Sunday, January 8, 2012

နားရွက် နှစ်စုံ နဲ့ ကြောင်


တစ်ချို့သော ကြောင်တွေမှာ ကြားနိုင်တဲ့ နားအပို နှစ်ခု ပါရှိကြပါတယ်။ စုစုပေါင်း အားလုံး နားလေးခုရှိပါတယ်။ ရုရှား ကာတွန်းကားထဲက Luntik ဆိုတဲ့ ဇာတ်ကောင်မျိုးပေါ့...။ ရုရှားနိုင်ငံ
Vladivostok မှာရှိတဲ့ အသက် (၃)လအရွယ်ရှိ ကြောင်တစ်ကောင်မှာ နားရွက်အပို အသေးလေးတစ်စုံ ပါရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒါဟာသိပ်ပြီးတော့ ထူးဆန်းတယ်လို့ ပြောဖို့ အဖြစ်နိုင်သေးပါဘူး။

ရှီကာဂို မြို့မှာရှိတဲ့ Yoda ဆိုတဲ့ကြောင်ကတော့ အရွယ်တူ နားလေးခု ရှိတယ်လို့သိရပါတယ်။

ကြောင်တွေက အတောင်ပံ ပေါက်တယ်ဆိုတဲ့ ကိစ္စကတော့ အလွန်ကို ဖြစ်တောင့်ဖြစ်ခဲ တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ထိုနားအပိုမှာ နားပြွန်ပေါက် မပါပေမဲ့ ကြားရတယ်လို့တော့ဆိုပါတယ်။

No comments:

Post a Comment