Friday, November 18, 2011

ဂင်းနစ် ကမ္ဘာ့မှတ်တမ်း ၀င်သွားပြီ ဖြစ်သည့် Tokyo Sky Tree

ဂျပန် နိုင်ငံ တိုကျိုမြို့မှာ ဆောက်လုပ်ဆဲ ဖြစ်တဲ့ ၆၃၄ မီတာ အမြင့်ရှိ Tokyo Sky Tree ရုပ်သံ လွှင့် မျှော်စင်ဟာ ကမ္ဘာ့ အမြင့်ဆုံး မျှော်စင် အဖြစ် ဂင်းနစ် ကမ္ဘာ့ စံချိန်သစ် တင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ အသိအမှတ်ပြု လက်မှတ်ကို ဗြိတိသျှ ဂင်းနစ်မှတ်တမ်း စာအုပ် စီစဉ် ထုတ်လုပ်ရေး ဥက္ကဋ္ဌ Alistair Richards က ပြီးခဲ့တဲ့ ကြာသပတေး နေ့က တိုကျိုမြို့ရှိ ဟိုတယ် တစ်ခုမှာ အခမ်းအနားနဲ့ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တရားဝင် အသိအမှတ် ပြုခံရတာဟာ တိုကျိုမြို့ရဲ့ ခရီးသွား လုပ်ငန်းကို များစွာ အထောက်အကူ ဖြစ်စေဖို့ မျှော်လင့်ကြောင်း တာဝန် ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဆိုပါ Tokyo Sky Tree ကို အများပြည်သူ လေ့လာနိုင်ဖို့ အတွက် လာမယ့်နှစ် မေလမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ အခုလို ဂင်းနစ် ကမ္ဘာ့မှတ်တမ်း ၀င်ဖို့ အတွက်ကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက လျှောက်ထား ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment