Thursday, February 23, 2012

နှစ်ပေါင်း (၁) သန်း သက်တမ်း ရှိသည့်အန္တာတိကရေခဲပြင်အောက် ရေအိုင်မှရေကို ရုရှားသမ္မတ လက်ဆောင်အဖြစ်ရရှိ

ရုရှားသိပ္ပံပညာရှင်များတွေ့ရှိခဲ့သော အန္တာတိက
 ရေခဲပြင်အောက်မှလူ့သမိုင်းမစတင်မီခေတ်
 ရေချိုအိုင်ကြီး၏ ရေများကို ရုရှားဝန်ကြီးချူပ် ဗလာဒီမာပူတင် က ဦးဦးဖျားဖျားရရှိခဲ့ကြောင်း ဖေဖော်ဝါရီ လဆန်းပိုင်း သတင်းများတွင်ဖော်ပြထားသည်။
ကြမ်းကြမ်းရမ်းရမ်း တောစွန့်စားခန်း များတွင်မွေ့လျော်တတ်သူ ရုရှားဝန်ကြီးချူပ်သည် ဗော့စတော့ ရေအိုင် ခေါ် အန္တာတိက ရေခဲပြင်အောက်မှ ရေချိုအိုင်ကြီး၏
 ရေနမူနာကို ပထမဆုံး လက်ခံရရှိသူဖြစ်လာကြောင်း သတင်းများအရ သိရသည်။
သက်တမ်းအရ နှစ်ပေါင်း တစ်သန်းကျော်ရှိပြီဖြစ်သည့် ဗော့စတော့ ရေအိုင်ကြီးမှ ရေနမူနာကို ရုရှားနိုင်ငံ သဘာဝအရင်းအမြစ်ရေးရာဝန်ကြီး ယရီထရူနက်ဗ် က ဝန်ကြီးချူပ် ဗလာဒီမာပူတင်ထံ ပေးအပ်ခဲ့ကြောင်း ရရှားအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားသိပ္ပံပညာရှင်များက ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သော ဗော့စတော့ ရေအိုင်ကြီးမှ
 ရေထုသက်တမ်းသည် နှစ်တစ်သန်းကျော်ပြီဖြစ်ကြောင်း သိရသည်။
နှစ်တစ်သန်းကျော်သက်တမ်းရှိ ဗော့စတော့ရေအိုင်ဟူ၍ အမည်တပ်ထားသော ဝါကြင့်ကြင့် အရည်များပါရှိသည့် ဖန်ဗူးတစ်လုံးကို ရုရှားသဘာဝအရင်းအမြစ်နှင့် ဂေဟဗေဒစနစ်ဆိုင်ရာ ဝန်ကြီးက ဗလာဒီမာပူတင်ထံသို့  ပေးအပ်ခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားသည်။
ဗော့စတော့ရေအိုင်ကြီးမှရေကို ဦးဦးဖျားဖျား သောက်သုံးခဲ့ခြင်း ရှိ မရှိ ရုရှားသဘာဝအရင်းအမြစ်
ဆိုင်ရာဝန်ကြီးအား အတည်ပေါက်ဖြင့် နောက်ပြောင်တတ်သော ဗလာဒီမာပူတင်က မေးမြန်းခဲ့သည်။
အကယ်၍ သောက်သုံးမိပါက ဗော့စတော့ရေအိုင်မှရေကို ပထမဆုံး သောက်သုံးသူများမှာ ဝန်ကြီး ယူရီထရူနက်ဗ် နှင့် ဒိုင်နိုဆော များသာ ဖြစ်လိမ့်မည်ဟု ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
source : http://en.rian.ru/

No comments:

Post a Comment