Tuesday, February 28, 2012

အရေပြားကင်ဆာ အတွက် ကုထုံးသစ်ထွက်ပေါ်လာ

အဆင့်မြင့် အရေပြား ကင်ဆာ အတွက် ကုသနိုင်မည့် ကုထုံးတစ်မျိုး အရ ယခင်ကထက် အသက် ရှင်သန်နိုင်မှုကို အချိန်နှစ်ဆ အထိဆွဲ ဆန့်နိုင်ပြီ
 ဖြစ်ကြောင်း နိုင်ငံတကာ လေ့လာမှု တစ်ခုအရ သိရသည်။ ဆရာဝန်များမှ ပြောရာ၌ အမေရိကန်နှင့် သြစတြေးလျ တို့မှ လူနာပေါင်း ၁၃၂ ဦးမှာ vemurafenib အမည်ရသည့် ဆေးကိုပေး အပြီးတွင် ယခင်က ခန့်မှန်းထားသည့် ကာလထက် နှစ်ဆ ပိုမို အသက်ရှင် နေထိုင်နိုင် ခဲ့ကြောင်း သာမန်ကုထုံးဖြင့် ဆိုပါက ၉ လသာ ခံမည့် လူနာမှာ ၁၆ လ အထိ အသက်ရှင်သန် နေထိုင်နိုင် ခဲ့ကြောင်း ကိုလည်း New England Journal of Medicine တွင်ဖော်ပြ ခဲ့သည်။ Vemurafenib (Zelboraf) ဆေးမှာ ဥရောပ တိုင်းပြည် များတွင် အသုံးပြုရန် ခွင့်ပြုချက် ရရှိထားပြီ ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment