Sunday, March 11, 2012

တိုင်းပြည်ကို အကျိုးပြုသော စစ်ခွေးများ

အမေရိကန်နိုင်ငံက ပထမဆုံး စစ်ခွေး အမည်ကတော့ Stubby ဖြစ်ပြီး ၁၈ လအတွင်းမှာ တိုက်ပွဲ ၁၇ ကို ပါဝင်အမှုထမ်းဆောင်ခဲ့ ပါတယ်။ ၁၉၁၈ ဖေဖော်ဝါရီလမှာ တပ်ရင်းတစ်ခုလုံးကို အံ့သြသင့်ဖွယ်ရာ ဓါတ်ငွေ့ဖြင့် တိုက်ခိုက်ခြင်းရန်ကနေကယ်တင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်မှာ တပ်ကြပ်ကြီးရာထူး တိုးမြှင့်ခြင်းကိုခံရပြီး ဆုအများဆုံးရတဲ့ ခွေးတစ်ကောင်ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာရလို့ အနားပေးထားတဲ့အချိန်မှာတောင်မှ စစ်မြေပြင်မှ သတင်းများကို
သယ်လာပေးခြင်း၊ ဂျာမန် ထောက်လှမ်းရေးတစ်ယောက် ချုံပုတ်ထဲ မှာ ပုန်းအောင်းနေတာကို ဖမ်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ထိုင်နေရင်းနဲ့ ခြုံပုတ်ထဲက အသက်ရှုသံ ကိုကြားလို့ဆင်းသွားပြီး ခြုံပုတ်ကို အဆက်မပြတ်ဟောင်နေကာ အသိပေးခဲ့ပါတယ်။ အဲ့ဒီဂျာမန်က ပြေးမယ်လုပ်တဲ့အချိန်မှာတော့ မပြေးနိုင်အောင် Stubby က သူ့ရဲ့ခြေထောက်ကို လှမ်းကိုက်ပြီး လဲကျစေခဲ့ပါတယ်။ ထိုမှတဆင့် လက်၊ ခန္ဓာကိုများကို ဆက်လက်တိုက်ခိုက်ပြီး
တပ်ကြပ်ကြီး Stubby နဲ့သူရခဲ့သော ဆုတံဆိပ်များ
 နောက်ဆူညံသံကြောင့် စစ်သားများ
ထွက်လာချိန်မှာတော့ ဂျာမန်
 ထောက်လှမ်းရေးကို ဖမ်းဆီးရမိခဲ့ပါတော့တယ်။ သူဟာ အမေရိကန် စစ်တပ်ထဲမှာ ပထမဆုံး အရာထူးအမြင့်ဆုံးရတဲ့ ခွေးတစ်ကောင် အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ စစ်ပွဲအပြီးမှာတော့ အမေရိကန် နိုင်ငံ Georgetown တက္ကသိုလ်မှာ သူ့သ္ခင်နဲ့ အတူနေထိုင်ပြီး ၄/၄/၁၉၂၆ မှာတော့
 ရောဂါတစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်။


Rags လို့အမည်ရတဲ့ တယ်ရီယာစပ် ခွေးကတော့ ပထမကမ္ဘာစစ် ပြင်သစ်နိုင်ငံ ရှေ့တန်းခြေလျင်တပ်ရင်း တစ်ခုရဲ့ လာဒ်ကောင်လေးဘဲဖြစ်ပါတယ်။ ၁၉၁၇ မှာ စပြီးပြင်သစ်တပ်မတော်တွင် အမှုထမ်းခဲ့ကာ ၁၉၃၁ သေဆုံးခဲ့ပါတယ်။ သူရဲ့တာဝန်ကတော့ ရှေ့တမ်းမှ စာတွေကို နောက်တမ်းကို
ပို့ပေးရတာဖြစ်ပါတယ်။ သူရဲကောင်းခွေးတစ်ကောင်ဖြစ်ခဲ့တာကတော့ ၁၉၁၈ Meuse-Argonne ပွဲမှာ ရှေ့တမ်းမှာ ပြင်သစ်တပ်တွေဟာ အရေးနိမ့်နေတဲ့အချိန်မှာ သူနဲ့ စာပို့ခိုင်းပြီး နောက်တမ်းကို စစ်ကူတောင်းခဲ့ပါတယ်။ Rags ဟာ စာကိုသယ်ယူလာစဉ်မှာ ဗုံးကျင်းထဲကျပြီး ဓါတ်ငွေ့သင့်ကာ မျက်လုံးနှစ်လုံးစလုံး သေတဲ့အထိ ကောင်းကောင်းမမြင်ရတော့ပါဘူး။ ဒါပေမဲ့ အဲ့ဒီလိုမုန်ဝါးဝါး နဲ့ ကျင်းထဲက ကျိုးစားထွက်ပြီး သူ့လုပ်ရမဲ့တာကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။ ၁၉၂ဝ မှာတော့ ဗိုလ်မှုးကြီး Raymond W. Hardenberg ကသူကို မွေးစားခဲ့ပါတယ်။
 နောက်သေဆုံးသွားတဲ့အချိန်မှာတော့ Aspen အာဇာနည် ကုန်းမှာ မြေမြှုပ်ခဲ့ပါတယ်။
Rags

Thursday, March 8, 2012

အသားစား အပင် မျိုးစိတ်သစ်ကို ဖိလစ်ပိုင် တောနက်ကြီးတွင် ရုက္ခဗေဒပညာရှင်များတွေ့ရှိ

အင်္ဂလန်နိုင်ငံမှ ရုက္ခဗေဒပညာရှင်များဖြစ်သော မစ္စတာမက်ဖာဆင်၊ အလက်စတဲရော်ဘင်စင်နှင့် ဂျာမနီနိုင်ငံ မြူးနစ်တက္ကသိုလ်မှ
ဖိလစ်မန်းတို့သုံးဦးသည် ဖိလစ်ပိုင်နိုင်ငံ တောနက်များ အတွင်း နှစ်လကြာ ရုက္ခဗေဒလေ့ လာရေး ခရီးကြမ်းကို သွားရောက်ခဲ့ကြသည်။

ပလာဝမ်အလယ်ပိုင်းဒေသရှိလူအရောက်အပေါက်နည်းသော
ဗစ်တိုးရီးယားတောင်ထိပ်သို့ ခက်ခဲစွာ တက်ရောက်၍ လေ့လာကြရာတွင် မီတာ ၁၆၀၀ အမြင့်အရောက်တွင်ထူးဆန်းအံ့ သြဖွယ်ရာ အသားစားရေတကောင်းပုံ ပင်မျိုးစိတ်သစ်တစ်ခုကို တွေ့ရှိခဲ့ကြသည်။

ထိုအပင်သည်အင်းဆက်ပိုး များကိုသာမက ကြွက်ကဲ့သို့သော သတ္တ၀ါငယ်များကိုပင် ၎င်း၏အရွက်များဖြင့်
 ထောင်ချောက်ဆင် ဖမ်းဆီးစား သောက်နိုင်သည်ကို တွေ့ရှိခဲ့ကြရသည်။ ၎င်းတို့၏ခရီးစဉ်အတွင်း ပန်းရောင်ဆူးပင်မျိုးစိတ်သစ်နှင့် အပြာရောင်မှို မျိုးစိတ်တို့ကိုလည်း တွေ့ရှိခဲ့ရသည်။
source : BBC

Tuesday, March 6, 2012

ကြောက်မက်ဖွယ်ရာ ဖယောင်းတိုင် ရဲ့ ဆိုးကျိုး

ဖယောင်းတိုင်ထွန်းခြင်းဟာ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်သလို ကင်ဆာ ရောဂါပါ ဖြစ်နိုင်ကြောင်း နောက်ဆုံး ရှာဖွေလေ့လာမှုများ အရသိရပါတယ်။ ဖယောင်းသားကို မီးလောင်တဲ့ အခါ အဲဒီကထွက်တဲ့ အငွေ့ဟာ အခန်းထဲမှာရှိတဲ့ လေကို ညစ်ညမ်းစေပြီး လူတွေအတွက် ကင်ဆာပါ ဖြစ်နိုင်တယ်လို့သိရပါတယ်။ ၂၃၈ ကြိမ်မြောက် အမေရိကန်နိုင်ငံ ဓါတုဗေဒ အဖွဲ့အစည်းရဲ့ အစည်းအဝေး မှာတော့ Amid Hamidi ဆိုသူက ဒါက လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေမှာသာ ဖြစ်ပြီး လေဝင်လေထွက် ကောင်းတဲ့ အခန်းတွေဆို ရင်တော့ ညစ်ညမ်းမှုနဲ့ လူကို ဆိုးကျိုးပြုမှု့ကို လျော့စေတယ်လို့ ပြောခဲ့ပါတယ်။  ဆက်လက်ပြီးတော့ Hamidi က တခါတလေ ထွန်းတာမျိုးကတော့ လူတွေအတွက် အန္တရာယ်မရှိနိုင်ပေမဲ့ နေ့စဉ်ရက်ဆက် ထွန်းတာမျိုး၊ ရေချိုးခန်း နဲ့ အလုံပိတ် အခန်းတွေမှာ ထွန်းရင်တော့ ပြဿနာရှိတယ်လို့ပြောကြားခဲ့ပါတယ်။ ပျားဖယောင်းတို့ ပဲပုပ်ပဲ တို့က ထုတ်တဲ့ ဖယောင်းတို့ကြတော့ ဈေးကြီးသော်လည်း အန္တရာယ်မရှိပါဘူး။ ရေနံက ထုတ်တဲ့ ဖယောင်းတစ်မျိုးတည်းသာ အန္တရာယ်ပေးနိုင်တာဖြစ်ပါတယ် လို့ လဲ ပြောကြားသွားပါတယ်။ လေ့လာ သိရှိချက်များအရတော့ အဲ့ဒီ ရေနံကထုတ်တဲ့ ဖယောင်းတိုင်မီးထွန်းခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးများကတော့ အာရုံကြောများကို ထိခိုက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်
 မွေးဖွားလာတော့ခလေးတွင် အပြစ်အနာအဆာ ပါလာခြင်း၊ ကင်ဆာရောဂါဖြစ် နိုင်ခြင်း အထူးသဖြင့် သွေးကင်ဆာ ဖြစ်နိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်။

Monday, March 5, 2012

ဓါတ်မီးနဲ့ဆွဲတဲ့ ပန်းချီ

ဓါတ်မီးနဲ့ဆွဲတဲ့ပန်းချီ ကို ဓါတ်ပုံရိုက်လို့ရတဲ့အထိ အလင်းရောင်ထင်ကျန်နေတာကတော့ တော်တော်လေး
အံ့သြဖို့ကောင်းတယ်။ဂျပန် ပန်းချီပညာရှင် ဓါတ်မီးနဲ့ ပရိသတ်ရှေ့မှာ ပန်းချီဆွဲ ပြတဲ့ ပြကွက်ကတော့ အံ့မခန်းပါပဲ။
 တော်တော်စိတ်ဝင်စားဖို့ကောင်းလို့ တင်ပြလိုက်ပါတယ်။

Friday, March 2, 2012

အိုကီနာဝါ ဂျပန် လူမျိုးများ၏ သက်ရှည် ကျန်းမာရေး နည်းလမ်းများ

ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေး
 ကောင်းမွန်ပြီး အသက် ရှည်စေတဲ့ နေရာကောင်း တစ်ခု ဖြစ်ပါတယ်။ အိုကီနာဝါ ဂျပန်လူမျိုးတွေဟာ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့
 လေဖြတ်ရောဂါ တွေနဲ့ သေဆုံးနှုန်း အနည်းဆုံး ဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး အားလုံး အတွက် သက်တမ်းက ၆၅ နှစ်ကျော် ပါတယ်။
*အိုကီနာဝါ လူမျိုးတွေက ဘာကြောင့် အသက် ရှည်ကြတာလဲ*
၁၉၇၆ ခုနစ် ကတည်းက သုတေသီတွေ ဆန်းစစ် လေ့လာ အဖြေရှာ ခဲ့တဲ့ မေးခွန်း တစ်ခုပါ။ အိုကီနာဝါ လူမျိုး ၈၀၀ ကျော်ရဲ့ ဘ၀ နေထိုင် စားသောက်မှု ပုံစံ နဲ့ မျိုးရိုးဗီဇကို နှစ်ပေါင်းများစွာ အကြာ လေ့လာခဲ့ရာက အောက်ပါ တွေ့ရှိချက်တွေကို  ဖော်ထုတ် နိုင်ခဲ့ ပါတယ်။
ကျန်းကျန်းမာမာ အသက်ရှည်ခြင်း
အိုကီနာဝါ ဂျပန်လူမျိုးတွေက အသက်ရှည်ရှည် နေရရုံ သာမက သူတို့က ကျန်းကျန်းမာမာ ရှိကြပါတယ်။ အသက် ၁၀၀ကျော် နေရသူ အများစုဟာ ကိုယ်ခန္ဓာ သွယ်လျတာ၊ စိတ်တက်ကြွမှု ရှိတာနဲ့ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေလို နာတာရှည်ကျန်းမာရေး ပြဿနာ ဖြစ်နှုန်း လျော့ကျတာတွေ ဖြစ်တယ်လို့
 လေ့လာ တွေ့ရှိ ရပါတယ်။
မျိုးရိုးဗီဇ အခြေအနေ
အိုကီနာဝါ ဂျပန်လူမျိုးတွေရဲ့ မျိုးရိုးဗီဇဟာ ရောင်ရမ်းမှုနဲ့ ခန္ဓာကိုယ်က ကိုယ်ခံအား စနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေ ဖောက်ပြန်မှုကြောင့် ကိုယ်တွင်း စနစ်တွေကို ပြန်တိုက်ဖျက်တဲ့ ဝေဒနာ (Autoimmune Disorder)တွေကို ကာကွယ်နိုင်စွမ်း ရှိစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အသက် ရာကျော် ရှည်တဲ့ အိုကီနာဝါ လူမျိုးတွေရဲ့ ၀မ်းကွဲ ညီအစ်ကို မောင်နှမတွေ ဟာလည်း သက်ရှည် ကျန်းမာကြတယ်လို့ လေ့လာမှု တွေက ဖော်ပြ ထားပါတယ်။
ဖရီး ရယ်ဒီကယ်များ
သက်တော် ရာကျော် ရှည်တဲ့သူတွေရဲ့ သွေးထဲမှာ မကောင်းတဲ့ ဓာတ်တိုးပစ္စည်း ဖရီး ရယ်ဒီကယ် ပမာဏ လျော့နည်း နေတတ် ပါတယ်။ ဒီလို ဖြစ်ရတာက အိုကီနာဝါ လူမျိုးတွေဟာ တခြား လူမျိုးတွေထက် ရှစ်ဆယ် ရာခိုင်နှုန်းအထိပဲ ဗိုက်ပြည့်အောင် အစာစားလေ့ ရှိတာကြောင့်ပါ။ ဗိုက်ပြည့်တင်းတဲ့ အထိ အစာမစားဘဲ ကယ်လိုရီ လျော့နည်းပြီး စားတာကြောင့် အစာခြေ စနစ်ကနေ ဖရီး ရယ်ဒီကယ် ထုတ်လုပ်မှု လျော့နည်းပါတယ်။ ဖရီး ရယ်ဒီကယ် လျော့နည်း လေလေ၊
 နှလုံး သွေးကြောရောဂါ၊ ကင်ဆာရောဂါနဲ့ တခြား နာတာရှည် ရောဂါတွေရဲ့ ဖြစ်နှုန်းကို
 လျော့ကျစေ လေလေပဲ ဖြစ်ပါတယ်။
နှလုံး ကျန်းမာရေး
ကျန်းမာနေတဲ့ သွေးကြောတွေဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောနဲ့ ဟိုမိုစစ်စတင်း အဆင့်ကို လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ သွေးကြောတွေ ကျန်းမာနေတာကြောင့် အိုကီနာဝါ ဂျပန်လူမျိုးတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း လျော့ကျမှုရှိတာကို တွေ့ရှိ ခဲ့ရကြောင်း လေ့လာသူတွေက ဆိုပါတယ်။ နှလုံး သွေးကြောတွေ ကျန်းမာရတာက အစားအသောက်ကို ကောင်းကောင်း စားတာ၊ လေ့ကျင့်ခန်းကို ပုံမှန် လုပ်တာ၊ ဆေးလိပ် မသောက်တာနဲ့ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ အကောင်းမြင် စိတ်ထား ရှိတာတွေကြောင့် ဖြစ်ပါတယ်။
ကင်ဆာရောဂါ အန္တရာယ် လျော့ကျခြင်း
အိုကီနာဝါ လူမျိုးတွေက ဟော်မုန်းကို မှီခိုနေတဲ့ ကင်ဆာတွေ ဖြစ်တဲ့ ရင်သား ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ မမျိုးဥအိမ် ကင်ဆာနဲ့ အူမကြီး ကင်ဆာ စတာတွေရဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့နည်း ကြပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာနဲ့ အူမကြီး ကင်ဆာရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်ကို ၈၀ ရာခိုင်နှုန်း လျော့ကျ စေပြီး အူမကြီး ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာ ရောဂါတို့ရဲ့ အန္တရာယ်ကို ၅၀ရာခိုင်နှုန်း လျော့ကျတာ တွေ့ရပါတယ်။ လေ့လာမှု အရ ကယ်လိုရီ စားသုံးမှု လျော့နည်းတာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စားသုံးမှု များတာ၊ အစားအသောက် ထဲမှာ ကောင်းတဲ့ အဆီတွေကို စားတာ၊ အမျှင်ဓာတ် များများ စားတာနဲ့ တက်တက်ကြွကြွ နေတာ စတဲ့ ဘ၀ နေထိုင် စားသောက်မှု ပုံစံတို့ကို လိုက်နာ တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အရိုး ကျန်းမာရေး
အိုကီနာဝါ ဂျပန်လူမျိုးတွေက အမေရိကန် လူမျိုးတွေ ထက် တင်ပဆုံရိုး ကျိုးနိုင်တဲ့ အန္တရာယ် လျော့ကျမှု ရှိတာကို အံ့အား သင့်စရာ မလိုပါဘူး။ လေ့လာမှုအရ အသက် ရာကျော် ရှည်သူတွေရဲ့ အရိုး သိပ်သည်းဆ ဆုံးရှုံးနှုန်းဟာ တခြား ဂျပန် လူမျိုးတွေရဲ့ အရိုး သိပ်သည်းဆ ဆုံးရှုံးမှုထက် ပို လျော့နည်းတာကို တွေ့ရပါတယ်။ ဒါဟာ အိုကီနာဝါ လူမျိုးတွေက ကယ်လ်စီယမ် ပါတဲ့ အစားအသောက်တွေကို များများ စားတာ၊ နေရောင်ခြည်က ရတဲ့ ဗီတာမင် ဒီ နဲ့ ထိတွေ့မှု ရှိတာနဲ့ ကိုယ်လက်လှုပ်ရှားမှု များများ လုပ်တာတွေကြောင့် အရိုး သိပ်သည်းဆ ဆုံးရှုံးနှုန်း နည်းရတာပါ။
သွေးဆုံးခြင်း
အိုကီနာဝါ အမျိုးသမီးတွေဟာ အီစထရိုဂျင် ဟော်မုန်း အစားထိုး ကုသမှုကို ခံယူလေ့ မရှိပါဘူး။ ဒါပေမဲ့ သွေးဆုံးတာကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာ အနည်းငယ်ကိုပဲ ခံစားရလေ့ ရှိပါတယ်။ အကြောင်းကတော့ သူတို့ရဲ့အဓိက အစားအစာထဲမှာ ပါတဲ့ ပဲပိစပ်ထဲက ဖိုင်တို အီစထရိုဂျင်တွေဟာ လေ့ကျင့်ခန်း လုပ်တာကြောင့် ရတဲ့ ရလဒ်လိုပဲ သွေးဆုံးတာကြောင့် ဖြစ်တဲ့ ဆိုးကျိုးကို လျှော့ချ ပေးနိုင်တာကြောင့် လို့ ယူဆထားလို့ပါ။
လိင်ဟော်မုန်း အများအပြား ရှိခြင်း
အိုကီနာဝါ လူမျိုးတွေမှာ သက်တူ အမေရိကန် လူမျိုးတွေ ထက် လိင်ဟော်မုန်းတွေ ဖြစ်တဲ့ အီစထရိုဂျင်၊ တက်စတိုစတီရုန်းနဲ့ DHEA ဟော်မုန်းတွေ ပို ရှိနေတတ် ပါတယ်။ တက်စတိုစတီရုန်း ဟော်မုန်း ပမာဏ များတာက ကြွက်သား ထုထည်ကို ကောင်းမွန် စေပါတယ်။ အီစထရိုဂျင် ဟော်မုန်း ပမာဏ များတာက အရိုးပါး ရောဂါနဲ့ နှလုံးရောဂါကို ကာကွယ် ပေးနိုင်ပါတယ်။ DHEA ဟော်မုန်းက အသက်ကြီးလာ လေလေ လျော့ကျ လေလေ ဖြစ်တာကြောင့် လေ့လာသူ တချို့က လူတစ်ယောက် ဘယ်လောက် အသက်အရွယ် ရှိနေပြီလဲ ဆိုတာကို DHEA ကို တိုင်းတာ စစ်ဆေးလေ့ ရှိပါတယ်။ ဒါပေမဲ့ အာဟာရ ပြည့်ဝတဲ့ အစားအသောက် စားတာနဲ့ လေ့ကျင့်ခန်း လုပ်တာတွေကြောင့် ဒီဟော်မုန်းတွေက အသက်ကြီးတဲ့ အိုကီနာဝါ လူမျိုးတွေမှာ မြင့်တက်နေဆဲ ရှိနေတာကို လေ့လာ တွေ့ရှိ ရပါတယ်။
အကောင်းမြင်ခြင်း
အိုကီနာဝါ လူမျိုးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဆန်းစစ် ကြည့်တဲ့ အခါမှာ သူတို့တွေက စိတ်ဖိစီးမှု လျော့နည်းပြီး အကောင်းမြင် သဘောထား ရှိတာကို တွေ့ရပါတယ်။ သူတို့ဟာ အကောင်းမြင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် နိုင်စွမ်း ရှိကာ သက်ကြီး အတိတ်မေ့ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် လျော့ကျမှု ရှိတာကို လေ့လာ တွေ့ရှိ ခဲ့ရပါတယ်။
Tip !
ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ဘ၀နေထိုင်မှု ပုံစံအတိုင်း နေထိုင်တာက အသက် ရှည်စေရုံ သာမက ရောဂါဘယ ကင်းဝေး စေပါတယ်။
Ref: Pyi Myanmar Journal

ရေသူမရောဂါ

အစ္စရေးနိုင်ငံက လူတစ်ရာနီးပါးလောက်ဟာ ညနေဘက်တွေမှာ ရေသူမ ရှာပုံတော်ထွက်ပြီး တွေ့လျှင် သက်သေအထောက်အထားနဲ့ ပြက ဆုကြေးငွေထုတ်ဖို့ အချိန်တွေအကုန်ခံ ရှာပုံတော်ထွက်နေကြပါတယ်။ လူဆယ်ယောက်ကျော် လောက်ဟာ ရေသူမကို မြင်တွေ့ ရခဲ့ကြောင်းနဲ့ အဲ့ဒီအချိန်မှာ သူတို့လက်ထဲမှာ ကင်မရာမရှိလို့ ဓါတ်ပုံ မရိုက်နိုင်ခဲ့ကြောင်းကို အတည်ပြုပြောခဲ့ပါတယ်။ တွေ့ခဲ့တဲ့လူတွေအားလုံးကလဲ ရေသူမဟာ နေဝင်ခါနီးအချိန်မျိုးမှာသာ
 ပေါ်ထွက်လာတတ်ကြောင်းပြောပါတယ်။ Haifa နီးတဲ့ မြို့နယ်ကောင်စီ Kiryat Yam မှနေပြီး ရေသူမှ ရေထဲမှ နေထွက်ပေါ်လာတာကို ခိုင်လုံတဲ့ သက်သေ နဲ့ပြနိုင်တဲ့သူဆိုရင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ဝဝဝဝဝဝ (တစ်သန်း)ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ သိပ္ပံနည်းပညာလက်တွေ့သဘော အရ ရိုးရိုးလေး နဲ့ သက်သေပြခိုင်းလိုက်တာ
တစ်ကြောင်း ဒါမှမဟုတ် ဒီရေသူမ သတင်းကြောင့် ကမ္ဘာလည့် ခရီးသည်တွေ ပိုပြီး လာရောက်လည်ပတ်အောင် ဆွဲဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ မြင်တွေ့ခဲ့တဲ့သူတွေကတော့ ဒီရေသူမဟာ လင်းပိုင်တစ်ကောင်ခုံပြီး ရေထဲဆင်းသလိုဘဲ ခုန်ပြီးရေထဲဆင်းသွားတာလို့ ပြောပါတယ်။ ဆုငွေထုတ်ပြန်တဲ့ ကောင်စီ ကတော့ ရေသူမကို ပိုက်နဲ့ ဖမ်းစရာမလို့ဘဲ ဓါတ်ပုံနဲ့ သက်သေပြနိုင်ရင်လုံလောက်ပြီးလို့သတ်မှတ်ထားပါတယ်။