Friday, January 13, 2012

ကမ္ဘာအသေးငယ်ဆုံး ဖားတစ်မျိုးကို အာဆီယံသိပ္ပံပညာရှင်များနှင့်အဖွဲ့ မှ နယူးဂီနီ တွင်တွေ့ရှိ

ကမ္ဘာ့အသေးငယ်ဆုံး ဖားမျိုးစိတ်များထဲတွင် ပါဝင်သည့်
ဖားငယ်တစ်မျိုးကို အာဆီယံ သပ္ပံပညာရှင်အဖွဲ့ တစ်ခု မှ ပါပူအာ နယူးဂီနီ နိုင်ငံတွင် တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ထိုအဖွဲ့ကို ဦးဆောင်သူမှာ Louisiana State University မှ Christopher Austin ဆိုသူဖြစ်ပါတယ်။ စုစုပေါင်း အရှည် ရ.၀ မီလီမီတာမှ ၈.၀ မီလီမီတာ  သာရှိသည့် အဆိုပါ ဖားမှာ Paedophryne amauensis မျိုးစိတ်ဝင်ဖြစ်ပြီး ကမ္ဘာ့အသေးဆုံး ကျောရိုးရှိ သတ္တဝါများထဲတွင် တစ်မျိုးအပါ အဝင် ဖြစ်နိုင်ကြောင်း သိရပါတယ်။ထိုဖားကို ပါပူအာ နယူးဂီနီရှိ Amau Village ဆိုတဲ့ရွာလေးကို အစွဲပြုပြီး ထိုအမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။ Austin နဲ့ သူ့အဖွဲ့သားတွေဟာ ပါပူအာနယူးဂီနီကျွန်းမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံးနဲ့ အရှည်လျှားဆုံး အပူပိုင်းဒေသမှာ သုံးလအကြာ အလျှင်အမြန် စူးစမ်းရှာဖွေမှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ သုတေသနပညာရှင်များအဖွဲ့မှာ ယခုဖားထက်အနည်းငယ် ပိုကြီးသည့်  နောက်ထပ် ဖားတစ်မျိုးဖြစ်သော  Paedophryne swiftorum   ကိုလည်းယခု စူးစမ်းမှုတွင် တွေ့ရှိခဲ့ကြောင်းလည်း
သိရပါတယ်။ယခုလို တွေ့ရှိမှုကို PLoS One ဂျာနယ်တွင် ဖော်ပြခဲ့ကာ ယင်းသို့သေးငယ်လှသည့် ပုံသဏ္ဌာန် များရှိနေရခြင်းမှာ အဆိုပါ ဖားများ၏ နေထိုင်မှုပုံစံနှင့် ဆက်နွယ်မှု ရှိနိုင်ကြောင်းလည်း သိရပါတယ်။ အဆိုပါဖားများမှာ ကြွေကျနေသည့် သစ်ရွက်ငယ်များကို အကာအကွယ်ပြုပြီး နေထိုင်ကြခြင်းဖြစ်ကာ ၎င်းတို့ကို ရှာဖွေတွေ့ရှိရန် ပင် ခက်ခဲလှကြောင်း အဆိုပါ သုတေသနအဖွဲ့မှ ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment