Thursday, November 17, 2011

1680.. မွေးနေ့ကိတ် ပေါ်တွင် ဖယောင်တိုင်ထွန်းခြင်း သမိုင်း

  မွေးနေ့ပွဲများ ကျင်းပသောအခါ မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းသောဓလေ့မှာ  သိပ္ပံအမြင် သိပ္ပံသဘောတရားတို့နှင့် သက်ဆိုင်ခြင်းလည်းမရှိပါ။
အင်္ဂလိပ်လူမျိုးတို့က မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းပေးခြင်းသည် မွေးနေ့ရှင်ကို ဂုဏ်ပြုရာရောက်သည်။ နောင်လာမည့် အသက်တစ်နှစ်တာအတွက် ဖယောင်းတိုင်အလင်းက ကံကောင်းခြင်းလက်ဆောင်များကို ယူဆောင်လာနိုင်လိမ့်မည်ဟု ယုံကြည်ကြ ပါသည်။
 မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းသော ဓလေ့ကို ရှေးခေတ်ဂရိလူမျိုးတို့က စတင်ခဲ့သည်ဟု လေ့လာတွေ့ရှိရပါသည်။ ဂရိတို့ ကိုးကွယ်သော ဇုနတ်မင်းကြီးနှင့် ၄င်း၏ကြင်ယာတော် လီတို တို့တွင် အမြွှာညီအစ်မနှစ်ဦးရှိလေသည်။ တစ်ဦးမှာ အပိုလို နတ်သမီး ဖြစ်ပြီး ကျန်တစ်ဦးမှာ အာတီးမစ်နတ်သမီး ဖြစ်လေသည်။ အပိုလိုနတ်သမီးသည် လကိုစောင့်ရှောက်သော တာဝန်ကို ယူရပြီး အာတီးမစ် နတ်သမီးသည် အမဲလိုက်သူများနှင့် ကလေးသူငယ်များကို စောင့်ရှောက်သည်ဟု ယုံကြည်ကြပါသည်။ ထို့ကြောင့် အာတီးမစ် နတ်သမီး၏ရုပ်ပုံတွင် လေးနှင့်မြားကို ထည့်သွင်းရေးဆွဲလေ့ရှိပါသည်။

               အဆိုပါ အာတီးမစ်နတ်သမီးကို ကိုးကွယ်သူများသည် လစဉ် လဆန်း ၆ ရက်နေ့တိုင်းတွင် သူမအတွက် ပြုလုပ်ထားသော နတ်ကွန်း၌ ကိတ်မုန့်များကို သွားရောက်လှူကာ ပူဇော်လေ့ရှိကြပါသည်။ ကိတ်မုန့်များကို အ၀ိုင်းပုံပြုလုပ်ထားကြပြီး ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်သေးသေးလေးများကို ထွန်းညှိပူဇော်ခဲ့ကြပါသည်။

                   အဆိုပါအလေ့အထသည် အလယ်ခေတ်တိုင်အောင် ပျံ့နှံ့လာခဲ့ပြီး ထိုခေတ်က ဂျာမန်လယ်သမားကြီးများသည် မွေးနေ့ကိတ်များတွင် ဖယောင်းတိုင်ထွန်းညှိကြကြောင်း သိရှိရပါသည်။ သူတို့သည် မွေးနေ့ရှင် ကလေးငယ်မနိုးခင် မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင် ထွန်းညှိထားကြပါသည်။ ဖယောင်းတိုင်ကိုလည်း ကလေး၏ လက်ရှိအသက်ထက် တစ်နှစ်ပေါင်းပြီး ထွန်းပေးထားရပါသည်။ ဥပမာ ကလေးအသက် ၆ နှစ်ဖြစ်ပါက ဖယောင်းတိုင် ၇ တိုင် ထွန်းထားပေးရပါသည်။ ၄င်းဖယောင်းတိုင်များကို အခြားအစားအသောက်များ စားသုံးပြီးမှ နောက်ဆုံးကြမှ မီးမှုတ်ရပါသည်။

                       ဖယောင်းတိုင်မီးမှုတ်ရာတွင်လည်း တစ်ကြိမ်တည်းနှင့် ဖယောင်းတိုင်အားလုံးငြိမ်းအောင် မီးမှုတ်နိုင်မှသာ ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြပါသည်။ ထို့အပြင် မိမိလိုချင်သောဆုတောင်းကို အသံထွက်တောင်းလိုက်လျှင် ဆုတောင်းမပြည့်ဖြစ်တတ်သည်ဟုလည်း ယုံကြည်ခဲ့ကြပါသည်။
နောက်ပိုင်းတွင် ဂျာမန်တို့၏ အဆိုပါမွေးနေ့ကိတ်အလေ့အထသည် တဖြည်းဖြည်းပျံ့နှံ့လာပြီး
မွေးနေ့များတွင် မွေးနေ့ကိတ်နှင့် ဖယောင်းတိုင်သည် ခေတ်စားလာခဲ့ပါသည်။
@ မုန်တိုင်း

No comments:

Post a Comment