Saturday, December 31, 2011

အမျိုးသားတွေရဲ့ မွေးရာပါ ကိုမှ ကိုက်ဖြတ်တတ်တဲ့ ငါး

အမျိုး​သား​ တစ်ဦး​၏ လိင်အင်္ဂါမှ ကပ္ပယ်အိတ်ကို ငါး​တစ်​ကောင်က ကိုက်ဖြတ်သွား​​သော မြင်ကွင်း​မျိုး​သည် ​ကြောက်မက်ဖွယ် ရုပ်ရှင် ဇာတ်ကား​များ​တွင်သာ ​တွေ့​ရဖွယ် ရှိ​နေသည်။
သို့​​သော်လည်း​ ထိုဖြစ်ရပ်မျိုး​ ပါပူအာ နယူး​ ဂီနီတွင် အမှန်တကယ် ရှိ​နေခဲ့​သည်။ ​ပေါင် ၄၀ အ​လေး​ချိန်ရှိ​သော ပါကူ (​ဘောဖြတ်ငါး​) အမည်ရှိ ငါး​မျိုး​နွယ်သည် ​ဒေသခံ တံငါသည် ၂ ဦး​၏ ​ဝှေး​​စေ့​များ​ကို ကိုက်ဖြတ်သွား​ခဲ့​သည်။ ယင်း​ငါး​ကို ဇီဝ​ဗေဒ ​ကျောင်း​ဆရာ​ ဟောင်း​ တစ်ဦး​ဖြစ်သည့်​ ဗြိတိန်နိုင်ငံသား​ ဂျရမီဝဒ်က ဖမ်း​ဆီး​ရမိခဲ့​သည်။
“တံငါသည် နှစ်​ယောက်လုံး​ဟာ ​သွေး​ထွက်လွန်ပြီး​ ​သေခဲ့​ကြတယ်။ ​ဒေသခံ​တွေက ဒီလိုလုပ်နိုင်တာဟာ ​ရေထဲမှာ လူတစ်​ယောက် ဆင်း​ပြီး​​တော့​ ပုန်း​​နေလို့​ ဖြစ်မယ်လို့​​တောင် ကျွန်​တော့်​ကို ​ပြောကြာတယ်။ တံငါသည်​တွေရဲ့​ ​ဝှေး​​စေ့​​တွေကိုချည်း​ ဖြတ်သွား​တာကိုး​။
သူတို့ ​က အဖြစ်မှန်ကို မသိကြဘူး​”ဟု ဝဒ်က ဆိုသည်။ “ကျွန်​တော်က​တော့​ ဒါဟာ ငါး​လက်ချက်လို့​ပဲ ​ တွေး​မိတယ်။ ဒါ​ကြောင့်​ ကျွန်​တော် အချိန်ယူပြီး​ ဖမ်း​ခဲ့​တာပါ။
ခု​တော့​ တစ်​ကောင်မိပြီ။ ဒါမျိုး​ ရှိ​သေး​လား​ မသိဘူး​။ သူ့​ရဲ့​ ပါး​စပ်က လူနဲ့​တူပြီး​ သွား​​တွေကလည်း​ ညီ​နေတာ ​တွေ့​ရမှာပါ”ဟု ၎င်း​က ဆက်လက် ​ ပြောဆိုသွား​သည်။ ထို့​အပြင် ငါး​၏ ​မေး​ရိုး​များ​မှာ အလွန်သန်မာပြီး​ လူသား​ကပ္ပယ်အိတ်ကို တိတိရိရိ ကိုက်ဖြတ်နိုင်စွမ်း​ ရှိ​ကြောင်း​လည်း​ အသက် ၅၃ နှစ်ရှိ ဝဒ်က ရှင်း​ပြသွား​ခဲ့​သည်။
@ လူထုအသံ အွန်လိုင်းဂျာနယ်

၂၀၁၁ ခုနှစ်အတွက် သိပ္ပံတီထွင်မှုတွင် HIV ကာကွယ်ဆေးသစ်မှ ဆွတ်ခူး

ကြာသပတေးနေ့တွင် ထွက်ရှိလာသည့် သိပ္ပံဂျာနယ်တွင် ဖော်ပြရာ၌ ၂၀၁၁ ခုနှစ် အတွက် သိပ္ပံပညာရပ်ဆိုင်ရာ ထိုးဖောက်တည်ထွင်နိုင်မှု အတွက် HPTN 052 အမည်ရ  စမ်းသပ်အဆင့်  HIV  ရောဂါကုဆေးကို သတ်မှတ်ပေး
လိုက်ကြောင်းသိရသည်။ အဆိုပါ တွေ့ရှိချက်အရ  HIV ရောဂါ ကူးစက်ခံရသည့် လူမှာ ၎င်းအနေဖြင့် ရောဂါပိုးများ များစွာ မပျံ့နှံ့သေးပါက ကိုယ်ခံစွမ်းအား အတော်အသင့် ကောင်းမွန်နေ သည့် အချိန်မှစတင်ပြီး ယင်းဆေးကို သောက်သုံးလျင် ၎င်းနှင့် လိင်ကွဲ ဆက်ဆံဘက် ရောဂါပိုး မရှိသူအား HIV ရောဂါကူးစက်နိုင် မည့်ဘေးမှ ၉၆ ရာခိုင်နှုန်းအထိ တားဆီးနိုင်ကြောင်း သိရသည်။
ယခုလို တွေ့ရှိချက်ကို လွန်ခဲ့သည့် မေလက စတင်ကြေငြာခဲ့ခြင်း ဖြစ်ပြီး သြဂုတ်လသို့ အရောက်တွင် New England ဆေးပညာ ဂျာနယ်၌ ဖော်ပြခဲ့သည်။ ယင်းလေ့လာမှုကို U.S. National Institute of Allergy and Infectious Diseases (NIAID) မှ ထောက်ပံ့ပေးပြီး လုပ်ဆောင်စေခဲ့ခြင်း ဖြစ်ကာ  အမျိုးသား ကျန်းမာရေးအဖွဲ့အစည်း၏ စီမံကိန်းတစ်ခုလည်း ဖြစ်သည်။ ယခုလို တွေ့ရှိ ချက်အရ စမ်းသပ်ဆဲ ဖြစ်သည့် HPTN 052  ဆေးမှာ HIV ရောဂါပိုးရှိသူများကို ရောဂါပျံ့ပွားမှုမရှိစေရန် ထိန်းချုပ်စေနိုင်ရုံသာမက ၎င်း၏ လိင်ဆက်ဆံဖက်ကိုလည်း  ရောဂါကူး စက်နိုင်မှု့မှ ကင်းစေမည့် အကျိုးကို ပေးနိုင်ကြောင်းလည်း NIAID  မှဒါရိုက်တာဖြစ်သူ Anthony Fauci မှပြောကြား သွားခဲ့သည်။

Thursday, December 29, 2011

နေမုန်တိုင်းကြောင့် ရေဒီယို ဆက်သွယ်မှုများ ပြတ်တောက်နိုင်

မကြာသေးမီက ဖြစ်ပွားခဲ့ရသည့် နေ လုံးကြီးအတွင်းမှ ဆိုလာမုန်တိုင်း ပေါက်ကွဲ မှုဖြစ်စဉ်ကြောင့် အမှုန် များ ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးအတွင်းတွင် မိုးသောက် အလင်းတန်းများ ပေါ်ထွက်လာခြင်း သို့မဟုတ် ရောင်ခြည်ဖြာ ထွက် မှုဖြစ်စဉ် ဖြစ်ပွားပြီး ရေဒီယိုလှိုင်းများ ယာယီ အနေဖြင့်ပြတ်တောက်သွားနိုင်
ကြောင်း သိရသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ရသည့် coronal mass ejection (CME) ခေါ် ဆိုလာပေါက်ကွဲမှု အကြီးစားဖြစ်စဉ် တစ်ခုကြောင့် လျှပ်စစ် သံလိုက်မှုန်များမှာ ကမ္ဘာဆီသို့ လွင့်စင်လာပြီး ဗုဒ္ဓဟူးနေ့တွင်  ကမ္ဘာ့သံလိုက် စက်ကွင်ကို ၇ နာရီခန့်ကြာမြင့်သည့်  ထိခိုက်မှုဖြစ်စေနိုင်မည် ဖြစ်သည်ဟု ကျွမ်းကျင်သူများမှ ခန့်မှန်းခဲ့ကြသည်။ အလားတူပင် နောက်ထပ် CME တစ်ခုမှာလည်း  ယင်းနေ့တွင်ပင်
နောက်တစ်ကြိမ် ထပ်ဖြစ်လာနိုင်ပြီး ကမ္ဘာကြီး၏ သံလိုက်စက်ကွင်းကို ထိခိုက်စေနိုင်မည် ဖြစ်သည်ဟု သိရသည်။

ယင်းသို့ နှစ်ကြိမ်ဖြစ်ပေါ်မှုကြောင့်  ပထဝီ သံလိုက်လှိုင်းများ ဖြစ်လာကာ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ကမ္ဘာကြီး၏ ရေဒီယို လှိုင်းများကို ထိခိုက်မှုဖြစ်စေနိုင်မည် ဖြစ်သည်ဟုလည်း ကျွမ်းကျင်သူများမှ ခန့်မှန်းခဲ့ကြကြောင်း သိရသည်။ အလားတူပင် ဒီဇင်ဘာ ၂၈ နှင့် ၂၉ ရက်များတွင်လည်း အဆိုပါ ပေါက်ကွဲမှု အသေးစားများ နေလုံးကြီးတွင် ဖြစ်လာနိုင်ကြောင်း National Oceanic and Atmospheric Administration's Space Weather Prediction Center မှ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။ ယခုလို ပထဝီသံလိုက် မုန်တိုင်းများကြောင့် ကမ္ဘာကြီး၏ တိမ်သားများထက်တွင် Aurora ဟုခေါ်သည့် မိုးသောက်အလင်းတန်း များ ဖြစ်လာစေကြာင်းလည်း သိရသည်။

Tuesday, December 27, 2011

အရေပြားကင်ဆာရောဂါ ကုသနိုင်ဖွယ် နည်းလမ်းတွေ့ရှိ

လူတွေကို အစာအဆိပ်သင့်စေတယ်လို့ အများက လက်ခံ သိရှိထားတဲ့ ဘက်တီးရီးယား ပိုးတွေကတဆင့် လူကို သေစေနိုင်တဲ့ အရေပြားကင်ဆာကို ကုသနိုင်တဲ့နည်းကို အီတလီ ဒေါက်တာတွေက စမ်းသပ် တွေ့ရှိခဲ့ကြပါတယ်။ကြွက်ရဲ့ ခန္ဓာကိုယ်ထဲကို Salmonella ဘက်တီးရီးယားပိုးတွေ ထိုးသွင်းလိုက်ခြင်းအားဖြင့် သူ့ရဲ့ ခံနိုင်ရည်စွမ်းအား ရပ်တန့်သွားပြီး ကင်ဆာဖြစ်နိုင်တဲ့ ဆဲတွေကို သတ်ပစ်လိုက်တာ တွေ့ရတဲ့အကြောင်း အီတလီနိုင်ငံ မီလန်မြို့ အခြေစိုက် ဥရောပ အကြိတ်အခဲများဆိုင်ရာ သုတေသနဌာနက သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ကြွက်တွေမှာ Melanoma ဆိုတဲ့ အဆိုးဆုံး ကင်ဆာရောဂါ တမျိုးနဲ့ ကြီးထွားလာအောင် အရင် ပြုစုပျိုးထောင်ပြီးမှ သိပ္ပံပညာရှင်တွေက အခုလို စမ်းသပ်ခဲ့ကြတာပါ။
Melanoma ကင်ဆာကို စောစောစီးစီး စမ်းသပ်တွေ့ရှိခဲ့ရင် ပျောက်အောင် ကုသလို့ ရပါတယ်။ ဒါပေမဲ့ မကုသဘဲထားရင် အဲဒီ ကင်ဆာရောဂါဟာ ခန္ဓာကိုယ် တခုလုံးကို ပျံ့နှံ့နိုင်တယ်လို့ ဆိုပါတယ်။
Salmonella ပိုးကို ဆေးထိုးအပ်နဲ့ ထိုးသွင်းလိုက်တဲ့ အတွက်ကြောင့် ကြွက်တွေမှာ ကင်ဆာရောဂါပိုး ပျံ့နှံ့မှုက ရပ်သွားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီတွေ့ရှိချက်က တချိန်မှာ ကင်ဆာရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ အလားအလာကောင်း တခုလို့ ဆိုပါတယ်။
ဒီနည်းအတိုင်း လူသားတွေမှာ စမ်းသပ်ခွင့်ရဖို့ ဆရာဝန်တွေက စောင့်ဆိုင်းနေကြပါတယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို Science Translational Medicine ဆိုတဲ့ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

Monday, December 26, 2011

ရင်သားကင်ဆာဖြစ်နေသောအမျိုး​သမီး​​တစ်ဦး​အား​ ဝက်အ​ရေ​ပြား​ဖြင့်​ ရင်သား​​အစား​​ထိုး​ကုသ

ရင်သား ​ကင်ဆာ ​ရောဂါကို ခံစား​ခဲ့​ရပြီး​နောက် ရင်သား​ဆုံး​ရှုံး​ခဲ့​သည့်​ အမျိုး​သမီး​တစ်ဦး​အား​ ဝက်အ​ရေပြား​ဖြင့်​ အစား​ထိုး​ ကုသမှု ပြုလုပ်​ပေး​ခဲ့​ကြောင်း​ သိရသည်။
ဗြိတိန်နိုင်ငံမှ အသက် ၃၅ နှစ်အရွယ် ကလာရာ ဘာရယ်သည် ညာဖက်ရင်သား​ ဖြတ်​တောက်ပစ်ခဲ့​ရပြီး​ ခွဲစိတ်မှု သုံး​ကြိမ်ခံယူခဲ့​ရသည်။ သူမက တင်း​နစ်ကို အလွန်ဝါသနာပါပြီး​ ပခုံး​လှုပ်ရှား​မှုများ​ကို ကန့်​သတ်မှု ဖြစ်​နေခြင်း​အား​ စိတ်ပျက်ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ The Sun သတင်း​စာက သူမသည် မူလက ဆီလီကွန်ဖြင့်​ အစား​ထိုး​ရန် ရည်ရွယ်ခဲ့​သော်လည်း​ အတုအပ ပစ္စည်း​များ​ကို ခန္ဓာကိုယ်အတွင်း​ ထည့်​သွင်း​ရန် စိတ်ညစ်မိ​သော​ကြောင့်​ အခြား​နည်း​လမ်း​ကို ရှာကြံခဲ့​ကြောင်း​ ​ဖော်ပြသွား​သည်။
ကလာရာအား ​ ဆရာဝန်များ​၏ ဝက်၏ တစ်သျူး​သည် လူ့​ခန္တာကိုယ်နှင့်​ အလွယ်တကူ ​ပေါင်း​စပ်နိုင်ပြီး​ သဘာဝ အသား​အ​ရေကဲ့​သို့​ အပြည့်​အဝ ခံစား​နိုင်​စေမည်ဟု ဆရာဝန်များ​က ရှင်း​ပြပြီး​နောက် ထိုနည်း​လမ်း​ကို လက်ခံခဲ့​ခြင်း​ဖြစ်သည်။ သူမသည် ဗြိတိန်တွင် ဒုတိယ​မြောက် ဝက်အ​ရေပြား​ အစား​ထိုး​ ကုသခံ​သော အမျိုး​သမီး​ ဖြစ်လာပြီး​ ခွဲစိတ်ကုသမှု ကုန်ကျစရိတ်မှာ ​ပေါင်စတာလင် ၃၅၀၀၀ ခန့်​ ကျသင့်​ခဲ့​သည်။
စီး​ပွား​ရေး​ အကြံ​ပေး​ တစ်ဦး​ဖြစ်​သော ကလာရာအတွက် အစား​ထိုး​ပေး​မည့်​ ဝက်အ​ရေပြား​ကို အ​မေရိကန်ရှိ ကုမ္ပဏီတစ်ခုမှ အထူး​ရွေး​ချယ် မှာယူ​ပေး​ခဲ့​ခြင်း​ဖြစ်သည်။ ယခုအခါ ကလာရာ၏ အ​ခြေအ​နေမှာ တိုး​တက်​ကောင်း​မွန်လာ​နေပြီဖြစ်သည်။ 
ယခုအစား ​ထိုး​ ကုသမှုသည် ကမ္ဘာ​ပေါ်တွင် အမျိုး​သမီး​ အများ​စုကို အကြီး​အကျယ် ခြိမ်း​ခြောက်
လျက်ရှိသည့်​ ရင်သား​ကင်ဆာ ​ရောဂါကို တိုက်ဖျက်နိုင်​ရေး​အတွက် အလွန်​ကောင်း​မွန်​သော ​မျှော်လင့်​ချက်တစ်ခု ဖြစ်လာ​စေ​ကြောင်း​ သိရှိရသည်။

အင်္ဂလန်မှ အသက်အငယ်ဆုံး​ iPhone Game​ တီထွင်သူ

အသက် ၁၃ နှစ်အရွယ် ​ကျောင်း​သား​လေး​ တစ်ဦး​သည် ဗြိတိန်၏ အသက်အငယ်ဆုံး​ iPhone ဂိမ်း​ Application တီထွင်သူ ဖြစ်လာ​ကြောင်း​ သိရသည်။
Apple ထုတ် iPhone တွင်​ဆော့​ကစား နိုင်မည့်​ ဗီဒီယိုဂိမ်း​ Application တစ်ခုကို ​အေရွန်ဘွန်း​ကတီထွင်လိုက်သည်။ Spud Run ဆို​သော ဂိမ်း​ကို ၎င်းက သူငယ်ချင်း​တစ်ဦး​ အကူအညီဖြင့်​ တီထွင်ခဲ့​ခြင်း​ဖြစ်သည်။ iPhone တွင် Application များ​ မည်သို့​ဖန်တီး​ ရေး​ဆွဲရသည်ကို သူငယ်ချင်း​ဖြစ်သူ ဆီဘက်စတီယန် မက်​နေး​ထံမှ ယမန်နှစ်အတွင်း​ ​လေ့​လာခဲ့​ပြီး​နောက် ယခုဂိမ်း​ကို ​အေရွန်က ​ရေး​ဆွဲခဲ့​ခြင်း​ဖြစ်သည်။
Spud Run ကို လာမည့်​သီတင်း​ပတ်မှစပြီး​ ၅၉ ပဲနိဖြင့်​ ​ရောင်း​ချသွား​မည်ဖြစ်သည်။
ဝင်္ကာပါ တစ်ခုအတွင်း​ သတ်မှတ်ထား​သော အချိန်တို​လေး​တွင် အာလူး​များ​ကို ဝေး​နိုင်သမျှ ​ဝေး​သွား​အောင် ပို့​ဆောင်​ပေး​ရမည့်​ ဂိမ်း​လေး​ကို မ​ရေး​ဆွဲမီ ဆီဘက်စတီယန်နှင့်​ ​အေရွန်တို့​သည် လိုအပ်​သော အသုံး​အ​ဆောင်များ​ ဝယ်ယူရန် ပေါင်စတာလင် ၁၄၀၀ မျှကို စု​ဆောင်း​ခဲ့​ရ​သေး​သည်။ အသက် ၁၆ နှစ်ရှိ ဆီဘက်စတီယန်က ဂိမ်း​၏ စိတ်ကူး​စိတ်သန်း​ပိုင်း​နှင့်​ ဖန်တီး​မှုပိုင်း​ကို တာဝန်ယူပြီး​ ​အေရွန်ကမူ နည်း​ပညာပိုင်း​ကို စီစဉ်ဖန်တီး​ခဲ့​သည်။
ယင်း ​တို့သည် သူငယ်ချင်း​များ​၏ ကွန်ပျူတာများ​ကိုပါ အသုံး​ပြုပြီး​ ဂိမ်း​ကို ရေး​ဆွဲခဲ့​ကြခြင်း​ဖြစ်သည်။ ယမန်နှစ်ကလည်း​ အ​မေရိကန်မှ အသက် ၁၄ နှစ်အရွယ် ​ရောဘတ်​နေး​၏ ရူပ​ဗေဒ အ​ခြေခံ ဉာဏ်စမ်း​ဂိမ်း​လေး​သည် Download ရယူ ​ဆော့​ကစား​သူ ၂ သန်း​ကျော်ခဲ့​ပြီး​ နာမည်​ကျော် Angry Birds ထက် လူကြိုက်များ​သည့်​ ဂိမ်း​လေး​အဖြစ် ရပ်တည်​အောင်မြင်ခဲ့​ဖူး​သည်။

Sunday, December 25, 2011

ထူးဆန်းထွေလာ ငှက်ပျောခိုင်

ခေါင်းတစ်လုံး ၌ နှုတ်သီး နှစ်ခု၊ ပါးစပ်ပေါက် နှစ်ပေါက် ပါရှိသည့် ထူးခြားသော ၀က်ကလေး တစ်ကောင် မွေးဖွား

နေပြည်တော် ပျဉ်းမနား မြို့၊ ကျော်ညီ နောင်ရပ် ကွက်၊ ကေးလမ်းရှိ အိမ် တစ်အိမ်၌ မွေးမြူ ထားသည့် ၀က်မကြီးမှ ခေါင်းတစ်လုံး ၌ နှုတ်သီးနှစ်ခု၊ ပါးစပ်ပေါက် နှစ်ပေါက် ပါရှိသည့် ၀က်က လေး တစ်ကောင် ဧပြီ ၂၄ ရက် ညနေ ၆ နာရီ ခန့်တွင် မွေးဖွား ခဲ့သည်။
အဆိုပါ အိမ်၌ မွေးမြူ ထားသည့် ၀က်မကြီးမှ ၀က် ကလေး ကိုးကောင်မွေးရာ တွင် ခုနစ်ကောင် မြောက်၌ ဤသို့ထူး ခြားသည့် ၀က်ကလေး အား မွေးဖွား ခဲ့ခြင်း ဖြစ်သည်။ ခေါင်းတစ်လုံး ၌ နှုတ်သီး နှစ်ခု ပါရှိ သည့် ထူးခြားသော ၀က်ကလေး မှာ ၀က်မလေး ဖြစ်ပြီး နှုတ်သီး တစ်ခုတွင် ပါးစပ်ပေါက် တစ်ခုစီ ပါရှိ၍ နှာခေါင်း ပေါက်လေး ပေါက်၊ လျှာနှစ်ခု ပါရှိသည်။ ပါးစပ် ပေါက် နှစ်ခု စလုံးတွင် သွားများ ပါရှိ ၍ ပါးစပ် ပေါက် နှစ်ခုစလုံးမှ မိခင်ဝက်မ ကြီး၏ နို့နှစ်လုံး အား တစ်ပြိုင်နက် စို့နိုင် ကြောင်း ၀က်မကြီး၏ ပိုင်ရှင် ဖြစ်သူက ရှင်းပြသည်။

Obama ရဲ့ စီးတော်ယာဉ် (The Beast) နှင့် ၄င်း၏လျှို့ဝှက်ချက်များ

အမေရိကန်သမ္မတ ဘားရက်အိုဘားမား ရဲ့ စီးတော်ယာဉ် The Beast  နဲ့ The Beast ရဲ့ တည်ဆောက်ပုံ ၊ ခံနိုင်ရည် ၊ လျှို့ဝှက်တပ်ဆင်ထားတဲ့ ကိရိယာ တွေ ၊ ယခင် သမ္မတဟောင်း J.F ကနေဒီ လုပ်ကြံခံရပုံ (လုံခြုံရေးအားနည်းခြင်းကြောင့်) ၊ ဒါကြောင့် အဆင့်မြင့် လုံခြုံရေး ကိရိယာ များနှင့် တပ်ဆင်
တည်ဆောက်ထားသော အိုဘားမားရဲ့ စီးတော်ယာဉ် The Beast အကြောင်းကို ဗဟုသုတ ရစေခြင်းအလို့ငှာ တင်ဆက်ပေးခြင်းဖြစ်ပါတယ်။

၂၅ ဒေါ်လာတန် ကွန်ပြူတာ ထုတ်လုပ်နိုင်တော့မည်

Raspberry Pi  ဟုအမည်ရသည့် နေအိမ်သုံး ကွန်ပြူတာများမှာ တစ်ခုလျင် ဒေါ်လာ ၂၅ ဒေါ်လာသာ ကျသင့်မည်ဖြစ်ပြီး ယင်းကို ထုတ်လုပ်ရောင်းချနိုင်ရန်အတွက် အနည်းငယ်သော အချိန်သာလိုတော့ကြောင်း သိရသည်။ ယခုလို ထုတ်လုပ်နိုင်ခြင်းဖြင့် နည်းပညာ လုပ်ငန်းအတွင်း မျိုးဆက် သစ်များအတွက် အခွင့်အလမ်းကောင်းများလည်း ပွင့်လန်းလာတော့မည် ဖြစ်သည်။


အဆိုပါ Pi  ကွန်ပြူတာမှာ Arm Chip ကိုအသုံးပြုထားပြီး ယင်းစနစ်မှာ မိုဘိုင်းဖုန်းများတွင် သုံးစွဲသည့် ပုံစံမျိုးဖြစ်ကာ linus အော်ပရေးရှင်းစနစ်ဖြင့်အသုံး ချနိုင်မည် ဖြစ်သည်။ ယခုကွန်ပြူတာအတွက် စမ်းသပ်အဆင့် ထုတ်လုပ်မှုများကို ပြုလုပ်နေပြီဖြစ်ပြီး  လာမည့် ဇန်နဝါရီလတွင် ထုနှင့် ထည်နှင့်
ဖြန့်ချိ သွားနိုင် ရန် ပြုလုပ်နေကြောင်း လည်း သိရသည်။ ယခုလို ကွန်ပြူတာ ထုတ်လုပ်ရန် အကြံအစည်ကို ဗွီဒိယို ဂိမ်းထုတ်လုပ်သူ David Braben  မှစဉ်းစားမိ ခဲ့ခြင်းဖြစ်ပြီး ငယ်ရွယ်သူ လူငယ်များအတွက် နည်းပညာနှင့်ဆိုင်သည့် နယ်ပယ်တွင် စောစီးစွာဖြင့် လုပ်ငန်းစနိုင်ရန် လမ်းဖွင့်ပေးသည့် လုပ်ဆောင်ချက်တစ်ရပ် လည်း ဖြစ်သည်ဟုသိရသည်။

Saturday, December 24, 2011

အလင်းနိယာမ နှင့် ကိုယ်ပျောက်ဝတ်ရုံ

ကိုယ်ပျောက်အင်္ကျီတဲ့လား၊ သိပ္ပံသုတေသီတွေကတော့ ကိုယ်ပျောက်အင်္ကျီဟာ တစ်ကယ်ဖြစ်လာနိုင်ပြီလို့ ပြောပါတယ်။ ထို ကိုယ်ပျောက်ဝတ်ရုံကတော့ ဟယ်ရီပေါ်တာ ရဲ့ ကိုယ်ပျောက်ဝတ်ရုံမျိုးဖြစ်ပေါ့လေ။ လန်ဒန်မျို့မှာရှိတဲ့ သုတေသီများကတော့ စတာလင်ပေါင် ၄၈ သန်းကုန်ကျမှာဖြစ်တဲ့ ကိုယ်ပျောက်ဝတ်ရုံဖန်တီးမှုလုပ်ငန်းကို ရှေ့ဆက်လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။
ဂျေကေရိုးလင်း ပုံပြင်တွေထဲကလို့ လူငယ် မှော်ဆရာလေးတစ်ယောက်ဟာ ကိုယ်ပျောက်ဝတ်စုံခြုံပြီး
ကျောင်းကိုသွားတာ ဘယ်သူမှမတွေကြသကဲ့သို့ဖြစ်ပါတယ်။ ဒီနေ့တော့ Imperial ကောလိပ်က ရှာဖွေမှု့ပြုလုပ်သူများကတော့ မကြာခင်မှာ ကိုယ်ပျောက်ဝတ်ရုံဟာတကယ်ဖြစ်လာတော့မှာ
လို့ပြောခဲ့ပါတယ်။

ထိုသုတေသီများ ထင်ထားကြတာကတော့ ထိုဝတ်ရုံကို ပစ္စည်းအမျိုးအစားအသားအသစ် နဲ့ပြုလုပ်မှာဖြစ်ပြီးအလင်းပျောက်အောင်ပြုလုပ်မှာဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ အရာဝတ္တု တစ်ခုပေါ်ကို အလင်း ကျရောက်တဲ့အခါ မှာ အလင်းပြန်မှု့ရှိတာကို အလင်းမပြန်အောင်ပြုလုပ်ခြင်းဖြင့် မမြင်ရအောင်ပြုလုပ်မှာဖြစ်ပါတယ်။ ထိုကိုယ်ပျောက်ဝတ်ရုံကို meta လို့ခေါ်တဲ့ အသားတစ်မျိုးနဲ့ပြုလုပ်မှာဖြစ်ပြီး ထိုအသားဟာ အလင်းကို စုတ်ယူစီးဆင်းစေမှာဖြစ်ပါသည်။ ထိုဝတ်ရုံကို ခြုံလိုက်ခြင်းအားဖြင့် ခြုံလိုက်သူကို လူ့မျက်စီဖြင့် ကြည့်လို့ မြင်ရတော့မှာမဟုတ်ပါဘူး။ Imperial ကောလိပ်အဖွဲ့မှပြောကြားတာကတော့ ထို meta ဆိုတဲ့ အသားမှာ အဏုကြည့်ကရိယာ နှင့် လေယာဉ်ကွင်းများမှာတပ်ဆင်ထားသော လုံခြုံရေ ကရိယာတို့ဖြင့် ကြည့်လျှင် သေးငယ်သော အစက်အပြောက်ဖြင့် မြင်ရသော ဓါတ်သတ္တုမျိုးပါရှိပါတယ်။ ထိုလုပ်ငန်းကို ဦးဆောင်တဲ့ ဂျွန်းပန်ဒရီ က ကျွန်တော်တို့ ထိုကိုယ်ပျောက်ဝတ်စုံကို အလင်းနိယာမ သီအိုရိ နှင့်ဘယ်လိုလုပ်သလဲဆိုတာကိုသက်သေပြမှာဖြစ်ပါတယ်။ လောလောဆယ်တော့ စိန်ခေါ်မှုကတော့ ထိုဝတ်ရုံကို ပြုလုပ်ဖို့ဘဲဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

Friday, December 23, 2011

မျက်နှာနှစ်ဖက်ရှိတဲ့ကလေးငယ်ကို အိန္ဒိယတွင် မွေးဖွား

အိန္ဒိယ နိုင်ငံတွင် မျက်နှာ နှစ်ခုနှင့် ကလေးငယ်ကို
မွေးဖွားပြီးတစ်လအကြာမှာ ဆရာဝန်က ကလေးက မျက်နှာနှစ်ခု၊ပါးစပ်နှစ်ပေါက်နှင့် မျက်လုံးနှစ်စုံ သို့သော် နားရွက်ကတော့ နှစ်ခုပဲပါရှိပါတယ်။
အဲဒီကလေးငယ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီရဲ့ အနောက်မြောက် ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့ Uttar Pradesh  ဆိုတဲ့ရွာကလေးမှာ
မွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့မိဘတွေကတော့ ကလေးက ဘုရားပေးတယ်လို့ပဲ သဘောထားပါတယ်တဲ့။ ကလေးငယ်မွေးဖွားပြီးနောက် ရွာသားတွေက သူတို့ရဲ့ နတ်ဘုရားဝင်စားတဲ့ ကလေးငယ်ဆိုပြီး ကြိုဆိုကြပြီးလက်ဆောင်များနှင့် အလှူငွေများကို ကလေးငယ်အတွက်ပေးအပ်
ကြပါတယ်။
ဆရာဝန်ကတော့ ကလေးငယ်ဟာ ကျန်းမာရေးကောင်းပြီး ပုံမှန်အသက်ရှင်ပြီးအသက်ရှူလမ်းကြောင်း
အခက်အခဲမရှိဘူးလို့ဆိုပါတယ်။အဲဒီကလေးငယ်ဟာမျက်လုံးလေးလုံးစလုံးကိုတစ်ပြိုင်နက်တည်းဖွင့်ပိတ်နိုင်
ပါတယ်လို့ ခွဲစိတ်ခဲ့တဲ့ ဆရာဝန်ကဆိုပါတယ်

ရှေးခေတ်တရုတ်ဧကရာဇ်မင်းလက်ထက်တွင်သုံးခဲ့သော တံဆိပ်တုံးကိုလေလံတင်ရောင်းချ

တရုတ်အင်ပါယာ ဧကရာဇ်မင်း​​မြတ် ကွင်​​လောင် လက်ထက်က သုံး​​စွဲခဲ့​​​သည့်​​​ ​​ကျောက်စိမ်း​​ တံဆိပ်တုံး​​ကို ​​လေလံတင် ​​ရောင်း​​ချခဲ့​​​ရာ ယွမ်​​ငွေ ၁၆၁ သန်း​​ ရရှိခဲ့​​​​​ကြောင်း​​ သိရှိရသည်။
ယခုသီတင်း ​​ပတ် အ​​စောပိုင်း​​က ​​ဘေဂျင်း​​မြို့တွင် ပြုလုပ်​​သော ​​လေလံပွဲအတွင်း​​ အဆိုပါ တံဆိပ်တုံး​​ကို ယခု​​ဈေး​​ဖြင့်​​​ ဝယ်ယူခဲ့​​​ခြင်း​​ဖြစ်သည်။ ထို​​ဈေး​​နှုန်း​​သည် ​​ကျောက်စိမ်း​​ဖြူဖြင့်​​​ ထွင်း​​ထု ပြုလုပ်ထား​​​​သော ပစ္စည်း​​များ​​အတွက် အမြင့်​​​ဆုံး​​ စံချိန်တင် ​​လေလံ​​ဈေး​​လည်း​​ ဖြစ်လာသည်။
မူလက ​​လေလံ တာဝန်ရှိသူများ​​က တံဆိပ်တုံး​​အတွက် ကြမ်း​​ခင်း​​​​ဈေး​​ကို ယွမ်​​ငွေ ၆၈ သန်း​​ဖြင့်​​​ ​​ဈေး​​ဖွင့်​​​ခဲ့​​​ခြင်း​​ဖြစ်သည်။ အဆိုပါ တံဆိပ်တုံး​​ကို ၁၇၉၅ ခုနှစ်က ကွင်မင်း​​ဆက်၏ ဆဋ္ဌမ​​မြောက် ဘုရင်မင်း​​မြတ် ကွင်​​လောင်လက်ထက်တွင် ထွင်း​​ထုပြုလုပ်ခဲ့​​​သည်။
အဆိုပါ နှစ်တွင် တရုတ်မင်း​​​​နေပြည်​​တော်အတွင်း​​ တံဆိပ်တုံး​​ အခု ၂၀ မျှ ပြုလုပ်ခဲ့​​​​​သော်လည်း​​ ယခုတံဆိပ်တုံး​​သည် တစ်ခုတည်း​​​​သော အဝိုင်း​​ပုံသဏ္ဍာန် ဖြစ်​​ကြောင်း​​လည်း​​ သိရှိရသည်။

Thursday, December 22, 2011

Picture oF thE dAy

ဒီဇိုင်းအသစ်နဲ့ မော်တော်ဆိုင်ကယ်

ငါးကို မသေ မရှင် ချက်စားတဲ့ တရုတ်များ

တိရိစ္ဆာန်အခွင့်အရေးအဖွဲ့က ပြင်းပြင်းထန်ထန်ရှုံ့ချတဲ့ တရုတ်နိုင်ငံမှ ငါးအရှင်ကို ထမင်းစားခန်းတစ်ခုမှာ စားတဲ့ YouTube ဗီဒီိယို ကတော်တော်လေ ရေပန်းစားလူကြည့်များနေပါတယ်။ ထိုဗီဒီယိုကတော့ အသက်ရှုနေတဲ့ငါးတစ်ကောင်ကို ပန်းကန်ပြားတစ်ခုထဲ ထည့်ပြီး တဖြေးဖြေးယူစားနေတဲ့ပုံကို ဗီဒီယိုရိုက်ယူပြီး YouTube မှာတင်ထားတာဖြစ်ပါတယ်။ ငါးသိုင်းငါးကြင်း တစ်ကောင်ကို အော်ဒါ မှာလိုက်ပြီးဆိုရင်တော့ စားဖိုမှုးက သူခန္ဓာကိုယ်ကို ချက်ပါတယ်။ ဒါပေမဲ့ ခေါင်းကိုတော့ ရေစိုဝတ်စတစ်ခုနဲ့ အသက်ရှူနိုင်အာင် ပါတ်စည်းထား ပြီး ထိုသို့ မလုပ်ခင် ပန်းကန်ပြားထဲမှာ အချဉ်ရည်နှင့် အုပ်ပြီးအရင် နေရာချပါတယ်။ YouTube ဗီဒီယိုမှာပြတာကတော့ ငါးအရှင်ရဲ့အသားကို တူဖြင့်ဖဲ့မထုတ်ခင် အရင်ဆုံးတူဖြင့် လျှောက်ထိုးကြည့်ပါသေးတယ်။ တိရိစ္ဆာန် အခွင့်အရေးအဖွဲ့မှ ပီတာဆိုသူက ထိုဗီဒိယိုကို စက်ဆုပ်ရွံရှာစရာဗီဒီယိုလို့ ခေါ်ခဲ့ပြီး

ထိုဗီဒီယိုကို ဒီတစ်ပါတ်တွင်းမှာတင် ကြည့်ရှု့သူလူဦရေပေါင်း ၁၂ဝဝဝဝ ကျော်ပြီဖြစ်ပါတယ်။ ထိုကဲ့သို့ လွန်လွန်ကဲကဲ စားသောက်မှု့တွေဟာ တရုတ်နိုင်ငံမှ ပထမဆုံးစတင်ခဲ့တာမဟုတ်ပါဘူး။ စားသောက်ဆိုင်တွေမှာ မျောက်ဦးနှောက်ဖောက်စားတာ နှင့်တခြားသော ဟင်လျာများအဖြစ်

ခွေး ကြောင် မြွေကြွက် အိမ်မြှောင် နှင့် ကြွက်ပေါက်စ လေးများကို စားတာလည်းရှိကြပါတယ်။

Wednesday, December 21, 2011

မိုဘိုင်းဖုန်းလိုချင်လို့ မိမိကလေးကို ရောင်းစားလိုက် သတဲ့။

တရုတ်နိုင်ငံ Chongqing မှာနေတဲ့ လူငယ်စုံတွဲ တစ်တွဲဟာ သူတို့ရဲ့ ကလေးကို တရုတ်ယွမ်ငွေ ၂၅ဝဝ (U$ 366)နဲ့ ရောင်းစား ခဲ့တယ်လို့ Chongqing Economic Times သတင်း မှာ အင်္ဂါက ဖော်ပြခဲ့ပါတယ်။ ထိုစုံတွဲဟာ နောက်တော့ နောင်တရပြီး သူတို့ ကလေးကို ပြန်လိုချင်ခဲ့တယ်လို့ ရဲဝန်ထမ်း တစ်ယောက်က ပြောပြပါတယ်။ ထိုကလေးရဲ့မိခင်က အသက် (၁၉)နှစ် အရွယ် Zhang Yao ဖြစ်ပြီး အဖေဖြစ်သူကတော့ ၂၁ နှစ်ရွယ် Xin ဆိုတဲ့သူဘဲဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ အင်တာနက်ပေါ်မှာ တွေ့ခဲ့ကြတာဖြစ်ပြီး အချိန်ခဏလေးအတွင်းမှာ ချစ်ကြိုက်ခဲ့ပြီး လွန်လွန်ကြူးကြူးတွေ
ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ Zhang ဟာ ကျန်ခဲ့တဲ့ နိုဝင်ဘာလထဲမှာ ကလေးမွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ဟာ လက်မထပ်ရသေးပါဘူး။ မွေးပြီးလို့ ၆ ရက်အကြာမှာတော့ သူတို့ဟာ ကလေးကို Li Yong လို့ခေါ်တဲ့ လူတစ်ယောက်ဆီမှာ ရောင်းစားခဲ့ပါတယ်။ ထိုလူက ကလေးကို နောက်တစ်ရက်မှာတော့ ယွမ် တစ်သောင်းနဲ့ ထပ်ပြီးရောင်းဖို့ လုပ်တာကို ပတ်ဝန်းကျင်က ရိပ်စားမိပြီး ရဲ ကိုတိုင်ခဲ့ပါတယ်။ Zhang နဲ့ Xin တို့ကို စုံစမ်းကြည့်တဲ့အခါမှာတော့ သူတို့ရဲ့မိဘတွေဟာ
သူတို့နှစ်ယောက်ကို ထောက်ပံအကူအညီပေးဖို့အတွက် အင်တင်တင် လုပ်နေတဲ့အတွက် ဒီကလေးကို သူတို့ ရောင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ Xin ကတော့ သူတို့ ရောင်းလို့ရတဲ့ပိုက်ဆံ ယွမ် ၂၅ဝဝ နဲ့ လက်ကိုင်ဖုန်းအသစ်တစ်လုံးဝယ်လိုက်တယ်လို့ဆိုပါတယ်။ အခုတော့ ကလေးဟာ လူမှုကူညီရေးစင်တာကို ရောက်နေပြီလို့သိရပါတယ်။ ရဲအရာရှိတစ်ယောက် ကတော့ Zhang နဲ့ Xin တို့ဟာ သူတို့ရဲ့ ပြုလုပ်ခဲ့တာနဲ့ပါတ်သက်ပြီး တကယ်ကိုနောင်တရနေပြီလို့ ပြောတာကို သတင်းစာတစ်ခုက ဖေါ်ပြခဲ့ပါတယ်။ Zhang ကတော့ ကျွန်မ ကလေးကို ရောင်းလိုက်တဲ့အချိန်ကစပြီးတော့ အမြဲတမ်းငိုခဲ့ရပါတယ် အခု ကလေးကို ပြန်လိုချင်နေပြီလို့ ဆိုပါတယ်။ ကလေးဟာလဲ ကျန်းမာလျှက်ရှိကြောင်း လူမှု့ကူညီစောင့်လျှောက်ရေးအဖွဲ့ကဆိုပါတယ်။ အခုဆိုရင် Zhang နဲ့ Xin တို့ရဲ့မိဘတွေကို ရဲတပ်ဖွဲ့မှ ဆက်သွယ်နေပြီး ကလေးငယ်ကို အဖေ အမေတွေနဲ့အတူ ပျော်ရွင်တဲ့ မိသားစုလဲပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် ကြိုးပမ်းပေးလျှက်ရှိတယ်လို့သိရပါတယ်။ ထိုမြို့နယ်မှ ရှေ့နေ Lian Yi ကတော့ ကလေးကိုထိုကဲ့သို့ ငွေနဲ့ ရောင်းတာဟာ မှောင်ခိုလုပ်တဲ့ရာဇဝတ်မှုတစ်ခုမြောက်တယ်
လို့ဆိုပါတယ်။ 
 @ http://verizoniphones.info/410/baby-sold-to-buy-new-mobile-phone/

ဦးခေါင်းနှစ်လုံးပါရှိသည့် ကလေးငယ်အားမွေးဖွား... ကျန်းမာစွာရှိသည့် အပြင် ဦးခေါင်းနှစ်လုံးစလုံးမှ နို့  စို့ နိုင်....

ဘရာဇီးနိုင်ငံသူအမျိုးသမီးတစ်ဦးမှ ဦးခေါင်းနှစ်လုံးပါရှိသည့် 
ကလေးငယ်တစ်ဦးမွေးဖွားခဲ့ သည်ဟု ယနေ့ ထုတ်သတင်းများကဆိုပါတယ်...
၉.၉ ပေါင်ကိုယ်အလေးချိန်ရှိ အဆိုပါကလေးငယ်အားဘရာဇီးနိုင်ငံမြောက်ပိုင်း၊
ပါရာပြည်နယ်ရှိ အနာဂျာ့ စ်ဆေးရုံတွင် ဗိုက်ခွဲမွေးဖွားခဲ့ ရတာဖြစ်ပါတယ်....
ကလေးငယ်တွင် ဦးခေါင်းနှစ်လုံးပါရှိပြီး နှလုံးတစ်ခုရှိကာ ခန္ဓာကိုယ်၏
အရေးပါသောအင်္ဂါအစိတ်အပိုင်းများ အားလုံး ပုံမှန်အလုပ်လုပ်လျှက်ရှိနေပါတယ်...

မွေးကင်းစကလေးငယ်မှာ ကျန်းမာရေးအထူးကောင်းမွန်ပြီး ဦးခေါင်း ၂ လုံးစလုံးဟာလည်း ပုံမှန်လည်ပါတ် လှုပ်ရှားနေပါတယ်...
အဆိုပါပြည်နယ်၏ကျေးလက်တောရွာဒေသတွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိအဆိုပါအမျိုးသမီး
ဟာ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အပ်ထရာဆောင်း၊ ဓါတ်မှန်ရိုက်ကူးခဲ့ ခြင်းမရှိပဲ လွန်ခဲ့ သည့် တနင်္လာ
နေ့ နံနက်ပိုင်း ၁ နာရီအချိန် ကလေးမွေးခင် မိနစ်ပိုင်းအလိုတွင်သာ ဖြစ်ရပ်ဆန်းအားသိရှိခဲ့ ရခြင်းဖြစ်ပါ
တယ်....
မိခင်ဖြစ်သူဟာ မီးဖွားရန်ဗိုက်နာလာခဲ့ တာမို့ ဆေး၇ုံသို့ လာရန်ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့ ဆေး၇ုံအုပ်ချူပ်
ရေးမှူး ကလောဒီရိုနော အက်စစ်ဒီဗာ့ စကွန်ဆယ်လို့ စ် က ဘရာဇီးနိုင်ငံမှ အိုပိုဗို သတင်းစာကိုပြောပြခဲ့ 
ပါတယ်...
ဆရာဝန်တွေသူမကိုစစ်ဆေးကြည့် လိုက်သည့် အခါတွင်တော့ ကလေးငယ်တွင် ဦးခေါင်းနှစ်လုံးရှိနေသည်
ကိုသိရှိခဲ့ လိုက်ကြပြီး သာမန်မွေးဖွားမည်ဆိုပါက မိခင်ရောကလေးပါ အန္တရယ်ရှိနိုင်သည်ကို တွေ့ ရှိခဲ့ ကြ
ပါတယ်....ကလေးငယ်မှာ မွေးဖွားခါနီးပုံမှန် (ဦးခေါင်းအောက်စိုက်)ဖြစ်မနေပဲထိုင်လျှက်အနေအထားမို့ 
တစ်နာရီမျှကြာအောင် ဗိုက်ခွဲမွေးဖွားခဲ့ ရပါတယ်...
ဆေးရုံအငယ်စားတစ်ခုမို့ ပြဿနာအခက်အခဲများရှိသော်ငြားလည်း ကျွန်မတို့ အနေနှင့် အဓိကရည်မှန်း
ချက်ဖြစ်သည့် မိခင်ရောကလေးငယ်ကိုပါ အသက်ကယ်တင်နိုင်ခဲ့ ပါတယ်....
အထူးသဖြင့် ကလေးငယ်ဟာ ကျန်းမာရေးကောင်းမွန်နေတာကိုက ကျွန်မတို့ အတွက် အဓိကအံ့ သြ၀မ်း
မြောက်ဖွယ်ရာ ဖြစ်နေခဲ့ ပါတယ် လို့ သူမကပြောကြားခဲ့ ပါတယ်...
ကိုပီတာဆီကနေ မ လာပါသည်။

ကလေး ရှစ်မွှာပူး မွေးတဲ့ မိခင်

Nadya Denise Doud-Suleman Gutierrez လို့ခေါ်တဲ့အမျိုးသမီးကို မီဒီယာလောကထဲမှာတော့ Octomom လို့လဲ တစ်မျိုးတဖုံ သိကြပါသေးတယ်။ ထို အမေရိကန် အမျိုးသမီးဟာ ယောက်ျားလေး ခြောက်ယောက်နှင့် မိန်းခလေးနှစ်ယောက် ရှစ်မွှာပူးကိုမွေးဖွားခဲ့သူဘဲဖြစ်ပါတယ်။ သူမဟာ လောလောဆယ်တော့ ကယ်လီဖိုးနီးယား မှာနေထိုင်ပါတယ်။ အမေရိကန်မှာ ရှစ်မွှာပူးမွေးဖွားပြီး ခလေးအားလုံးအသက်ရှင်ခဲ့တဲ့ ဒုတိယမြောက် မိခင်လည်းဖြစ်ပါတယ်။
ကလေးတွေရဲ့ နာမည် နဲ့ မွေးဖွားစ ကိုယ်အလေးချိန်တွေကတော့....


* Noah Angel Solomon - ကျား ၂ ပေါင်နဲ့ရှစ်အောင်စ
* Isaiah Angel Solomon - ကျား ၃ ပေါင်နဲ့ ၁ အောင်စ
* Makai Angel Solomon - ကျား ၁ ပေါင်နဲ့ ၁၂ အောင်စ
* Maliyah Angel Solomon - မ ၂ ပေါင်နဲ့ ၂ အောင်စ
* Nariyah Angel Solomon - မ ၂ ပေါင်နဲ့ ၃ အောင်စ
* Josiah Angel Solomon - ကျား ၂ ပေါင်နဲ့ ၉ အောင်စ
* Jeremiah Angel Solomon - ကျား ၁ ပေါင်နဲ့ ၁၃ အောင်စ
* Jonah Angel Solomon - ကျား ၂ ပေါင်နဲ့ ၇ အောင်စတို့ဘဲဖြစ်ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး လေးဘီးတပ် ဆိုင်ကယ် စတင်ရောင်းချ

ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးဟု ဆိုနိုင်မည့် ဈေးနှုန်းတစ်ခုဖြင့် သတ်မှတ်ထားသော မော်တော်ဆိုင်ကယ် တစ်စီးမှာ စတင်ရောင်းချတော့ မည် ဖြစ်ကြောင်း သိရသည်။ ပြင်သစ်ကုမ္ပဏီ တစ်ခုဖြစ်သော Lazareth မှာ Wazuma V8  ဟုအမည်ရသော လေးဘီးတပ်မော်တော်ဆိုင်ကယ် တစ်စီးကို စတင်ရောင်းချေ တာ့မည်ဟု ကြေငြာခဲ့ကာ တစ်နာရီလျင်မိုင်  ၁၅၀ အထိမောင်းနှင့် နိုင်ရန်ပြုလုပ်ထားကြောင်း လည်းသိရသည်။ အဆိုပါ ဆိုင်ကယ်ကို ကမ္ဘာ့ပေါ်ရှိ ဇိမ်ခံပစ္စည်းများ ကြော်ငြာ ရောင်းချသည့် JamesList ဝက်ဆိုက်တွင်တင်ထားပြီး အခွန် မပါ ယူရို ငွေ နှစ်သိန်း ဖြင့် ရောင်းချရန် ဈေးကမ်း လှမ်းထားသည်။

အဆိုပါကားမှာ Ferrari အင်ဂျင်ကို အသုံးပြုထားပြီး BMW မှပြုလုပ်သည့် ဂီယာခြောက်ခုထိုး ဂီယာလည်း တပ်ဆင်ထားကြောင်း သိရသည်။ ယခုဆိုင်ကယ်ကို မြင်းကောင်ရေ ၂၅၀ အားရှိသည့် အင်ဂျင်ဖြင့် စတင် မောင်းနှင်နိုင်မည်ဖြစ်ကာ ဆိုင်ကယ်အလေးချိန်မှာလည်း ၆၅၀ ကီလို ဂရမ်သာရှိကြောင်း သိရသည်။ အလားတူပင် ယခု ဆိုင်ကယ်တွင် သုံးထားသည့် ဆိုင်းထိန်းစနစ်မှာလည်း အလွန်ကောင်းမွန်ပြီး မြေပြင်ညီပုံစံ ရှော့ဘားလေးခု ပါဝင်ကာ အာရုံခံစနစ်များလည်း တပ်ဆင်ထားကြောင်း သိရသည်။ သို့ရာတွင် ယင်းမော်တော် ဆိုင်ကယ်မှာ ဗြိတိန်တွင် မောင်းနှင်ခွင့်ရမည် မဟုတ်ဘဲ ကိုယ်ပိုင်လမ်း ရှိမှသာ မောင်းနှင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Tuesday, December 20, 2011

ဆူးပေါ်ဖက်ကျ သောကြောင့် ဆူးကျိုးသွားရခြင်း အကြောင်း

အနောက်ဂျာမဏီရှိ Darmstadt တရားရုံး မှာ ဂျာမဏီနိုင်ငံက နာမည်ကြီး No Angels အဖွဲ့မှ ပေါ့ပ် အဆိုတော် Nadja Benaissa ၂၈နှစ် ကို စီရင်ချက် ချခဲ့ပါတယ်။ စီရင်ချက်မှာထောင်ဒါဏ် ၁ဝ နှစ်ဖြစ်ပြီး ထိုအထဲမှ ၂ နှစ်ဆိုင်းငံ့ ဖြစ်ပါတယ်။ အမှု့ကတော့ သူနဲ့ အတူ လိင်ဆက်ဆံခဲ့တဲ့ ချစ်သူကို သူ့မှာ HIV ရောဂါရှိတာကို မပြောခဲ့မိဘဲ လိင်ဆက်ဆံခဲ့ပြီး သူချစ်သူပါ HIV ရောဂါကူးခဲ့တဲ့ အတွက် သူတပါးအား ရောဂါ ကူးစေအောင် လုပ်တဲ့အမှု့ဖြစ်ပါတယ်။ ဒါကတော့ ဆူးပေါ်ဖက်ကျတာ ဆူးကျိုးသွားရတဲ့အဖြစ်ပါ။ Benaissa ကတော့ သူ့အနေနဲ့ သူနဲ့ဆက်ဆံခဲ့တဲ့ ချစ်သူကို HIV ရောဂါရှိတာကို မပြောဘဲ အကာအကွယ်မဲ့ (အဖော်မဆောင်ဘဲ)လိင်ဆက်ဆံခဲ့တာကို ဝင်ခံသော်ငြားလည်း ချစ်သူကို ကူးပါစေဆိုပြီး တမင်ရည်ရွယ် လုပ်ခဲ့တာမဟုတ် ရပါဘူးဆိုပြီး တရားရုံးကို လျှောက်လဲချက်ပေးခဲ့ပါတယ်။ Benaissa ကတော့ သူ့ရင်ထဲမှာ တကယ့်ကိုခံစားနေရပါတယ်လို့ ဝမ်းနည်းစွာ တောင်းပန်စကား ဆိုခဲ့ပြီး။ အချိန် နာရီတွေကို နောက်ပြန်
ပြန်လည့်လို့ ရခဲ့မယ်ဆိုရင် ပြန်လည့်ပြီး သူ့အမှားတွေကို ပြင်ခြင်တယ်လို့
ဆက်ပြောပါတယ်။ Benaissa ဟာသူမအသက် ၁၇ နှစ်အရွယ်တုန်းကလည်း လိင်ကိစ္စနဲ့ ပါတ်သတ်တဲ့ အမှု့တခုဖြစ်ခဲ့ဘူးသူဖြစ်ပါတယ်။ တရားရုံးမှာလဲ သူမဟာ ၁၄ နှစ်အရွယ်ကတည်းက မူးယစ်ဆေးစွဲခဲ့ပြီး ၁၆ နှစ်အရွယ်မှာတော့ ကိုယ်ဝန်ရှိခဲ့ပြီး ထိုအချိန်ကတည်းက သူ့မှာ HIV ရောဂါရှိမှန်း သိခဲ့ရပါတယ်။ ထို ရောဂါ သူမကို ဘယ်လိုကူးခဲ့သလဲ
ဆိုတာကိုတော့ အတိအကျမသိပေမဲ့ အရင်က ထားရှိခဲ့တဲ့ ချစ်သူတွေ ဆီက ကူးဆက်ခဲ့တာ ဖြစ်နိုင်ပါတယ်။ သူမတို့အဖွဲ့ရဲ့ဂီတအုပ်ချူပ်သူ ထိုကိစ္စအတွက် ထိုလူအား နစ်နာကြေးပေးပြီး အမှု့မဖွင့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ သို့သော်လည်း ထိုလူက တရားရုံးမှာ Banaissa အား သူဒီလိုဖြစ်ခဲ့ရတဲ့အတွက် အရမ်းကို ပူဆွေးသောက ရောက်ခဲ့ရတဲ့အကြောင်းပြောပါတယ်။ ထိုသူက ထွက်ဆိုတာကတော့ သူဟာ Banaissa နဲ့ ၂ဝဝ၄ ခုနှစ်မှာ သုံးလကျော်လောက် ချစ်ကြိုက်ခဲ့ပြီး ၇ နှစ်ကြိမ်လောက် အတူအိပ်ခဲ့ဘူးတယ်လို့ ဆိုပါတယ်။ နောက်တော့လည်း သဘောတူစွာလမ်းခွဲလိုက်ကြတယ်လို့ တရားရုံးမှာထွက်ဆိုပါတယ်။ ၂ဝဝ၇ ခုနှစ်မှာတော့ Banaissa ရဲ့ အဒေါ်ဖြစ်သူက သူ့တူမမှာ HIV ပိုးရှိတယ်လို့ ပြောလို့ သိခဲ့ရတာဖြစ်တယ်လို့ ထိုလူမှ ဆက်လက်ထွက်ဆိုပါတယ်။

ဆေးစစ်ချက်အရကတော့ Banaissa မှ ထိုလူဆီသို့ ကူးတာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ထိုက သူ့ဘဝဟာ အခုဆိုရင် အရမ်းကို သိမ်ငယ်နေရပြီး နိုင်ငံတကာကို လည်ပါတ်ဖို့ အခွင့်အရေးလဲ သူ့မှာ မရှိဘူး။ ကျွန်တော့် ဆရာဝန်ဖြစ်သူကလည်း ကျွန်တော့်ကို မင်းအနေအထားက အချိန်မရွေး AIDS ဘဝကို ရောက်သွားနိုင်တယ်လို့ ပြောထားပြီးသားဖြစ်ပါတယ်။ Banaissa ဖက်မှ လာညှိတုန်းအချိန်က ကျွန်တော်တောင်းဆိုခဲ့တာရှိပါတယ်။ အဲ့ဒါကတော့ Banaissa ဟာ ဒီကိစ္စနဲ့ပါတ်သက်ပြီး လူအများသိအောင် ထုတ်ဖော်ပြောပြီး AIDS နဲ့ပါတ်သက်ပြီး သုတေသနပြုနေတဲ့ လူမှု့ရေးအသင်းအဖွဲ့ကို ယူရိုပိုက်ဆံ တစ်သိန်းကို ပေးလှူဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ကျွန်တော် တောင်းဆိုတာကို လိုက်ရောခဲ့ရင် ရဲဆီသွားစရာ အကြောင်းကို ရှိခဲ့မှ မဟုတ်ဘူးလို့ဆိုပါတယ်။ မလိုက်လျှောခဲ့တာကတော့ သူမအနေနဲ့ ထိုသို့လုပ်ခြင်းအားဖြင့် သူတို့ အဖွဲ့ အောင်မြင်မှု့ကို ထိခိုက် အဆုံးသတ်သွားနိုင်တယ်လို့ စဉ်းစားခဲ့မိလို့ ဘဲဖြစ်ပါတယ်။ တရားရုံးမှလဲ Banaissa ဟာ ၂ဝဝဝ မှ၂ဝဝ၄ ခုနှစ်အတွင်းမှာ လူသုံးယောက်နဲ့ လိင်ဆက်ဆံမှု့ကိစ္စတွေရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

လေပေါ်မှာ ၈ နာရီကြာ မတ်တပ်ရပ်ပြီး မျက်လည့်ပြသွားတဲ့ ချီလီနိုင်ငံက ညီအစ်ကို


Chile နိုင်ငံရဲ့မြို့တော် Santiago မှာ လူလယ်ခေါင် ကြီးမှာ သူတို့ရဲ့ မျက်လည့် စွမ်းရည်ကို ပြသွားတာဖြစ်တယ်။ လူတွေကတော့ ထုံးစံအတိုင်း တစ်ယောက်တစ်ပေါက် ပြောကြတာပါဘဲ။ အမြင့်ပေ ၇ မီတာ မှာ ၈ နာရီ အကြာ လေထဲမှာ ရပ်နေတဲ့ပုံမျိုး မျက်လှည့် ပြသွားတာပါ။

GOD and the UNIVERSE (amazing works)

ကမ္ဘာ့ ပထမဆုံး ရာသက်ပန် အစားထိုး စက်နှလုံး ကုသအောင်မြင်

အသက် ၁၅ နှစ်အရွယ်လူငယ်လေးတစ်ယောက်ကတော့ ကမ္ဘာ့ပထမဆုံး ရာသက်ပန် စက်နှလုံး တပ်ဆင်ရတဲ့ သူဖြစ်ပါတယ်။ အမည်မဖော်ပြထားတဲ့ ထိုလူငယ်လေးကတော့ လွန်ခဲ့တဲ့ အပါတ်က ခွဲစိတ်ခန်းထဲမှာ ၁ဝ နာရီ ကျော်ကြာ စက်နှလုံး အစားထိုး ခွဲစိတ်ကုသခဲ့ရပါတယ်။ ထိုလူငယ်လေးဟာ ကြွက်သားများသေတဲ့ ရောဂါကို ခံစားရပြီး သေဆုံးဖို့ ကြိမ်းသေသလောက်ရှိနေတဲ့ အခြေအနေမှာ ထိုကဲ့သို့ စက်နှလုံးအစားထိုး ကုသမှု့ခံယူခဲ့ရတာဖြစ်ပါတယ်။ ဒေါက်တာ Antonio Amodeo မှ ဦးဆောင်ပြီး ရောမှမြို့ရှိ Bambino Gesu ခလေးဆေးရုံမှာ အစားထိုးခွဲစိတ်ကုသခဲ့တာ ဖြစ်ပါတယ်။
Dr. Antonio Amodeo
 တရားဝင် ပြောကြားချက်အရတော့ ထိုလူငယ်လေးဟာ အနှစ် ၂ဝ မှ ၂၅ နှစ်လောက်အထိ ပုံမှန်အတိုင်း အသက်ရှင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာ Antonio Amodeo က ထို စက်နှလုံးဟာ အရွယ် ၂ လက္မခွဲရှိပြီးဘယ်ဖက်အချမ်းမှာ ဒေါင်လိုက်ထည့်ထားတာဖြစ်ပါတယ်။ နောက်ပြီး နှလုံးရဲ့ ပင်မသွေးလွတ်ကြောနဲ့ ဆက်သွယ်ထားပါတယ် လို့ပြောပါတယ်။ ထို စက်နှလုံးဟာ လျှပ်စစ်နဲ့ အသက်သွင်းထားတဲ့ ဟိုက်ဒရောလစ် ပန့်တစ်မျိုးကဲ့သို့သာဖြစ်ပြီး ရင်အုံရိုးအောက်မှာထည့်ထားပါတယ်။ ထိုနှလုံးကို အလုပ်လုပ်စေတဲ့ ဘထ္ထရီကိုအားသွင်းဖို့အတွက်ကတော့
လူနာကောင်လေးရဲ့ ဘယ်ဖက်နားအနောက်မှာ ပလပ်ခေါင်း ကဲ့သို့အစတစ်ခုထုတ်ပေးထားပြီး လက်ကိုင်ဖုန်းများကဲ့သို့ ညအိပ်ချိန်မှာ အားသွင်းရန်ဖြစ်ပါတယ်။ ထိုကဲ့သို့ စက်နှလုံး အစားထိုးကုသမှု့ဟာ ပထမဆုံးဖြစ်ပြီးဖြစ် ထိုလူငယ်လေးရဲ့ မိသားစုဟာလဲ သေတွင်းထဲက လွတ်မြောက်လာတဲ့ သူတို့ရဲ့ သားအတွက်အလွန်ကို ဝမ်းသာမဆုံးဖြစ်နေရပါတယ်။ ဒေါက်တာ Antonio Amodeo မှ ထို စက်နှလုံးရဲ့ အလေးချိန်ဟာ ၃ အောင်စ ကျော် ရှိတယ်လို့ဆိုပါတယ် လောလောဆယ်တော့ ထိုလူငယ်လေးဟာ နှစ်ပါတ် တော့ဆေးရုံရဲ့ ကြည့်ရှု့မှုအောက်မှာ နေရအုံးမှာဖြစ်ပါတယ်။
စက်နှလုံး အစားထိုးကုသမှု့အတွက် အသုံးပြုသော ပန့်များ
 လွန်ခဲ့တဲ့နှစ်ကလည်း Andrew Ames (၁၃) နှစ်ဟာ ကမ္ဘာအငယ်ဆုံး နှလုံးပန့်အစားထိုးမှု့ကိုလည်း အင်္ဂလန်က Freeman ဆေးရုံမှာ ခွဲစိတ်ကုသမှု့လုပ်ခဲ့တာလဲရှိခဲ့ပါတယ်။ ကနေဒါနိုင်ငံမှာလဲ စက်နှလုံး အစားထိုး ကုသမှု့ကို ၂ဝဝ၆ က အသက် ၁၅ နှစ်အရွယ် မိန်းခလေးတစ်ဦးကို ကုသပေးမှု့မျိုးရှိခဲ့သော်လည်း ယာယီတပ်ဆင်ခြင်းသာဖြစ်ပါတယ်။ ယခု အစားထိုး စက်နှလုံးကတော့ ကမ္ဘာ့ ပထမဆုံး စက်နှလုံး ယာယီမဟုတ်ဘဲ ပုံသေအမြဲတမ်း အစားထိုးကုသခြင်းဖြစ်တယ်လို့ သိရပါတယ်။

*** B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း ***

ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။
အခု သူကျန်းကျန်းမာမာပါပဲ။
                                                                      *ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။

ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)

Monday, December 19, 2011

ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ​​ရေချိုး​​ခွင့်​​ပေး​​သည့်​​​ တရုတ်တက္ကသိုလ်

တရုတ်နိုင်ငံ အ​​နောက်​​မြောက်ပိုင်း​​ ရှန်ဇီး​​ရှိ တက္ကသိုလ် တစ်ခုအတွင်း​​ အများ​​သုံး​​ ​​ရေချိုး​​ခန်း​​တစ်ခုတွင် ​​ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ ​​ရေချိုး​​ခွင့်​​​ ​​ပေး​​ထား​​​​ကြောင်း​​ သိရှိရသည်။
ယင်း​​ကိစ္စသည် ပညာ​​ရေး​​နယ်ပယ်တွင် လိင်လုပ်ငန်း​​တစ်ခု ​​ဆောင်ရွက်​​နေခြင်း​​အဖြစ် ​​ဝေဖန်မှုများ​​ မြင့်​​​တက်လာသည်။ အ​​နောက်​​မြောက်ပိုင်း​​ ပိုလီတက္ကသိုလ်တွင် ရှိ​​နေ​​သော အများ​​သုံး​​ ​​ ရေချိုး​​ခန်း​​ တစ်ခုသည် စုံတွဲများ​​အတွက် သီး​​ခြား​​ ​​ရေချိုး​​ခန်း​​ ၇ ခုကို ဖွင့်​​​လှစ်​​ပေး​​ထား​​သည်။ ​​ဒေါင်လိုက်အ​​နေအထား​​ Showerခန်း​​များ​​ ပါရှိ​​သော အခန်း​​ကို ၁၅ ယွမ်၊ ​​ရေချိုး​​ကန်ပါ​​သော အခန်း​​ကို ၁၈ ယွမ်ဖြင့်​​​ ငှား​​ရမ်း​​​​နေ​​ကြောင်း
သိရသည်။ အဆိုပါ အခန်း​​ကို တစ်ဦး​​တည်း​​ အသုံး​​ပြုလိုပါကလည်း​​ ထက်ဝက်​​ဈေး​​ဖြင့်​​​ ငှား​​ရမ်း​​နိုင်သည်။
ကိုယ်ပိုင် စာချုပ်ဖြင့်​​​ လုပ်ကိုင်​​နေသူ တစ်ဦး​​က အဆိုပါ ​​ရေချိုး​​ခန်း​​ကို ငှား​​ရမ်း​​ကာ ဖွင့်​​​လှစ်ထား​​ခြင်း​​ဖြစ်သည်။ ​​ရေချိုး​​ခန်း​​၏ ​​အောက် ၂ ထပ်သည် သမား​​ရိုး​​ကျ မိသား​​စု၊ ​​ကျောင်း​​သား​​များ​​ အသုံး​​ပြုနိုင်​​သော သီး​​ခြား​​ ​​ရေချိုး​​ခန်း​​များ​​ဖြစ်​​ နေသည်။ တက္ကသိုလ် ​​ကျောင်း​​၀င်း​​အတွင်း​​ ယင်း​​ကဲ့​​​သို့​​​ ​​ရေချိုး​​ခန်း​​မျိုး​​ ရှိ​​နေခြင်း​​အ​​ပေါ် ​​ကျောင်း​​သူ​​ကျောင်း​​သား​​များ​​၏ အမြင်မှာလည်း​​ အ​​ရော​​ရော အ​​ထွေး​​​​ထွေး​​ဖြစ်​​နေသည်။
ဇူဟု အမည်​​ ဖော်ပြသည့်​​​ ဘွဲ့​​​ရ တစ်ဦး​​က “ကျွန်​​တော်က​​တော့​​​ လက်မခံနိုင်ဘူး​​။ တက္ကသိုလ် ​​ကျောင်း​​သား​​​​တွေဟာ အရွယ်​​ရောက်ပြီး​​သား​​ လူ​​တွေပါ။ ဒီ​​တော့​​​ သူတို့​​​ရည်း​​စား​​နဲ့​​​ ​​ရေတူတူချိုး​​တာကို ကိုယ့်​​​ စိတ်တိုင်း​​ကျ ဆုံး​​ဖြတ်နိုင်တယ်။ ဒါ​​ပေမဲ့​​​ တက္ကသိုလ် ​​ကျောင်း​​၀င်း​​ထဲမှာ ဒါမျိုး​​လုပ်တာက​​တော့​​​ ဆိုး​​ရွား​​တဲ့​​​ စရိုက်တစ်ခုပါ”ဟု ​​ဝေဖန်သွား​​သည်။ 
@ လူထုအသံအွန်လိုင်းဂျာနယ်

ကြောက်မက်ဖွယ် အရိုးခေါင်းပုံ သဘာဝ ရေအောက် လှိုဏ်ဂူကြီး

အေးခဲနေသော ရေထဲတွင် အပျော်တမ်း ဒိုင်ဗင်သမားအချို့ သေဆုံးခဲ့ဖူးသည်ဆိုသော မှတ်တမ်းကပင် ထိုကန်ကြီးကို လူအများ ခြောက်ခြားစေမည့် အကြောင်းရင်း တစ်ခုဖြစ်သည်။
သို့သော်လည်း ကန်အောက်ခြေရှိ ထူးခြားသော လှိုဏ်ဂူကြီး တစ်ခုက ပိတ်သိမ်းလိုက်ပြီဖြစ်သည့် ဟော့ဂ်ျကျောက်မိုင်းရှိ ရေကန်ကြီးကို ပိုမို ထိတ်လန့်ဖွယ်ရာ နေရာတစ်ခု ဖြစ်လာစေခဲ့သည်။ ကမ်ဘရီရာတွင်ရှိသော ရေကန်ဟောင်းကြီးထဲတွင် ကြောက်မက်ဖွယ် အရိုးခေါင်းပုံ သဘာဝ ရေအောက် လှိုဏ်ဂူကြီးတစ်ခု ဖြစ်ပေါ်နေသည်။
၂၅ မီတာမျှ ရှည်လျားသော ကန်ထဲတွင် ၂ မီတာ ရှည်သော အဆိုပါ သဘာဝလှိုဏ်ခေါင်း ဖြစ်တည်နေခြင်းဟု သိရသည်။ ယင်းကို ဓာတ်ပုံရိုက်လာသည့် ပီတာဘရက်စလေက “ပုံကို ကြည့်စမ်းပါဦး။ ဘာကြောင့် ဒီကျောက်မိုင်းဟောင်းကြီးက ကြောက်စရာ ကောင်းနေလဲဆိုတဲ့ အဖြေကို ရှာတွေ့လိမ့်မယ်။ ဒီကျောက်မိုင်းကြီးမှာ ဒိုင်ဗင်သမားတွေ သေဖူးတယ်။ အပျော်တမ်း တောင်တက်တဲ့သူတွေ သေဖူးတယ်။
တကယ်တော့ ဒီနေရာဟာ Indiana Jones ဇာတ်ကားတွေထဲမှာ ပါနေကျ ခြောက်ခြားစရာ နေရာမျိုးပါ”ဟု ပြောကြားခဲ့သည်။ ၎င်းက ထိုနေရာတွင် ဒိုင်ဗင်ထိုးရင်း အဆိုပါ လှိုဏ်ခေါင်း၏ ထူးဆန်းသော တည်နေပုံကို သတိပြုမိကြောင်း ရှင်းပြခဲ့သည်။ အဆိုပါ နေရာသည် လက်ရှိအချိန်ထိ သဘာဝ ဖွဲ့စည်းပုံရ ဒိုင်ဗင်သမားများအကြိုက် နေရာတစ်ခုအဖြစ် တည်ရှိနေဆဲဟုလည်း သိရှိရသည်။

ဆင်ဆာဖြတ်ကြမယ် :D

နော်ဝေတွင် ဂျင်းပေါင်မုန့်ဖြင့် ပြုလုပ် ထားသည့် ရထား တစ်စင်း ကမ္ဘာ့စံချိန် တင်နိုင်ခဲ့

နော်ဝေ နိုင်ငံဟာ ဂျင်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို အသုံးပြုပြီး ကမ္ဘာ့ အရှည်ဆုံး ရထား တစ်စီးကို စံချိန် အသစ် တင်ကာ ဖန်တီး တည်ဆောက် ပြလိုက်ကြောင်း သိရပါတယ်။ Oslo မြို့ရဲ့ဗဟို ဘူတာရုံမှာ တည်ဆောက် ပြီးစီးခဲ့တဲ့ အဲ့ဒီ ရထားဟာ ၂၀၆ မီတာ ရှည်လျားပြီး ရထားတွဲ ၆၁၇တွဲ ပါဝင်ကာ ၃ရက်ကြာ ဖန်တီး ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီ ရထားတွဲ တွေကို နေ့ကလေး ထိန်းကျောင်းနဲ့ စာသင် ကျောင်းမှ ကလေးငယ် လေးတွေက ဖန်တီးပြုလုပ် ခဲ့တာဖြစ်ပြီး အလှဆုံး တန်ဆာဆင် ပေးနိုင်တဲ့ ရထားတွဲကို ဆုချီးမြှင့် ပေးမှာ ဖြစ်ပါတယ်။ အရောင်စုံတဲ့ ဂျယ်လီတွေ၊ ရေခဲမုန့် တွေနဲ့ ဖန်တီးထား တာကြောင့် ရထားတွဲ အားလုံး လှပနေပြီး ဆုရွေးချယ် ပေးဖို့ ခက်ခဲခဲ့ရ ပါတယ်။ ယခင်က အခုလို ဂျင်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို အသုံးပြုပြီး စံချိန်တင် တည်ဆောက် ခဲ့တဲ့ ရထားဟာ မီတာ ၁၅၀ ရှည်လျားပြီး ရထားတွဲ ၅၂၀ ပါဝင်ကြောင်း သိရပါတယ်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ပူးတွဲ တည်ထောင်ခဲ့သူ တစ်ဦးမှ အာကာသ ယာဉ်တစ်စင်း တည်ဆောက်မည်

အမေရိကန် အခြေစိုက် နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို ပူးတွဲ တည်ထောင်သူ Paul Allen က အာကာသ ယာဉ်တစ်စင်း တည်ဆောက်မယ့် စီမံချက်ကို ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ အယ်လင်ရဲ့ အာကာသ ယာဉ်ဟာ လွန်းပျံယာဉ် တွေနေရာမှာ အစားထိုးဖို့ ဖြစ်ပြီး ဒုံးယာဉ် တွေကို ပစ်လွှတ်ဖို့နဲ့ အာကာသ အတွင်း ကုန်ပစ္စည်းတွေ သယ်ယူ ပို့ဆောင် ပေးဖို့ ဖြစ်ပါတယ်။

အဆိုပါ ကြီးမားတဲ့ အာကာသ ယာဉ်ဟာ ဂျမ်ဘိုဂျက် အင်ဂျင် ၆လုံး တပ်ဆင် ထားပြီး တောင်ပံ အလျားဟာ ၁၁၇ မီတာ ရှိပါတယ်။ အယ်လင် က အခုလို ပုဂ္ဂလိက အာကာသ ယာဉ်တွေ ပျံသန်း ပြေးဆွဲနိုင်ဖို့ စိတ်ကူး အိပ်မက်မက် ခဲ့ရကြောင်း သတင်းထောက် တွေကို ပြောကြား ခဲ့ပါတယ်။ သူ့ရဲ့ အာကာသ ယာဉ်ကို ၂၀၁၆ ခုနှစ်မှာ စတင်ပျံသန်း ပြေးဆွဲပေး နိုင်ဖို့ ရည်မှန်းချက် ထားလုပ်ဆောင် နေပါတယ်။ ဒါဟာ အမေရိကန် အာကာသ စူးစမ်း လေ့လာရေး အဖွဲ့ နာဆာရဲ့ နှစ် ၃၀ကြာ ပြေးဆွဲခဲ့တဲ့ လွန်းပျံယာဉ် တွေကို ယခုနှစ်မှာ ရပ်နားခဲ့ ပြီးနောက် ပုဂ္ဂလိက ကုမ္ပဏီတွေ အတွက် အာကာသ ယာဉ်ဆိုင်ရာ လုပ်ငန်း တွေကို လမ်းဖွင့် ပေးခဲ့တဲ့ အတွက် အကောင်အထည် ပေါ်လာတဲ့ စီမံချက် တစ်ရပ် ဖြစ်ကြောင်း သိရပါတယ်။

Sunday, December 18, 2011

ကွမ်းယာကြိုက်တတ်သောသူများ အတွက်

ကွမ်းဓလေ့က မြန်မာနိုင်ငံမှာ ရှေးယခင်မြန်မာဘုရင်များလက်ထက်ကတည်း ကရှိခဲ့တဲ့ မြန်မာ့ရိုးရာအလေ့အထဖြစ်ပါတယ်။ ရှေးမြန်မာတို့ရဲ့ အိမ်ဦးခန်းမှာ ကျက်သရေရှိစွာ ခန့်ခန့်ထည်ထည်နေရာယူထားတဲ့ ကွမ်းအစ်ကြီးနဲ့ ဧည့်သည်များကို ဧည့်ဝတ်ပြုလေ့ရှိကြပါတယ်။ မြန်မာတို့ရဲ့ အလှူမင်္ဂလာပွဲတွေမှာလည်း ရပ်ရွာရဲ့ ပြစ်မျိုးမှဲ့မထင်၊ အယဉ်ဆုံး အလှဆုံးသမီးပျိုကလေးတွေကို ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်အဖြစ် ပွဲထုတ်လေ့ရှိကြတာ မြန်မာတို့ရဲ့ ရိုးရာဓလေ့ပါ။
                         မြန်မာတို့ရဲ့ ရှေးရိုးအစဉ်အလာ ဓလေ့ထုံးစံတွေအနက် အတော်များများ ခေတ်မီတိုးတက်လာတဲ့ လူနေမှုစနစ်ကို အမီမလိုက်နိုင်တော့ဘဲ တစ်စတစ်စ ပျောက်ကွယ်သွားခဲ့ကြသော်လည်း ကွမ်းဓလေ့ကတော့ မပျောက်ပျက်တဲ့အပြင် ပိုမိုတွင်တွင်ကျယ်ကျယ် ဖြစ်လာတာမို့ ယနေ့ခေတ်တိုင် ကွမ်းယဉ်ကျေးမှုခေတ် လို့ဆိုရင် မမှားပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်မှာ လူတစ်ဦးနဲ့ တစ်ဦးဆုံကြရင် ကွမ်းထုပ်ကလေး လက်ကမ်းပေးရင် နှုတ်ဆက်ကြတာ ထုံးတမ်းစဉ်လာဖြစ်နေ လို့ပါပဲ။
                           ယခုအခါ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ လမ်းဆုံလမ်းထောင့်တိုင်းမှာ ကွမ်းယာ ဆိုင်တွေနေရာယူပြီး တွင်တွင်ကျယ်ကျယ်ရောင်းနေကြပါတယ်။ လူငယ် လူကြီး အသီးသီးကလည်း ပါးစောင်မှာ မြုံ့လို့ တစ်မျိုး၊ အိတ်ကပ်ထဲမှာ ဆောင်ထားလို့ တစ်ဖုံ ကွမ်းကို မြတ်နိုးစွဲလမ်းစွာ စားသုံးနေကြပါတယ်။ အထူးသဖြင့် အဝေးပြေး ကားမောင်းတဲ့ယာဉ်မောင်းများက ခရီးဝေးကို မောင်းနှင်ရင်း အိပ်ငိုက်သွားမှာစိုးလို့ ကွမ်းကို မဖြစ်မနေ၀ါးကြရတာ ဖြစ်ပါတယ်။
                       ကွမ်းယာဆိုင်အချို့ကလည်း စားသုံးသူများစွဲလမ်းပြီး ပိုမိုအားပေးဝယ်ယူ စေလိုတဲ့ ဆန္ဒနဲ့ ကွမ်းယာကို အမျိုးမျိုးအဖုံဖုံ ပြုပြင်မွမ်းမံကြပါသတဲ့။ နို့မှုန့်ကိုကျိုပြီး ကွမ်းစားထုံးထဲမှာ ရောမွှေပြုပြင်လိုက်တော့ နို့ရနံ့လေးမွှေးပြီး ပိုကောင်းသွားတယ်လို့ သိရပါတယ်။ တချို့က ပိုပြီးကောင်းသထက်ကောင်းစေဖို့ ပျားရည်တို့၊ သံပုရာရည်တို့ပါထပ်ပြီး ထည့်ထားသေးတယ်လို့ ဆိုပါတယ်။ ဒီထက်ပိုပြီး စွဲလမ်းစေဖို့အတွက် ဓာတုဗေဒဆေးတွေပါ ရောသမ မွှေထားတာမျိုးလည်း ရှိပါသတဲ့။
                     တစ်ခါ ကွမ်းစားဆေးတွေကိုလည်း မှတ်ပုံတင်မဲ့ ဓာတုဗေဒပစ္စည်းတွေ၊ မူးယစ်ထုံထိုင်းဆေးဝါး တွေထည့်ပြီး စားသုံးသူတွေ စွဲလမ်းစေဖို့ ပြုပြင်ထားကြတယ်လို့ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံကြီးတစ်နိုင်ငံက ဓာတုဗေဒဆေးဝါးတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ ကွမ်းစားဆေးတွေကို နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို တရားမ၀င် အကောက်ခွန်မဲ့
တင်သွင်းရောက်ရှိနေပါတယ်။ ကွမ်းယာဆိုင်တွေမှာ 92, 45 ၊ ဘုရင်မ၊ Signal  ဆိုတဲ့ တံဆိပ်မျိုးစုံအဖုံဖုံကို ကွမ်းသမားတို့စိတ်ကြိုက် ၀ါးစေဖို့ ရောင်းချနေကြပါရဲ့။ ကွမ်းစားဆေးရဲ့ ရနံ့မွှေးက ကွမ်းသမားကို ဆွဲဆောင်နေသော်လည်း ဓာတုဗေဒဆေးတွေရဲ့ အာနိသင်ကြောင့် စားသုံးသူရဲ့ ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်ပျက်စီးစေတာမို့ ကြောက်စရာ ကောင်းလှပါတယ်။
                            အိမ်နီးချင်းနိုင်ငံက တရားမ၀င်ရောက်ရှိလာတဲ့  Ready made ကွမ်းထုပ်  တွေကလည်း ကွမ်းယာဆိုင်တွေမှာ လွယ်လင့်တကူချိတ်ဆွဲရောင်းချနေတာ တွေ့ရပါတယ်။ ထုပ်ပိုးပုံစံကကောင်းကောင်း၊ ဆွဲဆောင်မှုရနံ့ကလည်း ကောင်းကောင်း ဆိုတော့ ကွမ်းသမားလူငယ်၊ လူကြီးတို့ စွဲလမ်းနှစ်ခြိုက်စွာ ၀ယ်ယူစားသုံး နေကြပါတယ်။
                            အင်းဝခေတ်မှာ ဖိုးသူတော်ဦးမင်း စပ်ဆိုခဲ့တဲ့ "တံတားဦးက ကွမ်းနုဝါ၊ ငန်းမြာကဆေး၊ ကွမ်းသီးတောင်ငူနဲ့ ကိုင်းထုံးဖြူပြည်ရှား၊ သာဝါးလို့ထွေး" ဆိုတဲ့ မြန်မာ့ရိုးရာကွမ်းကဗျာမှာ ကွမ်းတစ်ယာရဲ့ အင်္ဂါရပ်များဖြစ်တဲ့ ကွမ်းရွက်၊ ဆေး၊ ကွမ်းသီး၊ ထုံးနဲ့ ရှားစေးတို့ကို ထွက်ရှိရာဒေသနဲ့ တကွ ဖွဲ့နွဲ့စပ်ဆိုဖော်ပြခဲ့ပါတယ်။ ယနေ့ခေတ် ကွမ်းယာများမှာတော့ ရှေးမြန်မာတို့ရဲ့ ကွမ်းယာမှာပါတဲ့ ရိုးရှင်းလှတဲ့ ပြည်တွင်းထွက်ကုန်များသာမက ပြည်ပက ဓာတုကွမ်းယာပစ္စည်းတွေကိုပါ ဖွယ်ဖွယ် ရာရာ ရောသမမွှေထားပြီး ကွမ်းသမားတွေကို ဆွဲဆောင် နေကြပါတယ်။
                          မြန်မာ့ရိုးရာကွမ်းတစ်ယာမှာပါဝင်တဲ့ ဆေးရွက်ကြီးရဲ့ အာနိသင်က ပိုးမွှားများ ကို သေစေတဲ့အစွမ်းရှိပါတယ်။ အခုပြည်ပက တရားမ၀င်အကောက်ခွန်မဲ့ ၀င်ရောက်နေတဲ့ ဓာတုဗေဒကွမ်းစားဆေးက မြန်မာ့ဆေးရွက်ကြီးထက် အာနိသင်ပိုမို ပြင်းထန်တဲ့အတွက် လူသားတို့ကျန်းမာရေးကို ထိခိုက်ဆုံးရှုံးစေတဲ့ ဆိုးကျိုးရလဒ် တွေရှိနေပါတယ်။
                          ဒါကြောင့် ပြည်ပနိုင်ငံက တရားမ၀င်အကောက်ခွန်မဲ့ ၀င်ရောက်လာတဲ့ ကွမ်းစားဆေးတွေနဲ့ Ready made ကွမ်းထုပ်တွေရဲ့ အန္တရာယ်က မသေးပါဘူး။ ကွမ်းသမားတွေရဲ့ ကျောက်ကပ်တွေ၊ အသည်း တွေထိခိုက်ပျက်စီးမယ့် အန္တရာယ်နဲ့ မူးယစ်ထုံထိုင်းဆေးကို စွဲလမ်းမှုပြဿနာများမှလွတ်ကင်းဖို့အရေးအကာအကွယ် ပေးဖို့လိုအပ်နေပါကြောင်း နှိုးဆော်ရေးသား
လိုက်ပါတယ်။
ဒေါက်တာခင်ဦးမေ

ကိုယ့်ကိုယ်ကို သတ်သေမှု တားဆီးနိုင်မည့် စနစ်တစ်မျိုး Facebook လွှတ်တင်

လွန်ခဲ့သည့် အင်္ဂါနေ့က လူမှုရေး ကွန်ရက်ဝက်ဆိုက်ဖြစ်သော Facebook မှာ ၎င်း၏ အဖွဲ့ဝင်များအကြားတွင် ကိုယ့်ကိုယ်ကို သတ်သေစေမည့် လုပ်ရပ်များကို တားဆီးနိုင်စေမည့် လုပ်ဆောင်ချက် အသစ်တစ်ရပ်ကို လွှတ်တင်နိုင်ခဲ့ကြောင်း သိသည်။ အဆိုပါစနစ်သစ်အရ ယင်းဆိုက်တွင် ဝင်ရောက်နေသည့် မည်သူမဆို အဆိုပါကဲ့သို့သော ဖြစ်ရပ်များ ဖြစ်စေနိုင်သည့် အရေးအသား ပုံစံမျိုးပေါ်ပေါက်လာပါက Facebook မှယင်းပုဂ္ဂိုလ်အား email ပေးပို့ပြီး သီးသန့်ဆွေးနွေးခန်း သဘောမျိုး ပြောဆိုနိုင်မည့် နှစ်သိမ့်ဆွေးနွေးသူနှင့် တိုက်ရိုက် ပြောကြားစေ မည်ဖြစ်ကာ ကယ်တင်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ အလားတူပင် ယင်းဖြစ်ရပ်ကို အသိပေးသူရှိပါက ယင်းလူ၏ အမည်ကို လျှို့ဝှက်ထားမည် ဖြစ်ကြောင်းလည်း သိရသည်။

Saturday, December 17, 2011

ရက်စက်ယုတ်မာကောက်ကျစ်တဲ့ ခင်ပွန်းတစ်ယောက်အကြောင်း

ဘင်္ဂလားဒေ့ရှိနိုင်ငံက အဖြစ်အပျက်လေးတစ်ခုဖြစ်ပါသည်။
အထက်တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဘွဲ့ဒီဂရီတစ်ခုရဖို့ လေ့လာနေတဲ့ ဇနီးဖြစ်သူရဲ့ ညာဘက်လက် (၅)ချောင်းစလုံးကို ခုတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်...
အသက် (၃၀) အရွယ်ရှိ ခင်ပွန်း Rafiqul Islam ဟာ UAE မှာ သွားရောက်အလုပ်လုပ်ကိုင်နေ သူ ဖြစ်ပါတယ်...သူဟာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာပြီး ဇနီးဖြစ်သူ Hawa Akhter ကို အံ့သြစရာလက်ဆောင် တခုပေးမယ်ဆိုပြီး...ရုတ်တရက် ဇနီးရဲ့မျက်လုံးနဲ့ ပါးစပ်တွေကို ပိတ်စည်းပြီး လက်တွေကိုလည်း ကြိုးနဲ့တုတ်ချည်လိုက်ပါတယ်...အဲဒီနောက် ညာဘက်လက်(၅)ချောင်းလုံးကို ခုတ်ဖြတ်လိုက်တာပါ..
ပြတ်သွားတဲ့ လက်ချောင်းတွေကိုလည်း ဆရာဝန်က ပြန်ပြီးမဆက်နိုင်အောင်ဆိုပြီး အမှိုက်ပုံးထဲကို ပစ်ထည့်ခဲ့ပါတယ်...
၈ တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူ ပညာတတ် ဖြစ်လာမှာကို မနာလိုဝန်တိုဖြစ်ပြီး အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်...သူ့ဟာ အဖမ်းခံရပြီး ထောင်ဒဏ် တသက်တကျွန်း ကျခံဖို့ ရှိနေပါတယ်...လူ့အခွင့်အရေးအဖွဲ့တွေကလည်း သူ့ကို ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ပေးဖို့
တောင်းဆိုနေကြပါတယ်...သူမကတော့ ညာဘက်လက်ချောင်းတွေ မရှိတော့ပေမဲ့လည်း ဘယ်ဘက်လက်နဲ့ စာရေးလေ့ကျင့်ပြီး ဘွဲ့ဒီဂရီ ရအောင် ကြိုးစားမယ်လို့ ဆိုပါတယ်...
@ daily mail

Friday, December 16, 2011

Elizabeth Taylor ၏ လက်ဝတ်လက်စားများ ဒေါ်လာ ၁၁၆ သန်းဖြင့် စံချိန်တင်ရောင်းချနိုင်ခဲ့

သေဆုံးသွားခဲ့ပြီ ဖြစ်သည့် ဂန္တဝင်သရုပ်ဆောင် Elizabeth Taylor ပိုင်ဆိုင်ခဲ့သော လက်ဝတ်လက်စား များ ကို လေလံတင်ရောင်းချရာမှ တစ်ဆင့် ဒေါ်လာ ၁၁၆ သန်းအထိ စံချိန်တင်ရရှိခဲ့ကြောင်း Christie လေလံ အဖွဲ့မှ ပြောကြားခဲ့ကာ ၁၉၆၉ ခုနှစ်က သူမ၏ချစ်သူ Richard Burton မှ ဒေါ်လာ ၃၇၀၀၀ ဖြင့်ဝယ်ယူကာ လက်ဆောင်ပေးခဲ့သည့် လည်ဆွဲ မှာဒေါ်လာ ၁၁.၈ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

အဆိုပါလည်ဆွဲမှာ La Peregrina ဟုအမည်ရသည့် ၁၆ရာစုနှစ် ပုလဲပါဝင်ပြီး ပန်းချီဆရာ Velazquez မှပန်းချီဆွဲခဲ့ရသည် အထိ ကျော် ကြားခဲ့သည့် လည်ဆွဲတစ်ခုလည်း ဖြစ်သည်။ အဆိုပါလည်ဆွဲ၏ မူရင်းပိုင်ရှင်မှာ Mary Tudor ဆိုသူဖြစ်ပြီးယင်းကို Burton မှဝယ်ယူပြီး လက်ဆောင်ပေး ခဲ့ခြင်းပင် ဖြစ်သည်။ ယခုလေလံပွဲတွင် လေလံပွဲပြုလုပ်သူများ ခန့်မှန်းထားကြ သည့် ဈေးနှုန်းထက် နှစ်ဆ ခန့်ပိုမိုရရှိခဲ့ကာ သူမနှစ်သက်သော ၃၃.၁၉ ကာရက်ရှိ စိန်လက်စွပ်မှာ ဒေါ်လာ ၈.၈ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်းလည်း သိရသည်။

Wednesday, December 14, 2011

မျောက်သည်းခြေအိတ် (Monkey's gall-bladder)

မျောက်သည်းခြေအိတ်ဟာ လူသိများတဲ့ တရုတ်ရိုးရာ ဆေးဖက်ဝင် ပစ္စည်းတစ်မျိုးဖြစ်ပါတယ်... မျက်စိရောဂါနဲ့...၀မ်းဗိုက်ရောဂါတွေအပြင်... စိတ်တိုစိတ်ကြီးပြီး ၀ုန်းဒိုင်းကြဲတတ်တဲ့ ကလေးတွေ...ခေါင်းမာပြီး ခံပြောနားမထောင် လုပ်ချင်ရာလုပ်တတ်တဲ့ မျောက်မူးလဲကလေးတွေ အတွက်ပါ ကောင်းတယ်လို့ ဆိုပါတယ်...
ဒါ့အပြင်..မျောက်ရဲ့ သွေးဟာလည်း လူကို ခွန်အားတိုးစေပြီး သက်လုံကောင်းစေတဲ့အပြင်အရွယ်တင်ပြီး နုပျိုခြင်းကိုပါ ဖြစ်စေပါတယ်...
အဲဒီအတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက လူတွေဟာ မျောက်သွေးနဲ့ အသားတွေကို လက်တွေ့စမ်းသပ်ပြီး သုတေသနပြုခဲ့ပြီးဖြစ်ပါတယ်..တဲ့. အချို့လူတွေဆိုရင် မျောက်ရဲ့မျိုးပွားအင်္ဂါတွေကိုတောင် အစားထိုးပြီး ကုသခဲ့တယ်လို့ ဆိုပါတယ်...
 အင်ဒိုနီးရှားနိုင်ငံရှိ အချို့နေရာတွေမှာဆိုရင် ပန်းသေပန်းညိုးရောဂါ...ဒါမှမဟုတ်... စားကောင်းသောက်ဖွယ် တစ်ခုအနေနဲ့ မျောက်ရဲ့ ဦးနှောက်တွေကို ဖောက်ပြီး ယနေ့အချိန်ထိ စားသုံးနေကြဆဲ ဖြစ်ပါတယ်...
အင်မတန် သနားစရာကောင်းတဲ့ မျောက်သတ္တ၀ါတွေပါ...

@ lwan ma pyay

Tuesday, December 13, 2011

ရေသောက်သုံးမှု နည်းသည့် ပြဿနာမှာ သွေးချို ၊ ဆီးချို ရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်လျက်ရှိ

ပြင်သစ် အမျိုးသား သုတေသန တက္ကသိုလ်မှ ပြုလုပ်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ခု အရ နေ့စဉ် ရေ(၂)ခွက်ထက် နည်းပြီး သောက်သုံးတဲ့ သူတွေဟာ သွေးတွင်းသကြားဓာတ် မြင့်မားဖို့ အလားအလာ ပိုမိုမြင့်မား နိုင်တယ်လို့ သိရပါသည်။ေ သွးတွင်းသကြား ဓာတ်ဟာေ သွးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားလောက်အောင် မမြင့်မားပေမယ့် သာမန်ထက် သွေးတွင်း သကြားဓာတ် ပိုမို မြင့်မားတဲ့သူေ တွ ၊ သွေးချို ၊ ဆီးချိုရောဂါအကြို ဖြစ်ပွားနေသူတွေ ဖြစ်ပါသည်။

ယခုပြုလုပ်တဲ့ လေ့လာမှု အသစ်အရ ရေလီတာဝက်သာ သောက်သုံးတဲ့ အရွယ်ရောက်ပြီး သူတွေဟာ သွေးချို ၊ ဆီးချိုရောဂါ အကြို ဖြစ်ပွားတဲ့ အဆင့် မှာ သွေးတွင်းသကြားဓာတ် ပိုမိုမြင့်မား လာကြောင်း သိရပါသည်။ ဒါ့ပေမယ့်လည်း ပုံမှန်ရေ သောက်သုံးသူ တွေဟာ သွေးတွင်း သကြားဓာတ်
မြင့်မားမှု အန္တရာယ်ကို လျှော့ချနိုင်မှု ရှိ ၊ မရှိ ဆိုတာကိုတော့ ဆက်လက် လေ့လာလျက် ရှိပါသည်။ အဆိုပါ လေ့လာချက် အသစ်ကို စတင် လေ့လာချိန်က သွေး တွင်း သကြားဓာတ် ပုံမှန်ရှိတဲ့ အသက်(၃၀)နဲ့ (၆၅)နှစ်ကြား အရွယ်ရှိ ပြင်သစ်လူမျိုး(သုံးထောင့်ခြောက်ရာတစ်ဆယ့်ငါး)ဦးကို လေ့လာမှုတွေ လုပ်ခဲ့ တာ ဖြစ်ပါသည်။ လေ့လာမှုမှာ ပါဝင်သူတွေ အနက် (၁၉)ရာခိုင်နှုန်းဟာ တစ်နေ့ ရေလီတာဝက်ထက် နည်းပြီး သောက်သုံး သူတွေဖြစ်ပြီး ကျန်(၈၉)ရာခို င်နှုန်းကတော့ ရေတစ်လီတာ နဲ့အထက် သောက်သုံးသူတွေ ဖြစ်ပါသည်။

လေ့လာမှုမှာ ပါဝင်သူတွေကို (၉)နှစ်ကြာ စောင့်ကြည့်ခဲ့ပြီး ပါဝင်သူ တွေအနက်(၅၆၅)ဦးဟာ သွေးတွင်း သကြားဓာတ် မြင့်မားလျက်ရှိပြီး (၂၀၂)ဦးကေ တာ့ သွေးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားနေတာကို
တွေ့ရပါသည်။ နောက်ထပ်တွေ့ရှိ မှုတွေအရ ရေသောက်သုံးမှု နည်းပါးသူတွေဟာ ရေအစား အချိုရည်ေ သာက်သုံးမှု များပြားတာကြောင့် ကိုယ်အလေးချိန်နဲ့ သကြားဓာတ် မြင့်တက်တာကို တွေ့ရပါသည်။ သုတေသီ တွေကတော့ အချိုရည် သောက်သုံးမှု ကို လျှော့ချပြီး သောက်ရေသန့် သောက်သုံးခြင်ဟာ
သွေးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားမှု တားဆီးဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်လို့ အကြံပေးထားေ ကြာင်း သိရှိရပါသည်။

သွေးရှားပါးမှု ပြဿနာကိုသွေးအတု ဖြေရှင်းပေးမည်

လူတွေရဲ့ ပင်မဆဲလ်မှ ပြုလုပ်ထားတဲ့ သွေးတုကို ဗြိတိန် နိုင်ငံမှာ လာမယ့်(၃)နှစ် အတွင်း စမ်းသပ် အသုံးပြုနိုင်တော့ မှာ ဖြစ်ပြီး လာမယ့် ဆယ်နှစ်အတွင်း ဆေးရုံတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အရွယ်ရောက်ပြီး သူတွေရဲ့ ရိုးတွင်း ချဉ်ဆီနဲ့ သန္ဓေသား ပင်မဆဲလ်တွေမှ ထုတ်လုပ်ထားတဲ့ သွေးကို တီထွင်ရတာဟာ သွေးအလှူရှင် နည်းပါးမှုကြောင့်ေ သွးရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လူတွေ ဖန်တီးလိုက်တဲ့ သွေးအတုဟာ သွေးမသွင်းမီ လူနာကို သွေးအမျိုးအစား စစ်ဆေးစရာ မလိုတဲ့အတွက် စစ်မြေပြင်နဲ့ အရေးပေါ် အခြေအေ နတွေမှာ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ သွေးတု စမ်းသပ်မှု အစီအစဉ်ကို Edinburgh တက္ကသိုလ်မှ သုတေသီတွေက ဦးဆောင် ပြုလုပ်တာ ဖြစ်ပြီး အရွယ် ရောက်ပြီး သူတွေရဲ့ ရိုးတွင်းချဉ်ဆီမှ ထုတ်လုပ်ထားတဲ့ အဆိုပါ သွေးတုကို ပထမဆုံး အနေနဲ့ လူသားတွေကို စမ်းသပ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စမ်းသပ်မှုတွေကို နောက်ထပ် အချိန် တစ်နှစ်မှ (၁၈)လအထိ ကြာမြင့်ဦးမှာ ဖြစ်ပြီး သန္ဓေသား ပင်မဆဲလ်နဲ့ အရွယ်ရောက်ပြီး သူတွေရဲ့ အရေပြား ဆဲလ်တွေက ရရှိတဲ့ အနီရောင် သွေးဆဲလ်တွေ ထုတ်လုပ်နိုင်ဖို့ အထိ သုတေသီတွေက ကြိုးစား နေကြပါတယ်။ အခုလို သွေးအတု တီထွင်နိုင် တာဟာ လူသားတွေ အတွက် အကျိုးကျေးဇူး များစွာ ရရှိမှာ ဖြစ်တဲ့အပြင် HIV နဲ့ အသည်းရောင် အသားဝါလို ကူးစက်ရောဂါတွေ ကူးစက်ခံရမယ့် အန္တရာယ်မှ ကင်းလွတ်နိုင်မယ့် အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

သစ်ပင်အိမ်ကလေးမှာနေတဲ့ အမျိုးသမီး

ဂျူဒီ အန်ဒါဆန်ဆိုတဲ့ အမျိုးသမီးနေတဲ့ အိမ်ကလေးကတော့ တစ်ကယ့်ကို သစ်ပင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ အိမ်ကလေးပါ။ ဗာဂျီးနီးယား နံရံကပ်ပင် (Virginia Creeper)ကလေးတွေ သူ့မရဲ့ အိမ်နံရံတစ်လျှောက်လုံးကို တွယ်ပေါက်နေပြီးတော့
ပြုတင်းပေါက်တွေပါ နေရောင်ခြည် မ၀င်နိုင်လောက်အောင်ကို အတော်များပြားနေပါသတဲ့။ သူမကတော့ “တစ်ကယ့်ကို သစ်ပင်အိမ်ကလေးပါပဲလို့” ပြောသွားပါသေးတယ်။
“ကျွန်မ ပြုတင်းပေါက်ကိုလည်း ကြည့်ပါဦး သစ်ရွက်တွေနဲ့ပြည့်လို့ နေရောင်နည်းနည်းပဲ ၀င်တော့တယ်လို့” သူမကဆိုပါတယ်။ ဒါဟာ ပူပြင်းတဲ့ နွေရာသီမှာတော့ အရိပ်ရပြီး
အေးအေးလေးနေလို့ရပေမယ့် အလင်းရောင်လုံလောက်မှု့မရှိပါဘူးတဲ့။
အလင်းရောင်မလောက်တော့ နေ့ခင်းဖက်တွေမှာပါ အိမ်ထဲ မီးထွန်းထားရပါသတဲ့။ အန်ဒါဆန်ကတော့ တစ်နှစ်ကို နှစ်ခါလောက် ပြုတင်းပေါက်ကနေ ကိုယ်ကလေးထွက်ပြီး သစ်ရွက် သစ်မြစ်တွေကို နာရီအနည်းငယ်လောက် ရှင်းလင်းပါသတဲ့။ “ဒီလို အပင်ကလေးတွေရှိနေတာကိုပဲ ဂုဏ်ယူမိပါတယ်။ နွေရောက်ရင် အရမ်းလှတာပါပဲရှင်” လို့ ဂျူဒီ အင်ဒါဆင်က ပြောဆိုသွားပါသေးသတဲ့။
အင်း လှတော့ လှတယ်ပေါ့လေ.. တစ်အိမ်လုံး မှောင်မည်းနေမှာရယ်၊ မြွေတို့၊ ကင်းတို့သာ အဲ့ဒီကြားထဲ အသိုက်ဆောက်နေလို့ကတော့ မတွေးဝံစရာ။
@ AH

ပင်လယ် ရေအောက် သတ္တုသိုက် ၁၆ မျိုးကို တရုတ်နိုင်ငံ တွေ့ရှိ

တရုတ် နိုင်ငံရဲ့ သုသေသန ဆိုင်ရာ ရေယာဉ် Ocean No.1 ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က Shandong ပြည်နယ်ရှိ Qingdao မြို့သို့ ပြန်လည် ရောက်ရှိ လာခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရေယာဉ်ဟာ ကမ္ဘာ့ အကြီးဆုံး အဏ္ဏ၀ါ စူးစမ်း လေ့လာရေးကို ပြုလုပ် ခဲ့တာ ဖြစ်ပြီး အဆိုပါ လေ့လာမှု အတွင်း ပင်လယ် ရေအောက် သတ္တုသိုက် ၁၆မျိုးကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

တက္ကသိုလ် ကျောင်းပေါင်း ၃၂ ကျောင်းမှ သုတေသီ ၂၁၈ ဦးတို့ဟာ ၃၆၉ ရက်ကြာမြင့်တဲ့ စူးစမ်း လေ့လာရေး ခရီးကို တရုတ်နိုင်ငံ တောင်ပိုင်း Guangdong ပြည်နယ်မှာ စတင်ပြုလုပ် ခဲ့တာဖြစ်ပြီး ဒါဟာ တရုတ် နိုင်ငံရဲ့ ၂၂ ကြိမ်မြောက် အဏ္ဏ၀ါ စူးစမ်း လေ့လာရေး ခရီးလည်း ဖြစ်ပါတယ်။ အဲ့ဒီ လေ့လာရေး ခရီးကို အိန်္ဒိယ၊ အတ္တလန္တိတ်နဲ့ ပစိဖိတ် သမုဒ္ဒရာ တစ်လျှောက် ရေမိုင် ၆ သောင်း ကျော်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပင်လယ် ရေအောက် သတ္တုသိုက် ၁၆မျိုးကို တွေ့ရှိ ခဲ့ပါတယ်။ သတ္တုသိုက် ၁၆ မျိုးအနက် ၅မျိုးဟာ အန္တလန္တိတ် သမုဒ္ဒရာ အတွင်းမှ ဖြစ်ပြီး  ၁၁ မျိုးကတော့ ပစိဖိတ် သမုဒ္ဒရာ အတွင်းမှ ဖြစ်ပါတယ်။ တရုတ် နိုင်ငံဟာ ၂၀၀၇ ခုနှစ် ကတည်းက သမုဒ္ဒရာ ၃ခုအတွင်း အဏ္ဏ၀ါ စူးစမ်း လေ့လာမှုကို ပြုလုပ်ခဲ့ပြီး ပင်လယ် ရေအောက် သတ္တုသိုက် ၃၃ မျိုးကို တွေ့ရှိပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

ဦးခေါင်းမရှိပဲ အသက်ရှင်တဲ့ ကြက်

၁၉၄၅ ခုနှစ် ၀န်းကျင်လောက်ကပါ....Mike လို့ အမည်ပေးတဲ့ ကြက်တစ်ကောင်ဟာ ဦးခေါင်းမရှိပဲ (၁၈)လကြာ အသက်ရှင်နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်...
ဖြစ်စဉ်က ဒီလိုပါ...အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ်က လယ်သမားတစ်ဦးဖြစ်တဲ့ Lloyd Oslen ဟာ အိမ်လာလည်တဲ့
 ယောက္ခမကြီးအတွက် ညစာချက်ပြုတ်ပြင်ဆင်ဖို့ ခြံထဲမှာရှိတဲ့ ကြက်တကောင်းကိုဖမ်ပြီး ရဲတင်းနဲ့ ခေါင်းကို ခုတ်ဖြတ်လိုက်တယ်....ဒါပေမဲ့ ကြက်ခေါင်းဟာ တစ်ခုလုံးပြတ်မသွားပဲ သုံးပုံတပုံလောက်သာ ပြတ်သွားပြီး အသက်မသေခဲ့ဘူး...ဒီလိုနဲ့ ကြက်ကို သေအောင်မသတ်တော့ပဲ ဒီလိုပဲထားလိုက်တယ်....
နောက်ပိုင်းမှာ Oslen တစ်ယောက် ခေါင်းမရှိတဲ့ ကြက်ပိုင်ရှင်အဖြစ် နာမည်ကြီးလာတယ်....သူဟာ နယ်လှည့်ပြီးတော့ ထူးဆန်းသတ္တ၀ါဆိုပြီး ပြပွဲတွေမှာ လိုက်လံပြသပါတယ်....ခေါင်းမရှိတဲ့ကြက်ကို ဒီလိုထားတဲ့အတွက် ဝေဖန်တာတွေလည်း ခံရတယ်လို့ ဆိုပါတယ်...
ကြက်ကို အစာကျွေးတဲ့အခါ ဦးခေါင်းတ၀က်မှာ ကျန်ခဲ့တဲ့ပါးစပ်ပေါက်ထဲကို ဆေးထိုးပိုက်သုံးပြီး ဂရုတစိုက် ကျွေးရတယ်လို့ ဆိုပါတယ်...
နောက်ဆုံးမှာတော့ဦးခေါင်းမရှိတဲ့ကြက်မ Mike ဟာ Oslen ရဲ့မတော်တဆ ပေါ့ဆမှုကြောင့်
သေဆုံးသွားပါတယ်

Monday, December 12, 2011

တောင်ဝင်ရိုး​စွန်း​သို့​ စွပ်ဖား​ဖြင့်​ သွား​​ရောက်နိုင်သည့်​ အသက်အငယ်ဆုံး​ မိန်း​က​လေး

အသက် ၁၆ နှစ်အရွယ် ဗြိတိသျှ ​ကျောင်း​သူ​လေး​ အမီလီ ဟမ်ပလီမန် အဒမ်သည် ​တောင်ဝင်ရိုး​စွန်း​ ​ဒေသသို့​ စွပ်ဖား​ဖြင့်​ သွား​​ရောက်နိုင်သည့်​ အသက်အငယ်ဆုံး​ မိန်း​က​လေး​ ဖြစ်လာခဲ့​သည်။
သူမ၏ ဖခင်ဖြစ်သူ ​ဒေး​ဗစ် ဟမ်ပလီမန် အဒမ်၏ စွန့်​စား​မှု ​ခြေရာကို ထပ်တူလိုက်နိုင်ခဲ့​ပြီ ဖြစ်သည်။ သူမသည် ၁၇ ညလုံး​လုံး​ ဖြတ်သန်း​ခရီး​နှင်ပြီး​​နောက်
၂၄ နာရီပတ်လုံး​ ​နေ​ရောင်မရရှိသည့်​ ​တောင်ဝင်ရိုး​စွန်း​သို့​ ​ရောက်ရှိခဲ့​သည်။ သူမသည် ၉၇ မိုင်လုံး​လုံး​ စွပ်ဖား​ဖြင့်​ ခရီး​နှင်ခဲ့​ရသည်။
ဖခင်နှင့် ​အတူ ​တောင်ဝင်ရိုး​စွန်း​သို့​ ​ရောက်ရှိခဲ့​ရသည့်​ အ​တွေ့​အကြုံသည် မည်သည့်​အရာနှင့်​မျှ ခိုင်း​နှိုင်း​ပြ၍ မရ​သော အ​တွေ့​အကြုံများ​ကို ရရှိ​စေခဲ့​​ကြောင်း​ အမီလီက ဆိုသည်။ “စူး​စမ်း​မှု၊ စွန့်​စား​မှု​တွေရဲ့​ အကြီး​ကျယ်ဆုံး​ စိန်​ခေါ်မှု​တွေပါပဲ။ ကျွန်မ အရမ်း​​အေး​တဲ့​ ရာသီဥတုမှာ အစာ​ခြောက်​တွေ စား​ခဲ့​ရတယ်။
ကျွန်မအတွက် ​တော့​ ပထမဆုံး​ ​တောင်ဝင်ရိုး​စွန်း​ ခရီး​စဉ်ဟာ ခက်ခဲ​ပေမယ့်​ ​အောင်မြင်ချိန်မှာ သိပ်​ပျော်ဖို့​​ကောင်း​ပါတယ်”ဟု အမီလီက ​ပြောကြား​ခဲ့​သည်။ ဝစ်ရှိုင်း​ယား​တွင် ​နေထိုင်​သော အမီလီ၏ ဖခင်ဖြစ်သူ ​ဒေး​ဗစ်သည် ​တောင်ဝင်ရိုး​စွန်း​သို့​ တစ်ကိုယ်​တော် ​ရောက်​အောင် သွား​ရှိနိုင်သည့်​ ပထမဆုံး​​သော ဗြိတိန်နိုင်ငံသား​အဖြစ် မှတ်တမ်း​တင်ထား​သူ ဖြစ်​ကြောင်း​လည်း​ သိရှိရသည်။

Friday, December 9, 2011

သတို့​​သား​​နှင့်​​ သတို့​​သမီး​​ အချင်း​​ချင်း​​တိုက်ခိုက်ကြသည့်​​ မင်္ဂလာပွဲ

ချက်နိုင်ငံတွင် မင်္ဂလာပွဲ ကျင်း​​ပ​​နေစဉ်အတွင်း​​ သတို့​​သား​​၊​ သတို့​​သမီး​​ အချင်း​​ချင်း​​ ထသတ်သဖြင့်​​ ပွဲပျက်သွား​​​ကြောင်း​​ သိရှိရသည်။
မင်္ဂလာပွဲ စတင်ကျင်း​​ပစဉ်က ​​ပျော်ရွှင်ကြည်နူး​​စရာ အခမ်း​​ အနား​​​လေး​​ ဖြစ်ခဲ့​​​သော်လည်း​​ သတို့​​သား​​နှင့်​​ သတို့​​သမီး​​တို့​​ အချင်း​​ချင်း​​ တိုက်ခိုက်ရန်ပြုရာမှ အကျည်း​​တန်သွား​​​ကြောင်း​​ ချက်ရဲတပ်ဖွဲ့​​မှ ​​ပြော​​ရေး​​ဆိုခွင့်​​ရ အမျိုး​​သမီး​​ ဂျာနာ မာဇူရိုဗာက ​​ ပြောကြား​​ခဲ့​​သည်။
“သတို့​​သား​​​ရော၊​ သတို့​​သမီး​​ပါ အရက်​​သောက်ထား​​တယ်။ ရန်ဖြစ်ပြီး​​​တော့​​ နှစ်​​ယောက်လုံး​​ ဒဏ်ရာဒဏ်ချက်​​တွေနဲ့​​ ကျန်ခဲ့​​တယ်”ဟု ဂျာနာကဆိုသည်။ အသက် ၃၁ နှစ်ရှိ သတို့သမီး​​နှင့်​​ ၂၂ နှစ်အရွယ် သတို့​​သား​​တို့​​သည် ပရက်ဂ်မြို့​​မှ ​​တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာရှိ ဟက်လီ​​ကော့​​တွင် လက်ထပ်မင်္ဂလာ ​​ဆောင်နှင်း​​ကြခြင်း​​ဖြစ်သည်။ “သတို့​​သမီး​​က အရက်​​သောက်ထား​​တာ စစ်ဖို့ ​​တော်​​တော်ငြင်း​​တယ်။ ရဲ​​တွေက သူ့​​​ယောက်ျား​​ကလည်း​​ ပြဿနာ ရှာမယ်လို့​​ ထင်​​နေတာ”ဟု ဂျာနာကဆိုသည်။
အဆိုပါ စုံတွဲသည် ဒဏ်​​ငွေချမှတ်ခြင်း​​ ခံခဲ့​​ရ​​ ကြောင်း​​လည်း​​ သိရသည်။ ဂျာနာက ယင်း​​မင်္ဂလာစုံတွဲ ကွာရှင်း​​ပြတ်စဲသည်ဆို​​သော သတင်း​​မျိုး​​မူ မရရှိ​​ကြောင်း​​လည်း​​ ​​ပြောဆိုသွား​​သည်။

Thursday, December 8, 2011

ရွှေသွားများတရားမ၀င် ရောင်းချမှုဖြင့် မီးသင်္ဂြိုဟ်သူ ခြောက်ဦးအား ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံတွင် မီးသင်္ဂြိုဟ်ခံရသည့် ရုပ်အလောင်းများ၏ အရည်ပျော်သွားခဲ့သော ရွှေသွားများအား တရားမ၀င် ရောင်းချမှုဖြင့် မီးသင်္ဂြိုဟ်စက်မှ ၀န်ထမ်းခြောက်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၄င်းဝန်ထမ်းများသည် မီးသဂြိင်္ိုဟ်စက်ငါးခုမှ ၀န်ထမ်းများဖြစ်ပြီး ၄င်းတို့အနက် ၀န်ထမ်းတစ်ဦးသည် ရွှေရောင်းချရာမှ ၀မ်သန်း ၂၀ (ဒေါ်လာ ၁၇၇၃၀)ခန့် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါရွှေများအား တရားမ၀င် ၀ယ်ယူမှုဖြင့် လက်ဝတ်ရတနာဆိုင်ပိုင်ရှင်တစ်ဦးနှင့် အခြားနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်

ရေဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။ ရေငတ်ပြေစေရုံသာမက အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။

၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း

ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီတူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။

၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း

ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။

၃။ လေဖြတ်နိုင်ခြေ လျော့နည်းခြင်း

တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက်သောက်တာဟာ လေဖြတ်နိုင်ခြေကို ၂၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ UCLA လေ့လာမှုတွေက ဆိုပါတယ်။

၎။ သွားဖုံး ကျန်းမာစေခြင်း

အမျိုးသား ၉၄၀ ဦးကို လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည် ပိုသောက်ဖြစ်လေလေ၊ သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုလျော့နည်းလေလေဖြစ်ကြောင်း သိရပါတယ်။

နှစ်ပေါင်း ၂၄၁၈ သက်တမ်းရှိသည့် ဂရိငွေဒင်္ဂါးပြားအား စတာလင်ပေါင် ၂ သန်းဖြင့် လေလံတင်ရောင်းချမည်

ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ဂရိငွေဒင်္ဂါးပြားကို စတာလင်ပေါင် ၂ သန်းဖြင့် လေ့လံတင်ရောင်းချနိုင်ရန် စီစဉ်လျက်ရှိသောကြောင့် ယင်းငွေဒင်္ဂါးပြားသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးအဖြစ် ထွက်ပေါ်လာခဲ့သည်ဟု သိရသည်။ အဆိုပါ ဂရိငွေဒင်္ဂါးပြားသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၄၁၈ နှစ်က ပထမဆုံးအကြိမ် သွန်းလုပ်ထုတ်ဝေခဲ့သည့် ငွေဒင်္ဂါးပြားဖြစ်ပြီး ၄င်း၏ တန်ဖိုးသည် တစ်နှစ်လျှင် စတာလင်ပေါင် ၁၀၀၀ နီးပါး မြင့်တက်လာခဲ့သည်။ ၄င်းငွေဒင်္ဂါးပြား၏ တစ်ဖက်တွင် လင်းယုန်ငှက်ပုံတစ်ပုံနှင့် အခြာတးစ်ဖက်တွင် ငယ်ရွယ်သော လုလင်ပျိုတစ်ဦးက မြင်းလေးကောင်ဆွဲသော စစ်မြင်းရထားကို မောင်းနှင်နေသည့်ပုံများ ထွင်းထုထားသည်။ ကမ္ဘာပေါ်တွင် ယင်းငွေဒင်္ဂါးပြားပုံစံမျိုး ၁၂ ခုရှိသည့်အနက် ယင်းငွေဒင်္ဂါးသည် တစ်ခုအပါအ၀င်ဖြစ်ပြီး ပြတိုက်များတွင် ၄င်းငွေဒင်္ဂါးပြားပုံစံ ခြောက်ခုကို ပြသထားကြောင်း သိရသည်။ အဆိုပါ ငွေဒင်္ဂါးအား ရှေးဟောင်း ပစ္စည်းများစုဆောင်းရာတွင် ၀ါသနာပါသူ အမေရိကန်နိုင်ငံသားတစ်ဦးက သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ငွေဒင်္ဂါးပြားကို ဒင်္ဂါးနှင့် တံဆိပ်လေ့လာမှုဆိုင်ရာ အဖွဲ့အစည်းက နယူးယောက်ခ်မြို့၌ ဇန်န၀ါရီ ၄ ရက်တွင် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။