Wednesday, February 29, 2012

ငှက်ဖျားရောဂါအကြောင်း သိကောင်းစရာ

ငှက်ဖျား ရောဂါသည် ကျွန်တော်တို့ မြန်မာ နိုင်ငံအပါအဝင်၊ ကမ္ဘာ့နိုင်ငံ များတွင် ကြီးမားစွာ ဒုက္ခ ပေးလျက် ရှိသည်။ ငှက်ဖျား ရောဂါ ကြောင့် မသေ သင့်သော သူများ သေဆုံး ခဲ့ကြ ရပါသည်။ နှစ်စဉ် နှစ်တိုင်း၊ တစ်ကမ္ဘာလုံးရှိ ပြည်သူများကို ခြိမ်းခြောက်လျက် ရှိပါသည်။ ငှက်ဖျားရောဂါအတွက် နောက်ဆုံးပေါ်ခေတ်မီဆေးဝါးများ ပေါ်လာ သော်လည်း သေဆုံးခြင်း၊ အားအင်ချိနဲ့ခြင်း များ ဖြစ်ပေါ်လျက်ရှိပါသည်။ အဘယ် ကြောင့်ဆိုသော်၊ ကာကွယ်နည်းများကို လိုက်နာဆောင်ရွက်မှုအားနည်းခြင်းနှင့် ထိရောက်စွာကုသမှုမရှိခြင်းကြောင့်ဖြစ်ပါ သည်။ ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်း များတွင် ပြည်သူတစ်ရပ်လုံးပါဝင်မှုနည်း ခြင်း ကြောင့် လည်း ဖြစ်ပါသည်။
(၁) ငှက်ဖျားဖြစ်စေသောအကြောင်း အရင်း
ငှက်ဖျားရောဂါသည် စိမ့်ရေ၊ စမ်း ရေသောက်ခြင်း၊ ငှက်ပျောသီး၊ ကျွဲကောသီးစား၍မဟုတ်ပါ။ အဓိကအားဖြင့် ခြင် ကိုက်ခြင်းကြောင့် ကူးစက်တတ်သော ရောဂါဖြစ်ပါသည်။ ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသော အနော်ဖီလီခြင်မ ကိုက်ခြင်းကြောင့် လူနာမှ အခြားသူထံ ရောဂါကူးစက်
ခြင်းဖြစ်ပါသည်။ ထိုခြင်မ သည် နေဝင်ချိန်မှ နံနက်မိုးသောက် အရုဏ်တက်အတွင်း (အထူးသဖြင့် ည အချိန်)၌ လူကို ကိုက်လေ့ရှိပါသည်။
(၂) ငှက်ဖျားရောဂါကိုဖြစ်စေ သော ရောဂါပိုးများ
အဓိအားဖြင့် ၄ မျိုးရှိပါသည်။ ၄င်း တို့မှာ ပလက်စမိုးဒီယမ် (ဖယ်စီပရမ်၊ မလေးရီရေး၊ အိုဗေးနှင့် ဗိုင်းဗတ်)တို့ဖြစ် ပါသည်။ ပလက်စမိုးဒီယမ် ဖယ်စီပရမ် သည် အဖြစ်အများဆုံးနှင့် အပြင်းအထန် ဆုံး အမျိုးအစားဖြစ်ပါသည်။ သေဆုံးမှု လည်း အများဆုံးဖြစ်ပါသည်။
(၃) ငှက်ဖျားရောဂါလက္ခဏာများ
ငှက်ဖျားရောဂါလက္ခဏာများသည် ငှက်ဖျားရော၈ါပိုးကို ဖြစ်စေသော ရောဂါ ပိုးအမျိုးအစားပေါ်တွင် မူတည်ပါသည်။ရောဂါပိုးရှိသော ခြင်ကိုက်ပြီး ၁၀ ရက်မှ ၂၁ ရက်အတွင်းဖြစ်တတ်ပါသည်။ သို့ ပေမယ့် ၄င်းရက်များထက်လည်း ပို၍ ကြာနိုင်ပါသည်။ ငှက်ဖျားရောဂါပိုးကူးစက် ခံရခြင်းမရှိသေးသောကလေးများ၊ ငှက် ဖျားပေါသော ဒေသတွင်ရှိသောသူများနှင့် ငှက်ဖျားဒေသသို့ ခရီးသွားသူများတွင် လက္ခဏာများကို
 တွေ့ရှိနိုင်ပါသည်။ အများဆုံးတွေ့ရှိရသော လက္ခဏာ များမှာ ဖျားခြင်းဖြစ်ပြီး၊ ချမ်းတုန်ခြင်းနှင့်
 ချွေးထွက်ခြင်းတို့ဖြင့် ဆက်နွယ်မှုရှိပါ သည်။ ဖယ်စီပရမ်အမျိုးအစားသည် အဖျားတက်ချိန် မမှန်ပါ။ ဗိုင်းဗတ်သည် တစ်ရက်ခြားမှန်မှန်ဖျားတတ်ပြီး၊ မလေးရီ ရေးသည် နှစ်ရက်ခြား တစ်ခါဖျားတတ်ပါ သည်။ အခြားလက္ခဏာများမှာ ကိုယ် လက်မအီမသာဖြစ်ပြီး နေထိုင်မကောင်း ခြင်း၊ ခေါင်းကိုက်ခြင်း၊
 ချောင်းဆိုးခြင်း၊ အန်ခြင်း (သို့မဟုတ်) ဝမ်းအနည်းငယ် လျှောခြင်းတို့ဖြစ်ပါသည်။
(၄) ငှက်ဖျား၏နောက်ဆက်တွဲ ဆိုးကျိုးများ
ငှက်ဖျား၏နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ပြင်းထန်စွာခံစားရပြီး သေဆုံး နိုင်ပါသည်။ ゞင်းတို့မှာ (က) ပြင်းထန်စွာ သွေးအားနည်းခြင်း (ခ) ဆီးထဲတွင် သွေး ပါခြင်း (ဂ) ငှက်ဖျားပိုးဦးနှောက်ထဲဝင်၍ သတိလစ်မေ့မြောခြင်း (ဃ) ခန္ဓာကိုယ် အနှံ့အပြားတွင် သွေးခဲ၍ သွေးခဲရှိ ရောဂါ ပိုးမွှားများ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြန့် ကျဲခြင်းနှင့် အလိုအလျောက် သွေးယိုစီး ခြင်း (င) ခန္ဓာကိုယ်အတွင်းရှိ သတ္တု ဓာတ်များမညီမျှ၍ အန်ခြင်း၊ ဝမ်းလျှော ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ချွေးထွက်လွန်ခြင်း (စ) အများအလွန်ကြီးပြီးတက်ခြင်းနှင့် သတိမေ့ခြင်း (ဆ) သွေးထဲတွင် သကြား ဓာတ်နည်းခြင်း (ဇ) ပါရာဆိုဒ်ရောဂါပိုးများ ပြန့်ပွားခြင်း (ဈ) ရောဂါပိုးဝင်လွယ်ခြင်း (ဥပမာ- အဆုတ်ရောင်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ အူရောင်ငန်းဖျားရောဂါ စသည်) (ည) အသားဝါဖြစ်ခြင်းနှင့် အသည်းရောင်ခြင်း (ဋ) ငှက်ဖျားကြောင့် ဝမ်းလျှောဝမ်းပျက်ခြင်း (ဌ) ဇီဝတွင်းဖြစ် ပျက်မှုကြောင့် သွေးတွင် အက်ဆစ်ဓာတ် များပြားပါဝင်နေခြင်း (ဍ) နာတာရှည် ငှက်ဖျားရောဂါကြောင့် အားအင်ချိနဲ့ ထုံကျဉ်၍ လမ်းမလျှောက်နိုင်ခြင်း (ဎ) ဖောရောင်၍ အသက်ကြပ်မောခြင်း (ဏ) အဆုတ်ရောင်ခြင်းနှင့် လတ်တလော အဆုတ်ကောင်းစွာပုံမှန်ပြန့်ကားမလုပ်နိုင် သောကြောင့် အသက်ရှူခြင်း ခက်ခဲမှု ရောဂါလက္ခဏာစုဖြစ်ခြင်း (တ) လတ် တလော ကျောက်ကပ်ပျက်စီးခြင်းနှင့် (ထ) (ဘေလုံး)သရက်ရွက်ကြီးခြင်းနှင့် ဘေးလုံးကွဲတတ်ခြင်းတို့ဖြစ်ပါသည်။
(၅) ကိုယ်ဝန်ဆောင်မိခင်များနှင့် ငှက်ဖျား
ကိုယ်ဝန်ဆောင်မိခင်များတွင် ငှက်ဖျားဖြစ်ပါက သွေးအားနည်းခြင်း၊ သွေးထဲတွင် သကြားဓာတ်နည်းခြင်း၊ လတ်တလော အဆုတ်ရောင်ခြင်း၊ ပါရာ ဆိုဒ်ပါးအရေအတွက်များခြင်းနှင့် ငှက်ဖျား ပိုး ဦးနှောက်ထဲ ဝင်ရောက်ခြင်းတို့ဖြစ် တတ်ပါသည်။ သေဆုံးမှုနှုန်းသည် ၂ဆမှ ၁၀ ဆထိများပြားတတ်ပါသည်။ သန္ဓေသားများတွင် မွေးဖွားချိန်တွင် ချက်ခြင်း သေဆုံးခြင်း၊ အချိန်မတိုင်မီ မွေးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးခြင်းနှင့် မိခင်တွင်ကိုယ်ဝန်ပျက်ခြင်း တို့ ခံစားရနိုင်ပါသည်။
(၆) ကာကွယ်ခြင်း
(က) တစ်ကိုယ်ရည်ကာကွယ်နည်း များ
လူကို ခြင်ကိုက်ခြင်းမှ ကာကွယ်ရန် ဘောင်းဘီအရှည်၊ အင်္ကျီလက်ရှည်နှင့် လုံချည်တို့ကို လုံလုံခြုံခြုံဝတ်ဆင်ရပါမည်။ ပိုးသတ်ဆေးစိမ်ခြင်ထောင်ကို အသုံးပြု ပြီး ညပိုင်းတွင်
အိပ်ပါ။ ခန်းဆီးလိုက်က များကို ပိုးသတ်ဆေးစိမ်ထားပါက ပို ကောင်းပါသည်။ ခြင်များနေအိမ် အဆောက်အဦအတွင်းသို့ မဝင်နိုင်ရင် တံခါးပေါက်နှင့် ပြတင်းပေါက်များတွင် ခြင်လုံဇကာများ
ကာရံထားသင့်ပါသည်။ ညနေပိုင်းနှင့် ညမိုးချုပ်အချိန်များ၌ အိမ်၊ ခြံအပြင်ဘက်သို့ ထွက်ခွာခြင်းကို မပြု လုပ်သင့်ပါ။ ညဘက်တွင် ခြင်မကပ်နိုင် စေရန် ဆေးရည် (သို့မဟုတ်) ညှစ်ဆေး တောင့်များကို လိမ်းထားပေးပါ။ ခြင်နှိမ် နင်းရန်အတွက် ခြင်ဆေးခွေများ သုံးသော် လည်း အဆုတ်ရောဂါများဖြစ်တတ်၍ သတိထားရပါမည်။ နနွင်းမှိုင်းကဲ့သို့သော အလွယ်တကူရရှိနိုင်သည့် ခြင်နိုင်ဆေးခွေ ကို အသုံးပြုရပါမည်။
(ခ) လူထုပါဝင်လှုပ်ရှားခြင်း
ငှက်ဖျားရောဂါကာကွယ်နှိမ်နင်း ရေးအတွက် ခြင်နှိမ်နင်းရေးသည်အဓိက အရေးပါဆောင်ရွက်ရမည့်
အချက်ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ လူထုပါဝင်လှုပ်ရှားမှု အပြင် ခြင်ပေါက်ဖွားသည့်နေရာနှင့်ခြင် ရှိသောနေရာများကို ရှင်းလင်းရပါမည်။ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ပါ။ ချိုင့်ခွက်များကို မြေဖို့ပါ။ ပတ်ဝန်းကျင် သန့်ရှင်းပြုပြင်ရေးများကို ဆောင်ရွက်ပါ။ ရေတွင်းရေကန်များတွင်
 လောက်လန်းစား ငါးများထည့်ခြင်းပြုလုပ်ရပါမည်။ ချုံ၊ နွယ် များ ရှင်းလင်းပါ။
(ဂ) ကာကွယ်ဆေးတိုက်ကျွေးခြင်း
မိခင်နှင့် ကလေး၏အသက် အန္တရာယ်ထိခိုက်ခြင်းမှ ကာကွယ်နိုင်၍ ကြိုတင်ကာကွယ်ဆေးများကို ငှက်ဖျား ရောဂါအဖြစ်များသော ဒေသတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင်များကို တိုက်ကျွေး သင့်ပါသည်။ ငှက်ဖျားရောဂါထူပြောသော ဒေသသို့ ခရီးသွားမည့်သူလည်း ကာကွယ် ဆေးကို ကြိုတင်သောက်သင့်
ပါသည်။
(၇) အကြံပြုချက်
ကာကွယ်ခြင်းသည် ကုသခြင်း ထက်ပိုကောင်းသည်}ဆိုသည့်အတိုင်း၊ ကာကွယ်နည်းများကို လိုက်နာဆောင်ရွက် ပါ။ ငှက်ဖျားရောဂါထူပြောသော ဒေသမှ ပြန်လာခဲ့ပါက ငှက်ဖျားပိုးရှိမရှိစစ်ဆေး ပါ။ ရှိပါက အစွမ်းထက်သော ငှက်ဖျား ဆေးများဖြင့် ထိရောက်စွာကုသပါ။ ငှက် ဖျားဖြစ်ပွားရာဒေသတွင်
 နေထိုင်သူများ သည် မပေါ့ဆဘဲ၊ ကျန်းမာရေးဝန်ထမ်း များဖြင့် ကုသမှုခံယူပါ။ ကိုယ်ဝန်ဆောင် မိခင်များ ငှက်ဖျားမဖြစ်ပွားအောင် ကြို တင် ကာကွယ်ပါ။ ကလေးတစ်ဦးဖျား ပါက ငှက်ဖျားကိုလည်း မမေ့သင့်ကြောင်း အကြံပြုအပ်ပါသည်။
မြင့်သန်းထွန်း
မေမွန်ကျော်

Tuesday, February 28, 2012

စဉ်းစားတွေးတောကြည့်ရအောင်....

တစ်ခါကပေါ့ လယ်သမားလင်မယား အထုပ်တစ်ထုပ်ကို

ဖေါက်နေတာကို ကြွက်ကလေးတစ်ကောင် ဟာသူ့ရဲ့နံရံအက်ကွဲကြောင်းကြားထဲကနေပြီး ”ဘာစားစရာများပါမလဲမသိဘူး” ဆိုပြီးစိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ နောက်ဆုံးအဲဒီ အထုပ်ထဲကနေ ကြွက်ထောင်ချောက်တစ်ခုထွက်လာတာကို တွေ့လိုက်ပြီး ကြွက်ကလေးဟာ
အလွန်အမင်းကိုကြောက်လန့်သွားပါတယ်။ ကြွက်ကလေးကချက်ချင်း ခြံထဲကို သွားပြီး “သတိထားကြပါ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရောက်နေတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်
တစ်ခုရောက်နေတယ်ဗျို့၊” လို့ပြေးရင်းလွှားရင်း တစ်ခြံထဲနေမိတ်ဆွေတွေကို အကူအညီ
လိုက်တောင်းပါတယ်။

သတိပေးသံကိုကြားလိုက်ရတဲ့ကြက်မကြီးဟာ မြေကြီးကိုဆွလိုက် အစာကိုရှာလိုက်လုပ်နေရင်းက
 ခေါင်းထောင်လိုက်ပြီး “အမလေး ကိုကြွက်ရယ်၊ အဲဒီထောင်ချောက်က ရှင့်အတွက်တော့ တကယ်ပြဿနာကြီးပါပဲ၊ ဒါပေမယ့်ကျွန်မနဲ့တော့ အဝေးကြီးပါပဲ၊ ဒီကိစ္စအတွက် ခေါင်းရှုပ်မခံနိုင်ပါဘူးတော် ကတော်”လိုပြောပြီး မြေကြီးကို ခြေထောက်နဲ့ယက်လို့ အစာဆက်ရှာနေပါတယ်။

အဲဒါနဲ့ ကြွက်ကလေးက ၀က်ရှိတဲ့နေရာကို အပြေးအလွှားဆက်သွားပြီး “ဗျိုး ကိုကြီးဝက်ရေ့ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရောက်နေတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု
ရောက်နေတယ်ဗျို့” ပြောပြပြန်ပါတယ်။ အဲဒီတော့ ၀က်ကလဲ ကိုယ်ချင်းစာတဲ့လေသံနဲ့ “အေးကွာ စိတ်မကောင်းပါဘူး ကိုကြွက်ရယ်၊ ဒါပေမယ့် ငါက မင်းအတွက် ဆုတောင်းပေးတာကလွဲပြီး
ဘာမှလုပ်မပေးနိုင်ပါဘူး၊ မင်းအတွက် ငါဆက်ဆက်ဆုတောင်းပေးပါ့မယ်ကွာ”လို့ပြန်ပြောပါတယ်။

ကြွက်ကလေးက စိတ်မလျော့သေးပဲ နွားဆီကိုသွားပြီး “ဦးလေးနွားရေ အိမ်ထဲမှာ ကြွက်ထောင်ချောက်
တစ်ခုရောက်နေတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရောက်နေတယ်ဗျို့” လို့ပြောပြန်ပါတယ်။ နွားကလည်း “၀မ်းနည်းပါတယ်ကွာ၊ အဲဒါငါနဲ့မှမဆိုင်တာ” လို့ငြင်းလိုက်ပြန်ပါတယ်။

နောက်ဆုံး ကြွက်ကလေးဟာ ဘယ်သူ့အကူအညီမှမရတာကြောင့်  တော်တော်စိတ်ပျက်
အားလျော့သွားပြီးတော့ ကြွက်ထောင်ချောက်ကိုတစ်ကောင်တည်းရင်ဆိုင်ရတော့မှာပဲ လို့တွေးရင်း ခေါင်းငိုက်စိုက်ကျပြီးအိမ်ကို ပြန်သွားပါတယ်။

အဲဒီညမှာပဲ ကြွက်ထောင်ချောက်မှာ အကောင်တစ်ကောင်ကောင်ကို မိတဲ့အသံတစ်ခုကြားလိုက်ရပါတယ်။ လယ်သမားရဲ့မိန်းမက ဘာကောင်ကိုများမိလဲလို့ သိချင်စိတ်နဲ့ အလောတကြီး ပြေးလာပြီး အမှောင်ထဲစမ်းကြည့်ပါတယ်။ ဖြစ်ချင်တော့ ကြွက်ထောင်ချောက်မှာ မိနေတာက ကြွက်မဟုတ်ပဲ အဆိပ်ပြင်းတဲ့မြွေတစ်ကောင်ရဲ့အမြီးဖြစ်နေပြီးသူ့ဇနီး မြွေကိုက်ခံလိုက်ရပါတယ်။ လယ်သမားဟာ သူ့ဇနီးကို ဆေးရုံကိုအမြန်ပို့ပြီး သူမဟာမကြာခင်မှာ အိမ်ကိုပြန်ရောက်လာပေမယ့် မသက်သာသေးပါဘူး။

ဖျားနာနေတဲ့ဇနီးအတွက်ဓါတ်စာအဖြစ် လယ်သမားဟာ သူ့ရဲ့ခြံထဲက ကြက်တွေကိုစွပ်ပြုပ်လုပ်ကာ သူ့မိန်းမကိုပြုစုပါတယ်။ ဒါပေမယ့်သူ့မိန်းမက မသက်သာတဲ့အပြင် ပိုမို အခြေအနေဆိုးလာပါတယ်။ သတင်းကြားတဲ့ဆွေမျိုးနီးစပ်တွေက လာပြီးသတင်းမေးကြ၊ ပြုစုပေးကြပါတယ်။ လယ်သမားဟာလာပြီး သတင်းမေးတဲ့ဧည့်သည်တွေအတွက် ခြံထဲက၀က်ကိုပေါ်ပြီး ဧည့်ခံကျွေးမွေးလိုက်ပါတယ်။ သူ့မိန်းမဟာ မသက်သာပဲ နောက်ဆုံး ကွယ်လွန်သွားပါတယ်။ ဈာပနအခမ်းအနားကို ရွာနီးချုပ်စပ်မှ မိတ်ဆွေများလာရောက်ပို့ကြပြီး လယ်သမားဟာပို့ဆောင်သူများအတွက် နွားကိုပေါ်ပြီး
 ကျွေးမွေးဧည့်ခံလိုက်ပြန်ပါတယ်။

ကြွက်ကလေးကတော့ သူ့ရဲ့မိတ်ဆွေတွေတစ်ကောင်ပြီးတစ်ကောင်သေဆုံးသွားကြရတာကို နံရံအကွဲကြောင်းလေးထဲက ၀မ်းနည်းကြေကွဲစွာကြည့်နေပါတယ်။

အဲဒါကြောင့် နောင်တစ်ချိန်မှာ တစ်ဦးတစ်ယောက်က အခက်အခဲပြဿနာတစ်ခုကြုံနေရတာကိုသိပြီး ငါနဲ့မဆိုင်ပါဘူးလေလို့ တွေးမိခဲ့ရင် သင်တို့ထဲကတစ်ဦးတစ်ယောက် အန္တရာယ်ကြုံတွေ့ရရင် သင်ကိုယ်တိုင်လဲ အန္တရာယ်ရှိနေတယ်ဆိုတာ သတိရပေးပါ။ ကျွန်တော်တို့အားလုံးဟာ ဘ၀ဆိုတဲ့ ခရီးရှည်ကြီးကို အတူတကွဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။ တစ်ယောက်ကောင်းကျိုးအတွက် တစ်ယောက်က ကြည့်ရှုဖေးမပေးကြရမှာဖြစ်ပါတယ်။
အထင်ရှားဆုံးဥပမာကတော့ ၂၀၀၈ ခုနှစ်က အမေရိကန်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ဘဏ္ဍာရေးအကျပ်အတည်း
ဟာ တစ်ကမ္ဘာလုံးရဲ့စီးပွားရေးကို အကျိုးသက်ရောက်မှုရှိခဲ့ပြီး စီပွားပျက်ကပ် (Depression)
 ဖြစ်လုနီးပါးအထိဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ လက်တစ်ဖက်ကိုပဲကြည့်ကြရအောင်။ လက်ညှိုးတစ်ချောင်းကို အဆိတ်ခံရပေမယ့်လဲ လက်ညှိုးတစ်ချောင်းပဲနာကျင်တာမဟုတ်ပဲ လက်တစ်ဖက်လုံးလဲနာကျင်ပါတယ်။

အလုပ်ခွင်မှာလဲ အဲဒီလိုပါပဲ။ မိမိတို့လုပ်ဖော်ကိုင်ဖက်တစ်ယောက် အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာကြောင့်ပဲဖြစ်ဖြစ် အခက်အခဲရှိရင် မဆိုင်သလိုနေပါကလည်း မိမိတို့၏အဖွဲ့အစည်း၊ လုပ်ငန်းတို့ရဲ့ လုပ်ငန်းစဉ်များကိုပါထိခိုက်စေလာနိုင်ပါတယ်။

ယခု ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးမှာလဲ ရာသီဥတုတွေဟာလဲပြောင်းလဲလာတာကြောင့် သဘာဝဘေးအန္တရာယ် တွေကို မကြာခဏတွေ့ကြုံလာကြရပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စကိုလဲ ကိုယ်နဲ့မဆိုင်သလို အမှုမဲ့အမှတ်မဲ့နေလို့မရတော့ပါဘူး။

ကဲ သင့်ရဲ့ပတ်ဝန်းကျင်မှာကော သင်နဲ့မသက်ဆိုင်ဘူးလို့ထင်တဲ့ ကိစ္စရပ်တွေရှိနေသေးသလား?
“The mouse trap” ဘာသာပြန်ဆိုပါသည်။
Telos

ကမ္ဘာ့ မုတ်ဆိတ်မွေးအရှည်ဆုံး အမျိုးသမီး

အီလီနွိုက်စ်ပြည်နယ်က ဗီဗီယံ ၀ှီလာ ဆိုသူ အမေရိကန်အမျိုးသမီးဟာ ကမ္ဘာပေါ်မှာ မုတ်ဆိတ်မွေးအရှည်ဆုံး အမျိုးသမီးအဖြစ် တမ်းဝင်ထားပါတယ်  သူမရဲ့ မုတ်ဆိတ်မွေးအရှည်ဟာ ၁၁ လက်မ( ၂၇.၉ စင်တီမီတာ) ရှိပါတယ် ။သူမဟာ သူမအမေကဲ့သို့ hypertrichosis,မွေးရာပါ မုန်းပြောင်းလဲမှုကြောင့် ငယ်ရွယ်စဉ်ထဲက မျက်နှာပြင်မှာ အမွေးတွေ စပေါက်ခဲ့တာပါ ။ သူမအသက် ၇ နှစ်အရွယ်မှာတော့ သူမအဖေရဲ့ တောင်းဆိုမှုအရ မုတ်ဆိတ်မွေးတွေ စတင်ရိတ်ခဲ့ပါတယ် သို.သော်လည်း ၁၉၉၃ ခုနှစ်ကစပြီး မုတ်ဆိတ်ရိတ်တဲ့ အလုပ်ကို လုံးဝစွန့်လွတ်လိုက်ပြီး မုတ်ဆိတ်ထားခဲ့ပါတယ်
သူမရဲ့ထူးခြားလှတဲ့အကြောင်းအရာတစ်ခု ရှိပါသေးတယ် ။ ဒါကတော့… သူမကို မွေးဖွားစဉ်က အဖို နဲ့ အမ မျိုးပွားအင်္ဂါနှစ်မျိုးလုံး ပါ ပါတယ်တဲ့ .. သူမရဲ့ ပါးပြင်နဲ့ မေး၇ိုးတစ်လျောက်မှာလည်းတစ်လက်မခွဲခန့်ရှည်တဲ့

အမွေးတွေ ဖုံးလွမ်းနေခဲ့ပါတယ် ။သူမ၇ဲ့ အမေက သူမကို မိန်းကလေးတစ်ယောက်သာ ဖြစ်စေချင်တာကြောင့် ဖိုမျိုးပွားအင်္ဂါကို ဖြတ်တောက်ပစ်ပေးဖို. ဆရာဝန်များကိုတောင်းဆိုခဲ့ပါတယ် ။
သူမရဲ့ အဖေဟာ သူ့ရဲ့ မုတ်ဆိတ်မွေးတွေပေါက်နေတဲ့ သမီးကြောင့် ရှက်ရွံ့ခဲ့ပါတယ် ။ သို.ပေမဲ့လည်း အဖေဖြစ်သူဟာ ဒီမုတ်ဆိတ်မွေးပေါက်နေတဲ့ သမီး၇ဲ့ အခြေအနေဆိုးကိုအမြတ်ထုတ်ခဲ့ပါတယ် ။ မစ္စ ၀ှီလာ ဟာ ငယ်စဉ်ကတည်းက ပြပွဲတွေမှာ လူထူးလူဆန်းတစ်ယောက်အဖြစ် တင်ဆက်ပြသခြင်းအလုပ်ကို လုပ်ဆောင်ခဲ့ပြီး မိသားစုကို ပိုက်ဆံ၇ှာပေးခဲ့ရပါတယ် ။
မစ္စ ၀ှီလာဟာ ရစ်ချတ်ဆိုသော အမျိုးသားတဦးနဲ့ အိမ်ထောင်ကျခဲ့ပြီး ရစ်ချတ် ၀ီလီယံ ဆိုသော သားတစ်ဦးကို ၁၉၇၇ ခုနှစ်တွင် မွေးဖွားခဲ့ပါတယ် .. သူမဟာ အမျိုးသားကဲ့သို့ အရိုးဖွဲ့စည်းတည်ဆောက် ပုံ၇ှိပြီး ကျားဟိုးမုန်းတစ်ဝက် မဟိုမုန်းတစ်ဝက်ဖြစ်နေတာကြောင့် မီးဖွားစဉ်အခါက သားဖွားဆရာဝန်များရဲ့
အမြင်မှာ မစ္စ ၀ှီလာဟာ သားဖွားနိုင်ဖို. မဖြစ်နိုင်ဘူးလို. တထစ်ချတွက်ဆခဲ့ပေမဲ့ သူတို.အထင်မှားခဲ့ပါတယ် ။ သို.သော်လည်း ကံဆိုးသူ မစ္စ ၀ှီလာဟာ သူမ၇ဲ့ကလေး နဲ့ ရက်အနည်းငယ်သာ အတူတူနေခွင့်ရခဲ့ပြီး ကလေးရဲ့အဖေက သားငယ်လေးကိုယူဆောင်ပြီး သူမနဲ့ဝေးရာကို ထွက်သွားခဲ့ပါတယ် ။ 
အကျဉ်းချုံးပြောရရင် သူမအသက် ၆၂နှစ်အရွယ်မှာ အသက် ၃၃ နှစ်ရှိပြီဖြစ်သောသားဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါတယ် ။ကမ္ဘာတစ်လွားထူးထူးခြားခြား ပုဂ္ဂိုလ်များအကြောင်း ပြသလေ့ရှိတဲ့ အမေရိကန်ရုပ်သံအစီအစဉ်တစ်ခုကိုကြည့်ပြီး သားဖြစ်သူ ရစ်ချတ်ဂျူနီယာဟာ တင်အဆက်အသွယ် ရရှိခဲ့ခြင်း ဖြစ်ပါတယ် ။
@ ဦးဦးမှော်ဆရာ

အရေပြားကင်ဆာ အတွက် ကုထုံးသစ်ထွက်ပေါ်လာ

အဆင့်မြင့် အရေပြား ကင်ဆာ အတွက် ကုသနိုင်မည့် ကုထုံးတစ်မျိုး အရ ယခင်ကထက် အသက် ရှင်သန်နိုင်မှုကို အချိန်နှစ်ဆ အထိဆွဲ ဆန့်နိုင်ပြီ
 ဖြစ်ကြောင်း နိုင်ငံတကာ လေ့လာမှု တစ်ခုအရ သိရသည်။ ဆရာဝန်များမှ ပြောရာ၌ အမေရိကန်နှင့် သြစတြေးလျ တို့မှ လူနာပေါင်း ၁၃၂ ဦးမှာ vemurafenib အမည်ရသည့် ဆေးကိုပေး အပြီးတွင် ယခင်က ခန့်မှန်းထားသည့် ကာလထက် နှစ်ဆ ပိုမို အသက်ရှင် နေထိုင်နိုင် ခဲ့ကြောင်း သာမန်ကုထုံးဖြင့် ဆိုပါက ၉ လသာ ခံမည့် လူနာမှာ ၁၆ လ အထိ အသက်ရှင်သန် နေထိုင်နိုင် ခဲ့ကြောင်း ကိုလည်း New England Journal of Medicine တွင်ဖော်ပြ ခဲ့သည်။ Vemurafenib (Zelboraf) ဆေးမှာ ဥရောပ တိုင်းပြည် များတွင် အသုံးပြုရန် ခွင့်ပြုချက် ရရှိထားပြီ ဖြစ်ကြောင်းလည်း သိရသည်။

Sunday, February 26, 2012

အမျိုးသမီးတွေဟာ ၁ နှစ်မှာ ၄ လလောက် မျက်ရည်ကျကြရတယ်......တဲ့

မိန်းမတွေဟာ သူတို့ဘဝမှာ တစ်နှစ်ကို လေးလလောက် မျက်ရည်ကျ ငိုကြတယ်လို့ ရှာဖွေတွေ့ရှိမှုများအရ သိခဲ့ရပါတယ်။ အမျိုးသမီး ၃ဝဝဝ လောက်ကို ဆန်းစစ်ကြည့်တဲ့အခါမှာ မိန်းမတွေဟာ သူတို့ရဲ ပထမ အရွယ် တစ်နှစ်မှာ ဆိုရင် တစ်ရက်ကို သုံးနာရီလောက် ငိုကြပါတယ်။ အဲ့ဒီအချိန်တွေကတော့ အပြောင်းအလဲ ၊ အစားအစာ နဲ့ ဖျော်ဖြေမှုတို့ကို သူတို့လိုချင်တဲ့အချိန်တွေ မှာပဲဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်ကျတော့ တစ်ပါတ်မှာ နှစ်နာရီနဲ့ ၁၃ မိနစ်ခန့် ငိုကြပါတယ်။ အသက်နှစ်ဆယ် ပါတ်ဝန်းကျင်အရွယ်တွေကျတော့ တစ်ပါတ်ကို ၂.၂၄ နာရီလောက်ငိုတတ်ကြပါတယ်။ ဒါတွေကတော့ သူငယ်ချင်းနဲ့ ခွဲရတာတို့ ရုပ်ရှင်ကြည့်ပြီးငိုတာတို့ အသဲကွဲ လို့ငိုတာ တွေဘဲဖြစ်ပါတယ်လို့ The Daily Express မှာ ဖော်ပြခဲ့ပါတယ်။ လေ့လာချက်များအရတော့ မွေးကတည်းကနေ အသက် ၇၈ နှစ်လောက် အရွယ်အထိမှာ မိန်းမတွေဟာ ၁၂၀၁၃ နာရီလောက် ငိုကြမယ်လို့ တွေ့ရှိရပါတယ်။ Kathryn Crawford ဆိုတဲ့အမျိုးသမီးတစ်ယောက်ကတော့ ဒါတွေဟာ ကလေးတွေနဲ့ ဆယ်ကျော် သက်တွေ မှာအများဆုံးပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Saturday, February 25, 2012

Snake Wine (မြွေစိမ်ဝိုင်)

စပျစ် ဝိုင်၊မက်မန်း ဝိုင် အစရှိသော ဝိုင် အမျိုးမျိုး အထွေထွေရှိသည့်အနက် ကျွန်တော်တို့ ကြားဖူးနေကျ မရှိတဲ့ မြွေဝိုင် အကြောင်းကို အနည်းငယ်တင်ပြလိုပါတယ်။
Snake Wine (rượu rắn in Vietnamese)မြန်မာလိုဆို မြွေဝိုင်ပေါ့.. အဲဒီဝိုင်ပုလင်းထဲမှာတော့ အလွန်အဆိပ်ပြင်းတဲ့ မြွေတွေကို ထည့်ပြီး စိမ်ထားတာဖြစ်ပါတယ်။ မူလကတော့ ဗီယက်နမ် နိုင်ငံမှာသာ ထုတ်လုပ်တာဖြစ်သော်လည်း အခြား အရှေ့တောင်အာရှ နိုင်ငံ များနှင့် တရုတ်နိုင်ငံ တွေမှာလည်း ရတတ်ပါတယ်။ မြွေကို အဲ့ဒီဝိုင်ထဲမှာစိမ်ခြင်းအားဖြင့်မြွေရဲ့အဆိပ်တွေဟာ
အရက်ထဲကို ပျော်ဝင်သွားသော်လည်း အန္တရာယ်မရှိဘူးလို့သိရပါတယ်။
 ဒီဝိုင်ကို ပြုလုပ်ပုံကတော့ အရင်ဆုံး မြွေနဲ့ ကင်းမြှီးကောက်တွေကို ပုလင်းထဲထည့်ပြီးနောက် ဆန်နဲ့ဖောက်ထားတဲ့ အရက် အကြည် ကို အပြည့်ထည့်ထားရမှာဖြစ်ပါတယ်။ ပြီးတော့ ဆေးဖက်ဝင် အပင်နဲ့ သစ်ဥသစ်မြစ်များ ကိုပါထည့်စိမ်ရမှာဖြစ်ပါတယ်။ အထင်ရှားဆုံး မြွေစိမ်ဝိုင်တွေကတော့ ထိုင်း၊ ဗီယက်နမ် နဲ့ လာအို တို့က ထုတ်လုပ်တဲ့ မြွေဝိုင်တွေဘဲဖြစ်ပါတယ်။ အဲ့ဒီလို အဆိပ်ပြင်းပြီး မြွေတွေစိမ်ထားတဲ့ ဝိုင်တွေဟာ တချို့သောရောဂါများအတွက်ကောင်းသလို ကာမ ကိစ္စတွေအတွက်လည်း အားတိုးစေပါတယ်လို့ သိရပါတယ်။ ရောင်းတဲ့သူတွေကတော့ အမျိုးမျိုး ကောင်းကြောင်းတွေ ညွှန်းပြီး လူတွေကို စွဲဆောင်တာပေါ့။ နိုင်ငံတော်တော်များများမှာ တရားဝင်ကို တင်ပို့ရောင်းချပြီး အမေရိကန်နိုင်ငံ ကိုလည်းတင်ပို့ပါတယ်။ ငြင်းနေကြတဲ့အရာတစ်ခုကတော့ ဒီဝိုင်တွေကို ဗီယက်နမ်က စတင်တာမဟုတ်ဘဲ တရုတ်တွေက စပြီးပြုလုပ်ခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။

Friday, February 24, 2012

သံပုရာသီးကနေ လျှပ်စစ်မီး ထုတ်ကြည့်ကြရအောင်

သံပုရာသီးကို မတူညီတဲ့ သတ္တု နှစ်မျိုးနဲ့ DC (Direct Current)
လျှပ်စစ်ထုတ်လို့ ရတယ်လို့ သိရပါတယ်။ အဲ့ဒီသတ္တုနှစ်မျိုးကတော့ သွပ် နဲ့ ကြေးနီတို့ဘဲဖြစ်ပါတယ်။ သံပုရာသီးကို အနည်းငယ်
အပေါက်ဖောက်ပြီး တဖက်ကနေ သွပ်ရည်စိမ်ထားတဲ့ သံမဏိ သွတ်ချောင်းနဲ့ တဖက်ကတော့ ကြေးနီပဲနိ ပြား ကို ပုံမှာပါတဲ့အတိုင်း ထည့်ရမှာဖြစ်ပြီး အဲ့ဒီသွပ် ချောင်းနဲ့ ပဲနိပြားဟာ လုံးဝ
ထိနေလို့မရပါဘူး။
 သွပ် ချောင်းကို ဘက်ထရီရဲ့ အမ (-) မှာထားပြီး ပဲနိ ကြေးပြားကိုတော့ အဖို (+) မှာထားရမှာဖြစ်ပါတယ်။ အဲ့ဒီလိုထားပြီး မီတာနဲ့ တိုင်းတာကြည့်တဲ့အခါ သံပုရာသီးတစ်လုံးမှာ မီတာမှာ ဝ.၉၀၆ ဗို့ အားပြနေတာတွေ့ရပါလိမ့်မယ်။ အရည်ရွှမ်းတဲ့ သံပုရာသီးဆိုပိုကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဗို့အားလောက်နဲ့တော့ မီလုံးတစ်လုံးလင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

သံပုရာသီးနှစ်လုံးကို ပုံမှာပြထားတဲ့အတိုင်း တန်းဆက် ဆက်လိုက်ရင်တော့ ၁.၇၈၈ ဗို့အားရရှိလာမည်ဖြစ်ပါတယ်။
(ဓါတ်ခဲတစ်လုံးဗို့အား ၁.၅ ဗို့ဖြစ်ပါတယ်)ဒီလို 
အားနဲ့လည်းမီးလုံး တစ်လုံး လင်းလာဖို့အတွက်တော့ မလုံလောက်သေးပါဘူး။ 

 လေးလုံးဆက်လိုက်ရင်တော့ ၃.၅ ဗို့ရလာမယ်။ အဲ့ဒါဆိုရင်တော့ အလုပ်ဖြစ်လာပြီး (နှစ်တောင့်ထိုးဓါတ်မီး အားလောက်တော့ လင်းမှာပေါ့) ကဲ့ဒါဆိုရင် LED မီးလုံးနဲ့ ထွန်းမယ်ဆိုရင်တော့ ဗိုလ်အားကို လျှော့ချဖို့ ဆာ့ကစ် တစ်ခုပြုလုပ်ရမှာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုရင်တော့ ၂ ဗို့ ထက်ကျော်သွားရင် LED မီးလုံး ကျွမ်းသွားနိုင်လို့ ဖြစ်ပါတယ်။
ဒီ သီအိုရီကို အခြေခံပြီး ကိုယ်ဥာဏ်ရှိသလို မီးအားကို လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်။
 

အတောင်ပံပါတဲ့ ကြောင်

တရုတ်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ သူမွေးထားတဲ့ ကြောင်ဟာ အတောင်ပံပုံစံမျိုးထွက်လာကြောင်းကို Huashang သတင်းဌာနက
 ဖော်ပြခဲ့ပါတယ်။တရုတ်နိုင်ငံ Shaanxiခရိုင် Xianyang မြို့မှာနေထိုင်တဲ့ Granny Feng က ကျွန်မဟာ ရဲ့ကြောင်ဟာ အတောင်လိုပုံစံမျိုး
 လေးလက်မ ခန့်ရှိတဲ့ အရာမျိုး ဟာ ကြောင်ရဲ့ကျောဖက်မှာ
ထွက်နေတာကိုတွေ့လိုက်ရပါတယ်။ ပထမအစကတော့ ကြောင်ရဲ့ကျောဖက်နားမှာ တစ်ခုခုနဲ့ ဆောင့်မိလို့ ဘုထွက်နေတယ်လို့ထင်ခဲ့တာပါ။ ဒါပေမဲ့အဲ့ဒီဘုဟာ တစ်ဖြေးဖြေးကြီးလာပြီး တစ်လအတွင်းမှာ အတောင်ပံလိုပုံစံမျိုးဖြစ်လာပါတော့တယ်လို့ ပြောပြပါတယ်။ အဲ့ဒီအတောင်ပံက အထဲ မှာအရိုးရှိပါတယ်။ ကျွန်မကြည့်ရတာ ကျွန်မကြောင်ဟာ နတ်ကြောင်ပျံနဲ့ဘဲတူပါတယ်။ ကျန်ခဲ့တဲ့ တစ်လလောက်က တော့ ကျွန်မကြောင်ဟာ ကြောင်မတော်တော်များများနဲ့ မိတ်လိုက်ပြီးနောက်ပိုင်း
ကတည်းက အခုလို အတောင်ပံထွက်လာတာဘဲ ဖြစ်ပါတယ်။ သူမရဲ့ကြောင်ကို ကြည့်ရတာတော့ ပုံမှန်အတိုင်းပါဘဲ ဆက်လက်ပြီး ကြောင်ပိုင်ရှင်က ပြောပြခဲ့ပါတယ်။ ဒီလို ကြောင်ကနေ အတောင်
ထွက်လာတယ်ဆိုတဲ့သတင်းပေါင်း ၁၃၈ ခုရှိပြီး အဲ့ဒီအထဲမှာမှ အခုနှစ်ဆယ်လောက်က သာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေနဲ့ ဖော်ပြနိုင်ခဲ့ပါတယ်။ အခုလိုကြောင်ကနေ အတောင်ပေါက်တဲ့ ကိစ္စကို သုတေသန
ပြုနေကြပြီဖြစ်ပါတယ်။ လူတွေအများစုကတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး ကြောင်တွေဟာ တိုးတက်ပြောင်းလဲ လာတာလို့မြင်ကြပါတယ်။ ကြောင်ပျံတာကြည့်ချင်တဲ့လူတွေကလဲ မနည်းမနော ရှိမှာ အသေအချာပါပဲ  :)

Thursday, February 23, 2012

နှစ်ပေါင်း (၁) သန်း သက်တမ်း ရှိသည့်အန္တာတိကရေခဲပြင်အောက် ရေအိုင်မှရေကို ရုရှားသမ္မတ လက်ဆောင်အဖြစ်ရရှိ

ရုရှားသိပ္ပံပညာရှင်များတွေ့ရှိခဲ့သော အန္တာတိက
 ရေခဲပြင်အောက်မှလူ့သမိုင်းမစတင်မီခေတ်
 ရေချိုအိုင်ကြီး၏ ရေများကို ရုရှားဝန်ကြီးချူပ် ဗလာဒီမာပူတင် က ဦးဦးဖျားဖျားရရှိခဲ့ကြောင်း ဖေဖော်ဝါရီ လဆန်းပိုင်း သတင်းများတွင်ဖော်ပြထားသည်။
ကြမ်းကြမ်းရမ်းရမ်း တောစွန့်စားခန်း များတွင်မွေ့လျော်တတ်သူ ရုရှားဝန်ကြီးချူပ်သည် ဗော့စတော့ ရေအိုင် ခေါ် အန္တာတိက ရေခဲပြင်အောက်မှ ရေချိုအိုင်ကြီး၏
 ရေနမူနာကို ပထမဆုံး လက်ခံရရှိသူဖြစ်လာကြောင်း သတင်းများအရ သိရသည်။
သက်တမ်းအရ နှစ်ပေါင်း တစ်သန်းကျော်ရှိပြီဖြစ်သည့် ဗော့စတော့ ရေအိုင်ကြီးမှ ရေနမူနာကို ရုရှားနိုင်ငံ သဘာဝအရင်းအမြစ်ရေးရာဝန်ကြီး ယရီထရူနက်ဗ် က ဝန်ကြီးချူပ် ဗလာဒီမာပူတင်ထံ ပေးအပ်ခဲ့ကြောင်း ရရှားအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားသိပ္ပံပညာရှင်များက ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သော ဗော့စတော့ ရေအိုင်ကြီးမှ
 ရေထုသက်တမ်းသည် နှစ်တစ်သန်းကျော်ပြီဖြစ်ကြောင်း သိရသည်။
နှစ်တစ်သန်းကျော်သက်တမ်းရှိ ဗော့စတော့ရေအိုင်ဟူ၍ အမည်တပ်ထားသော ဝါကြင့်ကြင့် အရည်များပါရှိသည့် ဖန်ဗူးတစ်လုံးကို ရုရှားသဘာဝအရင်းအမြစ်နှင့် ဂေဟဗေဒစနစ်ဆိုင်ရာ ဝန်ကြီးက ဗလာဒီမာပူတင်ထံသို့  ပေးအပ်ခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားသည်။
ဗော့စတော့ရေအိုင်ကြီးမှရေကို ဦးဦးဖျားဖျား သောက်သုံးခဲ့ခြင်း ရှိ မရှိ ရုရှားသဘာဝအရင်းအမြစ်
ဆိုင်ရာဝန်ကြီးအား အတည်ပေါက်ဖြင့် နောက်ပြောင်တတ်သော ဗလာဒီမာပူတင်က မေးမြန်းခဲ့သည်။
အကယ်၍ သောက်သုံးမိပါက ဗော့စတော့ရေအိုင်မှရေကို ပထမဆုံး သောက်သုံးသူများမှာ ဝန်ကြီး ယူရီထရူနက်ဗ် နှင့် ဒိုင်နိုဆော များသာ ဖြစ်လိမ့်မည်ဟု ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
source : http://en.rian.ru/

Tuesday, February 21, 2012

သြစတြေးလျတွင် ကလေးငယ်တစ်ဦး အစာအိမ်မပါပဲ မွေးဖွားလာ

သြစတြေးလျနိုင်ငံတွင် ကလေးငယ်တစ်ဦးသည် အစာအိမ်မပါပဲ မွေးဖွားလာခဲ့ကြောင်းသိရသည်။ ဘရန်နာ အာကင်စတော ဟုခေါ်သော ထိုကလေးငယ်အတွက် မည်သို့မည်ပုံဆောင်ရွက်ပေးရမည်ကို ဆေးရုံ (၃)ခုပြောင်းကာ ဆရာဝန်များ နည်းလမ်းရှာ တိုင်ပင်ခဲ့ရသည်။ မိန်းကလေးငယ် ဘရန်နာသည် နယူးဆောက်ဝေး တောင်ပိုင်းကမ်းခြေရှိ မီလ်တန် ဟိုတယ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ သူမသည် မွေးဖွားပြီး မိနစ်ပိုင်းအကြာတွင် အသားအရေ ပြာနှမ်းလာသဖြင့် ဆရာဝန်များက အလွန်စိုးရိမ်ကာ အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့သော်လည်း သက်သာလာသည့် အရိပ်လက္ခဏာ မတွေ့ခဲ့ရချေ။
"ဘာမှားနေတယ်ဆိုတာ အဖြေမထုတ်နိုင်ဘူးဖြစ်နေတယ်" ဟု မိခင်ဖြစ်သူ ဂျက်စမင်းက ဆိုသည်။ ဒါနဲ့ နောက်တစ်နေ့ကျတော့ တခြားဆေးရုံကို ပို့လိုက်ရတယ်။ နော်ဝါဆေးရုံကို လူနာတင်ယာဉ်နဲ့ ပို့ပါတယ်။ ကျွန်မတို့လည်း သူနာပြုဆရာမတွေကုသပေးနေတာကို စောင့်နေခဲ့တယ် ဟု အသက် (၂၅) နှစ်အရွယ် ဂျက်စမင်က ပြောကြားခဲ့တယ်။
နောက်ထပ် (၂၄) နာရီမျှ မအိပ်ရ၊မစားရ ဖြတ်သန်းပြီးနောက် ဆရာဝန်များက ဂျက်စမင်းအား ကလေးကို ဝက်စ်မိဒ် ကလေးအထူးကု ဆေးရုံသို့ ခေါ်ဆောင်သွားရန် ညွှန်ကြားခဲ့သည်။ အဆိုပါဆေးရုံတွင် ရင်ဘတ် ဓါတ်မှန် ရိုက်ကြည့်ပြီးနောက် မိန်းကလေးတွင် အစာအိမ် မပါလာသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် မိန်းကလေးအနေဖြင့် အစာမစားနိုင်ပဲ ဖြစ်နေပြီး ယင်းကို မည်သို့မည်ပုံ ကုသရမည်ကို မသိသေးကြောင်း မိခင်ဖြစ်သူ ဂျက်စမင်းမှ ဖွင့်ဟသွားခဲ့သည် ။
source : dailytelegraph

နှင်းဆီပြာ

မျိုးရိုးဗီဇပြုပြင် ပြောင်းလဲထားတဲ့ နှင်းဆီပွင့် အပြာရောင် တစ်ပွင့်ရဲ့ တန်ဖိုးကတော့ စတာလင်ပေါင် ၁၅ မှ ၂ဝ ထိရှိပါတယ်။ ထိုပန်းကို ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုက မင်္ဂဆောင် အခမ်းအနား၊ အထူးပွဲတော်များနှင့် မွေးနေ့ပွဲများ မှာအသုံးပြုတဲ့ ပန်းအနေဖြင့်
အသုံးပြုဖို့သင့်တော်သည်ဟုသတ် မှတ်ကာ ရောင်းချမှာ ဖြစ်ပါတယ်။ Suntory ကုမ္ပဏီဟာ ထိုနှင်းဆီ အပြာရောင် ရဖို့အတွက် အနှစ် ၂ဝ ကျိုးစားခဲ့ရတာဖြစ်ပါတယ်။ ပထမ ၁၃ နှစ်ကျိုးစားခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှာတော့ သြစတေးလျနိုင်ငံ မှ Florigene အမည်ရှိတဲ့ ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ကာ အောင် မြင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ ထိုနှင်းဆီပန်းဟာ ဂျပန်ယန်းငွေဖြင့် ၂ဝဝဝ မှ ၃ဝဝဝ ခန့်ပေးရပြီး သာမာန် နှင်းဆီပန်းများထက် ၁ဝ ဆ ပိုပြီးဈေးကြီးပါတယ်။ လောလောဆယ်တော့ထိုအပြာရောင်နှင်းဆီပင်ကို နိုင်ငံကာကို ရောင်းချဖို့အတွက်
 အစီအစဉ်မရှိသေးဘူးလို့သိရပါတယ်။

Monday, February 20, 2012

ကမ္ဘာကျော် စစ်သူကြီး နပိုလီယံ ရဲ့ မကျော်ကြားတဲ့ ဖြစ်ရပ်

ဆင်းရဲသူတစ်ယောက်အကြောင်းပါပဲ။ သူမကို အနောက် အင်ဒီးစ်ကျွန်းစု တံငါရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။သကြားချွတ်စက်ရုံတစ်ခုရဲ့အပေါ်ထပ် ညစ်ထေးစုတ်ချာတဲ့ ဘာမှမရှိတဲ့ မှောင်မည်းတဲ့အခန်းလေးထဲမှာ နေခဲ့ရသူ.....။
ကမ္ဘာ့သမိုင်းမော်ကွန်းမှာ အထင်ပေါ်အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို စုလျားလက်ထပ်ခဲ့သူ.....။
သူမရဲ့နာမည်က မာရီဂျိုးဆေ့ဖ်ရိုဇ်တာရှေလာပါဂျေရီ.....။ ဒါပေမယ့် သူမကို ဂျိုးဇက်ဖင်း လို့ပဲခေါ်ကြပါတယ်။
ဂျိုးဇက်က နပိုလီယန်ဘိုနာဘတ် ထက်အသက်(၆) နှစ်ပိုကြီးပါတယ်။သူတို့ပထမဆုံးစတွေ့ကြတုန်းက သူမက (၃၃) နှစ် နပိုလီယန်က (၂၇)နှစ် ။
သူမကအလှကြီးတော့မဟုတ်၊သွားတွေက သိပ်မကောင်းတဲ့အပြင်ပိုးကလဲစားထားသေး ။ပြီးတော့ အရွယ်မရောက်တစ်ယောက် ကလေး(၂) ယောက်ရဲ့အမေ၊ပေးစရာ အကြွေးတွေက ခေါင်ခိုက်နေသည်။ ကြွေးထူမှုကြောင့် ရဲနှင့်လည်းမကင်း....။
ဒါကြောင့်သူမအနေနဲ့ကျပ်တည်းဆင်းရဲပြီး ခါးသီးပြင်းထန်တဲ့မလှမှုနဲ့ (ဘ၀ကို) စတင်ခဲ့ရတယ်လို့ဆိုရမှာပဲ။
ဒါပေမယ့်.....သူမမှာ အလွန်အဖိုးထိုက်တန်တဲ့အရာတစ်ခုတော့ ရှိလေရဲ့။
ယောက်ကျားတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိတဲ့အသိ။ သူမက မုဆိုးမတစ်ယောက် ၊ အတွေ့အကြုံက ရှိပြီးသား။
ပြင်သစ်တော်လှန်ရေးကာလမှာ တော်လှန်ရေးသမားတွေက သူမရဲ့ခင်ပွန်းသည်ကို ခေါင်းဖြတ်သတ်ခဲ့ကြတယ်။ အဲဒီကတည်းက သူမမှာ ပစ္စည်းဥစ္စာက ဗလာ ၊ အထောက်အပံ့က နတ္ထိ။
ဒီတော့ သူမက အမြှော်အမြင်ရှိတဲ့ မုဆိုးမများရဲ့လုပ်ရိုးလုပ်စဉ်ကို လိုက်နာတယ်။(တစ်ပင်လဲရင် တစ်ပင်ထူဖို့)
နောက်အိမ်ထောင်ပြုဖို့ သူမအနေနဲ့ ခင်ပွန်းသည်တစ်ယောက်ကိုရှာရသည်ပေါ့။သူငယ်ချင်းတစ်ယောက်က နပိုလီယန်အကြောင်းကိုပြောပြတယ်။
အဲဒီအချိန်က နပိုလီယန်အနေနဲ့ ကျော်ကြားမှုကလည်းမရှိသေး။ ငွေကြေးကလည်းမပြည့်စုံ၊ရှေ့တန်းစစ်မျက်နှာက ပြန်လာခါစ .....။ သူပိုင်တာက ယားနာတွေ ပြီးတော့ ယားနာတွေကိုသက်သာစေဖို့ဆံပင်ကိုလည်းရိတ်ထားသေး၊ ခေါင်းတုံးနဲ့ ။
ဒါပေမယ့် နပိုလီယန်ဟာ မကြာခင်မှာ ကြီးကျယ်ထင်ရှား လာတော့မယ့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း၊ သူမရဲ့သူငယ်ချင်းကပြောပြတယ်။ ဒါကြောင့်ဂျိုးဇက်ဖင်းလည်းနပိုလီယန်နဲ့တွေ့ဆုံချင်လာတယ်ပေါ့။(ပုထုဇဉ်လူသားကိုး)
ဒါပေမယ့် .... သူမဘယ်လိုကြံမလဲဆိုတာ အကြံထုတ်ကြည့်သည်။ နောက်တော့ (၁၂)နှစ်အရွယ်သားဖြစ်သူကို နပိုလီယံထံလွှတ်သည်။ သေသွားတဲ့အဖေဖြစ်သူရဲ့ စစ်လွယ်ဓါးကို ဆက်သချင်သည်ပေါ့။ နပိုလီယန်က လက်ခံသည်။
နောက်တစ်နေ့ ..... အလှပြင်ခြယ်သထားတဲ့ ဂျိုးဇက်ဖင်းတစ်ယောက် နပိုလီယန်ထံသွားသည်။ နပိုလီယန်ရဲ့ အကြင်နာတစ်ရားအတွက် ကျေးဇူးတင်ကြောင်းပေါ့ ။ မျက်လုံးအစုံမှာ မျက်ရည်တွေဝဲလို့ ။
ဂျိုးဇက်ဖင်းရဲ့ ဥပဓိရုပ် ၊ သူမရဲ့ထူးခြားလှတဲ့ ညှို့ဓါတ်ပါတဲ့ ဖမ်းစားမှုတွေက နပိုလီယန်ရဲ့ ရင်ကို အလွန်အမင်း ထိခိုက်လှုပ်ရှားစေခဲ့တယ်။ သူမဟာ လူမှုဆက်ဆံရေးမှာလည်းကောင်းတယ်။ ဒါကြောင့် သူမအိမ်ကို လက်ဖက်ရည်သောက်ကြွပါလို့ ဖိတ်ကြားတဲ့အခါ နပိုလီယန်အနေနဲ့ ကျေကျေနပ်နပ် နှစ်ထောင်းအားရပေါ့။
အိမ်ကိုရောက်သွားတော့ ...... "ကမ္ဘာ့သမိုင်းမှာ အကြီးမြတ်ဆုံးစစ်သူကြီးမြတ်ဆုံး စစ်ဗိုလ်ချူပ်ကြီး တစ်ယောက်ဖြစ်ကိုဖြစ်လာမှာပါ.....။ စသည်ဖြင့် ဂျိုးဇက်ဖင်းရဲ့အပြောတွေ .....၊နောက် (၃)လလောက်လည်းကြာရောသူတို့နှစ်ယောက် (ထိမ်းမြှားလက်ထပ်ဖို့ ) စေ့စပ်ကြောင်းလမ်း ကြောင်း ကြေညာခဲ့တာပေါ့။ နပိုလီယန်ဟာ အချိန်နဲ့ပတ်သက်လာရင်အလွန်တိကျတယ်၊အမှန်တစ်ကယ်ကိုလေးစားတန်ဘိုးထားတယ်။သူပြေနေကျ သူ့ရဲ့ဆောင်ပုဒ်က "အချိန်ဟာ အရေးအကြီးဆုံး အဓိက အရာပဲ။
တစ်ခါက သူပြောခဲ့ဖူးတယ်...... ငါဟာ စစ်ပွဲတွေကိုး ရှုံးကောင်းရှုံးမယ်....ငါ့အနေနဲ့ အချိန်ကလေး တစ်မိနစ် ဆုံးရှုံးသွားတယ် (အလဟဿ)ဖြစ်သွားတယ်ဆိုတာကိုတော့ ဘယ်သူမှတွေ့မြင်ရလိမ့်မယ်မဟုတ်ပေဘူး။
သို့သော်လည်း .... သူကိုယ်တိုင် မင်္ဂလာဆောင်တဲ့နေ့ ၊ သူ့ ရဲ့မင်္ဂလာပွဲကိုတော့ အချိန် (၂) နာရီနောက်ကျပြီးမှရောက်လာခဲ့တယ်။ လက်ထပ်ပေးရမယ့်တရားသူကြီး(သမာဓိမြို့ဝန်မင်း) ခမျာ စောင့်ဆိုင်းရတာငြီးငွေ့ပြီး တသမ်းသမ်း တဝေေ၀နဲ့ (နပိုလီယန်မရောက်ခင်) အိပ်ပျော်သွားမိသေးတယ်။
လက်ထပ်ပြီး (၄၈)နာရီအကြာမှာတိုက်ပွဲသစ်တွေအတွက် အီတလီ ဘက်ကို စစ်ချီတက်ခဲ့ရပြန်ပါတယ်။
သူ့ရဲ့တပ်မတော်ကြီးဟာ ရိက္ခာလည်းပြတ် ၊ အ၀တ်အစား အသုံးအဆောင်တွေကလည်းစုတ်ပြတ် ညစ်ပေချို့တဲ့နေတဲ့အခြေအနေ.....။
ဒါပေမယ့် အဆက်မပြတ်တရစပ်ထိုးစစ်ဆင်တိုက်ခိုက်တဲ့တကယ့်ထူးခြားပြောင်မြောက်တဲ့တိုက်ပွဲ.....။
နှစ်ပေါင်း တစ်ထောင်အတွင်းမှာ ဒီလိုတိုက်ပွဲမျိုး မကြုံခဲ့ဖူး....။ဥရောပတိုက်တစ်ခုလုံး အထိတ်တလန့် တအံ့တသြ ၊ တစ်ကယ့်ကို ကျွတ်ဆင်ကြီး......။
                             အံ့ဖွယ်အားလုံးအနက် အံ့ဖွယ်အကောင်းဆုံးတစ်ခုက ရှိသေးတယ်။ စစ်ကာလ စစ်မြေပြင်မှာပင် နပိုလီယံက ဂျိုးဇက်ဖင်းအတွက်စာရေးချိန်ရသေးတယ်။နေ့စဉ်နေ့စဉ် စာတစ်စောင်ရေးတယ်။ ချစ်ဇောတွေပြင်းပြ ၊ ရင်ထဲက လှိုင်းထပြီးထက်သန်တဲ့ စိတ်ထားနဲ့ ရေးသားခဲ့တဲ့မေတ္တာစာတွေ.....။
ဂျိုးဇက်ဖင်းဆီရေးခဲ့တဲ့ နပိုလီယန်ရဲ့မေတ္တာစာ(၈) စောင်ကို ၁၉၉၃ ခုနှစ်က လန်ဒန်မြို့မှာပေါင် ၄၀၀၀၀ နဲ့  လေလံတင်ရောင်းချခဲ့ပါတယ်။
ချစ်စွာသောဂျိုးဇက်ဖင်း
မင်းကိုချစ်ရတဲ့ မေတ္တာတရားက ငါ့ရဲ့ကျိုးကြောင်းဆင်ခြင်ဥာဏ်တွေကို ဖုံးလွှမ်းဖယ်ရှားခဲ့ပါပေါ့လားကွယ်။ မစားနိုင် မအိပ်နိုင်နဲ့...၊ဒီလိုနဲ့ပဲ မိတ်ဆွေရောင်ရင်း အပေါင်းအသင်းတွေကိုလည်းဂရုမစိုက်နိုင် ၊ ဂုဏ်ကျက်သရေ သိက္ခာဆိုတာကိုလည်း အလေးမထားနိုင်တော့ပါဘူး။ အောင်မြင်မှု အောင်ပွဲတွေကို တန်ဘိုးထားတယ်ဆိုတာကတော့ မင်းအတွက်ကြောင့်ပါပဲ...။ ကိုယ်အောင်ပွဲရရင် မင်းကျေနပ်တယ်.....မင်းကိုပျော်ရွှင်စေတယ်ဆိုလို့ပါပဲ.....။အဲဒီအတွက်သာမဟုတ်ဘူးဆိုရင် ငါ့ရဲ့စစ်တပ်ကိုစွန့်ခွာပြီး ပဲရစ်မြို့မှာရှိတဲ့ မင်းဆီကိုအပြေးလေး အမြန်နှုန်းနဲ့ ပြန်လာမိမှာပါပဲ....
မင်းအပေါ်မှာ အတိုင်းအဆမဲ့ မေတ္တာတရားနဲ့ လွှမ်းခြုံမိခဲ့ပြီ။ မင်းကိုချစ်ရလွန်းလို့ အရူးအမူးစိတ်နဲ့ ယစ်မူးခဲ့ရပါပြီ....။ (မင်းရဲ့ကိုယ်စား) မင်းရဲ့ရုပ်ပုံလွှာကိုမကြည့်မရှု အချစ်အနမ်းပန်းတွေ မပေးမိပဲ ကုန်ဆုံးသွားတဲ့အချိန်ရယ်လို့ မရှိပါဘူးကွယ်။
သူရေးခဲ့သောအချို့စာများနှင့် နှိုင်းစာလျှင် ဤစာမှာ သိမ်မွေ့သည်ဟု ဆိုရမည်။ ဤကဲ့သို့စာမျိုးဆိုလျှင် မိန်းမ အများစုက ၀မ်းပန်းတသာလက်ကမ်းကြိုဆိုကြမည်သာ ဖြစ်သည်။
သို့သော် ဂျိုးဇက်ဖင်းက ထိုစာများကို အလေးထားဟန်မတူ၊ ဂရုမစိုက် ၊သူမက တစ်ခြားယောက်ျားတစ်ယောက်နှင့် ဘာလိုလို ပြီတီတီ ၊အီစီကလီရိုက်.....။
နပိုလီယန်ထံစာပြန်ရန်ပင် အလေးမထား.... ဤအချက်က နပိုလီယန်ကို ဒေါသအမျက်ချောင်းချောင်းထွက်စေသည်။နောက်ဆုံးမှာ နပိုလီယန်ကလည်း သူမရဲ့ ဥပေက္ခာပြုမှု အလေးမထားမှုတို့ကို စိတ်ကုန်လာတယ်။ဒါကြောင့် အီဂျစ်ပြည်မှာ စစ်ဆင်ရေးဆင်နွှဲနေတုန်း မိန်းမလှတစ်ဦးကို မိမိနဲ့ လက်ဘက်ရည်အတူသောက်ဖို့ ဖိတ်ကြားတယ်။ ပဲရစ်မြို့မှ ဂျိုးဇက်ဖင်းကလည်းဒီသတင်းကို ကြားသိတယ်။
နပိုလီယန် ပြင်သစ်ကိုပြန်ရောက်တော့  ပြဿနာနဲ့ ဒုက္ခ အဲဒီမှာ စတွေ့တော့တာပဲ။
ကတောက်ကဆဖြစ်ကြတယ်။ နပိုလီယံက ဂျိုးဇက်ဖင်းကို အခန်းထဲအဝင်မခံ ..... ဒီလိုနဲ့ပဲ အဆုံးသတ်ခဲ့ကြတယ်။
မိသားစု ပြဿနာ အခက်အခဲတွေကလဲ ရှိသေးတယ်။ ဂျိုးဇက်ဖင်းရရှိတဲ့အခွင့်အရေးက နပိုလီယံရဲ့ညီမ များထက်သာတယ်။ ဒီအချက်က သူတို့ကို မနာလို ဝန်တိုဖြစ်စေတယ်။ သူတို့ကို နှိမ်တယ်ထင်ပြီး ဆွေ့ဆွေ့ခုန်မတတ် ဒေါသဖြစ်ကြတယ်။ သူမကို ကလဲ့စားချေမယ်လို့ (ဘုရားသခင်ကို တိုင်တည်ပြီး) ကျိန်ဆိုကြတယ်။
သူတို့က ဂျိုးဇက်ဖင်းကို အဖွားအို(အမယ်ကြီး)လို့ ခေါ်ဝေါ်သမုတ်ပြီး ပြက်ရယ်လှောင်ပြောင်ကြတယ်။ နပိုလီယံကိုလည်း ဝတုတ်ပြဲ သက်ကြားအို ဇနီးကိုကွာရှင်းပြီး နုနုပျိုပျို မိန်းမတစ်ယောက်နဲ့လက်ဆက်ဖို့ တိုက်တွန်းကြတယ်။
သူတို့ ဘယ်လောက်ပြောပြော ဂျိုးဇက်ဖင်းအပေါ်ထားတဲ့နပိုလီယံရဲ့ မေတ္တာတရားကိုတော့ မဖျက်ဆီးနိုင်။
မည်သည့်အရာမှလည်း ပျက်ပြားအောင် လုပ်ဆောင်နိုင်စေလိမ့်မည်မဟုတ်။
                     ဒါပေမယ့်......ဂျိုးဇက်ဖင်းကို ကွာရှင်းဖို့ သူ... အမှန်တစ်ကယ်ပဲ ဆုံးဖြတ်ခဲ့ရတယ်။ ဆုံးဖြတ်ရတဲ့အကြောင်းရင်းကလည်း တစ်ခုတည်းပါပဲ။ သူ့(နပိုလီယံ) အနေနဲ့ (အမွေခံ) သားယောက်ျားလေးတစ်ယောက် ကို မွေးဖွားပေးနိုင်မယ့် ဇနီးတစ်ယောက်ကို လိုအပ်လို့ပါပဲ။

Saturday, February 18, 2012

ဝှေးစေ့ အတုများကို လာမည့်နှစ်များတွင် ဖန်တီးနိုင်ဖွယ်ရှိ

လူဟူ၍ဖြစ်လာလျှင် မဖြစ်မနေပြုလုပ်ရမည့်တာဝန်များကို
 မွေးဖွားလာစဉ်ကတည်းက ယူထားရပြီးသားဖြစ်သည့်အနက်
 နောင်လာနောက်သားမျိုးဆက်သစ်များ ပွားများစေရေးမှာ အဓိက အကျဆုံးသောတာဝန်တစ်ရပ်ပင်ဖြစ်ပါသည်။ ထိုတာဝန်ကို ကျေပြွန်ရန်ဆိုသည်က လူသားမျိုးသုတ်သွေးနှင့် အမျိုးသမီး မ မျိုးဥများ ပေါင်းစပ်ကာ အောင်မြင်စွာဖြင့် သန္ဓေသားလောင်းတစ်ခုပေါ်ပေါက်လာရန်အရေးကြီးလှသည်။ အကယ်၍ အဖိုနှင့်အမ ဘက်မှတစ်ဖက်ဖက်ချို့တဲ့နေခဲ့ပါလျှင် သားသမီးရတနာ ထွန်းကားလာနိုင်တော့မည် မဟုတ်ပေ။
ထိုသို့ ချို့ယွင်းချက်ထဲတွင် အမျိုးသားဘက်မှ သန္ဓေမအောင်ပါက (Male Ingertility) ဟုခေါ်ရပြီး ထိုအခြေအနေ ဖြစ်ပေါ်စေသောအကြောင်းအရာများမှာ အမျိုးသားဝှေးစေ့ (Testicle) မှ ဟော်မုန်းနည်းပါးခြင်းကြောင့်ဖြစ်သည်။ အဆိုပါ အခြေအနေကို ကုသရာတွင် ကာယကံရှင်အမျိုးသား၏ ကျန်းမာရေးအခြေအနေနှင့်သက်ဆိုင်ပြီး ပုံစံအမျိုးမျိုးကွဲပြားခြားနားလေ့ရှိသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ဖတ်ရှုခဲ့ရသော သတင်းတစ်ပုဒ်မှာ ဂျာမနီ နိုင်ငံ မူအမ်စတာမြို့ရှိ မူအမ်စတာ တက္ကသိုလ်မှ လေ့လာရေးပညာရှင်များက သားသမီး မထွန်းကားနိုင်သောအခြေအနေတစ်ရပ်နှင့် ကြုံတွေ့နေရသည့်အမျိုးသားများအား မိမိကိုယ်တိုင်၏ ( Sperm ) ဖြင့်ပင် သားသမီးရရှိစေနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
အဆိုပါလေ့လာသူပညာရှင်များက ဓါတ်ခွဲခန်းအတွင်း ကြွက်တုပ်ကွေးကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ရာ နည်းပညာဖြင့် လူသုတ်သွေးဖန်တီးနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ယခုနောက်ဆုံး ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဖတ်ရှုလိုက်ရသော သတင်းတစ်ပုဒ်မှာမူ အမျိုးသားများအတွက် စိတ်အားတက်ကြွစရာ ပို၍ပင်ဖြစ်စေပါသည်။
ဆန်ဖရန်စစ္စကိုမှ ဒေါက်တာရက်ခ်၏အဆိုအရ လာမည့် ၅ နှစ်မှ ၇ နှစ်အတွင်း သားသမီးများကောင်းစွာ ဖန်တီးနိုင်သော အမျိုးသား သုတ်သွေး ( Sperm ) များကို ထုတ်လုပ်နိုင်စွမ်းရှိသည့် ဝှေးစေ့များကို တီထွင်ဖန်တီးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝှေးစေ့အတု ဖန်တီးပြုလုပ်နိုင်ရန်အတွက် ရန်ပုံငွေလည်း ရရှိထားပြီးဖြစ်ရာ လာမည့်နှစ်များအတွင်း မည်သို့မည်ပုံ အကောင်အထည်ပေါ်လာမည်ကို အသေအချာလေ့လာစောင့်ကြည့်ကြရဦးမည်ဖြစ်ပါသည်။

Tuesday, February 14, 2012

အိမ်သာဆောက်မပေးတဲ့ ယောက်ျားကို ကျောခိုင်းခဲ့တဲ့ အိန္ဒိယ အမျိုးသမီး ဒေါ်လာ ၁ သောင်းဆုရ

အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် ကျေးရွာတစ်ရွာမှ ပူပူနွေးနွေး လက်ထပ်ပြီးစ အမျိုးသမီးတစ်ဦးဟာ သူ့ယောက်ျားအိမ်မှာ အိမ်သာမရှိတဲ့အတွက်၊ အိမ်သာ ဆောက်ပေးဖို့ ပြတ်ပြတ်သားသား
 တောင်းဆိုခဲ့တာကြောင့် ယခုနှစ်မှာ သူရဲကောင်းဆု ချီးမြှင့်ခံရပါတယ်။ 

Anita Narre ဆိုတဲ့ အမျိုးသမီးငယ်ဟာ မနှစ်က မေလမှာ လက်ထပ်ခဲ့ပြီး၊ နှစ်ရက်အကြာမှာ သူ့ယောက်ျား Shivram ရဲ့ နေအိမ်ကနေ ဆင်းလာခဲ့ပါတယ်။ အကြောင်းကတော့ သူ့ယောက်ျားအိမ်မှာ အိမ်သာမရှိလို့ပါ။
ရှစ်ရက်ကြာပြီးမှ ယောက်ျားဖြစ်သူက သူ့ရဲ့ ချွေးနည်းစာနဲ့ ကောင်းမွန်တဲ့ အိမ်သာတစ်လုံး 
 ဆောက်လုပ်ပေးမှ Anita Narre က အိမ်ပေါ် ပြန်တက်ခဲ့ပါတယ်။ 

ခင်ပွန်းဖြစ်သူကို အိမ်သာဆောက်ဖို့ ဖိအားပေးခဲ့တဲ့ Anita Narre ကို အမျိုးသမီး သူရဲကောင်းအဖြစ်
အိန္ဒိယရှိ NGO အဖွဲ့တစ်ဖွဲ့က ဒေါ်လာ ၁ သောင်း မကြာခင်က ဆုချီးမြင့်ခဲ့ပါတယ်။ 

အိန္ဒိယ လူဦးရေ သန်းတစ်ထောင်ကျော်မှာ တစ်ဝက်က အိမ်သာမရှိဘဲ နေ့စဉ် ကြုံရာ အပြင်ဘက်မှာ အခင်းသွားလေ့ ရှိပါတယ်။ မိလ္လာနဲ့ ရေဆိုးစနစ် ညံ့ဖျင်းမှုကြောင့် အမျိုးသမီးတွေမှာ ကျန်းမာရေး မညီညွတ်မှုနဲ့ ကူးစက်ရောဂါတွေ ရရှိကြပါတယ်။ 

ခင်ပွန်းသည် Shivram က အလုပ်သမားတစ်ယောက်ဖြစ်လို့သူ့ဝင်ငွေနဲ့အိမ်သာဆောက်နိုင်စွမ်းမရှိကြောင်း
 ပြောပါတယ်။ 

“ကျနော် စုဆောင်းထားတာလေးရယ်၊ တရွာလုံးက ကျနော့်အဖြစ်ကို မကြည့်ရက်လို့ ၀ိုင်းပေးကြတာရယ်နဲ့ အိမ်သာ အမြန်ဆောက်လိုက်ပါတယ်။ အတော် သန့်ရှင်းသေသပ်တဲ့ အိမ်သာလေးပါ။ အဲဒါဆောက်ပြီးမှာ ကျနော့် မိန်းမ ပြန်လာပါတယ်”
Anita Narre ကတော့ ဘီဘီစီကို သူ အိမ်သာတောင်းဆိုရတဲ့အကြောင်း ပြောပြပါတယ်။ 

“ကျမတို့ အမျိုးသမီးတွေ အနေနဲ့ အိမ်ပြင်ထွက် အခင်းသွားဖို့ဆိုတာ ဘယ်လိုမှ မသင့်တော်ဘူး။ ကျန်းမာရေး အတွက်လည်း မကောင်းဘူး၊ အန္တရာယ်လည်း ရှိတယ်၊ လူလည်းမြင်တယ်၊ အိမ်တစ်အိမ်မှာ အိမ်သာတစ်လုံးတော့ ရှိသင့်တာပေါ့။ အမျိုးသမီးတိုင်း အိမ်သာ ကောင်းကောင်းရှိတဲ့ ယောက်ျားမျိုးကိုပဲ လက်ထပ်သင့်တယ်”
ယခုတော့ အိန္ဒိယအစိုးရနဲ့ NGO အဖွဲ့တွေ ပူးပေါင်းပြီး လူလတ်တန်းစားတွေအတွက် ရေဆွဲအိမ်သာ (toilet) နဲ့ ဆင်းရဲသားများအတွက် တွင်းအိမ်သာ (latrine) ရရှိရေး အပူတပြင်း လှုံ့ဆော်ဆောင်ရွက်နေပါတယ်။ 
source : BBC

တောင်းပန်လွှာ

အလုပ်အသစ်ထဲမှာမို့လို့  post  အသစ်တွေတင်ဖို့ အရင်လို အချိန်သိပ်မရတော့ပါ.....ဒါပေမယ့် လစ်ရင်လစ်သလို(off day) ရတဲ့နေ့တွေမှာ ကြိုးစားပြီးတင်ပေးပါ့မယ်......အားပေးမှုကို အထူးကျေးဇူးတင်လျှက်ပါ။

                                                                                                          925

မောင်းသူမဲ့လေယာဉ် မြန်မာနိုင်ငံတွင် စမ်းသပ်ပျံသန်းနေ

မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်များ တည်ဆောက်ပြီး စမ်းသပ်ပျံသန်းနေပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တင်ပြပြောကြားလိုက်သည်။ “လေကြောင်းဆိုင်ရာ သုတေသန လုပ်ငန်းများအနေဖြင့် မောင်းသူမဲ့လေယာဉ်တွေကို သုတေသနပြု တည်ဆောက်ခဲ့ပြီး စမ်းသပ်ပျံသန်းမှုများ
ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော် နာယကနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါ တည်ဆောက်ပြီး
လေယာဉ်များအား အလိုအလျောက် ပျံသန်းမှုစနစ်ဖြင့် ထိန်းကြောင်း၊ ပျံသန်းနိုင်ရန် လိုအပ်သော ထိန်းချုပ်မှုစနစ်များ သုတေသန ပြုလျက်ရှိကြောင်း ၄င်းကပြောသည်။ ၄င်းအပြင် သိပ္ပံနှင့် နည်းပညာ
ဝန်ကြီးဌာနအနေဖြင့် စက်မှုလုပ်ငန်းများအတွက်
ကုန်ကြမ်းကုန်ချောနှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများအား ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ လူများ၏ ကျန်းမာရေးကို ထိခိုက်စေသည့် သဘာဝပတ်ဝန်းကျင်ရှိ အန္တရာယ်ရှိ ပစ္စည်းများ၏ သက်ရောက်မှုများကို တိုင်းတာစမ်းသပ်ခြင်းများအပြင် နိုင်ငံ၏ အကျိုးပြုသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်
 ခေတ်မီဓါတ်ခွဲစမ်းသပ်မည့် အမျိုးသားဓါတ်ခွဲခန်းအား ဖွဲ့စည်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
@mdsng

Tuesday, February 7, 2012

HISTORY OF AUTOMOBILE LARGE STATE

HISTORY OF AUTOMOBILE LARGE STATE

The name of A.L.S is the future project of one man Mahtab Ahmed Panhwar. Mahtab was decite whay not we will make our automobile company because Mahtab is love cars andautomobile and his dreem is i make a automobile company. but his age is 16 year old. Frist Mahtab was decite company name
A.L.S = "AUTOMOBILE LARGE STATE" . This company is not launched but Mahtab is only decite his name not make it but he want to make his company A.L.S . Mahtab will make it when he become a mechanical engineer. Mahtab is see a dreem of A.L.S in this company Insha'Allah mahtab will make high power engine but this engine will work in less fule and save our country fule and his speed is very high. So Mahtab want to be a mechanical engineerand launched the AUTOMOBILELARGESTATE.................................................................................................................
...............................................................................?

Monday, February 6, 2012

ကိုးလအရွယ် ကလေးလေးကိုယ်ပေါ်မှာ သူ့အလိုလိုပေါ်ထွက်လာတဲ့ ကိုရမ်ကျမ်း

နည်းနည်းတော့ ကြာပါပြီ။ဒါပေမယ့်နည်းနည်းထူးဆန်းနေလို့ တင်လိုက်ခြင်းဖြစ်ပါတယ်။Dagestan နိုင်ငံက အသက်ကိုးလ အရွယ်ရှိတဲ့ အလီဆိုတဲ့ ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကိုရမ်ကျမ်း (Quran) စာပိုဒ်များ ပေါ်ထွက်လာတယ်လို့သိရပါတယ်။ ထိုကလေးမှာပေါ်လာတာကတော့ ကိုရမ်ကျမ်းထဲက Surats ဖြစ်ပြီး ဒါဟာ အလွန်ရှေးကျတဲ့ အလာရဲ့စကားဖြစ်ပါတယ်။ အရင်တုန်းကတော့ တနင်္လာနေ့နဲ့ သောကြာနေ့များမှာသာ ပေါ်တတ်ပြီး အခုဆိုရင် တချိန်လုံး ပေါ်နေပါတယ်။
မွေးစကတည်းက အလီရဲ့ကိုယ်ခန္ဓာမှာ အာရေဗျ စာနဲ့ "Show My signs to people" ဆိုတဲ့ စာ
မွေးမှတ်ကိုတွေ့ခဲ့သောလဲ မိဘနှစ်ပါးဟာ ဘယ်သူကိုမျှ မပြဘဲ လျို့ဝှက်စွာနေခဲ့ပါတယ်။ အခုတော့ရုရှားဘာသာ Vesti သတင်းဌာနကို လွန်ခဲ့တဲ့ကြာသာပတေးနေ့က မိဘနှစ်ပါးက ပြောပြခဲ့ပါတယ်။

ပြီးတော့မွေးပြီး ရက်သတ္တပါတ် အကြာမှာလဲ အလီရဲ့မေးစေ့မှာ ထိုခိုက်ဒါဏ်ရာရထားသကဲ့သို့ အညိုရောင်စာလုံး "အလာ" လို့ ပေါ်လာပြီးပြန်ပျောက်သွားတယ် နောက်တစ်ခုကတော့ ခြေထောက်မှာ လဲ ထူးဆန်းစွာ အလာဟာ အရာအားလုံးကို ဖန်ဆင်းရှင်ဖြစ်တယ်လို့ စာတွေပေါ်လာပါတယ်လို့ အလီရဲ့ အမေဖြစ်သူ Madina Yakubova ကပြောပြခဲ့ပါတယ်။ အခုဆိုရင်တော့ ဒီသတင်းကြောင့် သူတို့ရဲ့အိမ်ကို တစ်ရက်တစ်ရက်ကို လူပေါင်း တစ်ရာကျော်လောက် လာရောက်ကြည့်ရှုကြပါတယ်။ ဒေသခံ အာဏာပိုင်များကလဲ သူတို့မိသားစုအိမ်ကို နေ့ရောညပါ လုံခြုံရေးချထားတယ်လို့သိရပါတယ်။

Sunday, February 5, 2012

သစ်ပင်မှ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ကြောင်းကို ပညာရှင်များတွေ့ရှိ

ဝါရှင်တန် တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာ ပညာရှင်များဟာ သစ်ပင်မှ လျှပ်စစ်စွမ်းအင်ထုတ်လို့ရတယ်ဆိုတာ သူတို့ရဲ့ ရှာဖွေမှုများအရ တွေ့ရှိခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ တစ်ချို့သောသူတွေဟာ အာလူးနဲ့ သံပုရာသီးတို့မှာ မတူညီတဲ့ သတ္တုနှစ်မျိုးကို အသုံးပြုကာ လျှပ်စစ်ထုတ်လုပ်နိုင်တယ်ဆိုတာ သိရှိပြီးသားဖြစ်ပါတယ်။
(ကျွန်တော်တို့ဆီကတစ်ချို့သောလူများဟာ နွားချေးဖြင့်လျှပ်စစ်ထုတ်လုပ်နည်းကိုသိထားကြပါတယ်)
အခုလို သစ်ပင်မှ လျှပ်စစ်ထုတ်လုပ်နိုင်တာကို ရှာဖွေတွေ့ရှိခဲ့တာကတော့ Massachusetts သိပ္ပံနဲ့ နည်းပညာမှ သုတေသီများဖြစ်ပါတယ်။ သူတို့ဟာ မျိုးတူတဲ့ သတ္တု နှစ်ခုကိုအသုံးပြု၍ လျှပ်စစ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော်လည်း ထွက်ရှိသော လျှပ်စစ်ဗို့အားမှာအလွန်အားနည်းပြီး ၂ဝဝ မီလီဗို့ (ဝ.၂ ဗို့) ခန့်သာ ထုတ်လုပ်နိုင်သည်ဟုသိရပါတယ်။ ဒီလောက်နည်းနဲ့ ဗို့အားကို ဘယ်နေရာမှာသွားသုံးမလဲဆိုပြီးမေးစရာရှိပေမဲ့ အရွက်ကြီးသစ်ပင်တစ်မျိုးဖြစ်တဲ့ maple သစ်ပင်မှ တည်ငြိမ်တဲ့ လျှပ်စစ်အားကို ဗို့အားမြှင့်တင်စက်ကို အသုံးပြုပြီးစမ်းသပ်ကြည့်တဲ့အခါမှာ တော့ ဗို့အားနည်းငယ်သာလိုအပ်သော sensors (စန်ဆာ)များ တွင် အသုံးပြုနိုင်ကြောင်းသိရှိခဲ့ရပါသည်။ ထိုအဖွဲ့မှ အုပ်ချူပ်သူတစ်ယောက်က သစ်ပင်မှ လျှပ်စစ်စွမ်းအင်ထုတ်ယူတာ နေရောင်ခြည်မှ ထုတ်လုပ်ရရှိသော Solar နဲ့တော့မတူပါဘူး။ ဒါပေမဲ့ သဘာဝပါတ်ဝန်းကျင်၊ တောမီးလောင်ခြင်းတို့အတွက်စောင့်ကြည့် ထားရှိသော sensors များတွင်အသုံးပြုခြင်အားဖြစ် စရိတ်သက်သာမှုကိုရရှိမှာဖြစ်ပါတယ် လို့ပြောကြားခဲ့ပါတယ်။
source : http://www.zmescience.com/research/electricity-from-trees/

ဇန်န၀ါရီလ ၁၆၊ ၁၈ ရက်နေ့များတွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့ ကမ္ဘာကိုဗဟိုပြု၍ ဆွဲငင်မှုများ ဖြစ်ပေါ်မည်

ဇန်န၀ါရီလ ၁၆ ရက်နေ့နှင့် ၁၈ ရက်နေ့များတွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့ ကမ္ဘာအားဗဟိုပြုကာ တစ်ဖက်တစ်ချက်စီမှ ဆွဲငင်မှုများဖြစ်ပေါ်မည်ဟု သိရသည်။ကမ္ဘာအား ဗဟိုထားကာ
တစ်ဖက်တစ်ချက်စီမှ ဂြိုဟ်အချင်းချင်း ဆွဲငင်မှုများသည် ကမ္ဘာ၌ အင်အားကြီးငလျင်များ ဖြစ်ပေါ်နိုင်ပြီး ဇန်န၀ါရီလ ၁၆ ရက်နေ့
မြန်မာစံတော်ချိန် ည ၁၀ နာရီ၊ ၅၁ မိနစ်၌ စနေဂြိုဟ်သည် ကမ္ဘာ့ဘေးဘက် ဂြိုဟ်ပတ် လမ်းကြောင်းကိုရောက်ကာ ကမ္ဘာနှင့် တစ်တန်းတည်း ကျရောက်သည့်အချိန်တွင် စနေဂြိုဟ်နှင့် လတို့လည်း ပူးယှဉ်မည်ဖြစ်သည်။
ကမ္ဘာတစ်ဖက် ခြမ်းရှိ ကြာသပတေးဂြိုဟ်ကလည်း ကမ္ဘာ့အားဆွဲငင်နေမည်ဖြစ်၍ လနှင့်စနေဂြိုဟ်ကလည်း ကမ္ဘာကို ဆွဲငင်မည်ဖြစ်သည်။ ယင်းဖြစ်စဉ်သည် အနောက်လောင်ဂျီတွဒ် ၁၅၂ဒီဂရီ၅၀ မိနစ်နှင့်
တောင်လတ္တီတွဒ် ၀၈ ဒီဂရီ၊ ၄၉မိနစ်အတွင်း တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကယ်ရီဗာရီကျွန်းအနီး၌
ဖြစ်ပေါ်မည်ဟု သိရသည်။ ယင်းဖြစ်စဉ်နှင့် အလားတူ ဒုတိယဖြစ်စဉ်သည် ဇန်န၀ါရီလ ၁၈ ရက် နေ့၊
မြန်မာစံတော်ချိန် နံနက်၁၁ နာရီ၊ ၈မိနစ်၌ ဖြစ်ပေါ်မည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ် အကျိုးသက်ရောက်မှုအနေဖြင့်လည်း ဖြစ်စဉ်ဖြစ်ပေါ်မည့်ကာလအတွင်း ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တောင်အမေရိကတိုက်နိုင်ငံအချို့နှင့် သြစတြေးလျနိုင်ငံတို့တွင် ငလျင်ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံကိုမူ အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း သိရှိရပါသည်။
source : http://mdsng.blogspot.com/2012/01/blog-post_18.html

Friday, February 3, 2012

ခြေထောက်နဲ့ ခြေသည်းပါတဲ့မြွေကို တရုတ်နိုင်ငံတွင်တွေ့ရှိ

အသက် ၆၆ နှစ်အရွယ်ရှိ Dean Qiongxiu ဆိုသူ တရုတ်အမျိုးသမီးတစ်ယောက်ဟာ ညသန်းခေါင်ယံအချိန်မှာ တွားသွားပြီး သူမရဲ့ ရေချိုးခန်းနံရံကို ကုတ်ခြစ်တဲ့အသံကို ကြားရတယ်လို့ ပြောပါတယ်။ အဲဒီနောက် ကျွန်မ ထူးဆန်းပြီးကုတ်ခြစ် တဲ့အသံကို နားစွင့်ကြည့်တယ်။ ပြီးတော့ မီးခလုတ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ အဲဒီ ထူးဆန်းတဲ့အကောင်ဟာ နံရံတွေကို ကုတ်ခြစ်နေတာကို တွေ့လိုက်ရတယ်လို့ အနောက်တောင်
တရုတ်နိုင်ငံမှာနေထိုင်တဲ့ Mrs. Dean ဆိုသူက ပြောပါတယ်။ အဲဒီအဖြစ်ပျက်ကို ကြုံတွေ့ပြီးတဲ့နောက် ကျွန်မ တစ်ပါတ်လောက်အထိ ညပိုင်းမီးဖွင့်ပြီးတော့အိပ်ခဲ့ရပါတယ်လို့ သူမက ဆက်လက်ပြီး
ပြောပြသွားပါတယ်။

ဒီလိုအကောင်မျိုး ကို အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ဘူးဆိုတော့ ဒါဟာ Photoshop နဲ့ ပြုလုပ်ထားတာလား ၊ တစ်ကယ်လားဆိုတာ ပြောဖို့ခက်နေပါတယ်။
source : http://www.towleroad.com/2009/09/snake-with-leg-and-clawed-foot-found-in-china.html

DW5


doodles