Wednesday, January 11, 2012

အမေရိကန် - ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်တို့ သုံးခဲ့တဲ့ ဓါတုလက်နက် Agent Orange !!!

Agent Orange ဆိုတာကတော့ ဓါတု လက်နက်တစ်မျိုးဘဲဖြစ်ပါတယ်။ထိုလက်နက်ဟာ အပင်တွေကိုသေစေသလို လူတွေကို လည်း တော်တော်ဒုက္ခပေးခဲ့တဲ့လက်နက်ဖြစ်ပါတယ်။ ဗီယက်နမ်နဲ့ အမေရိကန်စစ်ပွဲမှာ အမေရိကန်က အသုံးပြုခဲ့တဲ့ဓါတု လက်နက်ပဲဖြစ်ပါတယ်။ အမေရိကန်စစ်သားတွေ လေထီးနဲ့မြေပေါ်ကို ဆင်းကြတယ် ဒါပေမဲ့ လယ်စိုက်ပြီး စစ်တိုက်တဲ့ ဗီယက်နမ်ပြည်သူတွေဟာ လေထီးနဲ့ဆင်းတဲ့ စစ်သားတွေအောက်မရောက်ခင်မှာဘဲ ပစ်သတ်ခဲ့ကြတာကြောင့် နောက်ဆုံး အမေရိကန်က ထိုလက်နက်ကို အသုံးပြုခဲ့ခြင်းပဲဖြစ်ပါတယ်။ ဗီယက်နမ်လူထု ၄.၈ သန်းလောက်ဟာ ထိုလက်နက်နဲ့ အကျိုးဆက် ကိုခံခဲ့ရသလို ၄ သိန်းကျော်
လောက်ဟာသေဆုံးခဲ့ရပါတယ်။ ထိုအပြင် နောက်ထပ်မွေးလာတဲ့ ကလေးငယ်ပေါင်း ၅ သိန်းလောက်ဟာ အပြစ်အနာအဆာ တွေနဲ့ မွေးဖွားခဲ့ကြရပါတယ်။ ထိုစစ်ပွဲမှာ အမေရိကန်ဟာ Agent Orange ကို လီတာပေါင်း ၇၇ဝဝဝဝဝဝ ကို လေယာဉ်နဲ့ ဖြန်းချခဲ့ပါတယ်။ အထူးသဖြင့် ဗီယက်နမ်နဲ့ ကမ်ဘောဒီးယား နယ်စပ်က တောင်ထိပ်တွေဟာ ပိုပြီးတော့ ထိုအကျိုးဆက်ကိုခံခဲ့ရပါတယ်။
နောက်မျိုးဆက်တွေအပြင် ယနေ့ထိတိုင်အောင် Agent Orange ရဲ့ ဆိုကျိုးဟာ ဗီယက်နမ် လူထုတွေဆီကို သက်ရောက်မှုရှိခဲ့ပါတယ်။

ဒါတွေကတော့ Agent Orange ခံခဲ့ရတဲ့ နောက်မျိုးဆက်တွေပဲဖြစ်ပါတယ်။ 

ဒါဟာ စစ်ပွဲတစ်ခုရဲ့ဆိုးကျိုး ကို ပြည်သူတွေ ခံစားခဲ့ရတာတွေပေါ့။ သူတို့တွေဟာ ကျွန်တော်နဲ့ သွေးမတော် သားမစပ်ပါဘူး။ ဒါပေမယ့် ခံစားရလို့ ဒီပို့စ်ကို တင်လိုက်တာပါ။ ကျွန်တော်တို့ မျိုးဆက်တွေ ဒီလိုဖြစ်မှာကိုလည်း ဘယ်သူမှလိုလားမှာမဟုတ်ပါဘူး။ဒီဘက် တိုးတက်နေတဲ့ခေတ်ကြီးမှာ Agent Orange ထက်အဆပေါင်းများစွာပိုဆိုးတဲ့ နြူကလီးယားလက်နက်တွေ တီထွင်နေကြတာကို အားလုံးသိမှာပါ။ ဒါကြောင့်ကျွန်တော်တို့ တတ်နိုင်သလောက် စစ်ပွဲတစ်ခုရဲ့ဆိုးကျိုးကို လူတွေသိအောင်
လက်ဆင့်ကမ်းကြပါစို့လား။

No comments:

Post a Comment