Thursday, December 8, 2011

ရွှေသွားများတရားမ၀င် ရောင်းချမှုဖြင့် မီးသင်္ဂြိုဟ်သူ ခြောက်ဦးအား ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံတွင် မီးသင်္ဂြိုဟ်ခံရသည့် ရုပ်အလောင်းများ၏ အရည်ပျော်သွားခဲ့သော ရွှေသွားများအား တရားမ၀င် ရောင်းချမှုဖြင့် မီးသင်္ဂြိုဟ်စက်မှ ၀န်ထမ်းခြောက်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၄င်းဝန်ထမ်းများသည် မီးသဂြိင်္ိုဟ်စက်ငါးခုမှ ၀န်ထမ်းများဖြစ်ပြီး ၄င်းတို့အနက် ၀န်ထမ်းတစ်ဦးသည် ရွှေရောင်းချရာမှ ၀မ်သန်း ၂၀ (ဒေါ်လာ ၁၇၇၃၀)ခန့် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါရွှေများအား တရားမ၀င် ၀ယ်ယူမှုဖြင့် လက်ဝတ်ရတနာဆိုင်ပိုင်ရှင်တစ်ဦးနှင့် အခြားနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

No comments:

Post a Comment