ဖြစ်စေကာမူ အမေရိကန် နိုင်ငံရဲ့ အမှတ်တံဆိပ် ကြီးမှာတော့ ၁၃ တော်တော် များများကို တွေ့ရပါတယ်။ ထိုတံဆိပ်မှာ သံလွင်ရွက် ၁၃ ရွက်၊ ကြယ် ၁၃ လုံး၊ မျှား ၁၃ စင်း၊ ပိရမစ် အထပ် ၁၃ ထပ် စတဲ့ ကံမကောင်းခြင်း ၁၃ တွေနဲ့ ပြည့်နက်နေပါတယ်