Wednesday, November 23, 2011

US ဒေါ်လာ (၁.၃၇၅)သန်းဖြင့် လေလံတင် ရောင်းချခဲ့သည့် ပိုရှေးကား

ဟောလိဝုဒ် နာမည်ကျော် မင်းသားကြီး စတိဗ်မက်ကွင်း ပိုင်ဆိုင်သည့် ပိုရှေး မော်တော်ကားကို စံချိန်တင် ဈေးနှုန်း အမေရိကန် ဒေါ်လာ (၁.၃၇၅)သန်းနဲ့ လေလံတင် ရောင်းချနိုင်ခဲ့သည်။ အဆိုပါ (၁၉၇၀) ခုနှစ်ထုတ် မီးခိုးရောင် ၉၁၁ အက်စ်ပို ရှေးကားကို မင်းသားကြီး မက်ကွင်းကပြိုင်ကား
မောင်းသမား တစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီး လာ့မဲန်စ် ရုပ်ရှင်ကားမှာ
မောင်းနှင် ပြသခဲ့သည်။  မင်းသားကြီး မက်ကွင်း မောင်းပြသည့် ပိုရှေး ကားသည် လာ့မဲန်စ် ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းများမှာ နေရာယူခဲ့သည်။ မက်ကွင်းရဲ့ ပိုရှေးကားကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ မွန်တာရေးမြို့မှာ အာလ်အမ် လေလံကုမ္ပဏီက သြဂုတ်လ လေလံပွဲစဉ် (၁၉)မှာ ရောင်းချခဲ့သည်။ ၉၁၁ ပိုရှေးကားတွေအနက် ဈေးအမြင့်ဆုံး ရရှိသည့် ကားတစ်စီး ဖြစ်သည်။ ပိုရှေး ကားတွေကို ရောင်းချရာ ပုံမှန် အမေရိကန် ဒေါ်လာ ငါးသောင်းခန့်သာ ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment