Thursday, November 10, 2011

အီတလီနှင့် ရုရှား ရေတပ်ဖွဲ့များ ပူးတွဲစစ်ရေး လေ့ကျင့်

အီတလီ နိုင်ငံတောင်ပိုင်း အိုင်အိုနီယန် ပင်လယ်တွင်းမှာ ရုရှားနဲ့ အီတလီ နှစ်နိုင်ငံမှ ရေတပ်တွေ ပူးပေါင်းပြီး ပင်လယ်ဓါးပြ နှိမ်နင်းရေးနဲ့ အကြမ်းဖက် ဆန့်ကျင် တိုက်ဖျက် ရေးတို့ အတွက် ရေကြောင်းစစ်ရေး
လေ့ကျင့်မှုတွေ ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ပြုလုပ် ခဲ့ပါသည်။
ရုရှား နိုင်ငံက ၎င်းရဲ့ Black Sea ရေတပ်ဖွဲ့ အပါအ၀င်  Smetlivy ကင်းလှည့် ရေယာဉ်နဲ့ Epron ကယ်ဆယ်ရေး သင်္ဘောကို အဆိုပါ စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်ဆင်နွှဲဖို့ စေလွှတ်ခဲ့ ပါသည်။ အဆိုပါစစ်ရေး လေ့ကျင့်မှုကို Ionex-2011 လို့ အမည်ပေးထားပြီး အီတလီ နို င်ငံမှလည်း Espero စစ်သင်္ဘောနဲ့ Aviere စစ်သင်္ဘောတွေကို စေလွှတ်ပေး ခဲ့ပါသည်။

ရုရှားနိုင်ငံရဲ့ ကင်းလှည့် စစ်ရေယာဉ် Smetlivy ဟာ အထူး စစ်သည်တပ်ဖွဲ့ တစ်ဖွဲ့ကိုလည်း တင်ဆောင် သွားမှာဖြစ်ပြီး ခရီးစဉ် တစ်ေ လျှာက် နိုင်ငံခြား သင်္ဘောဆိပ်တွေမှာ ဆိုက်ကပ်ရပ်နားစဉ် အဲ့ဒီစစ်ရေယာဉ်ရဲ့
ဘေးကင်းလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါ သည်။ အခုပြုလုပ်နေတဲ့ လိုနက်စ် ပူးတွဲစစ်ရေး
လေ့ကျင့်မှုဟာ မြေထဲ ပင်လယ်အတွင်း ပုံမှန် ပြုလုပ်နေတဲ့ စစ်ရေး လေ့ကျင့်မှု တစ်ခုဖြစ်ပြီး ရုရှားနဲ့ အီတလီ နှစ်နိုင်ငံ ရေ တပ်တွေရဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ပိုမိုတိုးတက် ကောင်းမွန်စေမှာ ဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment