Wednesday, November 23, 2011

ကမ္ဘာ့စံချိန်တင် လေလံဈေးနှင့် ရောင်းချခဲ့သည့် ဖာရာရီ ပြိုင်ကား

(၁၉၅၇)ခုနှစ်က ထုတ်လုပ်သည့် တက်စ်တာရိုဆာ အမျိုးအစား ဖာရာရီ ပြိုင်ကား တစ်စီးကို  ဂွတ်ဒင်းအန်ကမ်မမှ ပက်ဘယ်ဘိခ်ျမြို့မှာ လေလံတင်ရာ အမေရိကန်ဒေါ်လာ (၁၆.၃၉)သန်း ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လေလံဈေးနှုန်းသည် ယခင်စံချိန်တင်
ရောင်းချသည့် ဈေးနှုန်းထက် ဒေါ်လာ (၄)သန်းကျော် ရရှိခဲ့သည်။ အဆိုပါ ပြိုင်ကားကို ယခင် စံချိန်တင် ဈေးထက် ပိုမိုရရှိနိုင်ကြောင်း ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ပေမယ့် အခုလို ရောင်းချလိုက်နိုင်တဲ့ ဈေးနှုန်းကတော့ မှန်းထားသည်ထက် အဆမတန် သာလွန် နေသည်။
ယခင် စံချိန်တင် လေလံဈေးနဲ့ ရောင်းချနိုင်သည့် ပြိုင်ကားမှာ “ဖာရာရီ တူးဖိုက်နိုင်း တီအာလ်” ကားဖြစ်ပြီး ကားကို အီတလီနိုင်ငံ မာရာနယ်လိုမြို့မှာ ပြုလုပ်သည့် လေလံပွဲမှာ အမေရိကန် ဒေါ်လာ (၁၂)သန်းနဲ့ ရောင်းချနိုင်ခဲ့သည်။ (၁၉၅၀)ခုနှစ် နှောင်းပိုင်းက ထုတ်လုပ်သည့် တက်စ်တာရိုဆာ အမျိုးအစား ဖာရာရီပြိုင်ကားကို အရင်ဖန်တီး တည်ဆောက်သည့် ပြိုင်ကားအနက် လှပတင့်တယ်မှု အရှိဆုံး ကားအမျိုးအစား တစ်ခုအဖြစ် ကားချစ်သူများက မှတ်ယူ ကြသည်။ ကမ္ဘာ့စံချိန်တင် လေလံဈေးနဲ့ ဖာရာရီ ပြိုင်ကားကို ရောင်းချသည့် လေလံပွဲအတွင်း Gooding & Company က စုဆောင်း ထားသည့် ကားတွေကို ထည့်သွင်း ရောင်းချခဲ့ပြီး အမေရိကန် ဒေါ်လာ (၄၁)သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment