Wednesday, December 14, 2011

မျောက်သည်းခြေအိတ် (Monkey's gall-bladder)

မျောက်သည်းခြေအိတ်ဟာ လူသိများတဲ့ တရုတ်ရိုးရာ ဆေးဖက်ဝင် ပစ္စည်းတစ်မျိုးဖြစ်ပါတယ်... မျက်စိရောဂါနဲ့...၀မ်းဗိုက်ရောဂါတွေအပြင်... စိတ်တိုစိတ်ကြီးပြီး ၀ုန်းဒိုင်းကြဲတတ်တဲ့ ကလေးတွေ...ခေါင်းမာပြီး ခံပြောနားမထောင် လုပ်ချင်ရာလုပ်တတ်တဲ့ မျောက်မူးလဲကလေးတွေ အတွက်ပါ ကောင်းတယ်လို့ ဆိုပါတယ်...
ဒါ့အပြင်..မျောက်ရဲ့ သွေးဟာလည်း လူကို ခွန်အားတိုးစေပြီး သက်လုံကောင်းစေတဲ့အပြင်အရွယ်တင်ပြီး နုပျိုခြင်းကိုပါ ဖြစ်စေပါတယ်...
အဲဒီအတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက လူတွေဟာ မျောက်သွေးနဲ့ အသားတွေကို လက်တွေ့စမ်းသပ်ပြီး သုတေသနပြုခဲ့ပြီးဖြစ်ပါတယ်..တဲ့. အချို့လူတွေဆိုရင် မျောက်ရဲ့မျိုးပွားအင်္ဂါတွေကိုတောင် အစားထိုးပြီး ကုသခဲ့တယ်လို့ ဆိုပါတယ်...
 အင်ဒိုနီးရှားနိုင်ငံရှိ အချို့နေရာတွေမှာဆိုရင် ပန်းသေပန်းညိုးရောဂါ...ဒါမှမဟုတ်... စားကောင်းသောက်ဖွယ် တစ်ခုအနေနဲ့ မျောက်ရဲ့ ဦးနှောက်တွေကို ဖောက်ပြီး ယနေ့အချိန်ထိ စားသုံးနေကြဆဲ ဖြစ်ပါတယ်...
အင်မတန် သနားစရာကောင်းတဲ့ မျောက်သတ္တ၀ါတွေပါ...

@ lwan ma pyay

No comments:

Post a Comment