Monday, December 19, 2011

နော်ဝေတွင် ဂျင်းပေါင်မုန့်ဖြင့် ပြုလုပ် ထားသည့် ရထား တစ်စင်း ကမ္ဘာ့စံချိန် တင်နိုင်ခဲ့

နော်ဝေ နိုင်ငံဟာ ဂျင်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို အသုံးပြုပြီး ကမ္ဘာ့ အရှည်ဆုံး ရထား တစ်စီးကို စံချိန် အသစ် တင်ကာ ဖန်တီး တည်ဆောက် ပြလိုက်ကြောင်း သိရပါတယ်။ Oslo မြို့ရဲ့ဗဟို ဘူတာရုံမှာ တည်ဆောက် ပြီးစီးခဲ့တဲ့ အဲ့ဒီ ရထားဟာ ၂၀၆ မီတာ ရှည်လျားပြီး ရထားတွဲ ၆၁၇တွဲ ပါဝင်ကာ ၃ရက်ကြာ ဖန်တီး ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီ ရထားတွဲ တွေကို နေ့ကလေး ထိန်းကျောင်းနဲ့ စာသင် ကျောင်းမှ ကလေးငယ် လေးတွေက ဖန်တီးပြုလုပ် ခဲ့တာဖြစ်ပြီး အလှဆုံး တန်ဆာဆင် ပေးနိုင်တဲ့ ရထားတွဲကို ဆုချီးမြှင့် ပေးမှာ ဖြစ်ပါတယ်။ အရောင်စုံတဲ့ ဂျယ်လီတွေ၊ ရေခဲမုန့် တွေနဲ့ ဖန်တီးထား တာကြောင့် ရထားတွဲ အားလုံး လှပနေပြီး ဆုရွေးချယ် ပေးဖို့ ခက်ခဲခဲ့ရ ပါတယ်။ ယခင်က အခုလို ဂျင်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို အသုံးပြုပြီး စံချိန်တင် တည်ဆောက် ခဲ့တဲ့ ရထားဟာ မီတာ ၁၅၀ ရှည်လျားပြီး ရထားတွဲ ၅၂၀ ပါဝင်ကြောင်း သိရပါတယ်။

No comments:

Post a Comment