Friday, November 11, 2011

ကမ္ဘာ့အရှားပါးဆုံး စိန် တစ်လုံးကို လေလံတင်ရောင်းချတော့မည်

Satheby လေလံ ကုမ္ပဏီဟာ ထူးခြား ဆန်းပြားတဲ့ အ၀ါရောင် စိန်တစ်လုံးကို လာမယ့် အင်္ဂါနေ့ မှာ ပြုလုပ် မယ့် ဂျနီဗာ အရောင်းပွဲမှာ လေလံတင်
ရောင်းချတော့မှာ ဖြစ်တယ်လို့  ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က ကြေညာခဲ့ပါတယ်။
အဆိုပါ လေလံတင် ရောင်းချမယ့် စိန်ပွင့်ကို Sun-Drop Diamond လို့ အမည်ပေးထားပြီး ကမ္ဘာပေါ်မှာ ထွက်ရှိဖူးတဲ့ စိန်တွေအနက် အကြီးဆုံး စိန် ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ စိန်ပွင့်ဟာ  သစ်တော်သီးပုံ ရှိပြီး အ၀ါရောင် တောက်ပကာ အလေးချိန် (၁၁၀.၃)ကာရက် ရှိပါတယ်။ စိန်တွေထဲမှာ အလေးချိန် (၁၀၀)ကာရက် ကျော်တဲ့ စိန်ဟာ အလွန် ရှားပါးပြီး ဒီလို အရောင်အသွေး ရှိတဲ့ စိန်မျိုးကတော့ ပိုလို့တောင် ရှားပါးတယ်လိှု့Satheby ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ပါတယ်။


အဲ့ဒီ ဆန်းဒရော့(ပ်)ဒိုင်းမွန်းကို ပုံမဖော်ရသေးတဲ့ အရိုင်းတုံး အဖြစ်နဲ့ တောင်အာဖရိက နိုင်ငံမှာ ပြီးခဲ့တဲ့(၂၀၁၀)ခုနှစ်က တွေ့ရှိခဲ့တာ ဖြစ် ပါတယ်။ အခု အချောထည် အဖြစ် ဖြတ်တောက်ပြီးတဲ့ အဆိုပါ အ၀ါရောင် ရှားပါး စိန်ပွင့်ကြီးကို ကြမ်းခင်းဈေး အမေရိကန် ဒေါ်လာ (၁၁)သန်း ကနေ (၁၅)သန်း အကြား ရောင်းချနိုင်ဖို့ ခန့်မှန်း ထားကြပါတယ်။ လာမယ့် အင်္ဂါနေ့ ဂျနီဗာ အရောင်းပွဲမှာ အဆိုပါ စိန်ပွင့် အပြင် အဖိုးတန် လက်ဝတ် ရတနာတွေကိုပါ လေလံတင် ရောင်းချမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment