Sunday, November 13, 2011

တူရကီခရီးသည်တင်သင်္ဘောကို ပြန်ပေးဆွဲသူ ကွန်မန်ဒိုတပ်ဖွဲ့၏ နှိမ်နင်းမှုကြောင့် သေဆုံး

တူရကီနိုင်ငံ အစ်စတန်ဘူးကမ်းလွန်ပိုင်းမှာခရီးသည်တင်ကူးတို့သင်္ဘော
ကို ပြန်ပေးဆွဲပြီးနောက် ပစ်သတ်ခံလိုက်ရတဲ့ ပြန်ပေးသမားဟာ
ဗုံးတစ်လုံး ကိုကိုင်ဆောင်ထားတာဖြစ်တယ်လို့ တူရကီ ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ပြန်ပေးသမားဟာ တားမြစ်ထားတဲ့ ကာ့ဒ် အလုပ်သမားပါတီ PKK ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး သူ့ကိုယ်မှာ ၄၅၀ ဂရမ်အလေးချိန်ရှိတဲ့ပလပ်စတစ်
ဗုံး ချည်ထားတာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ သင်္ဘောပေါ်မှာ ခရီးသည် ၂၄ ဦးနဲ့ သင်္ဘောဝန်ထမ်းတွေကို ကယ်ဆယ်ဖို့အတွက် ကွန်မန်ဒိုတပ်ဖွဲ့တွေက စနေနေ့ မနက်
အာရုဏ်တက်အချိန် သင်္ဘောကိုဝင်စီးတဲ့အခါ ပြန်ပေးသမားကို သတ်ပစ်လိုက်တာဖြစ်ပါတယ်။
ပြန်ပေးသမားကို လက်နက်ချ အညံ့ခံဖို့ဖြောင်းဖြပေမယ့်လည်း မအောင်မြင်ဘူးလို့ ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

No comments:

Post a Comment