Showing posts with label health. Show all posts
Showing posts with label health. Show all posts

Sunday, April 22, 2012

လေဖြတ်ဝေဒနာအကြောင်း သိကောင်းစရာ

အသက်(၈၀)ရှိ အဘိုးအိုက အသက်(၃၃)နှစ်ရှိ လေဖြတ်ထားသူကို ဆေးခန်းသို့ လာပို့ပါသည်။ ထိုအခါက 
ဆရာမက...မောင်လေး ဘာအလုပ်လုပ်ပါသလဲ၊
Taxi မောင်းတယ်၊
ရေ ဘယ်အချိန်ချိုးလဲ ?
ရေ တနေ့ ၃-ကြိမ်လောက်ချိုးတယ်၊ ညဘက် ကားမောင်းပြန်လာရင်လည်း ထပ်ချိုးတယ်။ ရေချိုးတိုင်း ခေါင်းက အမြဲရေလောင်းချိုးတယ်။ သမံတလင်းပေါ် အိပ်တယ်။
လေပန်ကာ ခံတယ်။ ကျွန်တော်က ချွေးထွက်သိပ်လွန်တော့ အအေးကြိုက်တယ်။ ရေစိုရေလဲ လုံချည်ကို ခြုံထားတတ်တယ်။ ခင်းအိပ်တတ်တယ်။ ရေဆို ဆေးသောက်တာကအစ ရေခဲရေနဲ့မဟုတ်ရင် မသောက်တတ်ဘူး။


ဘယ်လိုအစားအစာမျိုးကို ပိုစားလေ့ရှိသလဲ?
ကျွန်တော်က ဝက်သားကြိုက်တယ်၊ ဘဲကင်လည်း ကြိုက်တယ်။ အုန်းနို့ခေါက်ဆွဲဆို မနက်တိုင်း စားတယ်။ ကားသမားဆိုတော့ အပြင်မှာ ကြုံရင်ကြုံသလို ပလာတာ၊ အီကြာကွေး၊ စမူဆာ အပြန်ပြန်ကြော်ပြီးသားဆီနဲ့ကြော်ထားတဲ့ ဆီကြော်မုန့်တွေ မကြာခဏ စားသောက်ပါတယ်။
 ဆေးလိပ်သောက်တယ်။ အရက်လည်း အနည်းအကျဉ်းသောက်တယ်။
ဒါနဲ့ ဆရာမက လိုက်ပို့တဲ့ လူနာရဲ့ ဖခင် အသက်(၈၀)နှစ်ထိ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေပုံကို ကြုံတုန်းစပ်စုလိုက်ပါတယ်။
အဖေကြီး...ခုလိုကျန်းမာရေးကောင်းအောင် ဘယ်လို နေထိုင် စားသောက်ပါသလဲ?
မနက်တိုင်း လမ်းလျှောက်တယ်။ စိပ်ပုတီးအကူ မပါဘဲ ဘုရားဂုဏ်တော်ကိုးပါးကို အမြဲပွားများတယ်။ မနက်ခင်း ထမင်းကို ဘုရင်လို စားတယ်။
နေ့ခင်းစာကို ဆင်းရဲသားလို စားပြီးညဘက်စားစရာမရှိလို့မစားတဲ့သူတောင်းစားလို
 နေပါတယ်-လို့ ဖြေပါတယ်။
ကိုယ့်ခန္ဓာကိုယ်က လက်မခံတဲ့အဟာဟူသရွေ့ မစားဘူး။ ငယ်ငယ်ကတည်းက စားဖူးတဲ့အစာမျိုးပဲ စားတယ်။ ခုခေတ်ပေးတဲ့ အချိုရည်နဲ့ ကိုယ်မစားဖူးသေးတဲ့ အသစ်အဆန်း အစာဟူသရွေ့ ရှောင်ပါတယ်။ 
အစာကို မနက်(၈)နာရီမှာ တကြိမ်၊ နေ့လယ် (၁၂)နာရီမှာ တကြိမ်၊ ညနေ (၄)နာရီမှာ တကြိမ် စသည်ဖြင့် ခန္ဓာကိုယ်ကို အချိန်မှန် ကျွေးပါတယ်။ ခန္ဓာကိုယ်ကို ကားဓာတ်ဆီဖြည့်သလို အချိန်မှန် ဆီဖြည့်ပေးဖို့ လိုအပ်ပါတယ်။ အခုလို အချိန်မှန်တဲ့အတွက် အသက်ရှည်၊ ကျန်းမာတာ ဖြစ်ပါတယ်-လို့ ဖြေပါတယ်။
ဒါကြောင့် လေဖြတ်တယ်ဆိုတာ အသက်ကြီးမှဖြတ်တာ မဟုတ်ပါဘူး။ ဒီဘက်နှစ်တွေမှာဆို အသက်ငယ်ငယ်နဲ့ လေဖြတ်တာတွေ ပိုများနေပါပြီ။ ဆရာမရဲ့ လူနာတွေထဲမှာ အသက်(၁၄)နှစ်ကနေ (၁၅)နှစ်ထိ အငယ်ဆုံး လေဖြတ်တာ ကြုံတွေ့ခဲ့ဖူးပါပြီ။ 
လေဖြတ်ရောဂါဖြစ်စေတတ်သော အခြေခံရောဂါများ---
၁။ ဆီးချိုရောဂါကြောင့် လေဖြတ်ခြင်း၊
၂။ သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်း၊
၃။ နှလုံးရောဂါကြောင့် လေဖြတ်ခြင်း၊
၎။ အရက်သေစာ အလွန်သောက်စားမှုကြောင့် လေဖြတ်ခြင်း၊
၅။ ခါးကြောရိုး နာဗ်ကြောတွင် ထိခိုက်ဒဏ်ရာကြောင့် လေဖြတ်ခြင်း၊
စတဲ့ အခြေခံရောဂါတွေဟာ လေဖြတ်ဖို့ အင်မတန်မှ နီးစပ်တဲ့ရောဂါများ ဖြစ်ပါတယ်။
လေဖြတ်ရောဂါကို ပါဠိဘာသာလို သွက္ချာပါဒ-လို့ ခေါ်ပြီး ပက္ခဃာတ-လို့ခေါ်တဲ့ ပါဠိပုဒ်ကနေ သွက္ချာပါဒ ပြောင်းလဲခေါ်ဝေါ်သွားတာပါ။ ပက္ခ-ဆိုတာ တခြမ်း၊ တပိုင်း၊ တဝက်လို့ အဓိပ္ပါယ်ရပြီး, ဃာတ-ဆိုတာကတော့ သတ်ဖြတ်ခြင်း၊ ညှဉ်းဆဲခြင်း အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် သွက္ချာပါဒကို  ခန္ဓာကိုယ်တပိုင်းသေခြင်း၊ ခန္ဓာကိုယ် တပိုင်းလေဖြတ်ခြင်းရောဂါ-လို့ ပြောလို့ရပါတယ်။
လူတယောက် ပထမဆုံး လေဖြတ်ပြီဆိုရင် အေးအေးဆေးဆေး သက်သောင့်သက်သာ အရင်ထားရပါမယ်။ ဦးနှောက်သွေးကြောပိတ် (Cerebral Infarct)လို့ပဲ ဖြစ်ဖြစ်၊ ဦးနှောက်သွေးကြောပေါက် (Cerebral Haemorrhage) လို့ လေဖြတ်တာပဲဖြစ်ဖြစ်၊ လေဖြတ်တဲ့ဝေဒနာဟာ တကြိမ်၊ တရက်တည်းနဲ့ ပြီးမသွားပါဘူး။ ခန္ဓာကိုယ်ပျက်စီးမှုဟာ နည်းနည်းနဲ့ ရက်ဆက်ပြီး ပိုပိုဆိုးလာတတ်ပါတယ်။
ဥပမာ-ပထမရက်မှာ ပါးရွဲ့၊ မျက်လုံးပြူးတယ်ဆိုရင် နောက်ရက်မှာ လက်မြှောက်မရ၊ နောက်ရက်မှာ ဗုန်းဗုန်းလဲ စသည်ဖြင့် နောက်ဆုံးကျမှ တကယ်ကို ပီပီပြင်ပြင် လေဖြတ်တဲ့ (Completed Stroke) ဖြစ်သွားပါတယ်။ ဒုတိယအကြိမ်မြောက်၊ တတိယအကြိမ်မြောက် လေပြန်တယ်၊ လေဖြတ်တယ် ဆိုတာမျိုးလည်း ရှိပါတယ်။
လေဖြတ်ရောဂါမှာပဲ ပုံစံအမျိုးမျိုးရှိပါတယ်။ တချို့က ပါးတခြမ်းရွဲ့၊ မျက်စိမှိတ်မရ၊ နှုတ်ခမ်းပိတ်မရ ဖြစ်တယ်။ ခန္ဓာကိုယ်အတွင်းမှ အင်မတန်ဆိုးဝါးတဲ့ အနံ့များထွက်တယ်။ တချို့ လျှာပဲလေဖြတ်တာ လျှာစောင်းသွားတယ်။ လျှာတိုဝင်သွားတယ်။ စကားမပီဘူး။ တချို့က ကိုယ့်နာမည်ကအစ အကုန်မေ့ကုန်တယ်။ ပြန်မပြောတတ်တော့ဘူး။ တချို့ သွားရည်တွေ ကျတယ်။ ငိုတယ်၊ ရယ်တယ်၊ ဘယ်ခြေ-ညာလက်၊ ညာခြေ-ဘယ်လက်၊ စသည်ဖြင့် ထောင့်သန်းဖြတ်တယ်။ လေဖြတ်ဝေဒနာဟာ အင်မတန်ဆိုးဝါးပြီး လူ့သက်တမ်းကိုလည်း ဆုတ်ယုတ်စေတဲ့ရောဂါ ဖြစ်ပါတယ်။
ဒါကြောင့် နေကောင်းကျန်းမာနေစဉ်မှာ လေဖြတ်ရင် ဖြတ်ပါစေဆိုပြီး ဖြစ်သလိုနေထိုင်လို့ မရပါဘူး။ ကိုယ်ဘယ်လိုပုံစုံမျိုးနဲ့ လေဖြတ်မယ်ဆိုတာ ကြိုမသိနိုင်တဲ့အတွက် လေဖြတ်စေနိုင်မယ့် အကြောင်းရင်းကို သတိထားနေထိုင် ဆင်ခြင်ဖို့ လိုအပ်ပါတယ်။
လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်။ (Ten Warning Signs of Paralysis)
၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)
၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)
၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)
၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)
၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)
၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)
၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)
၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)
၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)
အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။ လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)
၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)
အထက်ဖော်ပြပါ လက္ခဏာများသည် အမှုမဲ့အမှတ်မဲ့ ထားမိစရာ ကောင်းလှပါသည်။ ထိုသို့ အမှုမဲ့ အမှတ်မဲ့ ထားလိုက်ပါက လေဖြတ်ရောဂါဆိုးကြီး ရောက်လာကာ ဒုက္ခပေးခြင်း ခံရပါတော့မည်။ လေဖြတ်ဝေဒနာ
ပျောက်ကင်းဖို့အတွက် ဆေးကောင်းတလက်၊ ကုသသူ ဆရာတယောက်ကောင်းနဲ့ မလုံလောက်ပါဘူး။
လေဖြတ်ရောဂါပျောက်ကင်းဖို့အတွက် လိုအပ်ချက်များ---
၁။ လူနာကိုယ်တိုင် ရောဂါပျောက်ချင်တဲ့စိတ်နဲ့ ကြိုးစားအားထုတ်ဖို့ လိုတယ်။
၂။ လူနာစောင့်မှ လက်ကလေးလှုပ်လိုက်ပါဦး၊ ခြေလေးလှုပ်လိုက်ပါဦး စသည်ဖြင့် အနားမှ လေ့ကျင့်ခန်းလုပ်ရန် သတိပေးလှုပ်ရှားခိုင်းနေရမယ်။
၃။ မိသားစုမှ လူနာပေါ် နားလည်မှုနဲ့ စိတ်ရှည်စွာ ဆက်ဆံရပါမယ်။
၎။ ကုသသောဆရာကောင်း ဖြစ်ရပါမယ်။
၅။ မိတ်သင်္ဂဟနှင့် အမြဲတွေ့ဆုံစေပြီး ဝိုင်းဝန်းအားပေးစကား ဆိုရပါမယ်။
အမျိုးသမီးများ အင်္ကျီလက်ပြတ် အမြဲဝတ်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ ပြန်ကောင်းလာတဲ့
လေဖြတ်ဝေဒနာရှင်တဦးဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို အသက်ခန္ဓာရှိသရွေ့ လက်မလွတ်သင့်တော့ပါ။ စိုးရိမ်သောက ဒေါသနှင့် စီးပွားရေးလုပ်ငန်းများ လျှော့ပြီး သာသနာရေး၊ လူမှုရေး၊ အများအကျိုးလုပ်ဆောင်ရင်း ကျန်ရှိတဲ့ဘဝအတွက် အသက်ရှင်နေထိုင်ဖို့ ဖြစ်ပါတယ်။ 
အသက် ၄၀-နှစ်ရောက်ရှိသော အမျိုးသား အမျိုးသမီးတိုင်း နေ့စဉ်ပုံမှန် လမ်းလျှောက်ပြီး တနေ့ ထိုင်ထ (ဖြည်းဖြည်းချင်း ထိုင်ချ၊ ပြန်ထ-မြန်ဖို့မလိုပါ) ၁၀-ကြိမ်မှ အကြိမ် ၃၀၊ အကြိမ် ၃၀-မှ အကြိမ် ၁၀၀-ထိ တိုးတိုးပြီး လုပ်ဆောင်သင့်ပါကြောင်း အကြံပြုလိုက်ပါရစေ။
ဆရာမဒေါ်စီစီ(ဓမ္မဝိညာဏ်ကုထုံး)
(ဂမ္ဘီရ ၂၀၀၆-ခု ဧပြီလ)   http://www.mawluu.com/2011/10/blog-post_8223.html မှ ကူးယူတင်ပြပါသည်။

Wednesday, March 14, 2012

အရွယ်တင် နုပျိုစေမည့် သဘာဝ နည်းလမ်း ၁၀ ချက်

အရွယ်တင် နုပျိုရုံတင်မက ဦးနှောက်စွမ်းအား ကောင်းပြီး အသားအရေ
ချောမွေ့နေဖို့အတွက် သဘာဝကျတဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုက လူတိုင်းအတွက် ရန်သူပါပဲ။ စိတ်ဖိစီးမှုများရင်အရေးကြောင်းထင်နှုန်း မြင့်မားပြီး
 အိုမင်းလွယ်တတ်ပါတယ်။ ဒါကြောင့် နေ့စဉ်စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ လေ့ကျင့်ခန်း
 ပုံမှန်လုပ်ပြီး အာဟာရပြည့်ပြည့်ဝဝ စားပေးပါ။ လတ်တလော လေ့လာမှုတွေအရ စိတ်ဖိစီးမှုကြောင့်
ခန္ဓာကိုယ် အိုမင်းလွယ်ပြီး ပြောင်းလဲမှုတွေ ဖြစ်ကြသလို အဒရီနယ်လင်နဲ့ကော်တီစောလို ဟော်မုန်းတွေ   မြင့်တက်တာကြောင့် သွေးတိုးတာနဲ့နှလုံးခုန်နှုန်း မြန်တာတွေ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင်
အိပ်မပျော်တာ၊ ပူပင်သောကများတာ၊ ဒေါသထွက်တာ၊ သွေးတိုးတာနဲ့ နှလုံးရောဂါထတာတွေလို
ကျန်းမာရေး ပြဿနာတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။

စိတ်ဖိစီးမှု လျော့ကျအောင် ဘာလုပ်မလဲ

စိတ်ဖိစီးမှုထိန်းနိုင်တဲ့ အကောင်းဆုံးနည်းက တရားထိုင်တာ ဖြစ်ကြောင်းလေ့လာသူတွေက ဆိုပါတယ်။
 အချိန်အကြာကြီး တရားမထိုင်နိုင်ရင်တောင် တစ်နေ့မှာအနည်းဆုံး ၁၀ မိနစ်လောက်
 ထိုင်ပေးရုံနဲ့ စိတ်ဖိစီးမှု လျော့ကျနိုင်ပါတယ်။

၂။ ကောင်းသော အဆီများများ စားပါ

အိုမီဂါ ၃ ဖက်တီးအက်စစ်များစွာ ပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေကို စားပေးတာက
 ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့်စိတ်ခံစားမှုကို တည်ငြိမ်စေတာ၊
 အရိုးတွေကို သန်စွမ်းစေတာနဲ့အိုမင်းမှုကြောင့်ဖြစ်တဲ့ အမြင်ပြဿနာတွေကို လျော့ကျစေပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ ခန္ဓာကိုယ် အင်ဇိုင်းတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကိုကောင်းမွန်စေပြီး
 စွမ်းအင် အဖြစ် သုံးပေးနိုင်ပါတယ်။ အသားအရေကိုလည်းတောက်ပစေပါတယ်။

ကောင်းသော အဆီရရှိအောင် ဘာလုပ်မလဲ

တစ်နေ့မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို
နှစ်ဂရမ် မှီဝဲဖို့ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။
 အိုမီဂါ ၃ ပါတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊သီဟိုဠ်စေ့ စတာတွေကို စားပေးပါ။
 တကယ်လို့ မစားဖြစ်ရင် အိုမီဂါ ၃ ဖြည့်စွက်ဆေး မှီဝဲပါ။

၃။ လှုပ်ရှားမှု လုပ်ပါ

ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ရုံ သာမကကွက်သားတွေ သန်စွမ်းတာ၊
 အရိုးတွေ သန်မာတာ၊ စိတ်ခံစားမှု ကောင်းတာနဲ့ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်းရှိတာ
 စတဲ့ အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။  တစ်နေ့မှာ ၁၀ မိနစ်ခန့် လမ်းလျှောက်ပေးရုံနဲ့
အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုလည်း ၄၀ ရာခိုင်နှုန်းလျော့ကျစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် စိတ်ဖိစီးမှုနဲ့ပူပင်သောကတွေကို ဖယ်ရှားပေးနိုင်ပြီး မှတ်ဉာဏ်ကို တိုးတက်
ကောင်းမွန်စေပါတယ်။

တစ်နေ့တာ လိုအပ်သော ကိုယ်လက်လှုပ်ရှားမှု ရရှိအောင် ဘယ်လိုလုပ်မလဲ

တစ်နာရီ ထိုင်ပြီးတိုင်း တစ်ကြိမ် လမ်းထလျှောက်ပါ။ တစ်နေ့ မိနစ် ၃၀ လောက်လမ်းလျှောက်တာ၊
 ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာနဲ့ ကခုန်တာတွေကိုလုပ်ဆောင်ပေးပါ။

၎။ စပျစ်ဝိုင် အနည်းငယ် သောက်ပါ

စပျစ်သီးထဲမှာပါတဲ့ ရက်စ်ဗာရထရောဓာတ်ကို ရရှိတဲ့သူတွေကမရရှိသူတွေထက်စာရင်
သက်တမ်းကြာကြာ နေရတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ကွက်တွေကို လေ့လာမှုအရ
 ရက်စ်ဗာရထရောဟာ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေနဲ့ အသည်းရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့သိရပါတယ်။
 အဝလွန်တာနဲ့ ဆက်စပ်နေတဲ့ သေဆုံးမှုကလည်း သိသိသာသာ
လျော့ကျစေပါတယ်။ တစ်နေ့မှာ စပျစ်ဝိုင်တစ်ခွက်
 သောက်ပေးမယ်ဆိုရင်ဒီအကျိုးကျေးဇူးတွေကို
ရရှိမှာ ဖြစ်ပါတယ်။ ဂျွန်ဟော့ပ်ကင်းရဲ့ လေ့လာမှုအသစ်အရ ဝိုင်နီဟာ လေဖြတ်တာကြောင့်
 ဖြစ်တဲ့ ဦးနှောက် ထိခိုက်မှုကို ၄၀ရာခိုင်နှုန်း လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ စပျစ်ဝိုင်မှာပါတဲ့
ပရိုအန်သိုဆိုင်ယာနင်ဓာတ်ဟာ သွေးကြောပိတ်တာကို လျော့ကျစေပြီးသွေးတွင်းကို လက်စထရောအဆင့်
 လျော့နည်းကာ နှလုံးရောဂါကြောင့် သေဆုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

စပျစ်ဝိုင်ကြောင့် ကောင်းကျိုး ရရှိအောင် ဘယ်လို လုပ်မလဲ

တစ်နေ့ စပျစ်ဝိုင် တစ်ဖန်ခွက်ထက် ပိုပြီး မသောက်ပါနဲ့။

၅။ ချစ်ခြင်းမေတ္တာကို အလေးထားပါ

ချစ်ခြင်းမေတ္တာက အစွမ်းထက် ဆေးတစ်လက် ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကြောင့်ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို အားကောင်းစေပြီး ကိုယ်ခံစွမ်းအား စနစ်ကို
တိုးမြင့်စေပါတယ်။ ဒါ့အပြင် နှလုံးသွေးကြော ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ချစ်ခြင်းကြောင့် အောက်ဆီတိုစင် ဟော်မုန်းတွေကိုထွက်စေပြီးစိတ်ဖိစီးမှုနဲ့ပူပင်သောကကို
 လျော့ကျစေပါတယ်။

ချစ်ခြင်းမေတ္တာ ရရှိအောင် ဘယ်လိုလုပ်သင့်သလဲ

သင့်ဘဝအဖော်နဲ့အတူ မကြာခဏ ချစ်ကြည်နူးမှုကို ရှာဖွေပါ။ ဒါမှမဟုတ်ပန်းချီဆွဲတာ၊ စာဖတ်တာလို ဝါသနာပါတဲ့ အလုပ်တွေကို အတူတူမျှဝေခံစားပေးမယ့် မိတ်ဆွေစစ်ကို ရှာဖွေပါ။

၆။ ယောဂကျင့်ပါ

ယောဂကျင့်တာကြောင့် စွမ်းအင်ပိုမို ရရှိစေပြီး ခန္ဓာကိုယ် အနေအထားမှန်ကန်ကာ ပျော့ပျောင်း
သန်စွမ်း စေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုပြေလျော့ပြီး စိတ်ကြည်နူးမှု ရရှိစေပါတယ်။
 ဒါကြောင့် ရုပ်ရည်နုပျိုစေတဲ့ကောင်းကျိုးကို ပေးနိုင်ပါတယ်။ အသက်ရှူရတဲ့ ယောဂကျင့်တာက
 ဆဲလ်တွေဆီအောက်ဆီဂျင် ရောက်ရှိစေပြီး အဆိပ်တွေ ထွက်ရှိစေကာ နာမကျန်းမှု မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကို တောက်ပစေနိုင်ပါတယ်။
တခြားလေ့ကျင့်ခန်းတွေနဲ့ မတူတာက ခန္ဓာကိုယ်တွင်း စနစ်တွေကိုလည်းကောင်းမွန် စေနိုင်ပါတယ်။

ယောဂကြောင့် အကျိုးကျေးဇူး ရရှိအောင် ဘယ်လိုလုပ်မလဲ

တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ် ယောဂကျင့်ရင် စွမ်းအားတိုးစေပြီး အရိုးထုသန်စွမ်းကာ စိတ်ဖိစီးမှု
 ပြေလျော့စေပါတယ်။

၇။ တလည်းသီး သုံးပါ


တလည်းသီးဟာ တခြားသစ်သီးတွေထက် အကျိုးကျေးဇူး ပိုများတယ်လို့ လတ်တလောလေ့လာမှုတွေက
ဆိုပါတယ်။ တလည်းသီး ဖျော်ရည်ဟာ သွေးတွင်း ကိုလက်စထရောနဲ့သွေးဖိအားကို လျော့ကျစေပြီး
 သွေးကြောကျဉ်းတာနဲ့ အယ်လ်ဇိုင်းမား ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
 တလည်းသီးဟာ ကင်ဆာရောဂါ တချို့ကိုမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူ
တချို့က ယုံကြည်ကြပါတယ်။
တလည်းသီးဟာ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် အရေပြား ပျက်စီးတာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

တလည်းသီးကြောင့် ကောင်းကျိုးရအောင် ဘာလုပ်သင့်သလဲ

တလည်းသီးဖျော်ရည် သောက်ပါ။ တလည်းသီးနဲ့ လုပ်ထားတဲ့ အိုမင်းမှုတားမျက်နှာလိမ်းခရင်မ်ဟာ
 အရေးကြောင်းတွေကို ပြေလျော့စေပြီး ငယ်ရွယ်နုပျိုတင်းရင်းတဲ့ အသားအရေကို ရရှိစေပါတယ်။

၈။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ


လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေပြီး ဆီးအိတ်၊
အူမကြီးနဲ့ အဆုတ်စတဲ့ နေရာတွေမှာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
လက်ဖက်စိမ်းဟာ ကင်ဆာဆဲလ် ကြီးထွားမှုကိုလည်း ဟန့်တားနိုင်တယ်လို့လေ့လာသူတချို့က
ဆိုပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်တဲ့အပြင်အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လက်ဖက်စိမ်းကြောင့် ကောင်းကျိုးရအောင် ဘာလုပ်သင့်သလဲ

လက်ဖက်စိမ်းကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်ခန့် သောက်ပေးတာက အကောင်းဆုံးကျန်းမာရေး အာနိသင်ကို ရရှိစေနိုင်ပါတယ်။

၉။ အရေပြားကို အားဖြည့်ပါ

ရက်တီနော (Retinol) ဟာ အသားအရေကို ချောမွတ်စေပြီး အရေးကြောင်းတွေမဖြစ်အောင်
 ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကို ပိုးသားလိုနူးညံ့ပျော့ပျောင်းစေကာ နှင်းဆီလို
လန်းဆန်း နေစေပါတယ်။ အရေးကြောင်းတွေလျော့ကျစေပြီး အသားအရေ တင်းရင်းကာ
 ချွေးပေါက်တွေ မကျယ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အိုမင်းမှုတား အလှကုန်မှာ
အာရှသစ်ပင်တွေမှာ ပါဝင်တဲ့Madecassol ဆိုတဲ့ ဓာတ်ပါဝင်ရင် အရေပြားကို ပြည့်တင်းစေကာ အရေးကြောင်းတွေလျော့ကျစေပါတယ်။ အရေပြား ဆဲလ်တွေကိုလည်း ရေဓာတ် ပြည့်ဝစေပါတယ်။

ဘယ်လို လိမ်းရမလဲ

ရက်တီနောပါတဲ့ အရေပြားလိမ်း ခရင်မ်ကို လိမ်းပါ။ ညဘက်မှာ နေကာနိုင်စွမ်းမပါတဲ့ ရက်တီနော
 ခရင်မ်လိမ်းပါ။ ဗီတာမင်စီပါတဲ့ ခရင်မ်ကိုလိမ်းပေးရင်လည်း ကော်လာဂျင် ကြီးထွားစေပြီး
အရေပြား တင်းရင်းလှပစေပါတယ်။
နေ့စဉ်ခရမ်းလွန် ရောင်ခြည် အေနဲ့ ဘီကို ကာကွယ်နိုင်မယ့် နေကာခရင်မ်လိမ်းပေးပါ။

၁၀။ ဦးနှောက်ဆိုင်ရာ လေ့ကျင့်ခန်း လုပ်ဆောင်ပါ

အမေရိကန်ဆေးပညာ အဖွဲ့အစည်းရဲ့ လေ့လာမှု တစ်ရပ်အရ ဦးနှောက်လေ့ကျင့်ခန်းတွေ လုပ်တာက

 တွေးခေါ် မြော်မြင်မှုကို ကောင်းစေတယ်လို့သိရပါတယ်။

ဦးနှောက်စွမ်းအား မြင့်တက်စေရန် ဘာလုပ်သင့်သလဲ

ဦးနှောက် လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဆူဒိုကု လေ့ကျင့်ခန်း၊ စကားလုံးဆက်တဲ့လေ့ကျင့်ခန်းတွေကို
 လုပ်ဆောင်ပေးပါ။ ကိန်းဂဏန်းတွေ၊ စကားလုံးတွေ သုံးပြီးလေ့ကျင့်ခန်း လုပ်ပေးတာက
 ဦးနှောက်ကို ကျန်းမာစေပါတယ်။

Friday, March 2, 2012

အိုကီနာဝါ ဂျပန် လူမျိုးများ၏ သက်ရှည် ကျန်းမာရေး နည်းလမ်းများ

ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေး
 ကောင်းမွန်ပြီး အသက် ရှည်စေတဲ့ နေရာကောင်း တစ်ခု ဖြစ်ပါတယ်။ အိုကီနာဝါ ဂျပန်လူမျိုးတွေဟာ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့
 လေဖြတ်ရောဂါ တွေနဲ့ သေဆုံးနှုန်း အနည်းဆုံး ဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး အားလုံး အတွက် သက်တမ်းက ၆၅ နှစ်ကျော် ပါတယ်။
*အိုကီနာဝါ လူမျိုးတွေက ဘာကြောင့် အသက် ရှည်ကြတာလဲ*
၁၉၇၆ ခုနစ် ကတည်းက သုတေသီတွေ ဆန်းစစ် လေ့လာ အဖြေရှာ ခဲ့တဲ့ မေးခွန်း တစ်ခုပါ။ အိုကီနာဝါ လူမျိုး ၈၀၀ ကျော်ရဲ့ ဘ၀ နေထိုင် စားသောက်မှု ပုံစံ နဲ့ မျိုးရိုးဗီဇကို နှစ်ပေါင်းများစွာ အကြာ လေ့လာခဲ့ရာက အောက်ပါ တွေ့ရှိချက်တွေကို  ဖော်ထုတ် နိုင်ခဲ့ ပါတယ်။
ကျန်းကျန်းမာမာ အသက်ရှည်ခြင်း
အိုကီနာဝါ ဂျပန်လူမျိုးတွေက အသက်ရှည်ရှည် နေရရုံ သာမက သူတို့က ကျန်းကျန်းမာမာ ရှိကြပါတယ်။ အသက် ၁၀၀ကျော် နေရသူ အများစုဟာ ကိုယ်ခန္ဓာ သွယ်လျတာ၊ စိတ်တက်ကြွမှု ရှိတာနဲ့ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေလို နာတာရှည်ကျန်းမာရေး ပြဿနာ ဖြစ်နှုန်း လျော့ကျတာတွေ ဖြစ်တယ်လို့
 လေ့လာ တွေ့ရှိ ရပါတယ်။
မျိုးရိုးဗီဇ အခြေအနေ
အိုကီနာဝါ ဂျပန်လူမျိုးတွေရဲ့ မျိုးရိုးဗီဇဟာ ရောင်ရမ်းမှုနဲ့ ခန္ဓာကိုယ်က ကိုယ်ခံအား စနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေ ဖောက်ပြန်မှုကြောင့် ကိုယ်တွင်း စနစ်တွေကို ပြန်တိုက်ဖျက်တဲ့ ဝေဒနာ (Autoimmune Disorder)တွေကို ကာကွယ်နိုင်စွမ်း ရှိစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အသက် ရာကျော် ရှည်တဲ့ အိုကီနာဝါ လူမျိုးတွေရဲ့ ၀မ်းကွဲ ညီအစ်ကို မောင်နှမတွေ ဟာလည်း သက်ရှည် ကျန်းမာကြတယ်လို့ လေ့လာမှု တွေက ဖော်ပြ ထားပါတယ်။
ဖရီး ရယ်ဒီကယ်များ
သက်တော် ရာကျော် ရှည်တဲ့သူတွေရဲ့ သွေးထဲမှာ မကောင်းတဲ့ ဓာတ်တိုးပစ္စည်း ဖရီး ရယ်ဒီကယ် ပမာဏ လျော့နည်း နေတတ် ပါတယ်။ ဒီလို ဖြစ်ရတာက အိုကီနာဝါ လူမျိုးတွေဟာ တခြား လူမျိုးတွေထက် ရှစ်ဆယ် ရာခိုင်နှုန်းအထိပဲ ဗိုက်ပြည့်အောင် အစာစားလေ့ ရှိတာကြောင့်ပါ။ ဗိုက်ပြည့်တင်းတဲ့ အထိ အစာမစားဘဲ ကယ်လိုရီ လျော့နည်းပြီး စားတာကြောင့် အစာခြေ စနစ်ကနေ ဖရီး ရယ်ဒီကယ် ထုတ်လုပ်မှု လျော့နည်းပါတယ်။ ဖရီး ရယ်ဒီကယ် လျော့နည်း လေလေ၊
 နှလုံး သွေးကြောရောဂါ၊ ကင်ဆာရောဂါနဲ့ တခြား နာတာရှည် ရောဂါတွေရဲ့ ဖြစ်နှုန်းကို
 လျော့ကျစေ လေလေပဲ ဖြစ်ပါတယ်။
နှလုံး ကျန်းမာရေး
ကျန်းမာနေတဲ့ သွေးကြောတွေဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောနဲ့ ဟိုမိုစစ်စတင်း အဆင့်ကို လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ သွေးကြောတွေ ကျန်းမာနေတာကြောင့် အိုကီနာဝါ ဂျပန်လူမျိုးတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း လျော့ကျမှုရှိတာကို တွေ့ရှိ ခဲ့ရကြောင်း လေ့လာသူတွေက ဆိုပါတယ်။ နှလုံး သွေးကြောတွေ ကျန်းမာရတာက အစားအသောက်ကို ကောင်းကောင်း စားတာ၊ လေ့ကျင့်ခန်းကို ပုံမှန် လုပ်တာ၊ ဆေးလိပ် မသောက်တာနဲ့ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ အကောင်းမြင် စိတ်ထား ရှိတာတွေကြောင့် ဖြစ်ပါတယ်။
ကင်ဆာရောဂါ အန္တရာယ် လျော့ကျခြင်း
အိုကီနာဝါ လူမျိုးတွေက ဟော်မုန်းကို မှီခိုနေတဲ့ ကင်ဆာတွေ ဖြစ်တဲ့ ရင်သား ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ မမျိုးဥအိမ် ကင်ဆာနဲ့ အူမကြီး ကင်ဆာ စတာတွေရဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့နည်း ကြပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာနဲ့ အူမကြီး ကင်ဆာရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်ကို ၈၀ ရာခိုင်နှုန်း လျော့ကျ စေပြီး အူမကြီး ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာ ရောဂါတို့ရဲ့ အန္တရာယ်ကို ၅၀ရာခိုင်နှုန်း လျော့ကျတာ တွေ့ရပါတယ်။ လေ့လာမှု အရ ကယ်လိုရီ စားသုံးမှု လျော့နည်းတာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စားသုံးမှု များတာ၊ အစားအသောက် ထဲမှာ ကောင်းတဲ့ အဆီတွေကို စားတာ၊ အမျှင်ဓာတ် များများ စားတာနဲ့ တက်တက်ကြွကြွ နေတာ စတဲ့ ဘ၀ နေထိုင် စားသောက်မှု ပုံစံတို့ကို လိုက်နာ တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အရိုး ကျန်းမာရေး
အိုကီနာဝါ ဂျပန်လူမျိုးတွေက အမေရိကန် လူမျိုးတွေ ထက် တင်ပဆုံရိုး ကျိုးနိုင်တဲ့ အန္တရာယ် လျော့ကျမှု ရှိတာကို အံ့အား သင့်စရာ မလိုပါဘူး။ လေ့လာမှုအရ အသက် ရာကျော် ရှည်သူတွေရဲ့ အရိုး သိပ်သည်းဆ ဆုံးရှုံးနှုန်းဟာ တခြား ဂျပန် လူမျိုးတွေရဲ့ အရိုး သိပ်သည်းဆ ဆုံးရှုံးမှုထက် ပို လျော့နည်းတာကို တွေ့ရပါတယ်။ ဒါဟာ အိုကီနာဝါ လူမျိုးတွေက ကယ်လ်စီယမ် ပါတဲ့ အစားအသောက်တွေကို များများ စားတာ၊ နေရောင်ခြည်က ရတဲ့ ဗီတာမင် ဒီ နဲ့ ထိတွေ့မှု ရှိတာနဲ့ ကိုယ်လက်လှုပ်ရှားမှု များများ လုပ်တာတွေကြောင့် အရိုး သိပ်သည်းဆ ဆုံးရှုံးနှုန်း နည်းရတာပါ။
သွေးဆုံးခြင်း
အိုကီနာဝါ အမျိုးသမီးတွေဟာ အီစထရိုဂျင် ဟော်မုန်း အစားထိုး ကုသမှုကို ခံယူလေ့ မရှိပါဘူး။ ဒါပေမဲ့ သွေးဆုံးတာကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာ အနည်းငယ်ကိုပဲ ခံစားရလေ့ ရှိပါတယ်။ အကြောင်းကတော့ သူတို့ရဲ့အဓိက အစားအစာထဲမှာ ပါတဲ့ ပဲပိစပ်ထဲက ဖိုင်တို အီစထရိုဂျင်တွေဟာ လေ့ကျင့်ခန်း လုပ်တာကြောင့် ရတဲ့ ရလဒ်လိုပဲ သွေးဆုံးတာကြောင့် ဖြစ်တဲ့ ဆိုးကျိုးကို လျှော့ချ ပေးနိုင်တာကြောင့် လို့ ယူဆထားလို့ပါ။
လိင်ဟော်မုန်း အများအပြား ရှိခြင်း
အိုကီနာဝါ လူမျိုးတွေမှာ သက်တူ အမေရိကန် လူမျိုးတွေ ထက် လိင်ဟော်မုန်းတွေ ဖြစ်တဲ့ အီစထရိုဂျင်၊ တက်စတိုစတီရုန်းနဲ့ DHEA ဟော်မုန်းတွေ ပို ရှိနေတတ် ပါတယ်။ တက်စတိုစတီရုန်း ဟော်မုန်း ပမာဏ များတာက ကြွက်သား ထုထည်ကို ကောင်းမွန် စေပါတယ်။ အီစထရိုဂျင် ဟော်မုန်း ပမာဏ များတာက အရိုးပါး ရောဂါနဲ့ နှလုံးရောဂါကို ကာကွယ် ပေးနိုင်ပါတယ်။ DHEA ဟော်မုန်းက အသက်ကြီးလာ လေလေ လျော့ကျ လေလေ ဖြစ်တာကြောင့် လေ့လာသူ တချို့က လူတစ်ယောက် ဘယ်လောက် အသက်အရွယ် ရှိနေပြီလဲ ဆိုတာကို DHEA ကို တိုင်းတာ စစ်ဆေးလေ့ ရှိပါတယ်။ ဒါပေမဲ့ အာဟာရ ပြည့်ဝတဲ့ အစားအသောက် စားတာနဲ့ လေ့ကျင့်ခန်း လုပ်တာတွေကြောင့် ဒီဟော်မုန်းတွေက အသက်ကြီးတဲ့ အိုကီနာဝါ လူမျိုးတွေမှာ မြင့်တက်နေဆဲ ရှိနေတာကို လေ့လာ တွေ့ရှိ ရပါတယ်။
အကောင်းမြင်ခြင်း
အိုကီနာဝါ လူမျိုးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဆန်းစစ် ကြည့်တဲ့ အခါမှာ သူတို့တွေက စိတ်ဖိစီးမှု လျော့နည်းပြီး အကောင်းမြင် သဘောထား ရှိတာကို တွေ့ရပါတယ်။ သူတို့ဟာ အကောင်းမြင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် နိုင်စွမ်း ရှိကာ သက်ကြီး အတိတ်မေ့ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် လျော့ကျမှု ရှိတာကို လေ့လာ တွေ့ရှိ ခဲ့ရပါတယ်။
Tip !
ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ဘ၀နေထိုင်မှု ပုံစံအတိုင်း နေထိုင်တာက အသက် ရှည်စေရုံ သာမက ရောဂါဘယ ကင်းဝေး စေပါတယ်။
Ref: Pyi Myanmar Journal

Wednesday, February 29, 2012

ငှက်ဖျားရောဂါအကြောင်း သိကောင်းစရာ

ငှက်ဖျား ရောဂါသည် ကျွန်တော်တို့ မြန်မာ နိုင်ငံအပါအဝင်၊ ကမ္ဘာ့နိုင်ငံ များတွင် ကြီးမားစွာ ဒုက္ခ ပေးလျက် ရှိသည်။ ငှက်ဖျား ရောဂါ ကြောင့် မသေ သင့်သော သူများ သေဆုံး ခဲ့ကြ ရပါသည်။ နှစ်စဉ် နှစ်တိုင်း၊ တစ်ကမ္ဘာလုံးရှိ ပြည်သူများကို ခြိမ်းခြောက်လျက် ရှိပါသည်။ ငှက်ဖျားရောဂါအတွက် နောက်ဆုံးပေါ်ခေတ်မီဆေးဝါးများ ပေါ်လာ သော်လည်း သေဆုံးခြင်း၊ အားအင်ချိနဲ့ခြင်း များ ဖြစ်ပေါ်လျက်ရှိပါသည်။ အဘယ် ကြောင့်ဆိုသော်၊ ကာကွယ်နည်းများကို လိုက်နာဆောင်ရွက်မှုအားနည်းခြင်းနှင့် ထိရောက်စွာကုသမှုမရှိခြင်းကြောင့်ဖြစ်ပါ သည်။ ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်း များတွင် ပြည်သူတစ်ရပ်လုံးပါဝင်မှုနည်း ခြင်း ကြောင့် လည်း ဖြစ်ပါသည်။
(၁) ငှက်ဖျားဖြစ်စေသောအကြောင်း အရင်း
ငှက်ဖျားရောဂါသည် စိမ့်ရေ၊ စမ်း ရေသောက်ခြင်း၊ ငှက်ပျောသီး၊ ကျွဲကောသီးစား၍မဟုတ်ပါ။ အဓိကအားဖြင့် ခြင် ကိုက်ခြင်းကြောင့် ကူးစက်တတ်သော ရောဂါဖြစ်ပါသည်။ ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသော အနော်ဖီလီခြင်မ ကိုက်ခြင်းကြောင့် လူနာမှ အခြားသူထံ ရောဂါကူးစက်
ခြင်းဖြစ်ပါသည်။ ထိုခြင်မ သည် နေဝင်ချိန်မှ နံနက်မိုးသောက် အရုဏ်တက်အတွင်း (အထူးသဖြင့် ည အချိန်)၌ လူကို ကိုက်လေ့ရှိပါသည်။
(၂) ငှက်ဖျားရောဂါကိုဖြစ်စေ သော ရောဂါပိုးများ
အဓိအားဖြင့် ၄ မျိုးရှိပါသည်။ ၄င်း တို့မှာ ပလက်စမိုးဒီယမ် (ဖယ်စီပရမ်၊ မလေးရီရေး၊ အိုဗေးနှင့် ဗိုင်းဗတ်)တို့ဖြစ် ပါသည်။ ပလက်စမိုးဒီယမ် ဖယ်စီပရမ် သည် အဖြစ်အများဆုံးနှင့် အပြင်းအထန် ဆုံး အမျိုးအစားဖြစ်ပါသည်။ သေဆုံးမှု လည်း အများဆုံးဖြစ်ပါသည်။
(၃) ငှက်ဖျားရောဂါလက္ခဏာများ
ငှက်ဖျားရောဂါလက္ခဏာများသည် ငှက်ဖျားရော၈ါပိုးကို ဖြစ်စေသော ရောဂါ ပိုးအမျိုးအစားပေါ်တွင် မူတည်ပါသည်။ရောဂါပိုးရှိသော ခြင်ကိုက်ပြီး ၁၀ ရက်မှ ၂၁ ရက်အတွင်းဖြစ်တတ်ပါသည်။ သို့ ပေမယ့် ၄င်းရက်များထက်လည်း ပို၍ ကြာနိုင်ပါသည်။ ငှက်ဖျားရောဂါပိုးကူးစက် ခံရခြင်းမရှိသေးသောကလေးများ၊ ငှက် ဖျားပေါသော ဒေသတွင်ရှိသောသူများနှင့် ငှက်ဖျားဒေသသို့ ခရီးသွားသူများတွင် လက္ခဏာများကို
 တွေ့ရှိနိုင်ပါသည်။ အများဆုံးတွေ့ရှိရသော လက္ခဏာ များမှာ ဖျားခြင်းဖြစ်ပြီး၊ ချမ်းတုန်ခြင်းနှင့်
 ချွေးထွက်ခြင်းတို့ဖြင့် ဆက်နွယ်မှုရှိပါ သည်။ ဖယ်စီပရမ်အမျိုးအစားသည် အဖျားတက်ချိန် မမှန်ပါ။ ဗိုင်းဗတ်သည် တစ်ရက်ခြားမှန်မှန်ဖျားတတ်ပြီး၊ မလေးရီ ရေးသည် နှစ်ရက်ခြား တစ်ခါဖျားတတ်ပါ သည်။ အခြားလက္ခဏာများမှာ ကိုယ် လက်မအီမသာဖြစ်ပြီး နေထိုင်မကောင်း ခြင်း၊ ခေါင်းကိုက်ခြင်း၊
 ချောင်းဆိုးခြင်း၊ အန်ခြင်း (သို့မဟုတ်) ဝမ်းအနည်းငယ် လျှောခြင်းတို့ဖြစ်ပါသည်။
(၄) ငှက်ဖျား၏နောက်ဆက်တွဲ ဆိုးကျိုးများ
ငှက်ဖျား၏နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ပြင်းထန်စွာခံစားရပြီး သေဆုံး နိုင်ပါသည်။ ゞင်းတို့မှာ (က) ပြင်းထန်စွာ သွေးအားနည်းခြင်း (ခ) ဆီးထဲတွင် သွေး ပါခြင်း (ဂ) ငှက်ဖျားပိုးဦးနှောက်ထဲဝင်၍ သတိလစ်မေ့မြောခြင်း (ဃ) ခန္ဓာကိုယ် အနှံ့အပြားတွင် သွေးခဲ၍ သွေးခဲရှိ ရောဂါ ပိုးမွှားများ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြန့် ကျဲခြင်းနှင့် အလိုအလျောက် သွေးယိုစီး ခြင်း (င) ခန္ဓာကိုယ်အတွင်းရှိ သတ္တု ဓာတ်များမညီမျှ၍ အန်ခြင်း၊ ဝမ်းလျှော ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ချွေးထွက်လွန်ခြင်း (စ) အများအလွန်ကြီးပြီးတက်ခြင်းနှင့် သတိမေ့ခြင်း (ဆ) သွေးထဲတွင် သကြား ဓာတ်နည်းခြင်း (ဇ) ပါရာဆိုဒ်ရောဂါပိုးများ ပြန့်ပွားခြင်း (ဈ) ရောဂါပိုးဝင်လွယ်ခြင်း (ဥပမာ- အဆုတ်ရောင်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ အူရောင်ငန်းဖျားရောဂါ စသည်) (ည) အသားဝါဖြစ်ခြင်းနှင့် အသည်းရောင်ခြင်း (ဋ) ငှက်ဖျားကြောင့် ဝမ်းလျှောဝမ်းပျက်ခြင်း (ဌ) ဇီဝတွင်းဖြစ် ပျက်မှုကြောင့် သွေးတွင် အက်ဆစ်ဓာတ် များပြားပါဝင်နေခြင်း (ဍ) နာတာရှည် ငှက်ဖျားရောဂါကြောင့် အားအင်ချိနဲ့ ထုံကျဉ်၍ လမ်းမလျှောက်နိုင်ခြင်း (ဎ) ဖောရောင်၍ အသက်ကြပ်မောခြင်း (ဏ) အဆုတ်ရောင်ခြင်းနှင့် လတ်တလော အဆုတ်ကောင်းစွာပုံမှန်ပြန့်ကားမလုပ်နိုင် သောကြောင့် အသက်ရှူခြင်း ခက်ခဲမှု ရောဂါလက္ခဏာစုဖြစ်ခြင်း (တ) လတ် တလော ကျောက်ကပ်ပျက်စီးခြင်းနှင့် (ထ) (ဘေလုံး)သရက်ရွက်ကြီးခြင်းနှင့် ဘေးလုံးကွဲတတ်ခြင်းတို့ဖြစ်ပါသည်။
(၅) ကိုယ်ဝန်ဆောင်မိခင်များနှင့် ငှက်ဖျား
ကိုယ်ဝန်ဆောင်မိခင်များတွင် ငှက်ဖျားဖြစ်ပါက သွေးအားနည်းခြင်း၊ သွေးထဲတွင် သကြားဓာတ်နည်းခြင်း၊ လတ်တလော အဆုတ်ရောင်ခြင်း၊ ပါရာ ဆိုဒ်ပါးအရေအတွက်များခြင်းနှင့် ငှက်ဖျား ပိုး ဦးနှောက်ထဲ ဝင်ရောက်ခြင်းတို့ဖြစ် တတ်ပါသည်။ သေဆုံးမှုနှုန်းသည် ၂ဆမှ ၁၀ ဆထိများပြားတတ်ပါသည်။ သန္ဓေသားများတွင် မွေးဖွားချိန်တွင် ချက်ခြင်း သေဆုံးခြင်း၊ အချိန်မတိုင်မီ မွေးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးခြင်းနှင့် မိခင်တွင်ကိုယ်ဝန်ပျက်ခြင်း တို့ ခံစားရနိုင်ပါသည်။
(၆) ကာကွယ်ခြင်း
(က) တစ်ကိုယ်ရည်ကာကွယ်နည်း များ
လူကို ခြင်ကိုက်ခြင်းမှ ကာကွယ်ရန် ဘောင်းဘီအရှည်၊ အင်္ကျီလက်ရှည်နှင့် လုံချည်တို့ကို လုံလုံခြုံခြုံဝတ်ဆင်ရပါမည်။ ပိုးသတ်ဆေးစိမ်ခြင်ထောင်ကို အသုံးပြု ပြီး ညပိုင်းတွင်
အိပ်ပါ။ ခန်းဆီးလိုက်က များကို ပိုးသတ်ဆေးစိမ်ထားပါက ပို ကောင်းပါသည်။ ခြင်များနေအိမ် အဆောက်အဦအတွင်းသို့ မဝင်နိုင်ရင် တံခါးပေါက်နှင့် ပြတင်းပေါက်များတွင် ခြင်လုံဇကာများ
ကာရံထားသင့်ပါသည်။ ညနေပိုင်းနှင့် ညမိုးချုပ်အချိန်များ၌ အိမ်၊ ခြံအပြင်ဘက်သို့ ထွက်ခွာခြင်းကို မပြု လုပ်သင့်ပါ။ ညဘက်တွင် ခြင်မကပ်နိုင် စေရန် ဆေးရည် (သို့မဟုတ်) ညှစ်ဆေး တောင့်များကို လိမ်းထားပေးပါ။ ခြင်နှိမ် နင်းရန်အတွက် ခြင်ဆေးခွေများ သုံးသော် လည်း အဆုတ်ရောဂါများဖြစ်တတ်၍ သတိထားရပါမည်။ နနွင်းမှိုင်းကဲ့သို့သော အလွယ်တကူရရှိနိုင်သည့် ခြင်နိုင်ဆေးခွေ ကို အသုံးပြုရပါမည်။
(ခ) လူထုပါဝင်လှုပ်ရှားခြင်း
ငှက်ဖျားရောဂါကာကွယ်နှိမ်နင်း ရေးအတွက် ခြင်နှိမ်နင်းရေးသည်အဓိက အရေးပါဆောင်ရွက်ရမည့်
အချက်ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ လူထုပါဝင်လှုပ်ရှားမှု အပြင် ခြင်ပေါက်ဖွားသည့်နေရာနှင့်ခြင် ရှိသောနေရာများကို ရှင်းလင်းရပါမည်။ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ပါ။ ချိုင့်ခွက်များကို မြေဖို့ပါ။ ပတ်ဝန်းကျင် သန့်ရှင်းပြုပြင်ရေးများကို ဆောင်ရွက်ပါ။ ရေတွင်းရေကန်များတွင်
 လောက်လန်းစား ငါးများထည့်ခြင်းပြုလုပ်ရပါမည်။ ချုံ၊ နွယ် များ ရှင်းလင်းပါ။
(ဂ) ကာကွယ်ဆေးတိုက်ကျွေးခြင်း
မိခင်နှင့် ကလေး၏အသက် အန္တရာယ်ထိခိုက်ခြင်းမှ ကာကွယ်နိုင်၍ ကြိုတင်ကာကွယ်ဆေးများကို ငှက်ဖျား ရောဂါအဖြစ်များသော ဒေသတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင်များကို တိုက်ကျွေး သင့်ပါသည်။ ငှက်ဖျားရောဂါထူပြောသော ဒေသသို့ ခရီးသွားမည့်သူလည်း ကာကွယ် ဆေးကို ကြိုတင်သောက်သင့်
ပါသည်။
(၇) အကြံပြုချက်
ကာကွယ်ခြင်းသည် ကုသခြင်း ထက်ပိုကောင်းသည်}ဆိုသည့်အတိုင်း၊ ကာကွယ်နည်းများကို လိုက်နာဆောင်ရွက် ပါ။ ငှက်ဖျားရောဂါထူပြောသော ဒေသမှ ပြန်လာခဲ့ပါက ငှက်ဖျားပိုးရှိမရှိစစ်ဆေး ပါ။ ရှိပါက အစွမ်းထက်သော ငှက်ဖျား ဆေးများဖြင့် ထိရောက်စွာကုသပါ။ ငှက် ဖျားဖြစ်ပွားရာဒေသတွင်
 နေထိုင်သူများ သည် မပေါ့ဆဘဲ၊ ကျန်းမာရေးဝန်ထမ်း များဖြင့် ကုသမှုခံယူပါ။ ကိုယ်ဝန်ဆောင် မိခင်များ ငှက်ဖျားမဖြစ်ပွားအောင် ကြို တင် ကာကွယ်ပါ။ ကလေးတစ်ဦးဖျား ပါက ငှက်ဖျားကိုလည်း မမေ့သင့်ကြောင်း အကြံပြုအပ်ပါသည်။
မြင့်သန်းထွန်း
မေမွန်ကျော်

Tuesday, February 28, 2012

အရေပြားကင်ဆာ အတွက် ကုထုံးသစ်ထွက်ပေါ်လာ

အဆင့်မြင့် အရေပြား ကင်ဆာ အတွက် ကုသနိုင်မည့် ကုထုံးတစ်မျိုး အရ ယခင်ကထက် အသက် ရှင်သန်နိုင်မှုကို အချိန်နှစ်ဆ အထိဆွဲ ဆန့်နိုင်ပြီ
 ဖြစ်ကြောင်း နိုင်ငံတကာ လေ့လာမှု တစ်ခုအရ သိရသည်။ ဆရာဝန်များမှ ပြောရာ၌ အမေရိကန်နှင့် သြစတြေးလျ တို့မှ လူနာပေါင်း ၁၃၂ ဦးမှာ vemurafenib အမည်ရသည့် ဆေးကိုပေး အပြီးတွင် ယခင်က ခန့်မှန်းထားသည့် ကာလထက် နှစ်ဆ ပိုမို အသက်ရှင် နေထိုင်နိုင် ခဲ့ကြောင်း သာမန်ကုထုံးဖြင့် ဆိုပါက ၉ လသာ ခံမည့် လူနာမှာ ၁၆ လ အထိ အသက်ရှင်သန် နေထိုင်နိုင် ခဲ့ကြောင်း ကိုလည်း New England Journal of Medicine တွင်ဖော်ပြ ခဲ့သည်။ Vemurafenib (Zelboraf) ဆေးမှာ ဥရောပ တိုင်းပြည် များတွင် အသုံးပြုရန် ခွင့်ပြုချက် ရရှိထားပြီ ဖြစ်ကြောင်းလည်း သိရသည်။

Friday, January 27, 2012

အဆုတ်ထဲမှာ အပင်ပေါက်နေသူ

ရုရှားမှ ခွဲစိတ်ဆရာဝန်များဟာ အသက် ၂၈ နှစ်အရွယ်လူနာတစ်ဦးထံမှ
အကြိတ် ကို ခွဲထုတ်ပေးရမယ်လို့တွက်ဆခဲ့ပေမဲ့ တကယ်တန်း ခွဲစိတ်တဲ့အချိန်မှာသူတို့တွေ့ခဲ့ရတာကတော့ ၅ စင်တီမီတာ ရှိတဲ့ အပင်တစ်ပင်ဟာ ထိုလူရဲ့အဆုတ်ထဲမှာ ရှင်သန်ကြီးထွား
နေတာကို တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကတော့ ရုရှားနိုင်ငံ Urals က ဆရာဝန်များဟာ Artyom Sidorkin ဆိုတဲ့ လူကိုခွဲစိတ်မှု
မှာကြုံခဲ့ရတာ ဖြစ်ပါတယ်လို့ Komsomolskaya Pravda
နေ့စဉ်သတင်းစာမှာဖော်ပြခဲ့ပါတယ်။
ဆရာဝန်တွေက Sidorkin ကိုသံသယ ရှိခဲ့တာကတော့ သူပြောပုံအရ ရင်ဘတ်မှာနာတယ်။
ပြီးတော့ ချောင်းဆိုရင်သွေးပါတယ် ထိုအတွက် ကင်ဆာရောဂါလို့ သံသယရှိခဲ့တာဖြစ်ပါတယ်။
ကျွန်တော်မျက်စိကို ပိတ်လိုက်ဖွင့်လိုက်လုပ်ပြီးနောက် သေသေချာချာ  ကြည့်တဲ့အခါမှာတော့ အရာဝတ္တုတစ်ခုကိုတွေခဲ့ရတယ်လို့ ခွဲစိတ်ဆရာဝန် Vladimir Kamashev ကို သတင်းစာကိုပြောပြပါတယ်။ ဆရာဝန်တွေရဲ့ ယုံကြည့်ထားမှုကတော့ Sidorkin ငါ အစေ့တစ်ခုကို မျိုချမိလိုက်ပြီး ထိုအစေ့ဟာ အဆုတ်ထဲရောက်ကာ အညှောင့် ထွက်လာတာဘဲဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ အခုတော့ ခွဲထုတ်ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။

Thursday, January 5, 2012

ဆီးချိုရောဂါ အတွက် ကြက်သည်းခြေ (ဆီးချိုသမားများအတွက် သတင်းကောင်း)

ဆီးချိုရောဂါ အတွက် ဆေးတစ်လက်ပါ။.......လွယ်လို့မယုံ မရှိနဲ့ဗျို့

ဒီဆေးနည်းကို နက္ခတ္တရောင် တိုင်းရင်းမြန်မာဆေးမြီးတိုများ(၂)

ဆေးနည်းပေးသူ......ဦးသန်းစိန်

လက်တွေ့ပျောက်သူ.....စာရေးသူနှင့် ဓမ္မမိတ်ဆွေဖြစ်သူ
                                          .ဆောက်လုပ်ရေး အင်ဂျင်နီယာ(အငြိမ်းစား) ဦးအောင်ခိုင်စိန်

                                         (မကွေးမြို့၊အေးစေတီ   ကန်သာကန်  တောင်တက်နေသူ)


ရေးသူ.....ကျော်ဇောလင်း(မကွေး)

ဆေးနည်း......

ကြက်သည်းခြေ နေတိုင်း စားပေးရပါတယ်။

ကြက်သည်းခြေကို ဆီသုတ်ပြီး ကြက်သည်းခြေကို အခြောက်လှန်းရပါတယ်။

ကြက်သည်းခြေဟာ ခြောက်သွားတော့ အနံအသက် သိပ်မထွက်တော့ဘူး။

သေးငယ်တော့ စားရတာ လွယ်ကူပါတယ်။

ကြက်သည်းခြေက သိပ်ခါးတော့ ဆီးချိုရောဂါ ထွက်ပြေးတော့တာပေါ့...........


@ မြန်မာ့ဆေးမြီးတို

Wednesday, January 4, 2012

ရိုးတွင်းချဉ်ဆီ အစားထိုးကုသနည်းဖြင့် AIDS ရောဂါကို ပထမဆုံးအကြိမ်အဖြစ် ပျောက်ကင်းအောင် ကုသပေးနိုင်ခြင်း

အမေရိကန်နိုင်ငံသား အိတ်အိုင်ဗွီဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ AIDS ဝေဒနာရှင်တစ်ဦးဟာ အဲ့ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ အလှူရှင်တစ်ဦးရဲ့ရိုးတွင်းချဉ်ဆီကို အစားထိုးကုသမှုပြုလုပ်ခဲ့ပြီးအေအိုင်ဒီအက်စ်ရောဂါ ပျောက်ကင်းသွားခဲ့တယ်လို့ သိရပါတယ်။
  HIV ပိုးကူးစက် ခံထားရတဲ့ အသက်(၄၅)နှစ်အရွယ် အမေရိကန်လူမျိုး “တင်မိုသီရေး ဘရောင်း” ဟာ သွေးကင်ဆာ ရောဂါပါ ခံစားနေရတာကြောင့် ရိုးတွင်းချဉ်ဆီ အစားထိုးကုသမှုခံယူဖို့
သင့်တော်တဲ့ လူနာတစ်ဦး ဖြစ်ကြောင်း သူ့အတွက် ရိုးတွင်းချဉ်ဆီလှူဒါန်းပေးတဲ့ အလှူရှင်ကလည်း AIDS ရောဂါကို မွေးရာပါခံနိုင်ရည်ရှိသူဖြစ်ကြောင်း ၀ါရှင်တန်ဆေးတက္ကသိုလ်မှ AIDS ရောဂါဆိုင်ရာ စိစစ်လေ့လာသူဒေါက်တာ “ကလစ်ဖော့်ဒ်” က ပြောကြားခဲ့ ပါတယ်။
ဒေါက်တာ “ကလစ်ဖော့ဒ်” ရဲ့ အဆိုအရ အသားဖြူ (အသဖြူ)လူမျိုးတွေရဲ့ (၁)ရာခိုင်နှုန်း ဟာ HIV ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိပြီး အခုရိုးတွင်းချဉ်ဆီ အလှူရှင်ကလည်း ဗိုင်းရပ်စ်ပိုးကို ခံနိုင်ရည် ရှိသူများထဲကနေ ရွေးချယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလို HIV ဗိုင်းရပ်စ်ပိုးကို ခံနိုင်ရည်ရှိသူရဲ့ ရိုးတွင်းချဉ်ဆီ အစားထိုးကုသခြင်းဖြင့် အခြားသော AIDS ဝေဒနာရှင်များ ကို ရောဂါပျောက်ကင်းစေနိုင်ခြင်းရှိ၊ မရှိနဲ့ ပတ်သက်ပြီး ဒေါက်တာ“ကလစ်ဖော့ဒ်”
က ပြောကြားရာမှာတော့ ဒီလိုကုသမှုဟာ စရိတ်စကကြီးလွန်းခြင်း၊ ကိုယ်ခံအားစနစ်ပျက်ယွင်းမှုကြောင့်
အခြားကုထုံးများနဲ့ အဆင်ပြေသက်သာနေသူများကို အသက်ဆုံးရှုံးစေနိုင်ခြင်းတို့ကြောင့်
ရောဂါသည်တိုင်းကို အခုလို ကုသမှုမပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

 ဒီလို ရိုးတွင်းချဉ်ဆီအစားထိုး ကုသခြင်းဖြင့် AIDS ရောဂါပျောက်ကင်းသွားခဲ့တဲ့ “တင်မိုသီရေး ဘရောင်း”
ကို “ဘာလင် ပေးရှင်”လို့ လူသိများပြီး ဒါဟာ AIDS ရောဂါ ကူးစက်ဖြစ်ပွားမှုကို အဆုံးသတ်ဖို့ ကြိုးစားနေကြတဲ့ သိပ္ပံပညာရှင်များအတွက် မျှော်လင့်ချက် တစ်ခု ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာမှာAIDS ရောဂါကိုဖြစ်စေနိုင်တဲ့ HIV ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လေ့လာမှုများ ပြုလုပ်နေတာ နှစ်ပေါင်း (၃၀)ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီ HIV ပိုးကူးစက်ခံရမှုကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူသန်းပေါင်း
(၃၀)ခန့် သေဆုံးခဲ့ပြီး၊ တစ်နေ့ကို လူ(ခုနှစ်ထောင်)ခန့် ကူးစက်ခံနေရတယ်လို့ သိရပါတယ်။

Sunday, January 1, 2012

အမေရိကန်အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေးအဖွဲ့မှအတည်ပြုခဲ့သည့် ဆီးချိုရောဂါကုသမှုအသစ်

အမေရိကန်ပြည်ထောင်စုရှိ အစားအစာနဲ့ဆေးဝါးကြီး ကြပ်ကွပ်ကဲရေးအဖွဲ့FDA ရဲ့ ပြောကြားချက်အရ၊ လူကြီးများမှာဖြစ်ပွားတဲ့ ဆီးချိုရောဂါ
အမျိုးအစား(၂)ရဲ့ သွေးအတွင်း သကြားဓာတ်ထိန်းချုပ်မှုဟာ အစားအစာ ချင့်ချိန်စားသုံးခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း တွေနဲ့အတူ “ထရာဂျန်တာ” ဆေးပြားများကို တွဲဖက်သောက်သုံးမယ်ဆိုရင် တိုးတက်ကောင်းမွန်မှုရှိတာကို သိရပါတယ်။ အခုလို ဆီးချိုရောဂါအမျိုးအစား(၂)ခံစားနေရတဲ့ လူနာတွေမှာ ၎င်းတို့ခန္ဓာကိုယ်ထဲရှိ သကြားဓာတ်ပမာဏကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဓာတ်ကို မထုတ်ပေးနိုင်ကြောင်း သိရပါတယ်။ အဲ့ဒီလို အင်ဆူလင်ဓာတ်မထုတ်ပေးနိုင်မှုကြောင့် သွေးထဲမှာ သကြားဓာတ်ပါဝင်မှုတွေဟာ
မြင့်တက်ပြီး နှလုံးရောဂါ၊ အမြင်အာရုံကွယ်မှုနဲ့ ကျောက်ကပ်ပျက်စီးမှု စတဲ့ ရောဂါအသစ်များကိုလည်း ထပ်တိုးလာစေနိုင်ပါတယ်။ ဒီလို ဆီးချိုရောဂါအမျိုးအစား(၂)ဟာ အများဆုံးမြင်တွေ့နေကျ
ရောဂါပုံစံမျိုးဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာ လူဦးရေ (၂၄)သန်းရဲ့ (၉၀)ရာခိုင်နှုန်းကနေ (၉၅)
ရာခိုင်နှုန်းကြားဟာ အဲ့ဒီ ဆီးချိုရောဂါကို ခံစားနေကြရပါတယ်။ ဆီးချိုရောဂါအမျိုးအစား(၂) ဝေဒနာရှင်များအတွက်
“ထရာဂျန်တာ”ဆေးပြားဟာ အင်ဆူလင်ဓာတ်ကို တွက်ဖို့လှုံ့ဆော်ပေးတဲ့ ဟော်မုန်းတွေကို တိုးပွားလာစေအောင် လုပ်ပေးတယ်လို့ သိရပါတယ်။ ဒါပေမယ့်“ထရာဂျန်တာ” ဆေးပြားကို သောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ နှာစေးလည်ချောင်းနာခြင်း၊ ကြွက်သား နာကျင်ခြင်းနဲ့ ခေါင်းကိုက်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။ FDA ရဲ့ အခုအတည်ပြုထောက်ခံချက်အသစ်အရ ဆီးချိုရောဂါအုပ်စု(၂)ခံစားနေကြရတဲ့ အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာအတွက် ကုသမှုပုံစံအသစ်
တစ်မျိုးရရှိသွားနိုင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Saturday, December 31, 2011

၂၀၁၁ ခုနှစ်အတွက် သိပ္ပံတီထွင်မှုတွင် HIV ကာကွယ်ဆေးသစ်မှ ဆွတ်ခူး

ကြာသပတေးနေ့တွင် ထွက်ရှိလာသည့် သိပ္ပံဂျာနယ်တွင် ဖော်ပြရာ၌ ၂၀၁၁ ခုနှစ် အတွက် သိပ္ပံပညာရပ်ဆိုင်ရာ ထိုးဖောက်တည်ထွင်နိုင်မှု အတွက် HPTN 052 အမည်ရ  စမ်းသပ်အဆင့်  HIV  ရောဂါကုဆေးကို သတ်မှတ်ပေး
လိုက်ကြောင်းသိရသည်။ အဆိုပါ တွေ့ရှိချက်အရ  HIV ရောဂါ ကူးစက်ခံရသည့် လူမှာ ၎င်းအနေဖြင့် ရောဂါပိုးများ များစွာ မပျံ့နှံ့သေးပါက ကိုယ်ခံစွမ်းအား အတော်အသင့် ကောင်းမွန်နေ သည့် အချိန်မှစတင်ပြီး ယင်းဆေးကို သောက်သုံးလျင် ၎င်းနှင့် လိင်ကွဲ ဆက်ဆံဘက် ရောဂါပိုး မရှိသူအား HIV ရောဂါကူးစက်နိုင် မည့်ဘေးမှ ၉၆ ရာခိုင်နှုန်းအထိ တားဆီးနိုင်ကြောင်း သိရသည်။
ယခုလို တွေ့ရှိချက်ကို လွန်ခဲ့သည့် မေလက စတင်ကြေငြာခဲ့ခြင်း ဖြစ်ပြီး သြဂုတ်လသို့ အရောက်တွင် New England ဆေးပညာ ဂျာနယ်၌ ဖော်ပြခဲ့သည်။ ယင်းလေ့လာမှုကို U.S. National Institute of Allergy and Infectious Diseases (NIAID) မှ ထောက်ပံ့ပေးပြီး လုပ်ဆောင်စေခဲ့ခြင်း ဖြစ်ကာ  အမျိုးသား ကျန်းမာရေးအဖွဲ့အစည်း၏ စီမံကိန်းတစ်ခုလည်း ဖြစ်သည်။ ယခုလို တွေ့ရှိ ချက်အရ စမ်းသပ်ဆဲ ဖြစ်သည့် HPTN 052  ဆေးမှာ HIV ရောဂါပိုးရှိသူများကို ရောဂါပျံ့ပွားမှုမရှိစေရန် ထိန်းချုပ်စေနိုင်ရုံသာမက ၎င်း၏ လိင်ဆက်ဆံဖက်ကိုလည်း  ရောဂါကူး စက်နိုင်မှု့မှ ကင်းစေမည့် အကျိုးကို ပေးနိုင်ကြောင်းလည်း NIAID  မှဒါရိုက်တာဖြစ်သူ Anthony Fauci မှပြောကြား သွားခဲ့သည်။

Tuesday, December 27, 2011

အရေပြားကင်ဆာရောဂါ ကုသနိုင်ဖွယ် နည်းလမ်းတွေ့ရှိ

လူတွေကို အစာအဆိပ်သင့်စေတယ်လို့ အများက လက်ခံ သိရှိထားတဲ့ ဘက်တီးရီးယား ပိုးတွေကတဆင့် လူကို သေစေနိုင်တဲ့ အရေပြားကင်ဆာကို ကုသနိုင်တဲ့နည်းကို အီတလီ ဒေါက်တာတွေက စမ်းသပ် တွေ့ရှိခဲ့ကြပါတယ်။ကြွက်ရဲ့ ခန္ဓာကိုယ်ထဲကို Salmonella ဘက်တီးရီးယားပိုးတွေ ထိုးသွင်းလိုက်ခြင်းအားဖြင့် သူ့ရဲ့ ခံနိုင်ရည်စွမ်းအား ရပ်တန့်သွားပြီး ကင်ဆာဖြစ်နိုင်တဲ့ ဆဲတွေကို သတ်ပစ်လိုက်တာ တွေ့ရတဲ့အကြောင်း အီတလီနိုင်ငံ မီလန်မြို့ အခြေစိုက် ဥရောပ အကြိတ်အခဲများဆိုင်ရာ သုတေသနဌာနက သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ကြွက်တွေမှာ Melanoma ဆိုတဲ့ အဆိုးဆုံး ကင်ဆာရောဂါ တမျိုးနဲ့ ကြီးထွားလာအောင် အရင် ပြုစုပျိုးထောင်ပြီးမှ သိပ္ပံပညာရှင်တွေက အခုလို စမ်းသပ်ခဲ့ကြတာပါ။
Melanoma ကင်ဆာကို စောစောစီးစီး စမ်းသပ်တွေ့ရှိခဲ့ရင် ပျောက်အောင် ကုသလို့ ရပါတယ်။ ဒါပေမဲ့ မကုသဘဲထားရင် အဲဒီ ကင်ဆာရောဂါဟာ ခန္ဓာကိုယ် တခုလုံးကို ပျံ့နှံ့နိုင်တယ်လို့ ဆိုပါတယ်။
Salmonella ပိုးကို ဆေးထိုးအပ်နဲ့ ထိုးသွင်းလိုက်တဲ့ အတွက်ကြောင့် ကြွက်တွေမှာ ကင်ဆာရောဂါပိုး ပျံ့နှံ့မှုက ရပ်သွားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီတွေ့ရှိချက်က တချိန်မှာ ကင်ဆာရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ အလားအလာကောင်း တခုလို့ ဆိုပါတယ်။
ဒီနည်းအတိုင်း လူသားတွေမှာ စမ်းသပ်ခွင့်ရဖို့ ဆရာဝန်တွေက စောင့်ဆိုင်းနေကြပါတယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို Science Translational Medicine ဆိုတဲ့ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

Monday, December 26, 2011

ရင်သားကင်ဆာဖြစ်နေသောအမျိုး​သမီး​​တစ်ဦး​အား​ ဝက်အ​ရေ​ပြား​ဖြင့်​ ရင်သား​​အစား​​ထိုး​ကုသ

ရင်သား ​ကင်ဆာ ​ရောဂါကို ခံစား​ခဲ့​ရပြီး​နောက် ရင်သား​ဆုံး​ရှုံး​ခဲ့​သည့်​ အမျိုး​သမီး​တစ်ဦး​အား​ ဝက်အ​ရေပြား​ဖြင့်​ အစား​ထိုး​ ကုသမှု ပြုလုပ်​ပေး​ခဲ့​ကြောင်း​ သိရသည်။
ဗြိတိန်နိုင်ငံမှ အသက် ၃၅ နှစ်အရွယ် ကလာရာ ဘာရယ်သည် ညာဖက်ရင်သား​ ဖြတ်​တောက်ပစ်ခဲ့​ရပြီး​ ခွဲစိတ်မှု သုံး​ကြိမ်ခံယူခဲ့​ရသည်။ သူမက တင်း​နစ်ကို အလွန်ဝါသနာပါပြီး​ ပခုံး​လှုပ်ရှား​မှုများ​ကို ကန့်​သတ်မှု ဖြစ်​နေခြင်း​အား​ စိတ်ပျက်ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ The Sun သတင်း​စာက သူမသည် မူလက ဆီလီကွန်ဖြင့်​ အစား​ထိုး​ရန် ရည်ရွယ်ခဲ့​သော်လည်း​ အတုအပ ပစ္စည်း​များ​ကို ခန္ဓာကိုယ်အတွင်း​ ထည့်​သွင်း​ရန် စိတ်ညစ်မိ​သော​ကြောင့်​ အခြား​နည်း​လမ်း​ကို ရှာကြံခဲ့​ကြောင်း​ ​ဖော်ပြသွား​သည်။
ကလာရာအား ​ ဆရာဝန်များ​၏ ဝက်၏ တစ်သျူး​သည် လူ့​ခန္တာကိုယ်နှင့်​ အလွယ်တကူ ​ပေါင်း​စပ်နိုင်ပြီး​ သဘာဝ အသား​အ​ရေကဲ့​သို့​ အပြည့်​အဝ ခံစား​နိုင်​စေမည်ဟု ဆရာဝန်များ​က ရှင်း​ပြပြီး​နောက် ထိုနည်း​လမ်း​ကို လက်ခံခဲ့​ခြင်း​ဖြစ်သည်။ သူမသည် ဗြိတိန်တွင် ဒုတိယ​မြောက် ဝက်အ​ရေပြား​ အစား​ထိုး​ ကုသခံ​သော အမျိုး​သမီး​ ဖြစ်လာပြီး​ ခွဲစိတ်ကုသမှု ကုန်ကျစရိတ်မှာ ​ပေါင်စတာလင် ၃၅၀၀၀ ခန့်​ ကျသင့်​ခဲ့​သည်။
စီး​ပွား​ရေး​ အကြံ​ပေး​ တစ်ဦး​ဖြစ်​သော ကလာရာအတွက် အစား​ထိုး​ပေး​မည့်​ ဝက်အ​ရေပြား​ကို အ​မေရိကန်ရှိ ကုမ္ပဏီတစ်ခုမှ အထူး​ရွေး​ချယ် မှာယူ​ပေး​ခဲ့​ခြင်း​ဖြစ်သည်။ ယခုအခါ ကလာရာ၏ အ​ခြေအ​နေမှာ တိုး​တက်​ကောင်း​မွန်လာ​နေပြီဖြစ်သည်။ 
ယခုအစား ​ထိုး​ ကုသမှုသည် ကမ္ဘာ​ပေါ်တွင် အမျိုး​သမီး​ အများ​စုကို အကြီး​အကျယ် ခြိမ်း​ခြောက်
လျက်ရှိသည့်​ ရင်သား​ကင်ဆာ ​ရောဂါကို တိုက်ဖျက်နိုင်​ရေး​အတွက် အလွန်​ကောင်း​မွန်​သော ​မျှော်လင့်​ချက်တစ်ခု ဖြစ်လာ​စေ​ကြောင်း​ သိရှိရသည်။

Tuesday, December 20, 2011

ကမ္ဘာ့ ပထမဆုံး ရာသက်ပန် အစားထိုး စက်နှလုံး ကုသအောင်မြင်

အသက် ၁၅ နှစ်အရွယ်လူငယ်လေးတစ်ယောက်ကတော့ ကမ္ဘာ့ပထမဆုံး ရာသက်ပန် စက်နှလုံး တပ်ဆင်ရတဲ့ သူဖြစ်ပါတယ်။ အမည်မဖော်ပြထားတဲ့ ထိုလူငယ်လေးကတော့ လွန်ခဲ့တဲ့ အပါတ်က ခွဲစိတ်ခန်းထဲမှာ ၁ဝ နာရီ ကျော်ကြာ စက်နှလုံး အစားထိုး ခွဲစိတ်ကုသခဲ့ရပါတယ်။ ထိုလူငယ်လေးဟာ ကြွက်သားများသေတဲ့ ရောဂါကို ခံစားရပြီး သေဆုံးဖို့ ကြိမ်းသေသလောက်ရှိနေတဲ့ အခြေအနေမှာ ထိုကဲ့သို့ စက်နှလုံးအစားထိုး ကုသမှု့ခံယူခဲ့ရတာဖြစ်ပါတယ်။ ဒေါက်တာ Antonio Amodeo မှ ဦးဆောင်ပြီး ရောမှမြို့ရှိ Bambino Gesu ခလေးဆေးရုံမှာ အစားထိုးခွဲစိတ်ကုသခဲ့တာ ဖြစ်ပါတယ်။
Dr. Antonio Amodeo
 တရားဝင် ပြောကြားချက်အရတော့ ထိုလူငယ်လေးဟာ အနှစ် ၂ဝ မှ ၂၅ နှစ်လောက်အထိ ပုံမှန်အတိုင်း အသက်ရှင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာ Antonio Amodeo က ထို စက်နှလုံးဟာ အရွယ် ၂ လက္မခွဲရှိပြီးဘယ်ဖက်အချမ်းမှာ ဒေါင်လိုက်ထည့်ထားတာဖြစ်ပါတယ်။ နောက်ပြီး နှလုံးရဲ့ ပင်မသွေးလွတ်ကြောနဲ့ ဆက်သွယ်ထားပါတယ် လို့ပြောပါတယ်။ ထို စက်နှလုံးဟာ လျှပ်စစ်နဲ့ အသက်သွင်းထားတဲ့ ဟိုက်ဒရောလစ် ပန့်တစ်မျိုးကဲ့သို့သာဖြစ်ပြီး ရင်အုံရိုးအောက်မှာထည့်ထားပါတယ်။ ထိုနှလုံးကို အလုပ်လုပ်စေတဲ့ ဘထ္ထရီကိုအားသွင်းဖို့အတွက်ကတော့
လူနာကောင်လေးရဲ့ ဘယ်ဖက်နားအနောက်မှာ ပလပ်ခေါင်း ကဲ့သို့အစတစ်ခုထုတ်ပေးထားပြီး လက်ကိုင်ဖုန်းများကဲ့သို့ ညအိပ်ချိန်မှာ အားသွင်းရန်ဖြစ်ပါတယ်။ ထိုကဲ့သို့ စက်နှလုံး အစားထိုးကုသမှု့ဟာ ပထမဆုံးဖြစ်ပြီးဖြစ် ထိုလူငယ်လေးရဲ့ မိသားစုဟာလဲ သေတွင်းထဲက လွတ်မြောက်လာတဲ့ သူတို့ရဲ့ သားအတွက်အလွန်ကို ဝမ်းသာမဆုံးဖြစ်နေရပါတယ်။ ဒေါက်တာ Antonio Amodeo မှ ထို စက်နှလုံးရဲ့ အလေးချိန်ဟာ ၃ အောင်စ ကျော် ရှိတယ်လို့ဆိုပါတယ် လောလောဆယ်တော့ ထိုလူငယ်လေးဟာ နှစ်ပါတ် တော့ဆေးရုံရဲ့ ကြည့်ရှု့မှုအောက်မှာ နေရအုံးမှာဖြစ်ပါတယ်။
စက်နှလုံး အစားထိုးကုသမှု့အတွက် အသုံးပြုသော ပန့်များ
 လွန်ခဲ့တဲ့နှစ်ကလည်း Andrew Ames (၁၃) နှစ်ဟာ ကမ္ဘာအငယ်ဆုံး နှလုံးပန့်အစားထိုးမှု့ကိုလည်း အင်္ဂလန်က Freeman ဆေးရုံမှာ ခွဲစိတ်ကုသမှု့လုပ်ခဲ့တာလဲရှိခဲ့ပါတယ်။ ကနေဒါနိုင်ငံမှာလဲ စက်နှလုံး အစားထိုး ကုသမှု့ကို ၂ဝဝ၆ က အသက် ၁၅ နှစ်အရွယ် မိန်းခလေးတစ်ဦးကို ကုသပေးမှု့မျိုးရှိခဲ့သော်လည်း ယာယီတပ်ဆင်ခြင်းသာဖြစ်ပါတယ်။ ယခု အစားထိုး စက်နှလုံးကတော့ ကမ္ဘာ့ ပထမဆုံး စက်နှလုံး ယာယီမဟုတ်ဘဲ ပုံသေအမြဲတမ်း အစားထိုးကုသခြင်းဖြစ်တယ်လို့ သိရပါတယ်။

*** B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း ***

ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။
အခု သူကျန်းကျန်းမာမာပါပဲ။
                                                                      *ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။

ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)

Sunday, December 18, 2011

ကွမ်းယာကြိုက်တတ်သောသူများ အတွက်

ကွမ်းဓလေ့က မြန်မာနိုင်ငံမှာ ရှေးယခင်မြန်မာဘုရင်များလက်ထက်ကတည်း ကရှိခဲ့တဲ့ မြန်မာ့ရိုးရာအလေ့အထဖြစ်ပါတယ်။ ရှေးမြန်မာတို့ရဲ့ အိမ်ဦးခန်းမှာ ကျက်သရေရှိစွာ ခန့်ခန့်ထည်ထည်နေရာယူထားတဲ့ ကွမ်းအစ်ကြီးနဲ့ ဧည့်သည်များကို ဧည့်ဝတ်ပြုလေ့ရှိကြပါတယ်။ မြန်မာတို့ရဲ့ အလှူမင်္ဂလာပွဲတွေမှာလည်း ရပ်ရွာရဲ့ ပြစ်မျိုးမှဲ့မထင်၊ အယဉ်ဆုံး အလှဆုံးသမီးပျိုကလေးတွေကို ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်အဖြစ် ပွဲထုတ်လေ့ရှိကြတာ မြန်မာတို့ရဲ့ ရိုးရာဓလေ့ပါ။
                         မြန်မာတို့ရဲ့ ရှေးရိုးအစဉ်အလာ ဓလေ့ထုံးစံတွေအနက် အတော်များများ ခေတ်မီတိုးတက်လာတဲ့ လူနေမှုစနစ်ကို အမီမလိုက်နိုင်တော့ဘဲ တစ်စတစ်စ ပျောက်ကွယ်သွားခဲ့ကြသော်လည်း ကွမ်းဓလေ့ကတော့ မပျောက်ပျက်တဲ့အပြင် ပိုမိုတွင်တွင်ကျယ်ကျယ် ဖြစ်လာတာမို့ ယနေ့ခေတ်တိုင် ကွမ်းယဉ်ကျေးမှုခေတ် လို့ဆိုရင် မမှားပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်မှာ လူတစ်ဦးနဲ့ တစ်ဦးဆုံကြရင် ကွမ်းထုပ်ကလေး လက်ကမ်းပေးရင် နှုတ်ဆက်ကြတာ ထုံးတမ်းစဉ်လာဖြစ်နေ လို့ပါပဲ။
                           ယခုအခါ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ လမ်းဆုံလမ်းထောင့်တိုင်းမှာ ကွမ်းယာ ဆိုင်တွေနေရာယူပြီး တွင်တွင်ကျယ်ကျယ်ရောင်းနေကြပါတယ်။ လူငယ် လူကြီး အသီးသီးကလည်း ပါးစောင်မှာ မြုံ့လို့ တစ်မျိုး၊ အိတ်ကပ်ထဲမှာ ဆောင်ထားလို့ တစ်ဖုံ ကွမ်းကို မြတ်နိုးစွဲလမ်းစွာ စားသုံးနေကြပါတယ်။ အထူးသဖြင့် အဝေးပြေး ကားမောင်းတဲ့ယာဉ်မောင်းများက ခရီးဝေးကို မောင်းနှင်ရင်း အိပ်ငိုက်သွားမှာစိုးလို့ ကွမ်းကို မဖြစ်မနေ၀ါးကြရတာ ဖြစ်ပါတယ်။
                       ကွမ်းယာဆိုင်အချို့ကလည်း စားသုံးသူများစွဲလမ်းပြီး ပိုမိုအားပေးဝယ်ယူ စေလိုတဲ့ ဆန္ဒနဲ့ ကွမ်းယာကို အမျိုးမျိုးအဖုံဖုံ ပြုပြင်မွမ်းမံကြပါသတဲ့။ နို့မှုန့်ကိုကျိုပြီး ကွမ်းစားထုံးထဲမှာ ရောမွှေပြုပြင်လိုက်တော့ နို့ရနံ့လေးမွှေးပြီး ပိုကောင်းသွားတယ်လို့ သိရပါတယ်။ တချို့က ပိုပြီးကောင်းသထက်ကောင်းစေဖို့ ပျားရည်တို့၊ သံပုရာရည်တို့ပါထပ်ပြီး ထည့်ထားသေးတယ်လို့ ဆိုပါတယ်။ ဒီထက်ပိုပြီး စွဲလမ်းစေဖို့အတွက် ဓာတုဗေဒဆေးတွေပါ ရောသမ မွှေထားတာမျိုးလည်း ရှိပါသတဲ့။
                     တစ်ခါ ကွမ်းစားဆေးတွေကိုလည်း မှတ်ပုံတင်မဲ့ ဓာတုဗေဒပစ္စည်းတွေ၊ မူးယစ်ထုံထိုင်းဆေးဝါး တွေထည့်ပြီး စားသုံးသူတွေ စွဲလမ်းစေဖို့ ပြုပြင်ထားကြတယ်လို့ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံကြီးတစ်နိုင်ငံက ဓာတုဗေဒဆေးဝါးတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ ကွမ်းစားဆေးတွေကို နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို တရားမ၀င် အကောက်ခွန်မဲ့
တင်သွင်းရောက်ရှိနေပါတယ်။ ကွမ်းယာဆိုင်တွေမှာ 92, 45 ၊ ဘုရင်မ၊ Signal  ဆိုတဲ့ တံဆိပ်မျိုးစုံအဖုံဖုံကို ကွမ်းသမားတို့စိတ်ကြိုက် ၀ါးစေဖို့ ရောင်းချနေကြပါရဲ့။ ကွမ်းစားဆေးရဲ့ ရနံ့မွှေးက ကွမ်းသမားကို ဆွဲဆောင်နေသော်လည်း ဓာတုဗေဒဆေးတွေရဲ့ အာနိသင်ကြောင့် စားသုံးသူရဲ့ ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်ပျက်စီးစေတာမို့ ကြောက်စရာ ကောင်းလှပါတယ်။
                            အိမ်နီးချင်းနိုင်ငံက တရားမ၀င်ရောက်ရှိလာတဲ့  Ready made ကွမ်းထုပ်  တွေကလည်း ကွမ်းယာဆိုင်တွေမှာ လွယ်လင့်တကူချိတ်ဆွဲရောင်းချနေတာ တွေ့ရပါတယ်။ ထုပ်ပိုးပုံစံကကောင်းကောင်း၊ ဆွဲဆောင်မှုရနံ့ကလည်း ကောင်းကောင်း ဆိုတော့ ကွမ်းသမားလူငယ်၊ လူကြီးတို့ စွဲလမ်းနှစ်ခြိုက်စွာ ၀ယ်ယူစားသုံး နေကြပါတယ်။
                            အင်းဝခေတ်မှာ ဖိုးသူတော်ဦးမင်း စပ်ဆိုခဲ့တဲ့ "တံတားဦးက ကွမ်းနုဝါ၊ ငန်းမြာကဆေး၊ ကွမ်းသီးတောင်ငူနဲ့ ကိုင်းထုံးဖြူပြည်ရှား၊ သာဝါးလို့ထွေး" ဆိုတဲ့ မြန်မာ့ရိုးရာကွမ်းကဗျာမှာ ကွမ်းတစ်ယာရဲ့ အင်္ဂါရပ်များဖြစ်တဲ့ ကွမ်းရွက်၊ ဆေး၊ ကွမ်းသီး၊ ထုံးနဲ့ ရှားစေးတို့ကို ထွက်ရှိရာဒေသနဲ့ တကွ ဖွဲ့နွဲ့စပ်ဆိုဖော်ပြခဲ့ပါတယ်။ ယနေ့ခေတ် ကွမ်းယာများမှာတော့ ရှေးမြန်မာတို့ရဲ့ ကွမ်းယာမှာပါတဲ့ ရိုးရှင်းလှတဲ့ ပြည်တွင်းထွက်ကုန်များသာမက ပြည်ပက ဓာတုကွမ်းယာပစ္စည်းတွေကိုပါ ဖွယ်ဖွယ် ရာရာ ရောသမမွှေထားပြီး ကွမ်းသမားတွေကို ဆွဲဆောင် နေကြပါတယ်။
                          မြန်မာ့ရိုးရာကွမ်းတစ်ယာမှာပါဝင်တဲ့ ဆေးရွက်ကြီးရဲ့ အာနိသင်က ပိုးမွှားများ ကို သေစေတဲ့အစွမ်းရှိပါတယ်။ အခုပြည်ပက တရားမ၀င်အကောက်ခွန်မဲ့ ၀င်ရောက်နေတဲ့ ဓာတုဗေဒကွမ်းစားဆေးက မြန်မာ့ဆေးရွက်ကြီးထက် အာနိသင်ပိုမို ပြင်းထန်တဲ့အတွက် လူသားတို့ကျန်းမာရေးကို ထိခိုက်ဆုံးရှုံးစေတဲ့ ဆိုးကျိုးရလဒ် တွေရှိနေပါတယ်။
                          ဒါကြောင့် ပြည်ပနိုင်ငံက တရားမ၀င်အကောက်ခွန်မဲ့ ၀င်ရောက်လာတဲ့ ကွမ်းစားဆေးတွေနဲ့ Ready made ကွမ်းထုပ်တွေရဲ့ အန္တရာယ်က မသေးပါဘူး။ ကွမ်းသမားတွေရဲ့ ကျောက်ကပ်တွေ၊ အသည်း တွေထိခိုက်ပျက်စီးမယ့် အန္တရာယ်နဲ့ မူးယစ်ထုံထိုင်းဆေးကို စွဲလမ်းမှုပြဿနာများမှလွတ်ကင်းဖို့အရေးအကာအကွယ် ပေးဖို့လိုအပ်နေပါကြောင်း နှိုးဆော်ရေးသား
လိုက်ပါတယ်။
ဒေါက်တာခင်ဦးမေ

Tuesday, December 13, 2011

ရေသောက်သုံးမှု နည်းသည့် ပြဿနာမှာ သွေးချို ၊ ဆီးချို ရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်လျက်ရှိ

ပြင်သစ် အမျိုးသား သုတေသန တက္ကသိုလ်မှ ပြုလုပ်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ခု အရ နေ့စဉ် ရေ(၂)ခွက်ထက် နည်းပြီး သောက်သုံးတဲ့ သူတွေဟာ သွေးတွင်းသကြားဓာတ် မြင့်မားဖို့ အလားအလာ ပိုမိုမြင့်မား နိုင်တယ်လို့ သိရပါသည်။ေ သွးတွင်းသကြား ဓာတ်ဟာေ သွးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားလောက်အောင် မမြင့်မားပေမယ့် သာမန်ထက် သွေးတွင်း သကြားဓာတ် ပိုမို မြင့်မားတဲ့သူေ တွ ၊ သွေးချို ၊ ဆီးချိုရောဂါအကြို ဖြစ်ပွားနေသူတွေ ဖြစ်ပါသည်။

ယခုပြုလုပ်တဲ့ လေ့လာမှု အသစ်အရ ရေလီတာဝက်သာ သောက်သုံးတဲ့ အရွယ်ရောက်ပြီး သူတွေဟာ သွေးချို ၊ ဆီးချိုရောဂါ အကြို ဖြစ်ပွားတဲ့ အဆင့် မှာ သွေးတွင်းသကြားဓာတ် ပိုမိုမြင့်မား လာကြောင်း သိရပါသည်။ ဒါ့ပေမယ့်လည်း ပုံမှန်ရေ သောက်သုံးသူ တွေဟာ သွေးတွင်း သကြားဓာတ်
မြင့်မားမှု အန္တရာယ်ကို လျှော့ချနိုင်မှု ရှိ ၊ မရှိ ဆိုတာကိုတော့ ဆက်လက် လေ့လာလျက် ရှိပါသည်။ အဆိုပါ လေ့လာချက် အသစ်ကို စတင် လေ့လာချိန်က သွေး တွင်း သကြားဓာတ် ပုံမှန်ရှိတဲ့ အသက်(၃၀)နဲ့ (၆၅)နှစ်ကြား အရွယ်ရှိ ပြင်သစ်လူမျိုး(သုံးထောင့်ခြောက်ရာတစ်ဆယ့်ငါး)ဦးကို လေ့လာမှုတွေ လုပ်ခဲ့ တာ ဖြစ်ပါသည်။ လေ့လာမှုမှာ ပါဝင်သူတွေ အနက် (၁၉)ရာခိုင်နှုန်းဟာ တစ်နေ့ ရေလီတာဝက်ထက် နည်းပြီး သောက်သုံး သူတွေဖြစ်ပြီး ကျန်(၈၉)ရာခို င်နှုန်းကတော့ ရေတစ်လီတာ နဲ့အထက် သောက်သုံးသူတွေ ဖြစ်ပါသည်။

လေ့လာမှုမှာ ပါဝင်သူတွေကို (၉)နှစ်ကြာ စောင့်ကြည့်ခဲ့ပြီး ပါဝင်သူ တွေအနက်(၅၆၅)ဦးဟာ သွေးတွင်း သကြားဓာတ် မြင့်မားလျက်ရှိပြီး (၂၀၂)ဦးကေ တာ့ သွေးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားနေတာကို
တွေ့ရပါသည်။ နောက်ထပ်တွေ့ရှိ မှုတွေအရ ရေသောက်သုံးမှု နည်းပါးသူတွေဟာ ရေအစား အချိုရည်ေ သာက်သုံးမှု များပြားတာကြောင့် ကိုယ်အလေးချိန်နဲ့ သကြားဓာတ် မြင့်တက်တာကို တွေ့ရပါသည်။ သုတေသီ တွေကတော့ အချိုရည် သောက်သုံးမှု ကို လျှော့ချပြီး သောက်ရေသန့် သောက်သုံးခြင်ဟာ
သွေးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားမှု တားဆီးဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်လို့ အကြံပေးထားေ ကြာင်း သိရှိရပါသည်။

သွေးရှားပါးမှု ပြဿနာကိုသွေးအတု ဖြေရှင်းပေးမည်

လူတွေရဲ့ ပင်မဆဲလ်မှ ပြုလုပ်ထားတဲ့ သွေးတုကို ဗြိတိန် နိုင်ငံမှာ လာမယ့်(၃)နှစ် အတွင်း စမ်းသပ် အသုံးပြုနိုင်တော့ မှာ ဖြစ်ပြီး လာမယ့် ဆယ်နှစ်အတွင်း ဆေးရုံတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အရွယ်ရောက်ပြီး သူတွေရဲ့ ရိုးတွင်း ချဉ်ဆီနဲ့ သန္ဓေသား ပင်မဆဲလ်တွေမှ ထုတ်လုပ်ထားတဲ့ သွေးကို တီထွင်ရတာဟာ သွေးအလှူရှင် နည်းပါးမှုကြောင့်ေ သွးရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လူတွေ ဖန်တီးလိုက်တဲ့ သွေးအတုဟာ သွေးမသွင်းမီ လူနာကို သွေးအမျိုးအစား စစ်ဆေးစရာ မလိုတဲ့အတွက် စစ်မြေပြင်နဲ့ အရေးပေါ် အခြေအေ နတွေမှာ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ သွေးတု စမ်းသပ်မှု အစီအစဉ်ကို Edinburgh တက္ကသိုလ်မှ သုတေသီတွေက ဦးဆောင် ပြုလုပ်တာ ဖြစ်ပြီး အရွယ် ရောက်ပြီး သူတွေရဲ့ ရိုးတွင်းချဉ်ဆီမှ ထုတ်လုပ်ထားတဲ့ အဆိုပါ သွေးတုကို ပထမဆုံး အနေနဲ့ လူသားတွေကို စမ်းသပ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စမ်းသပ်မှုတွေကို နောက်ထပ် အချိန် တစ်နှစ်မှ (၁၈)လအထိ ကြာမြင့်ဦးမှာ ဖြစ်ပြီး သန္ဓေသား ပင်မဆဲလ်နဲ့ အရွယ်ရောက်ပြီး သူတွေရဲ့ အရေပြား ဆဲလ်တွေက ရရှိတဲ့ အနီရောင် သွေးဆဲလ်တွေ ထုတ်လုပ်နိုင်ဖို့ အထိ သုတေသီတွေက ကြိုးစား နေကြပါတယ်။ အခုလို သွေးအတု တီထွင်နိုင် တာဟာ လူသားတွေ အတွက် အကျိုးကျေးဇူး များစွာ ရရှိမှာ ဖြစ်တဲ့အပြင် HIV နဲ့ အသည်းရောင် အသားဝါလို ကူးစက်ရောဂါတွေ ကူးစက်ခံရမယ့် အန္တရာယ်မှ ကင်းလွတ်နိုင်မယ့် အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Thursday, December 8, 2011

လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်

ရေဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။ ရေငတ်ပြေစေရုံသာမက အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။

၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း

ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီတူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။

၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း

ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။

၃။ လေဖြတ်နိုင်ခြေ လျော့နည်းခြင်း

တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက်သောက်တာဟာ လေဖြတ်နိုင်ခြေကို ၂၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ UCLA လေ့လာမှုတွေက ဆိုပါတယ်။

၎။ သွားဖုံး ကျန်းမာစေခြင်း

အမျိုးသား ၉၄၀ ဦးကို လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည် ပိုသောက်ဖြစ်လေလေ၊ သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုလျော့နည်းလေလေဖြစ်ကြောင်း သိရပါတယ်။

Tuesday, December 6, 2011

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်


အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို
စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။
WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်
WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ
စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။
ကွန်ပျူတာနှင့် Laptop များမှ ထွက်ပေါ်လာသည့် Wireless ဖမ်းယူမှုလှိုင်းများသည် သုက်ကောင်များကို
ပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့်အမျိုးသားများအနေနှင့် Laptop များကိုပေါင်ပေါ်တင်ကာ
သုံးစွဲပါကသုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။

အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကိုစမ်းသပ်လေ့လာမှုအရ ယခုသုတေသန
ရလဒ်ကို ပညာရှင်များကအတည်ပြုခဲ့ခြင်းဖြစ်သည်။ Wi-Fi လှိုင်းများသည် DNAကိုအနည်းဆုံး(၃)ရာခိုင်နှုန်း
မျှ ပျက်စီးထိခိုက်စေပြီး (၄)နာရီမျှ ပေါင်ပေါ်တင်သုံးပါကသုက်ကောင်များ သေဆုံးမှု ဖြစ်ပေးစေရန် (၂၅)ရာခိုင်နှုန်းမျှထိဖြစ်လာနိုင်ကြောင်း Fertility and Sterility ဆေးပညာ စာတမ်းတွင်ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်သည်အမျိုးသားတစ်ဦး၏မျိုးဆက်ပျံ့ပွားရေးစွမ်းဆောင်မှုကိုအကန့်အသတ် ဖြစ်စေမည်
ဖြစ်သည်။ အမေရိကန်နှင့်အာဂျင်တီးနားမှ ပူးပေါင်း သုတေသီ အဖွဲ့တစ်ခုသည် ပရော်ဖက်ဆာ 
ကွန်ရာဒိုအဗန်ဒါနိုဦးဆာင်မှုဖြင့် WiFiစနစ်နှင့် သုက်ပိုးများ ထိခိုက်မှုကြားဆက်နွယ်နေခြင်းကို အဖြေရှာခဲ့သည်။“ကျွန်တော်တို့ တွေ့ရှိတဲ့အချက်အလက်တွေအရ WiFi ကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။
ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Laptopသုံးတာမျိုးမလုပ်ဖို့ပါ။ ဒါဟာ သုက်သွေး
DNAတွေကို ပျက်စီးစေနိုင်ပါတယ်”ဟု အဗန်ဒါနိုကရှင်းပြခဲ့သည်။
 
ယခင်သုတေသနရလဒ်များအရ ပေါင်ပေါ်တင်သုံးသော Laptopများမှထွက်ပေါ်သော အပူသည် 
အမျိုးသားများ၏ သုက်ပိုးများကိုထိခိုက်ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။

Thursday, December 1, 2011

တရုတ်လူမျိုးတစ်ဦး သေဆုံးမှု အတွက် Coca - Cola ထုတ်ကုန် သံသယ ဖြစ်ဖွယ်ရှိ

ဘေဂျင်း ။        ။ အမေရိကန် ပြည်ထောင်စုရှိ ဖျော်ရည် လုပ်ငန်းကြီးကို လုပ်ဆောင်နေေ သာ Coca Cola မှ ထုတ်ကုန်တစ်ခုကို စားသောက်အပြီးတွင် အမျိုးသားတစ်ဦးမှာ သေဆုံးသွားခဲ့ပြီး ၎င်း၏ မိခင်မှာ မေ့မျော သွားခဲ့ရကြောင်း တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်းရှိ မြို့တစ်ခုတွင် သတင်း ပေါ်ထွက်ခဲ့ပြီးနောက် ယင်းထုတ်ကုန်များကို ပြန်လည် သိမ်းဆည်း ခဲ့ရကြောင်း အစိုးရနှင့် နိုင်ငံပိုင် မီဒီယာသတင်းများတွင် ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံမှာ အစားအသောက် ဘေးကင်းမှုနှင့်ဆိုင်သည့် ပြဿနာများ မကြာခဏ ဖြစ်ပွားတတ်ပြီး မကြာသေးမီကလည်း ပြန်သုံးသည့် စားသုံးဆီများ ၊ မသန့်ရှင်းသည့် ကြက်ဥများနှင့် ကင်ဆာဖြစ်စေနိုင်
သည့် မှိုများစသည့်ဖြင့် ပြဿနာမျိုးစုံဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံ လည်း ဖြစ်သည်။ Coca-Cola ကုမ္ပဏီ၏ လက်ခွဲကုမ္ပဏီတစ်ခု ဖြစ်သော  Minute Maid မှထုတ်လုပ်သည့် Guoli Naiyou အမည် ရသော  စတော်ဘယ်ရီအနံ့ ထည့်သွင်း ထားသည့် နို့ကို သောက်သုံးခဲ့သူ Chu ဟုခေါ်သည့် အမျိုးသားမှာ သောက် သုံးပြီး သေ ဆုံးခဲ့ ရကြောင်း China News Service သတင်းတွင် ဖော်ပြခဲ့သည်။
Chu မှာလွန်ခဲ့သည့် တနင်္လာနေ့က သေဆုံးခဲ့ရခြင်း ဖြစ်ကာ Jilin  ခရိုင် Changchun  မြို့တွင်
နေထိုင်သူဖြစ်ပြီး ၎င်း၏ မိခင်မှာ ယခုအချိန်တွင် အသက်ရှင်သန်နိုင်ရေးအတွက် ဆေးကုသမှုများ ခံယူနေရကြောင်း သိရသည်။ ယခုဖြစ်ရပ်အတွက် အော်ဂဲနစ်မီးစုံး ဓါတ်မှ ဖြစ်ပေါ်သည့် အဆိပ်သင့်မှု တစ်ခုဖြစ်နိုင်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ယင်းသောက်စရာထဲတွင် အလွန်ပြင်းထန်သည့် အဆိပ်ကိုဖြစ်စေ သည့်  ပိုးသတ်ဆေး တစ်မျိုကို တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။ ယခုလို ဖြစ်ရပ်အတွက် တရုတ်နိုင်ငံအတွက် Coca-Cola ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဖြစ်သည့် Joanna Price မှပြောရာ၌ မိမိတို့ ကုမ္ပဏီအနေဖြင့် Jilin ခရိုင်တွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်အတွက် အထူးအလေးထား ဆောင်ရွက်ေ နကြောင်း ပြော ကြားခဲ့ကာ တာဝန်ရှိသူများ၏ စစ်ဆေးမှုများကိုလည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း
ပြောကြားခဲ့သည်။