Saturday, November 12, 2011

ပျောက်ဆုံး သွားခဲ့သည့် ရှေးဟောင်း ရောမ တပ်စခန်း တစ်ခု ကို ဂျာမနီနိုင်ငံ တွင်တွေ့ရှိ

ပျောက်ဆုံး သွားခဲ့တဲ့ ရောမတပ် စခန်း တစ်ခုကို ဂျာမန် ရှေးဟောင်း သုတေသီ တွေက ဂျာမနီ နိုင်ငံမှာ တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါ တပ်စခန်းဟာ Olfen မြို့အနီး; Lipp မြစ် နံဘေးမှာ တည်ရှိပြီး ဂျာမန်တွေ ရန်ကနေ ရောမ အင်ပါယာကြီးကို ကာကွယ်ရာမှာ အရေးပါတဲ့ တပ်စခန်း တစ်ခုဖြစ်ပြီး တပ်သား တစ်ထောင်ခန့် တပ်ချထားနိုင်တဲ့ စခန်းကြီး တစ်ခု ဖြစ်မယ်လို့ သုတေသီတွေ ယုံကြည် နေ ကြပါတယ်။
သုတေသီတွေဟာ စခန်းဟောင်း နယ်မြေကနေ ရောမခေတ် ဒင်္ဂါးပြား အမြောက်အမြား၊ မြေအိုး အပိုင်းအစတွေနဲ့ စစ်ဘက်ဆိုင်ရာ လက်နက် ကိရိယာ အကြွ င်းအကျန်တွေကိုပါ ရှာဖွေ တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ အရလည်း အဆိုပါ တပ်စခန်း နေရာမှာ ဂျာမန်တို့ရဲ့ ရန်က ကာကွယ်ဖို့  အတွက် စခန်း ပတ်လည်မှာ ကျုံး တူးဖော် တည်ဆောက် ထားတာကိုလည်း တွေ့ရှိရတယ်လို့ သုတေသီတွေက ပြော ကြားကြောင်း သိရပါတယ်။

No comments:

Post a Comment